အခန်း(၃၇)
- ဖျော်ဖြေရေးကုမ္ပဏီ
အန်တီလေးရဲ့
ရောဂါကို တွေးလိုက်မိသောအခါတွင် စုယန်ယန်ရဲ့ မျက်လုံးတွေက တောက်ပလာသည်။ ကြည့်ရတာ သူမရဲ့
အရှိန်ကို မြှင့်ရန် တစ်ခုခု တွေးဖို့ လိုအပ်နေပုံပဲ။
ချိန်ရှုချင်သည်
သူမမောင်ငယ်နှင့် ယောင်းမတို့၏ အခြေအနေကို တွေးမိကာ သက်ပြင်းချလိုက်သည်။ “အဲ့တာက ဘယ်လွယ်ပါ့မလဲ။
အဲ့လောက်တောင် လွယ်မယ်ဆိုရင် သမီးဦးလေးနဲ့ အန်တီလေးတို့ ဆယ်နှစ်ကျော်လောက်အထိ ဒီကိစ္စကြောင့်
ပင်ပန်းဆင်းရဲနေမှာ မဟုတ်ဘူး။ သမီးဦးလေးက သမီးအန်တီလေး အိမ်မှာပဲ အမြဲတမ်းနေနေတော့
သူမ အတွေးများပြီး စိတ်ဆင်းရဲမှာကို စိုးရိမ်နေတာ။ သူမ အိမ်မှာနေနေမယ့်အစား ဒီအခွင့်အရေးကို
အသုံးချပြီး သမီးအဖိုးနဲ့ လိုက်လည်ခိုင်းတာပဲ။”
“ဒီနည်းက
ကောင်းပါတယ်။ သမီး အန်တီလေးကို အပြင်ကို ခေါ်သွားပြီး လျှောက်လည်မယ်လေ။ သူမ စိတ်အခြေအနေကောင်းရင် ကောင်းတာတွေလည်း ဖြစ်လာနိုင်တာပေါ့။”
“အမေလည်း
အဲ့လိုပဲ ဖြစ်ပါစေလို့ မျှော်လင့်တယ်” ချိန်ရှုချင်သည် ခေါင်းညိတ်ပြီး စုယန်ယန်ကို
လှည့်ကြည့်သည်။ “အမေ သမီးအဖေဆီကနေ သမီး ဒီနှစ်ဘွဲ့ယူရမယ်လို့ ကြားတယ်။ သမီးမှာ တခြားအစီအစဥ်တွေရှိလား။”
“တခွားအစီအစဥျလား”
“ဟုတ်တယ်၊
သမီး ကုမ္ပဏီမှာ အလုပ်သင် ဆင်းမလား ဒါမှမဟုတ် ခဏလောက် အနားယူချင်လား၊ အပန်းဖြေခရီးထွက်မလား
ဒါမှမဟုတ် ဟောက်ချန်ဟွမ်းနဲ့မှ ပျားရည်ဆမ်းခရီး ထွက်ချင်လား။”
ပျားရည်ဆမ်းခရီးလား။
စုယန်ယန်သည် ဒီအကြံဥာဏ်ကို ချွင်းချက်မရှိ သဘောကျမိပေမယ့် သူမသည် ဟောက်ချန်ဟွမ်းရဲ့
ခြေထောက်တွေ အကြောင်းကို စဥ်းစားလိုက်မိချိန်မှာတော့...
‘မေ့လိုက်တော့၊
ငါ အရင်ဆုံး နှစ်လိုမှုရမှတ်ကိုရအောင် ကြိုးစားမယ်။ ပျားရည်ဆမ်းခရီးအတွက် အလျင်လိုစရာမလိုဘူး။
ဟောက်ချန်ဟွမ်း ပြန်ကောင်းလာတဲ့အထိ စောင့်လိုက်ရအောင်’
ချိန်ရှုချင်သည်
ထိုအကြောင်းအရကို ရုတ်တရတ် သတိရသွားသောအခါတွင် ကိုးရိုးကားရား မျက်နှာအမူအရာ ဖြစ်သွားသည်။
စုယုရွှမ်သည်
အဆင်မပြေမှုများ သက်သာသွားစေရန် စကားလမ်းကြောင်းကို ဝင်ပြောင်းလိုက်သည်။ “အကယ်၍ နင်
ဖျော်ဖြေရေးနယ်ပယ်ထဲကို ဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုကြီးတို့ရဲ့ ဖျော်ဖြေရေးကုမ္ပဏီမှာ
ဝင်လုပ်ကြည့်ပါ။ ညီမလေး သဘောကျတယ်ဆိုရင် နောင်မှာ အဲ့ကုမ္ပဏီကို ညီမလေး တာဝန်ယူနိုင်တယ်”
စုမိသားစုသည်
ကုမ္ပဏီအနည်းငယ်ခန့် ပိုင်ဆိုင်ပြီး အများစုကို စုယူရွှမ်က စီမံခန့်ခွဲရသည်။
ဖျော်ဖြေရေးကုမ္ပဏီသည်
ကုမ္ပဏီသေးသေးလေးသာ ဖြစ်သော်လည်း ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှု ရင့်ကျက်နေပြီဟု သူတို့
ထင်သောကြောင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍
စုယန်ယန်သာ ဤကုမ္ပဏီကို လက်လွှဲယူမည်ဆိုပါက သူမအတွက် ပြဿနာတွေ ကိုင်တွယ်နိုင်ဖို့ အရမ်းကြီးပင်ပန်းမှာ
မဟုတ်ဘူး။
သူမအစ်ကိုဖြစ်သူက
ဖျော်ဖြေရေးကုမ္ပဏီအကြောင်း ပြောဆိုတာကို ကြားလိုက်ရသောအခါတွင် စုယန်ယန်ရဲ့ မျက်နှာအမူအရာက
ပြောင်းလဲသွားသည်။ အကယ်၍ သူမ မှတ်မိတာမှန်ရင် ဒီကုမ္ပဏီက...
