အခန်း(၃၆)
- မြုံခြင်း
ချိန်ရှုချင်သည်
ထိုသို့ပြောပြီးနောက် တစ်ခုခု မှားနေပြီဆိုတာကို သဘောပေါက်မိသည်။ သူမသည် ချောင်းအသာဟန့်ကာ
တင်းကြပ်သော လေသံဖြင့်ဆိုသည်။ “ဒီလိုဆိုရင်တောင် သူ့ဆီကို မကြာခဏ သွားလည်တာမျိုး မဖြစ်သင့်ဘူး။
တစ်ယောက်ယောက်က တွေ့သွားခဲ့ရင် သမီး ဘယ်လိုလုပ်မလဲ။”
“အဲ့တာ
ဘာဖြစ်လို့လဲ။ သမီးတို့က စေ့စပ်ထားတာဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိဖို့ တွေ့သင့်တယ်လေ။
ဟောက်ရှောက်ဖုန်းနဲ့ သူ့ကောင်မလေးတို့လို သူ့မှာ စေ့စပ်ထားသူ ရှိပေမယ့် တခြားကောင်မလေးတွေနဲ့
ချိန်းတွေ့တာမျိုး မဟုတ်ဘူးလေ။ ချန်ဟွမ်းနဲ့ သမီး တကယ် လက်ထပ်လိုက်ရင် ဘယ်သူမှ ဘာစကားတစ်ခွန်းမှ
ပြောလို့ မရတော့ဘူးလေ မဟုတ်ဘူးလား”
ဒါကို
ကြားရတာ ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ ချိန်ရှုချင် ထင်သည်။ သူမသမီးက ဟောက်ချန်ဟွမ်းနဲ့
စေ့စပ်ထားတာဆိုတော့ တခြားသူတွေ မကျေမနပ်ရင်တောင် သူတို့ ဘာမှ ပြောလို့မရနိုင်ဘူး။
တစ်ဖက်မှာ
စေ့စပ်ထားသူ ရှိတာကို သိပြီးတာကိုတောင် တစ်ယောက်နဲ့ တစ်ယောက် သီးသန့်လက်ခံပေးနေတဲ့
ဟောက်ရှောက်ဖုန်းနဲ သူ့ရည်းစားလို မဟုတ်ဘူး။
ချိန်ရှုချင်ရဲ့လေသံက
ပျော့ပြောင်းသွားပြီး “သမီးပြောတာ မှန်တယ်။ ဒါပေမယ့် မိန်းကလေး တစ်ယောက်အနေနဲ့ အထူးသဖြင့်
မင်းအဖိုးနဲ့ ဆွေမျိုးတွေက နောက်တစ်ပတ် လာရောက်လည်ပတ်ကြတဲ့အခါမှာ အထူးဂရုစိုက်သင့်တယ်။
မင်း သူ့ဆီကို နေ့တိုင်းသွားလည်နေရင် မင်းကို ဆူပူပြောဆိုခံရမှာကို မစိုးရိမ်ဘူးလား။”
စုယန်ယန်ရဲ့
မျက်လုံးလေးတွေက တလက်လက် တောက်ပသွားသည်။ “အဖိုးနဲ့ တခြားသူတွေ လာတော့မှာလား။ ဘယ်တော့လဲ။”
“နောက်တစ်ပတ်
တနင်္လာနေ့လောက်ဖြစ်နိုင်တယ်။ မင်းအဖိုးက မင်းဖြစ်ပျက်ခဲ့တာတွေကို ကြားတယ်။ သူက အရမ်းစိတ်ဆိုးနေပြီး
သမီးနဲ့ လူချင်းတွေ့ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ သမီးရဲ့ ဦးလေးက သူ့ကို တားဖို့ အချိန်အနည်းငယ်ကြာအောင်
ကြိုးစားခဲ့ပြီး နောက်ဆုံး သူ့ကို မလာခင် တစ်ပတ်လောက် စောင့်ဖို့ စည်းရုံးခဲ့တယ်။ ချန်ဟွမ်းနဲ့သမီးရဲ့
မင်္ဂလာပွဲက နောက်လထဲမှာဆိုတော့ မင်းအဖိုးက မင်းနဲ့ အတူ အချိန်ဖြုန်းချင်လိမ့်မယ်။”
စုယန်ယန်ရဲ့
မျက်လုံးတွေဟာ ချိန်ရှုချင်ရဲ့ ပြောစကားကို ကြားလိုက်ရသောအခါတွင် အနည်းငယ် နီရဲသွားခဲ့သည်။
ချိန်ရှုချင်သည်
စုယန်ယန်ကို မွေးဖွားပြီးနောက် သူမတို့ဇနီးမောင်နှံသည် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း
လုပ်ငန်းတိုးချဲ့ရာတွင် အရေးကြီးသော အချိန်ကာလကို ရောက်ရှိခဲ့သည်။ သူတို့၏ သားဖြစ်သူက
ကျောင်းတွင် အချိန်အများစုကို ကုန်ဆုံးနေသောကြောင့် သူမတို့ သမီးငယ်လေးအတွက် ကြည့်ရှုစောင့်ရှောက်ရန်
မလွယ်ကူခဲ့ပေ။
မစ္စတာစုရဲ့
မိဘများသည် အစောကြီးကပင် ကွယ်လွန်အနစ္စရောက်ရှိသွားကြပြီဖြစ်၍ သူ့ဖက် ဆွေမျိုးမိသားစုများနှ
