အခန်း(၂၃)
- အပိုင်းပိုင်းကွဲအက်သွားသော နှလုံးသား
စုယန်ယန်သည်
ဒီလူ၏ မှတ်ချက်ကို မြင်ပြီးနောက် ကွယ်လွန်သွားခဲ့ပြီဖြစ်သော သူမရဲ့ အဘိုးအကြောင်းကို
မသိစိတ်ကနေ တွေးလိုက်မိသည်။ ထိုယောက်ျားသည်
သူမကို အလွန်ချစ်မြတ်နိုးသော်လည်း သူမနှင့်သူမအမေ ဆုံးပါးသွားပြီးနောက် ဝမ်းနည်းပူဆွေးကာ
နောက်ဆုံးတွင် သူတို့နောက်သို့ လိုက်သွားခဲ့သည်။
မျက်စိတစ်မှိတ်လေး
အတွင်းမှာပင် အဲဒီကြည့်ရှုသူက သူမကို စိန်တစ်ရာ ပေးပို့ခဲ့ပြီးတော့ သူမ သူ့ကို သတိမထားမိမချင်း
လက်ဆောင်တွေ ပို့ဖို့ စီစဉ်နေသလိုမျိုး သူမထံသို့ အဆက်မပြတ် ပို့ပေးနေဆဲပင်ဖြစ်သည်။
စုယန်ယန်က
ဒါကို သဘောပေါက်နားလည်၍ အမြန်ပြန်ဖြေပေးလိုက်သည်။
“နေမကောင်းဘူး။ ဘယ်လိုလုပ်ရမလဲ”
ID
အမည်ရှိတဲ့ ကြည့်ရှုသူရေ ကျေးဇူးပြုပြီး လက်ဆောင်တွေ ပေးပို့နေခြင်းကို ရပ်လိုက်ပါ၊
ကျွန်မက ပလက်ဖောင်းနှင့် စာချုပ်မချုပ်ရသေးပါဘူး။ ကြည့်ရှုသူ လက်ဆောင်များ ဆက်လက် ပေးပို့နေရင်တောင်
ကျွန်မ လက်မခံနိုင်ဘူး”
စုယန်ယန်သည်
ပြန်လည်ကာ စကားပြောဆိုပြီးသည်နှင့် ဆန်ပြုတ်နှင့် စွပ်ပြုတ်ဟင်းရည် တစ်ဝက်လောက် ကျန်နေသေးသော
အိုးကို တစ်ချက်ကြည့်လိုက်သည်။ သက်ကြီးရွယ်အိုများ စားသောက်ရန်အတွက် လုံလောက်စွာ ကျန်ရှိနေသေးသည်။
“ကျွန်မ
ရှင့်ကို ဝေမျှပေးဖို့ အဆင်ပြေပါတယ်။ အကုန် ချက်ပြုတ်ပြီးသွားပါပြီ။ ရှင် A မြို့မှာ
နေထိုင်လား”
အစားအသောက်
ပို့ဆောင်ခြင်း ဝန်ဆောင်မှုများတွင် လိုရာခရီး အရောက်ပို့ပေးသည့် တစ်မြို့တည်းဆိုလျှင်
15 မိနစ်သာ လိုအပ်ကြောင်း အာမခံချက်ဖြင့် အမြန်ပို့ဆောင်ပေးသော ဝန်ဆောင်မှုလုပ်ငန်း
တစ်ခုရှိသည်။ အခြားမြို့သို့ ပို့ဆောင်ရန်အတွက်မူ
အချိန်ပိုကြာနိုင်သည်။
“ဟုတ်တယ်။
ကျွန်တော်က A မြို့ကပါ”
“ကောင်းပြီ၊
ရှင့်ရဲ့လိပ်စာကို သီးသန့်မက်ဆေ့ခ်ျမှာ ပို့ပေးထားပါ။ ကျွန်မရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီနေ့ ဒီနေရာမှာပဲ
အဆုံးသတ်ပါမယ်။ စိတ်ပါဝင်စားကြတဲ့ မိတ်ဆွေတို့ရေ မနက်ဖြန်မှ ထပ်တွေ့ကြမယ်နော်”
စုယန်ယန်
တိုက်ရိုက် ထုတ်လွှင့်မှုကို အဆုံးသတ်ပြီးနောက် သူမသည် ‘နေမကောင်းဘူး ဘယ်လိုလုပ်ရမလဲ’
