အခန်း(၂၇)
- ဆန်းကြယ်သော မေးခွန်း
ယုကျစ်ယန်သည်
အသက်ပြင်းပြင်းရှူကာ
သူ့အပြုံးကို ထိန်းသိမ်းဖို့ ကြိုးစားရင်း “အဲ့တာက
ပြဿနာရှိလို့လား” လို့ မေးမြန်းလိုက်သည်။
“ငါ
အချစ်ရေးမှာ အတွေ့အကြုံရှိတဲ့ သူတစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးချင်တယ်။ စုံတွဲတွေကြားက
ပြဿနာတွေနဲ့ ပတ်သက်ပြီး ငါ့မှာ မေးစရာ မေးခွန်းအချို့ရှိတယ်”
ယုကျစ်ယန်က
သူ့မျက်ခုံးကို အသာပင့်ရင်း အနည်းငယ် အထင်သေး ရှုတ်ချလိုဟန်ဖြင့်
“အဲ့တာက
ပြဿနာမဟုတ်ပါဘူး။ ကျွန်တော် နည်းနည်းတော့ ကူညီပေးနိုင်မှာပါ” လို့ ပြောလိုက်သည်။
“မင်းလား”
ဟောက်ချန်ဟွမ်းက
သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးတွေက သိချင်စိတ်ဖြင့် တောက်ပနေသည်။
“...”
ယုကျစ်ယန် တိတ်ဆိတ်သွားသည်။
‘သခင်လေး
မင်း ဘာလို့ ငါ့ကို သံသယဝင်နေတာလဲ။ ငါက မင်းကို
ဘယ်လိုလုပ်ပြီး လိမ်ပြောနိုင်မှာလဲ။ ငယ်ရွယ်တဲ့အချိန်တုန်းက ဘယ်သူကများ မချစ်ဘူးပဲ
နေခဲ့လို့လဲ။ ဒါကို မင်းသိမှာပါ’
“အဟွတ်...
အဟွတ် အခု ကျွန်တော့်မှာ လက်ရှိရည်းစားမရှိပေမယ့် အရင်တုန်းက တွဲဖူးတဲ့သူ အနည်းငယ်ရှိပါတယ်။
ကောင်းပြီ၊ အဲ့တာကို အတွေ့အကြုံတစ်ခုလို့ ယူဆလို့ရတယ်လေ”
ယုကျစ်ယန်သည်
သူ့ကိုယ်သူ ကိုယ်ရည်သွေးသော စကားများ အနည်းငယ် ပြောလိုက်တာက သူ့အစာကိုစားရင်း အလုပ်များသည့်
သွမ်းသွမ်းရဲ့အာရုံကို စွဲဆောင်သွားမိသည်။
သူလေးက
သူ့ကို အမှိုက်ကောင်တစ်ကောင်လို့ ပြောနေတဲ့အတိုင်း မော့ကြည့်လိုက်သည်။
“!!!”
