အခန်း(၃၄)
- ငါ့စွပ်ပြုတ်ကို လက်လွှတ်စမ်း
နျဥ်သည်
Aတက္ကသိုလ်၏ အနုပညာနှင့် ဒီဇိုင်းဌာနတွင် ပုံဆွဲခြင်းနှင့် ပန်းချီပညာကို အထူးပြု သင်ကြားနေသည့်
တတိယနှစ် ကျောင်းသူတစ်ဦးဖြစ်သည်။ တတိယနှစ်သို့ ရောက်နေပေမယ့်လည်း သင်တန်းတွေ အများကြီး
တက်ရောက်ဖို့ ကျန်ရှိနေပါသေးသည်။
ဒါပေမယ့်
မနက်ကိုးနာရီမှာ စာသင်ခန်းထဲကို ရောက်နေရမယ်။
သို့သော်
သူမ၏ မျက်နှာသည် ဖြူဖျော့နေပြီး ကုတင်ပေါ်တွင် လဲလျောင်းနေပါသည်။ သူမ၏ မျက်လုံးများသည်
အသက်မဲ့နေပြီး အချိန်မရွေး သေသွားတော့မယ့်ပုံပေါ်နေသည်။
ရုတ်တရတ်
တံခါးခေါက်သံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ရာ ရှောင်နျဥ်၏ ပျံ့လွင့်နေတဲ့ စိတ်အာရုံတွေကို
ပြန်လည်ရရှိလာခဲ့သည်။
ရှောင်နျဥ်သည်
မျက်မှောင်ကြုတ်ပြီး တံခါးဖွင့်ဖို့ ချက်ချင်း မထခဲ့ပေ။ ခဏအကြာတွင် တံခါးခေါက်သံ ပျောက်ကွယ်သွားသည်။
တံခါးအပြင်ဖက်မှလူ
ထွက်သွားပြီလို့ ရှောင်နျဥ်က တွေးလိုက်ချိန်မှာ တံခါးခေါက်သံကို ပြန်ကြားရပြန်သည်။
ရှောင်နျဥ်၏
မျက်နှာအမူအရာက မည်းမှောင်သွားသည်။ သူမရဲ့ နာကျင်နေသာဗိုက်ကို အုပ်ကိုင်ကာ ဒေါသတကြီး
ထွက်သွားခဲ့သည်။
အိပ်ဆောင်တံခါးကို
ဖွင့်လိုက်တာနဲ့ တံခါးဝမှာ ပစ္စည်းပို့ဆောင်သူ ဝန်ထမ်းတစ်ယောက်ကို တွေ့လိုက်ရပြီး
“မင်းက မစ်ရှနျဥ်ရှီမလား။ မင်းရဲ့ အထူးအစားအစာကို လာပို့တာပါ။” ဟု ရိုးရှင်းစွာ ပြောသံကို
ကြားလိုက်ရသည်။
“ကျွန်မ
အစားအသောက် မှာထားတာမျိုး မရှိပါဘူး...” ရှောင်နျဥ်သည် လွန်ခဲ့သော ဆယ်မိနစ်က ကြည့်ရှုနေသည့်
တိုက်ရိုက်ထုတ်လွှင့်၏ ကံစမ်းမဲပေါက်ခြင်းမှ အစားအသောက် ပေးပို့လိုက်တာကို ပြန်လည်အမှတ်ရသွားပြီးနောက်
သူမ ပြောလက်စ စကားကို ရပ်တန့်လိုက်သည်။
ရှောင်နျဥ်သည်
အစားအသောက်ပါဆယ်ကို အထဲသို့ ယူသွားပြီး ပါဆယ်အထုပ်ကို ဖွင့်ရန်ပင် မစောင့်နိုင်တော့ပေ။
အစောပိုင်းက မြင်ခဲ့ရတဲ့ စွပ်ပြုတ်ချိုလေးကို ကြည့်လိုက်သည်။
အပူခံဗူးကို
ဖွင့်လိုက်သည်နှင့် မွှေးရနံ့က လေထုထဲသို့ ပျံ့နှံ့သွားပြီး သူမကို လန်းဆန်းသွားစေသည်။
သူမစိတ်ထင်တာလားပင်
မသေချာပေမယ့် သူမ ဝမ်းဗိုက်က နာကျင်မှုက သိသိသာသာ သက်သာသွားသလို ခံစားလိုက်ရသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း
တင်ဆင်သူက သူတို့ကို ရှင်းပြခဲ့သည့်စကားများကို သူမ ပြန်တွေးရင်း ရှောင်နျဥ်သည် ခဏလောက်
တုန့်ဆိုင်းသွားကာ အိပ်ဆောင်၏ တစ်ဖက်ကုတင်သို့ ပြေးသွားကာ ကုတင်ပေါ်မှ ဖုဖောင်းနေသည့်
စောင်ထုပ်ကို ပုတ်လိုက်သည်။
“အာနန်
အာနန် ထဦး၊ ထဦး”
ကုတင်ပေါ်ရှိ
စောင်ထုပ်လေးသည် အနည်းငယ် ရွေ့လျားသွားပြီး အသံတိုးတိုးလေး ထွက်ပေါ်လာသည်။ “အင်း၊ ငါ
အိပ်ပျော်ခါနီး ဖြစ်နေတာကို နင် ငါ့ကို ဘာလို့ လာပုတ်ရတာလဲ...”
