အခန်း(၃၈)
- အဲ့တာက အနေခက်စေတယ်
ဒါကိုကြည့်လျှင်
သူက ဟောက်ရှောက်ဖုန်းထက် အဆများစွာ ပိုသာလွန်သည်။
ဟောက်ချန်ဟွမ်းသည်
သူ့ရဲ့ ရိုးသားမှုကို ပြသခဲ့သည်။ စုမိသားစုသည် စုယန်ယန်၏ ခန်းဝင်ပစ္စည်းများ တန်ဖိုးနည်းပါးလွန်းမှာ
စိုးရိမ်သောကြောင့် သူတို့က စုယန်ယန်ကို သူမကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ခွင့်ပေးဖို့
စီစဥ်ခဲ့ကြသည်။
နောက်ဆုံး၌
သူတို့သည် သူမ သဘောကျနှစ်ခြိုက်သော မည်သည့်ကုမ္ပဏီကိုမဆို သူမထံသို့ လွှဲပြောင်းပေးအပ်ဖို့
ပြင်ဆင်ခဲ့သည်။ သူမသည် သူမသမက်လောင်းနှင့် မျက်နှာချင်းဆိုင် တွေ့သည့်အခါတွင် သူမ
ခေါင်းမော့ထားနိုင်ပေမည်။
“အဟွတ်
အဟွတ် အဟွတ်... အဟွတ် အဟွတ် အဟွတ်...” ဇနီးဖြစ်သူနှင့် သမီးဖြစ်သူတို့ တတွတ်တွတ် ပြောဆိုနေတာကို
ကြည့်ရင်း အချိန်အတန်ကြာအောင် မတ်တပ်ရပ်နေခဲ့သော မစ်စတာစုသည် သူ့ကို အာရုံစိုက်လာအောင်
ချောင်းဆိုးလိုက်သည်။
စုယန်ယန်က
ဖခင်ဖြစ်သူရဲ့ ချောင်းဆိုးသံကို ကြားလိုက်ရတော့ စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ “အဖေ
ဘာဖြစ်နေလို့လဲဟင်”
ချိန်ရှုချင်သည်
သူမခင်ပွန်းဖြစ်သူ၏ ဆိုးရွားလှသော သရုပ်ဆောင်စွမ်းရည်ကို မြင်တွေ့လိုက်ရသည်။ ဒါက စိတ်အနှောင့်အယှက်
ဖြစ်စရာလည်း ကောင်းသလို ရယ်စရာလည်း ကောင်းသည်။ သူမက ရွှင်မြူးစွာဖြင့် စကားဆိုသည်။
“သူ ဒီရက်ပိုင်း လည်ချောင်းခြောက်ပြီး နေရထိုင်ရ အဆင်မပြေတဲ့အကြောင်း ညည်းညူနေတာ၊ သူ့ကို
လျစ်လျူရှုထားလိုက်ပါ။”
မစ်စတာစုက
သူ့ဇနီးသည်ပြောတာကို ကြားလိုက်ရတာနဲ့ ချက်ချင်းပင် သူ့မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့
လုပ်လိုက်သည်။
စုယန်ယန်က
သူ့ဆိုလိုချက်ကို နားလည်ဖို့ မခက်ခဲပါဘူး။ ဒ့ါကြောင့် သူမက အပြုံးလေးဖြင့် ပြောလိုက်သည်။
“အဖေလည်ချောင်းခြောက်တာက ကိုယ်တွင်းအပူလွန်ကဲတာကြောင့် ဖြစ်နိုင်တယ်လို့ သမီးထင်တယ်။
အဖေ့အတွက် သမီး နှင်းသစ်တော်သီးစွပ်ပြုတ်ချို လုပ်ပေးမယ်။ အဲ့တာက အဆုတ်ကို အားဖြည့်ပေးပြီး
ချောင်းဆိုးသက်သာစေတယ်။ အဖေ အဲ့တာကိုစားပြီး မကြာခင်မှာ သက်သာလာလိမ့်မယ်။”
“နှင်းသစ်တော်သီးစွပ်ပြုတ်ချိုလား”
ချိန်ရှုချင်က အဲ့တာ ဘာလဲဆိုတာကို မသိပါဘူး။
သို့သော်လည်း