ကလေးကို ကူညီစောင့်ရှောက်ပေးမည့်သူ မရှိကြပေ။ နောက်ဆုံး၌ သူတို့သည် စုယန်ယန်ကို အမေဖက်မှ
အဖိုးဖြစ်သူထံသို့ ပေးပို့စောင့်ရှောက်စေရန် ဆုံးဖြတ်လိုက်ကြသည်။
စုယန်ယန်ကို
သူမ အဖိုးဖြစ်သူမှ ကြည့်ရှုစောင့်ရှောက်ရင်း ကြီးပြင်းလာသည်ဟု ဆိုနိုင်ပေသည်။
စုယန်ယန်သည်
သူမမိဘတွေရဲ့ စီးပွားရေး အဆင်ပြေပြီး အိမ်ပြန်ရောက်ခဲ့ပေမယ့် ဆောင်းရာသီ အားလပ်ရက်တိုင်း
သူမ အဖိုးဖြစ်သူထံ အလည်အပတ် သွားလည်နေဆဲပါပင်။
သူသည်
အရမ်းချစ်မြတ်နိုးတတ်သော အဖိုးတစ်ယောက်ဖြစ်သည်။ သူမ အရင်ဘဝတုန်းက သူမနဲ့ သူမမိခင်တို့
ဆုံးပါးသွားပြီး မကြာခင်တွင် အိပ်ယာထဲလဲကာ သူမတို့နောက်သို့ လိုက်ပါလာခဲ့သည်။
အဖိုးဆုံးပါးသွားပြီးနောက်
အခြေအနေတွေဟာ ပိုမိုဆိုးရွားလာခဲ့သည်။ လအနည်းငယ်ခန့် ကြာပြီးနောက် ချန်မိသားစုသည် ထူးခြားသော
အရေးကိစ္စအချို့တွင် ပါဝင်ပတ်သက်လာခဲ့ပြီး အရာအားလုံး လုံးဝပျက်စီးသွားခဲ့သည်။
စုယန်ယန်သည်
သူမ၏ အရင်ဘဝက အဖြစ်အပျက်များကို သိလိုက်ရသောအခါ ရင်ကွဲသွားခဲ့ရသည်။
သို့သော်
မူရင်းဇာတ်လမ်းကို ဖတ်ရှုပြီး လောကအသိစိတ်ရှိနေကြောင်းကို သိလိုက်ရသောအခါတွင် သူမသည်
လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
‘ဒါက
မတော်တဆမဟုတ်ဘူး၊ ဒါက ဇာတ်လမ်းရဲ့ အကာအကွယ်လို့ခေါ်တဲ့အရာက ရှုပ်ထွေးအောင် လုပ်ဆောင်ခဲ့တာပဲ။’
စုယန်ယန်သည်
ထိုအမှိုက်နှစ်ခုကို မုန်းတီးနာကြဥ်းသည့်စိတ်ဖြင့် ခပ်ဖျော့ဖျော့လေး ပြုံးလိုက်မိသည်။
“အဖိုးလာမယ်ဆိုတော့ အိမ်မှာပဲ နေတော့မယ်။ ဘယ်မှ မသွားတော့ဘူး။”
ချိန်ရှုချင်သည်
သူမပြောတာကို ကြားလိုက်ရပြီးနောက် သူမရဲ့ စိုးရိမ်စိတ်တွေအာ ဘေးဖယ်ထားလိုက်သည်။ ထို့နောက်
သူမစိတ်ထဲ အမှတ်ရပြီး သတိပေးချက်တစ်ခု ထပ်ပေါင်းထည့်လိုက်သည်။ “သမီးအဖိုးနဲ့အတူ သမီးအန်တီလေးလည်း
ပါလာမယ်ထင်တယ်။ ဒါ့ကြောင့် သမီး သေသေချာချာ သတိထားပြီးနေ။”
စုယန်ယန်သည်
သူမမျက်ခုံးကိုပင့်ကာ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်သည်။ “အန်တီလေးလား... သူမအခြေအနေ
တိုးတက်လာလား။”
စုယန်ယန်၏
အဖိုးတွင် ကလေးနှစ်ယောက်ရှိပြီး သားယောကျာ်းလေးတစ်ဦးနှင့် သမီးမိန်းကလေးတစ်ဦး ဖြစ်သည်။
သမီးမိန်းကလေးက ချိန်ရှုချင်ဖြစ်ပြီး သားယောက်ျားလေးက စုယန်ယန်ရဲ့ဦးလေးပင်ဖြစ်သည်။
စုယန်ယန်ရဲ့
ဦးလေးသည် ခန့်ညားချောမောပြီး အရည်အချင်းရှိသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် အခြေခံအားဖြင့်
ပြီးပြည့်စုံသော အမျိုးသားတစ်ဦးအဖြစ် သတ်မှတ်ခံရသည်။
ကံမကောင်းစွာပဲ
သူက အိမ်ထောင်သက် ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီး မကြာမီအချိန်တွင် အသက်လေးဆယ်ပြည့်တော့မည်
ဖြစ်သော်လည်း သူ့တွင် သားသမီး မရှိသေးပေ။
အဲဒီပြဿနာမှာ
သူ့ကြောင့် မဟုတ်ပဲ သူ့အမျိုးသမီးကြောင့်ပင် ဖြစ်သည်။