“ဒါကို
ကြည့်ပါဦး”
အိပ်ရာမှ
နိုးထလာသော အာနန်သည် ရှောင်နျဥ်ပြသော အပူခံဗူးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“အဲ့တာ ဘာလဲ။ စွပ်ပြုတ်လား။ အနံ့ကမွှေးပေမယ့် စွပ်ပြုတ်ချိုကို ငါ မသောက်ချင်ဘူး။ ငါ့မှာ
စားချင်စိတ်လည်း မရှိဘူး။”
“ငါ
ဒါကို တိုက်ရိုက်ထုတ်လွှင့်တစ်ခုက ကံစမ်းမဲပေါက်တာ။ ဒါကို ယိမူချောင်ကြက်ဥစွပ်ပြုတ်လို့
ခေါ်ပြီးတော့ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှုကို ကုစားပေးတယ်။ ငါတို့... စမ်းသောက်ကြည့်သင့်လား။”
ရှောင်နျဥ်သည်
အမှန်တကယ် တုံ့ဆိုင်းနေမိသော်လည်း ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှုသည် ရောဂါမဟုတ်သည့်တိုင်
သေသည်အထိ နာကျင်စေပါသည်။
“ဒါဆို
ငါ အရင်စမ်းသောက်ကြည့်မယ်။ ဘေးကင်းတယ်ဆိုမှ ဒါကို နင်လည်း ဆက်သောက်ပေါ့။ ငါ တစ်ခုခု
ဖြစ်သွားလို့ရှိရင် နင် လူနာတင်ကား ခေါ်ပေး။”
အာနန်က
မျက်မှောင်ကြုတ်သွားကာ ရှောင်နျဥ်ရဲ့ လက်ကို ဖမ်းဆွဲပြီး ဖျော့တော့စွာ ပြောသည်။ “နင်
မသောက်ကြည့်နဲ့။ ငါ စမ်းသောက်ကြည့်မယ်။ တကယ်လို့ မကောင်းတာ တစ်ခုခုဖြစ်လာရင် လူနာတင်ကားခေါ်ဖို့
ငါ့မှာ ခွန်အား ရှိမရှိ ငါ မသိနိုင်ဘူး။”
ရှောင်နျဥ်
မည်ကဲ့သို့တုံ့ပြန်မည်ကို ဂရုမစိုက်ပဲ အာနန်က စွပ်ပြုတ်တစ်ဇွန်း ခပ်သောက်လိုက်သည်။
ရှောင်နျဥ်က
သူမကို တားမြစ်ဖို့ နောက်ကျသွားကာ ငိုတော့မလို အသံဖြင့် မေးလိုက်သည်။ “အာနန်၊ နင်...
နင် အဆင်ပြေရဲ့လား။”
အာနန်က
သူမနှုတ်ခမ်းကို အသာအုပ်ကိုင်ကာ “စားကောင်းလိုက်တာ” လို့ ပြန်ဖြေသည်။
နြဥျ၊
“...”
“အဲ့တာက
ငါ ထင်ယောင်ထင်မှား ဖြစ်တာလားတော့ မသေချာဘူး။ ဒါကို သောက်ပြီးသွားတော့ ငါ့လည်ချောင်းထဲကနေ
အစာအိမ်ထဲအထိ ပူနွေးသွားတယ်လို့ ခံစားရတယ်။”
“...
အဲ့လောက်တောင်လား။” ရှောင်နျဥ်က အနည်းငယ် သံသယဖြစ်မိသည်။
သို့သော်လည်း
နောက်တစ်စက္ကန့်တွင် သူမအခန်းဖော်မှ အပူခံဗူးထဲမှ စွပ်ပြုတ်ကို မှုတ်ကာ တိုက်ရိုက်
မော့သောက်လိုက်သည်။ သူမသည် နောက်ထပ် တစ်စက္ကန့်မျှ မတွေဝေနိုင်တော့ပါ။
“ဟေး...
ငါ့အတွက် ချန်ပါဦး။ ဝက်မ ငါ့စွပ်ပြုတ်ကို လက်လွှတ်စမ်း။”