ထံမှ သီးသန့်မက်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိခဲ့သည်။
သူ့ကို
မေးခွန်းအနည်းငယ် မေးပြီးနောက် သူပြောခဲ့တဲ့ လူကြီးက ဒီဟင်းလျာကို မစားသုံးသင့်ဘူးလို့
တားမြစ်ထားတဲ့ လူအုပ်စုထဲမှာ မပါဝင်ကြောင်း အတည်ပြုပြီးနောက်မှာမှ သူမဟာ အစားအသောက်ကို
အိမ်အရောက် ပို့ပေးခဲ့သည်။
မမျှော်လင့်ထားတဲ့
အဖြစ်အပျက်ကို ဖြေရှင်းပြီးနောက် စုယန်ယန်သည် ဟောက်ချန်ဟွမ်းထံသို့ သူမရဲ့ ချစ်စရာကောင်းစွာ ထုပ်ပိုးထားတဲ့ တရုတ်ဆေးဖက်ဝင်
ဟင်းလျာ နေ့လယ်စာဘူးကို လက်ထဲမှာ ကိုင်ထားရင်း ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။
မထင်မှတ်ပဲ
သူမခေါင်းကို လှည့်လိုက်သောအခါတွင် သူမအား ရွှင်လန်းပြီး စူးစမ်းလိုသော မျက်လုံးတစ်စုံဖြင့်
ကြည့်နေသော အစ်ကိုကြီးနဲ့ တိုက်မိသွားခဲ့သည်။
“အစ်ကိုကြီး”
စုယန်ယန်က ထခုန်လိုက်သည်။
“အစ်ကိုကြီး
အလုပ်မသွားဘူးလား”
“ငါ
လမ်းရောက်မှ အိမ်မှာ စာရွက်စာတမ်း ကျန်ခဲ့တာကို သတိရလို့ ပြန်လှည့်လာခဲ့တာ” ထိုသို့
သူ ပြန်လည်ဖြေဆိုပြီးသည့်နောက်တွင် စုယုရွှမ်၏မျက်လုံးများသည် သူ့ညီမလက်ထဲတွင် ကိုင်ထားသော
နေ့လယ်စာဘူးထံတွင် ကော်ကပ်ထားသလို စွဲမြဲနေခဲ့သည်။
သူက
သေချာပေါက် စာရွက်စာတမ်းအတွက် အိမ်ကို ပြန်လာခဲ့ခြင်းဖြစ်သည်။ သို့သော် အိမ်တံခါးဝသို့
ရောက်သောအခါတွင် အန်တီလီသည် သူ့ညီမ ဟင်းလျာချက်ပြုတ်နေကြောင်းကို ရင်းနှီးသော အခြားအိမ်အကူနှင့်
စကားပြောနေသည်ကို ကြားလိုက်ရသည်။
စုယုရွှမ်သည်
ခဏတာလေးသာ စိတ်ဝင်တစားရှိခဲ့ပြီး ကျန်စကားဝိုင်းကို နားမထောင်ပဲ မီးဖိုချောင်ဆီသို့
တည့်တည့်သွားကာ တံခါးဝတွင် ရပ်လိုက်သည်။
နောက်တော့
စုယန်ယန်က နောက်ကျမှ အိပ်စက်ခြင်းနဲ့ အစာစားချင်စိတ် ပျောက်ဆုံးတာတွေကို သက်သာစေနိုင်တယ်လို့
ပြောတာကို သူကြားလိုက်ရသည်။ လွန်ခဲ့သည့် နှစ်ရက်လုံးလုံး အလုပ်များနေသောကြောင့် သူ့ညီမလေးသည်
သူ့အတွက် တစ်ခုခုကို ချက်ပြုတ်နေတယ်လို့ မသိစိတ်ကနေ တွေးနေမိသည်။
စုယန်ယန်
မီးဖိုချောင်ထဲကနေ ထွက်လာသည်ကို မြင်လိုက်ရချိန်မှာ သူ့စိတ်ထဲ ကြည်နူးစရာကောင်းတဲ့
အတွေးတွေနဲ့ ပြည့်နှက်နေ၏။ သူ မနက်စာ စားပြီးသော်လည်း