‘ဒီခွေးက အရမ်းဉာဏ်ကောင်းတယ်လို့ ငါ့ကို လာမပြောနဲ့’
ဟောက်ချန်ဟွမ်းသည်
လူနှင့် ခွေးတစ်ကောင်တို့ အကြည့်ချင်း ဖလှယ်နေသည်ကို သေချာပေါက် သတိမထားမိခဲ့ပေ။ သူက
ယုကျစ်ယန်ပြောတာကို နားထောင်ပြီးနောက် အေးအေးဆေးဆေး စပြောလိုက်သည်။
“သူမက
မနေ့က ငါ့ကို ‘ဒယ်ဒီ’ လို့ခေါ်တယ်။ ပြီးတော့ သူမ ငါ့အတွက် ချက်ပြုတ်ပေးတဲ့ စွပ်ပြုတ်က
သက်ကြီးရွယ်အိုတွေအတွက်လို့ ပြောတယ်။ ဒါကိုတောင် သူမက ငါ့ကို ချစ်ဖို့... ချစ်ဖို့ကောင်းတယ်လို့
ပြောလိုက်သေးတယ်။ သူမ ဘာကိုဆိုလိုတယ် ဆိုတာကို မင်း သိလား”
ယုကျစ်ယန်
ဒီစကားကို ကြားလိုက်ရသောအခါ ကြက်သေ သေသွားသည်။
“ဒယ်ဒီလား။
အနာဂါတ်သခင်မက သခင်လေးကို ဒယ်ဒီလို့ခေါ်တာလား။ အဲ့တာ စိတ်လှုပ်ရှားစရာပဲ”
သခင်လေးသည်
အဖြေကိုသိချင်လို့ မေးနေတာ မဟုတ်ပဲ သူတို့ရဲ့ ချစ်ခင်မြတ်နိုးတဲ့ အကြောင်းကို သူ့ကို
ကြွားနေသလို ခံစားချက်မျိုး ရလိုက်သည်။
ယုကျစ်ယန်သည်
သူ့ခေါင်းထဲ အကြောင်းအရာများစွာ ဖြတ်ပြေးသွားပြီး စက္ကန့်အနည်းငယ်မျှ ကြက်သေ သေသွား၍
ဟောက်ချန်ဟွမ်း စကားပြောပြီးပြီးချင်း ပြန်လည် မတုံ့ပြန်နိုင်ပေ။
သူ့အသိစိတ်
ပြန်ရောက်လာသောအခါတွင် ဟောက်ချန်ဟွမ်းရဲ့ အေးစက်နေသည့် အကြည့်များနှင့် တွေ့ဆုံသွားသည်။
သူက
တုန်တုန်ယင်ယင်နဲ့ ရုတ်ခြည်း ပြန်ဖြေပေးလိုက်သည်။
“သခင်လေး
ကျွန်တော်ကတော့ သခင်လေးကို မမလေးက ‘ဒယ်ဒီ’လို့ ခေါ်တာနဲ့ ပတ်သက်ပြီး နားလည်မှုလွဲနေတယ်လို့
ကျွန်တော်ထင်တယ်”
“နားလည်မှုလွဲတာလား”
“အခုခေတ်လူငယ်တွေကြားမှာ
ခေတ်စားနေတဲ့ ဘန်းစကား တစ်မျိုးရှိတယ်။ အဲ့တာကို ‘သကြားဖေဖေ’ လို့ခေါ်တယ်။ အဲ့ဘန်းစကားရဲ့
အဓိပ္ပါယ်က သူ့ထက် အသက်ငယ်တဲ့ အဖော်ကို ငွေကြေး ဒါမှမဟုတ် ပစ္စည်းဥစ္စာထောက်ပံ့ပေးတဲ့
ချမ်းသာပြီး အသက်ကြီးတဲ့လူတွေ ရည်ညွှန်းပြောဆိုတယ်”
“သကြားဖေဖေလား”
ဟောက်ချန်ဟွမ်းရဲ့
မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။
‘အဲ့တာဆို သူမက သူ့ကို တစ်သက်လုံး ထောက်ပံ့ပေးရမယ်လို့
အရိပ်အမြွက်ပေးတာလား’
အကယ်၍
သူမက ဒါကိုဆိုလိုတယ်ဆိုရင် သူ အရမ်းပျော်ရွှင် နေမိလိမ့်မည်။
ယုကျစ်ယန်သည်
ဟောက်ချန်ဟွမ်းရဲ့ မျက်နှာအမူအရာကို တစ်ချက် လှမ်းဖတ်ကြည့်လိုက်သည်။ သူ့ကျောရိုးတွေ
