အပိုင်း ၃၃
Viewers 1k

အခန်း(၃၃) - ကြည့်ရှုသူ အမျိုးသမီး အကောင့်များကိုသာ ခွင့်ပြုထားသည်

 

စုယန်ယန်သည် ဖန်သားပြင်ပေါ်ရှိ မှတ်ချက်များကို တစ်ချက်ကြည့်လိုက်သည်။ ကြက်ဥပြုတ်များ အရောင်မည်းလာလျှင် မီးကို ပိတ်လိုက်သည်။

 

“ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုက ဒီမှာပဲ ပြီးဆုံးသွားပါပြီ။ ဓမ္မတာလာချိန် ရောက်နေတယ်လို့ တော်တော်များများ ပြောနေတာကို ကျွန်မ တွေ့လိုက်ရတယ်။ ဒါ့ကြောင့် ဒီနေ့အတွက် ယိမူချောင်နဲ့ ကြက်ဥစွပ်ပြုတ်ကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအခန်းမှ ကြည့်ရှုသူသုံးဦးကို လက်ဆောင်အဖြစ် ကျဘမ်းရွေးချယ်ပေးသွားပါ့မယ်ရှင့်။ တရားမျှတမှု ရှိစေရန်အတွက် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကံစမ်းမဲလုပ်ဆောင်ချက်ကို အသုံးပြုပါမယ်။ ‘ယန်ယန်ရဲ့ မီးဖိုချောင်” လို့ ရေးသားပေးပို့ပြီး စက္ကန့်သုံးဆယ်အကြာတွင် ကံစမ်းမဲမှာ ပါဝင်ကံစမ်းနိုင်ပါပြီရှင့်။ ဒီတစ်ခါမှာတော့ အမျိုးသားတွေ အနေဖြင့် အမျိုးသမီးတွေနဲ့ မယှဥ်ပြိုင်ပဲ သူတို့ကို အခွင့်အရေး ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

 

စုယန်ယန် ဤကဲ့သို့ ပြောဆိုပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော အမျိုးသားအချို့က သူတို့အတွက် တရားမျှတမှု မရှိဟု ဝေဖန်ခဲ့ကြသည်။

 

(ဒါ မတရားဘူး။ ယောကျ်ားလေးတွေက ဘာကြောင့် ကံစမ်းမဲမှာ ပါဝင်ခွင့် မရတာလဲ။ ငါ့အမျိုးသမီး ဓမ္မတာလာနေတာ မကြာသေးဘူး။ ငါ သူ့အတွက် တစ်လုံးလောက် ယူပေးလို့ မရနိုင်ဘူးလား။ ငါ လက်မခံနိုင်ဘူး။)

 

(ထောက်ခံပါတယ်။ ငါ့ညီမလည်း ဒီရက်ပိုင်း ဓမ္မတာလာနေတာ။ မိန်းကလေးတွေပဲ ရသင့်တယ် ဒါပေမယ့် ငါတို့ မရသင့်ဘူးလို့ မင်း ဘာလို့ တွေးရတာလဲ။ ငါတို့ ညီမတွေနဲ့ အန်တီတွေအတွက် ကျေးဇူးပြုပြီး ပါဝင်ကံစမ်းခွင့်ပြုပါ။)

 

(ငါ့အမေလည်း...)

 

(ငါ့ကောင်မလေးလည်း၊ သူမ...)

 

(ငါ့ဒုတိယဦးလေးရဲ့ မိန်းမကလည်း ...)

 

မျက်စိတစ်မှိတ်အတွင်း တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း လေထုက ရုတ်တရတ် ပြောင်းလဲသွားသည်။ စုယန်ယန်ရဲ့ စွပ်ပြုတ်ချို၏ အရသာသည် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲခြင်းအတွက် အမှန်တကယ် ထိရောက်မှု ရှိ မရှိ ခန့်မှန်းလေ့လာရာမှ သူတို့အားလုံးတွင် တူညီသော ပြဿနာရှိသည့် အမျိုးသမီးဆွေမျိုး ကိုယ်စီ ရှိသောကြောင့် တင်ဆက်သူအား တရားမျှတစေရန် တောင်းဆိုသည့် အမျိုးသားကြည့်ရှုသူများ ပေါ်ပေါက်လာသည်။

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်က ဒီန့ ပြုလုပ်သော စွပ်ပြုတ်အား လက်ဆောင် ပေးအပ်မည်လို့ စီစဥ်နေပြီး ကံစမ်းမဲ လုပ်ဆောင်ချက်ကို အသုံးပြုရန် စီစဥ်နေကြောင်းကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွားသည်။ သူက အသံတိုးတိုးလေးဖြင့် ရေရွတ်နေသည်။ “ငါ ချိုတဲ့အစားအသောက်တွေကို သိပ်မကြိုက်ပေမယ့်...”

 

ယုကျစ်ယန်၊ “ဟမ်...”