ဒါက သူ့ညီမလေးရဲ့ သိတတ်ပြီး ချီးကျူးစရာ အပြုအမူလေးတစ်ခု ဖြစ်တာမို့ သူမလေးကို ဝမ်းမနည်းစေဖို့
သူ နေ့လယ်စာ ထမင်းကို စောစောထမင်းစားဖို့ ဆုံးဖြတ်လိုက်သည်။
စုယန်ယန်သည်
သူ့အစ်ကို၏ ရှုပ်ထွေးနေသော ဦးနှောက်လှိုင်းများ အကြောင်းကို သေချာပေါက် မသိရှိခဲ့ပေ။
သူမက ရိုးရိုးရှင်းရှင်းပဲ ခေါင်းညိတ်ပြပြီး “ဒါဆို အစ်ကိုကြီး အဲဒီစာရွက်စာတမ်းတွေကို
ရှာပြီး ကုမ္ပဏီကို အမြန်ဆုံး ပြန်သွားလေ။ ညီမလေးလည်း အပြင်သွားစရာ ရှိတယ်”
“အပြင်သွားမလို့လား။
ညီမလေး ဘယ်ကို သွားမလို့လဲ”
“ချန်ဟွမ်းကို
သွားတွေ့ဖို့”
စုယုရွှမ်သည်
နောက်ဆုံးတော့ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။ သူ့ညီမလေးကိုင်ထားတဲ့ အထုပ်ကို လက်ညှိုးထိုးပြပြီး
“ဒါဆို မင်းလက်ထဲမှာ ကိုင်ထားတာက ဘာလဲ…”
စုယန်ယန်၏
မျက်နှာသေးသေးလေးသည် ရှက်ရွံ့မှု အရိပ်အယောင်များဖြင့် နီမြန်းနေခဲ့၏။
“ဒါက
သူ့အတွက် အချစ်တွေနဲ့ ပြင်ဆင်ထားတဲ့ နေ့လယ်စာ ထမင်းဘူးလေ”
မျှော်လင့်ခြင်းများဖြင့်
ပြည့်နှက်နေသော စုယုရွှမ်၏ ဆယ်ကျော်သက် ကောင်လေးလို နှလုံးသားသည် တစ်စက္ကန့်အတွင်း
အပိုင်းပိုင်း ကွဲကြေသွားသည်။
‘မီးဖိုချောင်ထဲမှာ
သူ့ညီမလေးကို မြင်ရတာက ရှားပါးသည့် မြင်ကွင်းဖြစ်ပြီး ဒါကလည်း အဲဒီလူအတွက် နေ့လယ်စာ
ထမင်းဘူးလုပ်နေတာ ဖြစ်ကြောင်းကို သိလိုက်ရသည်’
စုယန်ယန်သည်
ဟင်းလျာတွေ အေးစက်သွားမည်ကို စိုးရိမ်သဖြင့် သူမအစ်ကိုရဲ့ ပုံမှန်မဟုတ်သော အပြုအမူကို
သတိမထားမိဘဲ အမြန်ထွက်သွားခဲ့သည်။
“အစ်ကိုကြီး ညီမလေး အရင်သွားနှင့်ပြီနော်” လို့ လှမ်းအော်လိုက်ပြီးတာနဲ့
သူမ တံခါးအပြင်ကို ထွက်သွားခဲ့လေသည်။
စုယုရွှမ်သည်
မလှုပ်မယှက် ရပ်လျက် အနောက်ကနေ အပြင်သို့ ထွက်သွားသော သူ့ညီမကို စိုက်ကြည့်ရင်း အံတင်းတင်း
ကြိတ်ထားမိလေတော့သည်။
‘ဒီခွေးကောင်က
ငါ့ညီမလေးကို ဖြားယောင်းတယ်၊ ငါ့မျှော်လင့်ချက်တွေကို ဖျက်ဆီးပြီး ငါ့မိသားစုကို အနှောင့်အယှက်ပေးတယ်’
ဒီနေ့ကစပြီး
သူ အဲဒီခွေးကောင်နဲ့ အတူတကွ နေထိုင်ဖို့ကို ငြင်းဆိုမိပြီး သူ့ကိုမြင်လိုက်သည်နှင့်
လက်သီးနဲ့ ထိုးပစ်ချင်စိတ် ပေါက်နေသည်။
***