အခန်း(၃၂)
- ယိမူချောင်နဲ့ ကြက်ဥစွပ်ပြုတ်
စုယန်ယန်
ဒီနေ့ ချက်ပြုတ်မည့် ဟင်းလျာအကြောင်းကို မိတ်ဆက်ပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ
အမျိုးသမီးကြည့်ရှုသူများသည် ထိုအကြောင်းအရာကို ဝရုန်းသုန်းကား စတင်ဆွေးနွေးကြသည်။
နှစ်များစွာကြာမြင့်ပြီးနောက်
ဆေးဖက်ဆိုင်ရာ သိပ္ပံပညာသည် မည်မျှပင် တိုးတက်လာပါစေ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲခြင်း
ဝေဒနာသည် မိန်းကလေးတိုင်းအတွက် အိမ်မက်ဆိုးအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။
စုယန်ယန်သည်
ဖန်သားပြင်ပေါ်ရှိ အချိန်နှင့် တပြေးညီ ပျံဝဲနေသော မှတ်ချက်များကို ကြည့်ရှုပြီးနောက်
အနည်းငယ် ပြုံးလိုက်မိသည် - မနေ့ကထက် ကြည့်ရှုသူတွေ ပိုများနေတာပဲ။ ပထမဦးစွာ သူမသည်
ကြက်ဥအနည်းငယ်ခန့်ကို အိုးထဲသို့ထည့်ကာ ပြုတ်လိုက်ကာ ဆူပွက်ပြီးနောက် သူတို့ကို ပြန်ဆယ်ကာ
အခွံခွာထားလိုက်သည်။ သူမသည် အိုးတစ်လုံးကိုယူကာ ယိမူချောင်၊ ကိုချီဘယ်ရီနဲ့ ကြက်ဥပြုတ်တို့ကို
ထည့်လိုက်သည်။ သူမသည် ရေကိုပွက်ပွက်ဆူအောင် တည်ထားလိုက်ပြီးနောက် နာရီဝက်ခန့် မီးအေးအေးဖြင့်
နှပ်ထားလိုက်သည်။
“ကျွန်မ
ယိမူချောင်က ဘာလဲလို့ မေးတာကို မြင်လိုက်ရတယ်။ ယိမူချောင်က တရုတ်ဆေးဖက်ဝင် အပင်တစ်မျိုးပါ။
သူ့ကို အခြောက်ခံပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပြီးနောက် ရလာတဲ့ ပြုတ်ရေက သွေးလည်ပတ်မှု
အားကောင်းစေပြီး ဓမ္မတာလာချိန်ကို ထိန်းညှိပေးတဲ့အပြင် ကိုယ်တွင်းအပူနဲ့ အဆိပ်အတောက်တွေကို
ကင်းစင်စေပါတယ်။ ဒါပေမယ့် အရသာကတော့ အနည်းငယ် ခါးပါတယ်။ ဒ့ါကြောင့် အရသာကောင်းစေရန်
အခြားသော ဆေးဖက်ဝင်အပင်များ ပါဝင်ဖြည့်စွက်ပေးရန် လိုအပ်တယ်။ တရုတ်ဆီးသီးက အသင့်တော်ဆုံး
ဆေးဖက်ဝင် ပါဝင်ပစ္စည်းဖြစ်တယ်။”
စုယန်ယန်သည်
တရုတ်ဆီးသီးခြောက် ထည့်ထားတဲ့ ပန်းကန်လေးကို ထုတ်ယူကာ အပြုံးခပ်ဖျော့ဖျော့ဖြင့် ဆိုသည်။
“တရုတ်ဆီးသီးကို ရှေးခေတ်က သစ်သီးတွေရဲ့ ဘုရင်လို့တောင် ခေါ်ဆိုကြတယ်။ အာဟာရဓာတ် ကြွယ်ဝပြီး
လတ်ဆတ်ပြီး ချိုမြိန်တဲ့ အရသာရှိတယ်။ အစိမ်းစားသည်ဖြစ်စေ ချက်ပြုတ်စားသုံးသည်ဖြစ်စေ
အရသာကောင်းမွန်တယ်။ အသားအရေကို အာဟာရ ဖြည့်တင်းပေးတဲ့အပြင် အသားအရေကို လှပစေဖို့အတွက်လည်း
ထိရောက်မှုရှိပါတယ်။ ဒ့ါအပြင် တရုတ်ဆေးတွေရဲ့ ပြင်းထန်တဲ့ အာနိသင်ကို လျှော့ချပေးပြီး
သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျော့ပါးစေပါတယ်။”
“ယိမူချောင်စွပ်ပြုတ်ထဲကို
တရုတ်ဆီးသီးထည့်တာက ယိမူချောင်စွပ်ပြုတ်ရဲ့ အာနိသင်ကို မထိခိုက်စေပဲ အခါးအရသာကို ဖုံးအုပ်ပေးနိုင်ပါတယ်။
သူတို့က တစ်ယောက်ကို တစ်ယောက် ဖြည့်စွက်ပြီး သူတို့ရဲ့ ဆေးဖက်ဝင်ဂုဏ်သတ္တိတွေကို မြှင့်တင်ပေးပါတယ်။”
စုယန်ယန်က
အမှန်အတိုင်း ပြောဆိုပေမယ့် စုယန်ယန်က ကြွားလုံးထုတ်နေတယ်လို့ထင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ
လူအများစုက ရယ်မောကြသည်။
ဒီလောက်ကောင်းမွန်တယ်ဆို
ဘယ်သူမှ မကြားဖူးပဲ နေမှာလဲ။
ကြည့်ရှုသူများ၏
တုံ့ပြန်မှုသည် စုယန်ယန်၏ မျှော်လင့်ချက်အတွင်းတွင် ရှိနေသောကြောင့် သူမ ဆက်လက်ရှင်းပြမနေပါ။