 

“ဒါပေမယ့် တစ်ခါလောက် စမ်းစားကြည့်တာလည်း မဆိုးပါဘူး။”

 

“...” ယုကျစ်ယန်သည် သူ့သခင်လေးထံမှ အရိပ်အမြွတ် ပြောဆိုသံကို ကြားလိုက်ရပြီးနောက် သူ့စိတ်အာရုံတွေ ပျောက်ဆုံးကုန်သည်။

 

‘နိုးထပါတော့ သခင်လေးရေ၊ ဒါကို မမလေးကိုယ်တိုင် ချက်ပြုတ်ထားတယ် ဆိုရင်တောင် ဒါက ဓမ္မတာလာတဲ့ မိန်းကလေးတွေအတွက်လို့ သေသေချာချာ ရှင်းပြထားတယ်လေ။’

 

‘မင်းလို ယောကျ်ားရင့်မာကြီးတစ်ဦးက ဒီအတွက် ဘယ်လိုလုပ်ပြီး လိုအပ်မှာလဲ။ ဒါကို စားသုံးပြီး မတော်လို့ တစ်ခုခု မှားယွင်းသွားမှာကို မစိုးရိမ်ဘူးလား။’

 

ယုကျစ်ယန်သည် သူ့နှုတ်ခမ်းထောင့်စွန်းတွေက လှုပ်ခတ်သွားပေမယ့် သူ့စိတ်ထဲတွင် ဥပဒေဌာနရဲ့ နှေးကွေးတဲ့ လုပ်ဆောင်ချက်များအတွက် ညည်းညူနေမိသည်။ အကယ်၍ သူတို့ကြောင့်သာ မဟုတ်ပါက ဒီနေ့ ဒီနေရာတွင် ရပ်နေပြီး အဆင်မပြေဖြစ်ကာ အားကိုးရာမဲ့‌သော အခြေအနေများကို တွေ့ကြုံရမည် မဟုတ်ပေ။

 

“အဟွတ်... အဟွတ် ဒီတစ်ခါ အရမ်းနောက်ကျသွားပြီ။ နောက်တစ်ကြိမ်ကို စောင့်ဆိုင်းရလိမ့်မယ်။ မမလေးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ကံစမ်းမဲတိုင်းကို သခင်လေး မဲပေါက်စေဖို့အတွက် အင်ဂျင်နီယာဌာနကို အကြောင်းကြားထားလိုက်ပါ့မယ်။ ပြီးတော့ နောင်အနာဂတ်မှာ မမလေးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ကံစမ်းမဲတိုင်း သခင်လေး ပေါက်ပါလိမ့်မယ်။”

 

သူပြောတာကို နားထောင်ပြီးနောက် ဟောက်ချန်ဟွမ်း၏ မျက်နှာအမူအရာသည် ကြည်လင်လာသည်။ သူက နောက်ထပ် စာကြောင်းတစ်ခုကို ထပ်ဖြည့်ပြီး ပြောလိုက်သေးသည်။ “ကြည့်ရှုသူ အမျိုးသမီး အကောင့်များကိုသာ ကံစမ်းမဲပေါက်ခွင့် ပေးထားပြီး ငါသာလျှင် ချွင်းချက် ထားပေးရမယ်။”

 

ယုကျစ်ယန်က သူ့မျက်ခုံးကိုပင့်ကာ အနည်းငယ် ဗျာများသွားသည်။

 

တစ်ချိန်တည်းတွင် စုယန်ယန်သည် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ကံစမ်းမဲကို နောက်ကွယ်တွင် ချုပ်ကိုင်ခြယ်လှယ်တော့မည်ကို မသိခဲ့ပေ။ အဲ့ဒီနောက်မှာတော့ အမျိုးသား ကြည့်ရှုသူတွေအားလုံး ကံစမ်းမဲတွင် ဖြတ်ချခြင်း ခံလိုက်ရပါသည်။

 

အကြောင်းရင်းကတော့ တစ်စုံတစ်ဦးသည် မနာလိုဖြစ်ပြီး အခြားအမျိုးသားများက သူမ၏ ဟင်းချက်လက်ရာကို မစားသောက်စေချင်သောကြောင့် ဖြစ်သည်။

 

မျက်စိတစ်မှိတ်အတွင်း စက္ကန့်သုံးဆယ်ပြည့်သွားကာ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှုအခန်းရှိ ကံစမ်းမဲအဝိုင်းလေးသည် အချိန်မှ စတင်လည်ပတ်လာခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ကြည့်ရှုသူတစ်ထောင်အတွင်းမှ ကျပန်းအနိုင်ရသူ သုံးယောက်ကို ရွေးချယ်ရန် အချိန်မကြာခဲ့ပါ။

 

ကျပန်း‌ရွေးချယ်ထားသော ကံထူးရှင် သုံးဦးစလုံးသည် စုယန်ယန်နှင့် တိုက်ဆိုင်စွာ တစ်မြို့တည်းတွင် နေထိုင်နေကြသည်။

 

“ယိမူချောင်ကြက်ဥစွပ်ပြုတ်ကို မဲပေါက်သွားတဲ့ (ဒီနေ့အန်တီထွက်သွားပြီလား) (မိုမိုကပေါ်ပင်မှာပျော်ရွှင်တယ်) (မင်မင်ရူဟန်) တို့ရေ ဂုဏ်ယူပါတယ်ရှင့်။ ကျေးဇူးပြုပြီး ပေးပို့ရမယ့် လိပ်စာကို သီးသန့်မက်ဆေ့ချ်မှာ ပေးပို့ထားပေးပါ။ ဓမ္မတာလာနေကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေအားလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ မနက်ဖြန်မှ ပြန်တွေ့ကြမယ်နော်။”