“အစ်ကိုကြီး
ညီမလေးတို့ ဖျော်ဖြေရေးကုမ္ပဏီက အမျိုးမျိုးသော စွမ်းဆောင်ရည်တွေရှိတဲ့ အမျိုးသမီးကြယ်ပွင့်တွေအတွက်
အစီအစဥ်တစ်ခု ကျင်းပဖို့ ပြင်ဆင်နေတာမလား။”
“အဲ့လိုကိစ္စမျိုးရှိပုံရတယ်”
ဒီကုမ္ပဏီသည်
သူ့လက်အောက်တွင် ရှိသော်လည်း သူက ဒီထက်ပို၍ စီမံခန့်ခွဲနေရပါသည်။ ဤကုမ္ပဏီမှာ စုယန်ယန်အတွက်
မူလက သီးသန့်ပြင်ဆင်ထားခဲ့သော အတော်လေး သေးငယ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
ယေဘုယျအားဖြင့်
သူသည် အဓိကကိစ္စရပ်များကိုသာ ကိုင်တွယ်ဖြေရှင်းလေ့ရှိပြီး အသေးအမွှားကိစ္စရပ်များကို
သူ့ရဲ့ ယုံကြည်စိတ်ချရသော နောက်လိုက်များက ကိုင်တွယ်ဖြေရှင်းပေးလိမ့်မည်ဖြစ်သည်။
စုယုရွှမ်သည်
ကုမ္ပဏီ၏ လုပ်ငန်းအဆိုပြုချက်များတွင် ရသစုံ အစီအစဥ်အတွက် တင်ပြချက်ကို မြင်တွေ့ခဲ့ရသော်လည်း
များစွာပါဝင်ခြင်း မရှိပေ။
စုယန်ယန်ရဲ့
မျက်လုံးတွေက အနည်းငယ် တောက်ပလာပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ “အဲ့တာ အမှန်ဆို
ညီမလေး ကုမ္ပဏီကို သွားလည်ကြည့်ရင် ကောင်းမလား။”
“ကောင်းတာပေါ့။
မနက်ဖြန် ကိုကြီး ညီမလေးကို လိုက်ပို့ပေးမယ်။”
“အဆင်ပြေပါတယ်။
ကိုကြီး ညီမလေးကို လိုက်ပို့ပေးဖို့ တစ်ယောက်ယောက် လွှတ်ပေးလိုက်လို့ ရတယ်။ ကိုကြီးသာ
အဲ့ဒီကိုသွားရင် ဆူညံပြီးစည်ကားသွားလိမ့်မယ်။ အဲ့တာဆိုရင် ဘယ်ပျော်စရာ ကောင်းပါတော့မလဲ။”
စုယုရွှမ်သည်
သူ့ညီမက တိတ်တဆိတ် သွားရောက်လည်ပတ်လိုကြောင်း ကြားလိုက်ရသောအခါတွင် သူက အဲ့ဒီကိစ္စကို
ဖိအားမပေးတော့ပေ။ “ကောင်းပြီ။ ကိုကြီး ညီမလေးကို လိုက်ပို့ပေးဖို့ အာရှုန်းကို လွှတ်လိုက်မယ်။”
“ကောင်းပြီလေ”
“ကောင်းပြီ။
အခု ညီမလေး ဆုံးဖြတ်ပြီးပြီဆိုတော့ တစ်ချက်လောက် သွားကြည့်လိုက်ပေါ့။ အကယ်၍ ညီမလေး
သဘောကျတယ်ဆိုရင် ထပ်သွားလို့ရတယ်။ မကြိုက်ဘူးဆိုရင် ညီမလေးမှာ အခြားရွေးချယ်စရာတွေ
အများကြီး ရှိသေးတယ်။”
ချိန်ရှုချင်နှင့်
စုယုရွှမ်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။
တကယ်တော့
ဟောက်ချန်ဟွမ်းက မြန်မြန်ဆန်ဆန် စီစဥ်ဆောင်ရွက်နေတာ ဖြစ်သည်။ မနေ့ညက သူက သူ့လူတွေကို
စေလွှတ်ပြီး သူတို့လက်ထပ်ထိမ်းမြားသည့်အခါ သူ့ဖက်မှ လက်ထပ်ရာတွင် မိဘအိမ်မှ ထည့်ပေးလိုက်သော
ပိုင်ဆိုင်မှုစာရင်းကို ပေးပို့ခဲ့သည်။
ထိုစာရင်းတွင်
အဖိုးတန် လက်ဝတ်ရတနာများနှင့် အိမ်ခြံမြေစာချုပ်များကို ရေးသားထားသည်။ စုမိသားစုကို
ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်က ဟောက်ချန်ဟွမ်းသည် သူတို့၏ သမီးဖြစ်သူကို လက်ထပ်ရန်အတွက်
သူ့မိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို ယူဆောင်လာကြောင်း သံသယရှိခဲ့သည်။
တင်တောင်းသည့်ပမာဏက
ဘယ်လောက်တန်ဖိုးရှိတယ် ဆိုတာက အရေးမကြီးဘူး။ သို့သော် သူက ဒီလောက် ပေးအပ်တာကို ကြည့်ခြင်းအားဖြင့်
သူတို့၏ သမီးဖြစ်သူက သူ့အတွက် ဘယ်လောက်တောင် အရေးပါသည်ကို သူတို့ မြင်တွေ့နိုင်သည်။