အခန်း(၂၄)
- ရှင်က ချစ်ဖို့ကောင်းတယ်
ဟောက်ချန်ဟွမ်းသည်
သူ့ရဲ့ယောက်ဖလောင်း သူ့ကို ဒေါသဖြစ်နေသည်ကို မသိပဲ ဝမ်းသာပီတိဖြစ်နေမိသည်။ လက်ရှိအချိန်မှာတော့
သူက စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ နောက်ဆုံး ပုံရိပ်လေးအထိ စောင့်ကြည့်နေခဲ့သည်။
အထူးသဖြင့် သူ့မျက်နှာ အမူအရာက မှိုင်းညို့နေခဲ့သည်။
မည်သည့်နေရာမှ
ထွက်လာမှန်းမသိတဲ့ ဒီခွေးကောင်က သူ့အတွက် သတို့သမီးလောင်းက ချစ်ခြင်းအပြည့်ဖြင့် အထူးပြင်ဆင်ချက်ပြုတ်ပေးထားသည့်
နေ့လယ်စာထမင်းဘူး၏ တစိတ်တပိုင်းကို တောင်းဆိုခဲ့သည်။
ဟောက်ချန်ဟွမ်းသည်
သူ့နှလုံးသွေးများ အန်ထွက်လုနီးပါးအထိ ဒေါသထွက်သွားသည်။ သူသည် မျှဝေပေးလိုက်သော ဟင်းလျာကို
ပြန်ယူရန် ကွန်ရက်ကြိုးတစ်လျှောက် တွားသွားချင်မိခဲ့သည်။
သူသည်
တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းကို ပိတ်ချကာ အခြားမည်သူတစ်ဦး တစ်ယောက်မျှ စုယန်ယန်နှင့်
နောက်တစ်ကြိမ် ထပ်မတွေ့စေဖို့ တားဆီးရန် သူမအား တစ်နေရာရာတွင် ဖွက်ထားချင်စိတ် ပေါက်နေခဲ့သည်။
သို့ရာတွင်
ဟောက်ချန်ဟွမ်းသည် ထိုသို့ပြုလုပ်ခြင်းမှာ မှားယွင်းကြောင်း သိရှိထားပြီး ဖြစ်သည့်အပြင်
ထိုသို့ပြုလုပ်ပါက စုယန်ယန်က ပျော်ရွှင်လိမ့်မည် မဟုတ်ပေ။
ဟောက်ချန်ဟွမ်းသည်
သူ့ဒေါသကို ထိန်းချုပ်ရန် အချိန်အနည်းငယ် ယူလိုက်ရပြီး သိပ်မကြာခင်မှာပင် သူ့မျက်နှာ
အမူအရာသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူက အေးစက်စွာ ပြောလိုက်သည်။
“ဒီတိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းပိုင်ရှင်က
ဘယ်သူလဲ။ ဒီပလက်ဖောင်းအတွက် အရောင်းအဝယ် သဘောတူညီချက်
စာချုပ်ကို ဒီနေ့နေ့လယ် ငါ့စားပွဲပေါ်မှာ အဆင်သင့် မြင်နေချင်တယ်”
ယုကျစ်ယန်သည်
သူ့နဖူးမှ အေးစက်သော ချွေးများကို သုတ်လိုက်ပြီး မှင်သက်စွာ ပြန်ဖြေလိုက်သည်။
“သခင်လေး
ဒီပလက်ဖောင်းက မင်း ပိုင်ဆိုင်တာလေ။ ဒါပေမယ့် အဲ့တာကို အရင်က စီမံခန့်ခွဲဖို့ ကျွန်တော့်ကို
တာဝန်ပေးခဲ့တာလေ”
အချိန်တွေကြာလာသည်နှင့်အမျှ
ဒီပလက်ဖောင်းကို သူပိုင်ဆိုင်တာ မေ့သွားပြီလား။