အေးစက်သွားသလို ခံစားလိုက်ရ၍ သူ့အကြည့်တွေကို ချက်ချင်း ရှောင်ဖယ်လိုက်သည်။
‘သူ့ကြည့်ရတာ
မကောင်းတာ တစ်ခုခုကို ကြံစည်နေတဲ့ပုံပဲ’
“ဒါဆို
မမလေးက သခင်လေးကို ‘ဒယ်ဒီ’လို့ခေါ်တာက အပျော်သဘော ခေါ်တာဖြစ်နိုင်သလို စနောက်တာလည်း
ဖြစ်နိုင်တယ်။ သူမ ပြောဆိုတဲ့ သက်ကြီးရွယ်အို ဆိုတာကလည်း သူမ ဒီအတိုင်း ပြောဆိုလိုက်တဲ့စကားပဲ
ဖြစ်နိုင်တယ်။ တခြားဘာအဓိပ္ပါယ်မှ မပါဝင်နိုင်ပါဘူး”
“ကောင်းပြီ”
ဟောက်ချန်ဟွမ်းသည် ယုကျစ်ယန်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။
“အချစ်က
မျက်မမြင်ဖြစ်စေတယ်။ အဲ့တာကြောင့် သူမက သခင်လေးကို ချစ်စရာကောင်းတယ်လို့ ပြောတာ ဖြစ်နိုင်တယ်”
‘သခင်လေးကို
ချစ်စရာကောင်းတယ်လို့ ထင်နေတဲ့ အနာဂါတ်သခင်မလေးက မျက်စိကန်းနေတာ ဖြစ်နိုင်တယ်”
“အချစ်က
မျက်မမြင်ဖြစ်စေတယ်လား”
ဟောက်ချန်ဟွမ်း၏
မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အန္တရာယ်အငွေ့အသက်တွေ ယှက်သန်းလာကာ “ငါက ချစ်စရာမကောင်းဘူးလို့
မင်းပြောချင်တာလား” လု့ လှောင်ရယ်ရယ်ရင်း မေးလိုက်သည်။
“!!!”
‘ဒါက အရမ်းအန္တရာယ်များတဲ့ မေးခွန်းပဲ’
‘မဟုတ်ဘူး၊
သခင်လေးက ဘယ်တော့မှ ဒီလိုမျိုး မမေးဖူးဘူး။ သခင်မလေးနှင့် တွဲပြီးတဲ့နောက်မှာမှ ဒီလိုမျိုး
ပင်ကိုယ်စရိုက် သိသိသာသာ ပြောင်းလဲသွားခဲ့တာပဲ”
ယုကျစ်ယန်၏အတွေးကို
မြင်နေရသည့် ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေထဲတွင် အထင်အမြင်သေးသည့် အမူအရာများ ပိုမိုထင်ရှားလာပြီး
“မထူးဆန်းပါဘူး...” လို့ ရေရွတ်လိုက်သည်။
‘ဒါ့ကြောင့်
သူက ရည်စားအချို့နဲ့ တွဲခဲ့ပြီးတာတောင် တစ်ကိုယ်ရေသမား ဖြစ်နေသေးတာပေါ့။ မင်းလိုမျိုး
စိတ်ဝင်စားစရာ မကောင်းတဲ့ သူတစ်ယောက်အတွက် ဘယ်သူက နစ်မြှုပ်ပျော်ဝင်သွားပါ့မလဲ”
ဟောက်ချန်ဟွမ်း၏
ယုကျစ်ယန်အပေါ် ကြည့်ရှုလိုက်သည့် အကြည့်အဓိပ္ပါယ်က သိသာထင်ရှားလွန်းသည့် အတွက်ကြောင့်
သူ့တစ်ကိုယ်လုံး တောင့်တင်းသွားစေခဲ့သည်။ တစ်ကိုယ်ရေသမားတစ်ယောက် ဖြစ်နေခြင်းကြောင့်
သူ့ရဲ့ဖန်လိုနှလုံးသားဟာ အစိတ်စိတ် အမြွာမြွာ ကွဲကြေသွားခဲ့သည်။
‘ပြောစရာရှိလျှင်
ပြောချလိုက်၊ ဒီလိုပုဂ္ဂိုလ်ရေးဆန်တဲ့ တိုက်ခိုက်မှုမျိုး မပြုလုပ်လိုက်ပါနဲ့”
***