သူမက သမီးဖြစ်သူက သူ့အတွက် တစ်ခုခု လုပ်ပေးမည်ဟု ကြားလိုက်ရသောအခါတွင် သူမရဲ့ အစာစားချင်စိတ်ကလည်း
တိုးပွားလာသည်။
မစ်စတာစုရဲ့
မျက်လုံးတွေက တောက်ပလာကာ သူ့နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး ကျေနပ်နေသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ချိန်ရှုချင်က
စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ “ငါ့အတွက်ကရော၊ အမေလည်း ဒီရက်ပိုင်း အားနည်းနေတယ်လို့
ခံစားနေရတယ်။”
“အားနည်းတာလား”
စုယန်ယန်သည် သူမမိဘတွေ စိတ်ကျေနပ်စေရန် စကားဝိုင်းကို ချက်ချင်းပြောင်းလိုက်သည်။ “ဒါဆိုရင်
အမေ့အတွက် ကိုချီဘယ်ရီနဲ့ တရုတ်ဆီးသီးရေနွေးကြမ်းကို လုပ်ပေးမယ်။ အဲ့တာက အသည်းကို အာဟာရဖြည့်ပေးပြီး
အမြင်အာရုံ အားကောင်းစေတယ်၊ ပြီးတော့ အမေ့ရဲ့အသားအရေကိုလည်း လှပလာစေတယ်။ ကိုကြီးလည်း
ဒီရက်ပိုင်း အိပ်ယာဝင်တာ နောက်ကျတော့ သူ့မျက်လုံးတွေက ကြည့်ရတာ သိပ်မကောင်းဘူး - ဒါကို
သူလည်း သောက်ပေးသင့်တယ်။”
စုယုရွှမ်
“...” နောက်ဆုံး၌ သူ ဒီနေရာမှာ ရှိနေတုန်းပဲဆိုတာ သူမ သတိရသွားပြီပေါ့။ ဘယ်လောက်တောင်
ရင်နာစရာကောင်းလိုက်လဲ။
အလှအပနဲ့
ပတ်သက်လာရင် အမျိုးသမီးတွေက မယှဥ်သာဘူး။ ချိန်ရှုချင်ရဲ့ အစပိုင်းတွင် မည်းမှောင်နေသော
မျက်နှာအမူအရာက ချက်ချင်း တိမ်မြှုပ်ပျောက်ကွယ်သွားကာ အတင်းပြုံးလိုက်သည်။ “သမီးပြောတာ
ကောင်းမယ့်ပုံပဲ။”
စုယန်ယန်သည်
ပင်ပန်းနေပေမယ့် သူမရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်နေသော မိသားစုဝင်တွေကို စိတ်ချမ်းသာအောင်
ပြုလုပ်ပေးပြီးနောက် ကျေနပ်ပျော်ရွှင်မိသည်။
နောက်ဆုံး၌
အားလပ်ချိန်တချို့ ရရှိခဲ့ပြီး ကံကောင်းသော ကြည့်ရှုသူများထံမှ တုံ့ပြန်ချက်အချို့
ရရှိခဲ့သည်။
[ဂုဏ်ယူပါတယ်
Host သင် ယုံကြည်မှုရမှတ် ၄မှတ် ရရှိထားပါသည်။ စမ်းသပ်ချက်များကို အောင်မြင်ပြီးနောက်
Hostရဲ့ ယုံကြည်မှုရမှတ် ၅မှတ်သို့ ရောက်ရှိခဲ့ပြီး ပင်မအထောက်အပံ့စွမ်းရည်တစ်ခုကို
လော့ခ်ဖွင့်နိုင်သွားပါပြီ။ အခုပဲ လော့ခ်ဖွင့်ချင်ပါလား။ ရွေးချယ်မလား သို့မဟုတ် ငြင်းပယ်လား။]
“ပင်မအထောက်အပံ့စွမ်းရည်လား။
အထောက်အပံ့စွမ်းရည်မှာလည်း အမျိုးမျိုး ရှိတာပဲလား။
[တရုတ်တိုင်းရင်းဆေးပညာအတွက်
ပင်မအထောက်အပံ့စွမ်းရည်ကတော့ လေးခုပဲ ရှိပါသည် - စူးစမ်းခြင်း၊ နားထောင်ခြင်းနှင့်