ဟောက်ချန်ဟွမ်းသည်
စည်းကမ်းတင်းကြပ်သော ပုံစံဖြင့် စကားမပြောမီ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီး -
“သူမရဲ့
ကုန်ကျစရိတ် အားလုံးကို ပေးအပ်မယ်ဆိုတဲ့ အဆင့်မြင့် စာချုပ်တစ်ခု ချုပ်ဆိုဖို့ တစ်ယောက်ယောက်ကို
စေလွှတ်ပြီး လက်မှတ်ရေးထိုးဖို့ ပြင်ဆင်လိုက်ပါ။ မင်းကတော့ သူမရဲ့ လက်ထောက်အေးဂျင့်အဖြစ်
တာဝန်ယူလိုက်။ သူမကို ဘယ်သူကမှ အပြစ်မဆိုစေနဲ့”
ယုကျစ်ယန်၏
မျက်လုံးများသည် သူ့မျက်ဝန်းအိမ်များမှ ထွက်ကျလုနီးပါး ဖြစ်သွားသည်။ သူက အခုမှ စာရင်းသွင်းထားတဲ့
တင်ဆက်သူ အသစ်ကို တာဝန်ယူဖို့အတွက် ဝဘ်ဆိုဒ်မန်နေဂျာ တစ်ယောက် ဖြစ်သွားတာလား။ ဒီလိုသေးငယ်တဲ့ အလုပ်က သူ့ရဲ့အရည်အချင်းတွေကို လုံးလုံးလျားလျား
ဖြုန်းတီးပစ်တာ မဟုတ်ဘူးလား။
‘ဒီတင်ဆက်သူအသစ်က
ကောင်းကင်ပေါ် တက်ဖို့ကြံမှာကို ငါကြောက်မိတယ်’
‘မတော်တဆပဲဖြစ်ဖြစ်
သခင်လေးက သူ့အမြောင်မိန်းကလေးကို စည်းစိမ်ဥစ္စာတွေနဲ့ ချုပ်နှောင်ထားဖို့ စီစဉ်နေတာလား။
နှစ်အတော်ကြာအောင် ချစ်မြတ်နိုးခဲ့ရတဲ့ သူ့ဘဝရဲ့ အချစ်ဆုံးနဲ့ မကြာသေးခင်ကမှ စေ့စပ်ခဲ့တာ
မဟုတ်ဘူးလား’
“နှစ်ရက်ပဲရှိသေးတယ်၊
သူက တခြားကောင်မလေးကို ကြည့်နေတာလား။ သခင်လေးသည် ဒီလောက် မြာပွေတတ်တဲ့ ယောက်ျားဖြစ်တယ်ဆိုသည်ကို
ငါ ဘာလို့ မသိခဲ့ရတာလဲ”
“ပြဿနာရှိလို့လား”
“မရှိပါဘူး…
လုံးဝ ပြဿနာမရှိပါဘူး”
ယုကျစ်ယန်သည်
ဟောက်ချန်ဟွမ်းရဲ့ ပြင်းထန်သော မျက်လုံးအကြည့်များဖြင့် သေချာစွာ စကင်န်ဖတ် ကြည့်ရှုခံလိုက်ရတော့
ရုတ်တရက် သူ့အတွေးတွေက ဘောင်ကျော်နေခဲ့ပြီ ဆိုတာကို နားလည် သဘောပေါက်မိသွားသည်။
‘ဒီတင်ဆက်သူ
အမျိုးသမီးနဲ့ ပတ်သက်ပြီး ဟောက်ချန်ဟွမ်းက ဘယ်လို ထင်မြင်ယူဆချက်တွေ ရှိနေပါစေ၊ သူ့လို
နောက်လိုက်တွေက ဝင်စွက်ဖက်သင့်တဲ့ အရာတော့ မဟုတ်ပါချေ’
“စာချုပ်တစ်ခု
ပြင်ဆင်ခိုင်းပြီး သူမကို မကြာခင် ဆက်သွယ် ခိုင်းလိုက်ပါ့မယ်”
ဟောက်ချန်ဟွမ်း၏
မျက်နှာအမူအရာ သိသိသာသာ လင်းလာသည်။ ခဏလောက် လေးလေးနက်နက် တွေးကြည့်ပြီးနောက် သူ့စိတ်ထဲမှာ
အတွေးတစ်ခု ပေါ်လာခဲ့သည်။
“ငါ့အတွက်
အကောင့်အသစ်တစ်ခု ပြုလုပ်ပေးပါ”
“ဟင်...”