မီးအပူရှိန်ကို စစ်ဆေးကြည့်ရန် ခေါင်းငုံ့လိုက်သည့်အချိန်တွင် ရင်းနှီးနေသည့် လက်ဆောင်သတိပေးချက်
အသံကို ကြားလိုက်ရသည်။
စုယန်ယန်သည်
အနည်းငယ် ကြက်သေ သေသွားသည်။ သူမသည် ခေါင်းမော့ကြည့်လိုက်သည်နှင့် လူတွေကို တိုက်ခိုက်ချေမှုန်းရန်
ငွေတွေကို အသုံးပြုခဲ့သည့် ပြည်တွင်းအာဏာရှင်တစ်ဦးထံမှ စကားလုံးအနည်းငယ်မျှသာ ပါဝင်သည့်
မှတ်ချက်တစ်ခုကို ရေးသားထားကို တွေ့လိုက်ရသည်။
အထူးပြုလုပ်ချက်များ
ပါရှိသော သက်တန့်ရောင် အရောင်ရှိသည့် စကားလုံးမျာသည် သူ့ရဲ့ မောက်မာပြီး ကြွယ်ဝသော
အပြုအမူကို မျက်ဝါးထင်ထင် ပုံဖော်နေပါသည်။
(ကိုယ်
မင်းကို ယုံကြည်တယ်။ မင်း အကောင်းဆုံးပဲ။)
အကျွမ်းတဝင်ရှိသူ၏
နှစ်သိမ့်မှုက စုယန်ယန်အာ ကျယ်လောင်စွာ ရယ်မောစေလုနီးပါး ဖြစ်စေပြီး သူမ စိတ်နှလုံးသားထဲတွင်
ဒီအမျိုးသားရဲ့ အမည်ကို အခုအချိန်တွင် သေချာမှန်ကန်စွာ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
စုယန်ယန်သည် သူမရဲ့ ရယ်ချင်စိတ်ကို ထိန်းထားကာ “ကျေးဇူးတင်ပါတယ်” လို့ ပြန်ပြောလိုက်သည်။
တရုတ်ဆီးသီးတွေရဲ့
အရသာက ချိုပေမယ့် သူတို့ကို အခြောက်ခံထားကြတယ်။ သူတို့ကို ချက်ပြုတ်ချိန် တိုတောင်းတာက
သူတို့ရဲ့ အချိုအရသာကို စွပ်ပြုတ်ထဲသို့ အပြည့်အဝ စိမ့်ဝင်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့်
နောက်ဆုံးအနေနဲ့ စွပ်ပြုတ်ထဲကို သကြားညိုထည့်သွင်းရန် လိုအပ်ပါသည်။
“သကြားညိုသောက်တာက
ဓမ္မတာလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်လို့ ခုနတုန်းက တစ်ယောက်ယောက် ပြောနေတာကို
ကျွန်မ တွေ့လိုက်ရတယ်။ သကြားညိုမှာ သွေးလည်ပတ်မှုကို အားကောင်းစေတဲ့ အကျိုးအာနိသင်
ရှိပါတယ်။ အကယ်၍ မင်း အပြင်မှာ ရောက်နေတဲ့အခါကျရင် သကြားညိုအချို့ကို ရေနွေးနဲ့ ဖျော်သောက်နိုင်ပါတယ်။
အဲ့တာက ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ တကယ့်ကို အကူအညီပေးပါတယ်။ မကြာသေးမီက
မီးဖွားခဲ့သော ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့်လည်း ဒီသကြားညိုကို မီးဖွားပြီး
တစ်ပတ်အကြာမှာ သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒါက ခွဲစိတ်မွေးဖွားတဲ့ သူတွေအတွက် မဟုတ်ပဲ
သဘာဝအတိုင်း မွေးဖွားတဲ့ သူတွေ အတွက်ပဲ ပြောတာ ဖြစ်ပါတယ်။”
“လူတိုင်းရဲ့
အရသာခံအာရုံက အမျိုးမျိုးရှိကြလို့ ဒီနေ့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်စားလို့ ရပါတယ်။
အိမ်မှာ ကိုယ်တိုင်လုပ်စားတဲ့အခါကျရင် စိတ်ကြိုက် သကြားပမာဏကို ရွေးချယ်နိုင်ပါတယ်။”
စုယန်ယန်သည်
အိုးထဲသို့ သကြားညိုတစ်ဇွန်း အပြည့်ထည့်ကာ ရှင်းပြသည်။ စွပ်ပြုတ်အိုးကို မွှေလိုက်ရာ
စွပ်ပြုတ်ရဲ့ မွှေးရနံ့နှင့် ကြက်ဥရဲ့ မွှေးရနံ့သည် ပိုမိုစူးရှလာပြီး ထိုရနံ့သည် အနံ့ဖန်ရှင်ကို
ဖွင့်ထားသည့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများအား ထိုစွပ်ပြုတ်ကို
တောင့်တစေပါသည်။
(အမွှေးအကြိုင်တွေကို
ငါ မကြိုက်ပေမယ့် အဲဒီရနံ့က ငါ့ဗိုက်ကို ရုတ်တရတ် ကျယ်လောင်လာစေတယ်။)
(တင်ဆက်သူက
သကြားညိုတွေ အများကြီး ထည့်နေတာကို မြင်လိုက်ရတဲ့အခါက အရမ်းများသွားတယ်လို့ ထင်လိုက်ပေမယ့်
ရလဒ်ကတော့ အဆင်ပြေပုံရတယ်။)