အနံ့ခံခြင်း၊ စုံစမ်းမေးမြန်းခြင်းနှင့် လက်ဖြင့်စမ်းသပ်စစ်ဆေးခြင်းတို့ပင်ဖြစ်သည်။
သူတို့က လှဲလှယ်နိုင်သော စွမ်းရည်များ ဖြစ်သည်။ သတ်မှတ်ထားသည့် ယုံကြည်မှုရမှတ်သို့
ရောက်ရှိချိန်တိုင်း သူတို့ကို လော့ခ်ဖွင့်နိုင်သည်။]
“စူးစမ်းခြင်း၊
နားထောင်ခြင်းနှင့် အနံ့ခံခြင်း၊ စုံစမ်းမေးမြန်းခြင်းနှင့် လက်ဖြင့်စမ်းသပ်စစ်ဆေးခြင်းလား”
စုယန်ယန် ရေရွတ်လိုက်သည်။ “ဒါဆိုရင် လော့ခ်ဖွင့်မယ်”
[ဂုဏ်ယူပါတယ်
Host သင် ပင်မအထောက်အပံ့စွမ်းရည် - စူးစမ်းခြင်းကို လော့ခ်ဖွင့်လှစ်နိုင်သွားပါပြီ။
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများနှင့် နာမကျန်းမှု အခြေအနေများကို စူးစမ်းလေ့လာရန်
ဒီစွမ်းရည်ကို အသုံးပြုနိုင်ပါသည်။ အဓိပ္ပါယ်ကောက်လွဲမည့် အခွင့်အလမ်းက သုည ဒသမ သုည၊
သုည... တစ် ရာခိုင်နှုန်းဖြစ်သည်။]
စုယန်ယန်
“...” လွဲမှားတဲ့ ဖြစ်နိုင်ခြေက တစ်ဘီလီယံမှာ တစ်ယောက်သာ ဖြစ်နိုင်သည်။
သို့သော်လည်း
ဒီစွမ်းရည်က လက်တွေ့ကျတဲ့ စွမ်းရည်တစ်ခုဆိုသည်မှာ သေချာပေါက်ပင်ဖြစ်သည်။ ဒါကို လော့ခ်ဖွင့်ဖို့အတွက်
ယုံကြည်မှုရမှတ် ငါးမှတ် လိုအပ်တယ်ဆိုတာ အံ့သြစရာ မရှိပါဘူး။
စုယန်ယန်သည်
ဒီအထောက်အပံ့စွမ်းရည်၏ အကျိုးသက်ရောက်မှုကို မြင်တွေ့ရန် မစောင့်နိုင်တော့ပေ။ သူမသည်
ချက်ချင်းပင် အိမ်ထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း လိုက်ကြည့်နေသည်။
အသက်လေးဆယ်
ငါးဆယ်ဝန်းကျင်ရှိတဲ့ ဥယျာဥ်မှုးအိုကြီးသည် ခြေလက်တွေအေးပြီး အဆစ်ရောင်ရောဂါ ဖြစ်စပြုနေသည်ကို
သူမ မြင်နိုင်ခဲ့သည်။ သူမတို့ မိသားစုထမင်းချက် အန်တီလီသည် သွေးဆုံးကိုင်ဝေဒနာကို ခံစားနေရသည်ကို
မြင်ခဲ့ရသည်။ အသစ်ရောက်လာသော အိမ်အကူအသစ်သည် ဓမ္မတာမမှန်ခြင်းကို ခံစားနေရသည်။ ဆေးလိပ်သောက်တတ်တဲ့
ယာဥ်မောင်းလူကြီးဟာ အဆုတ်မှာ ပြဿနာရှိနေပြီး နည်းနည်း... အဟွတ် အဟွတ် လိင်ဆက်ဆံတာနဲ့
ပတ်သက်ပြီး ပြဿနာအချို့လည်း တွေ့ရှိရသည်။
တစ်ဖက်တွင်မူ
လည်ချောင်းခြောက်နေလို့၊ အိပ်ရာဝင်နောက်ကျလို့ ပြီးတော့ အားနည်းနေသလို့ ခံစားနေရလို့...
စသဖြင့် ပြောဆိုခဲ့ကြသော သူမရဲ့မိသားစုဝင်သုံးယောက်စလုံးသည် ကျန်းမာနေကြပြီး မည်သည့်ရောဂါဝေဒနာမှ
မခံစားရပါ။
စုယန်ယန်
“..” ဒါက အနေခက်စရာပဲ။