“ငါ့ကို
သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု စီမံခန့်ခွဲသူအဖြစ် လုပ်ပေး”
“!!!” ဒီကောင်မလေးက အတိအကျ ဘယ်သူလဲ။ သူမသည် သခင်လေးထံမှ
မျက်နှာသာနှင့် ထောက်ခံမှုများစွာ ရနေပြီဖြစ်ပြီး ယခု သခင်လေး သူကိုယ်တိုင်ကိုယ်ကျပင်
သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှု စီမံခန့်ခွဲသူအဖြစ် သူ့ကိုယ်သူ တာဝန်ပေးအပ်လိုက်သည်။
ယုကျစ်ယန်၏
မေးခွန်းကို သူ့အား အံ့အားသင့်စေသော လျှို့ဝှက်ဆန်းကြယ်သည့် မိန်းကလေးသည် အခန်းထဲသို့
အလျင်အမြန် ပြေးဝင်လာကာ ချက်ချင်းပင် ဖြေဆိုပေးလိုက်သည်။
“မစ္စတာကုက
ကျွန်မကို ရှင် ဒီရက်ပိုင်းမှာ လုံလောက်တဲ့
အနားယူမှု မရှိတဲ့အပြင် အစာစားချင်စိတ်လည်း သိပ်မရှိဘူးလို့ ပြောပြတယ်။ ဒါကို ရှင့်အတွက်
ကျွန်မကိုယ်တိုင် ချက်ပြုတ်ထားတာ ရှင်ကြိုက်မလား မကြိုက်ဘူးလား ဆိုတာကိုတော့ ကျွန်မ
မသိဘူး”
ဟောက်ချန်ဟွမ်းသည်
စုယန်ယန်လက်ထဲမှာ ကိုင်ထားသော ရင်းနှီးနေသည့် နေ့လယ်စာ ထမင်းဘူးကို စိုက်ကြည့်နေသည်။
သူ့မျက်လုံးတွေက ပီတိများဖြင့် တောက်ပနေသည်။
သူမပြောလိုက်သည့်
စကားကို ကြားလိုက်ရတော့ သူ့မျက်ခုံးတွေ တွန့်ကွေးသွားပြန်သည်။
“သူ့နာမည်ကိုပဲ
ခေါ်လို့ရတယ်”
“ရှောက်ယန်လို့
ခေါ်ရမှာလား”
“...”
သေစမ်း၊ ဒီလိုခေါ်ဆိုတဲ့ အသံလေးကို ဘာလို့ ဒီလောက်တောင် ချစ်ဖို့ကောင်းရတာလဲ။
ဟောက်ချန်ဟွမ်း၏
မျက်နှာဟာ မည်းမှောင် သွားပြန်သည်။ သူက စကားတစ်လုံးချင်းစီတိုင်းကို အလေးအနက်ထားသော
အသံဖြင့် ပြောခဲ့သည်။
“သူ့ကို
ကူရှောက်ယန်လို့ပဲခေါ်”
စုယန်ယန်သည်
စက္ကန့်အနည်းငယ်မျှ အံ့အားသင့်သွားပြီး နောက်ဆုံးတွင် သူမမျက်စိရှေ့တွင် ရှိနေသော ထိုအမျိုးသားသည်
သူမ တခြားသူတစ်ယောက်ကို ပြောဆိုဆက်ဆံသည့် ပုံစံအား မနာလိုဖြစ်နေကြောင်း သူမ သိနားလည်
လိုက်ရသည်။ သူမ ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ -
“မင်းက
ချစ်ဖို့ကောင်းလိုက်တာ”
‘ချစ်စရာလေး’
ဒီတစ်ခါတော့ ဟောက်ချန်ဟွမ်း ယိမ်းယိုင်သွားရသည့် အလှည့်ပင်။
‘သူမက ငါ့ကို ချစ်စရာလေးလို့ ပြောနေတာလား။ ဒီအရွယ်ကြီးကို
ချစ်စရာလေးလို့ ခေါ်နိုင်သေးလား’
ဟောက်ချန်ဟွမ်းသည်
အချိန်အတော်ကြာအောင် ရပ်တန့်သွားပြီး နောက်ဆုံး၌ သူ့ကို နှစ်ရက်ကြာ စိတ်အနှောင့်အယှက်ဖြစ်စေသော
မေးခွန်းကို မေးရန် ဆုံးဖြတ်ခဲ့သည်။
“မင်း
ကိုယ့်ကို အသက်ကြီးပြီထင်လား”
***