အပိုင်း ၄၂
Viewers 983

အခန်း(၄၂) -

Chapter 42: Recommended by Famous Vloggers

 

စုယန်ယန်သည် သူ့ကို လွန်ခဲ့သောနှစ်ရက်က တမင်တကာ လျစ်လျူရှုထားခြင်း မဟုတ်ပါ။ ထုတ်လွှင့်မှုမစတင်မီ သူ အရင်က ပေးပို့ထားသော စာတိုကို သူမ သတိမထားမိခဲ့ပါ။ တိုက်ရိုက်ထုတ်လွှင့်မှုအပြီးတွင် သူမသည် သူမနှင့် ရင်ဖွင့်စကားဆိုလိုသော သူမမိသားစုထံမှ ပြန်ပေးဆွဲခြင်း ခံလိုက်ရသည်။ ဟောက်ချန်ဟွမ်းနှင့် ဗီဒီယိုဖုန်းခေါ်ဆိုမှုအပြီးမှ စုယန်ယန်သည် စာချုပ်အကြောင်းအရာကို သီးသန့်မက်ဆေ့ချ်မှ ရှာဖွေတွေ့ရှိခဲ့သည်။

 

စုယန်ယန်သည် စာချုပ်နှင့် ပတ်သက်၍ သိပ်နားမလည်ပါ။ ဒါ့ကြောင့် သူမသည် သူမတို့ကုမ္ပဏီ၏ ဥပဒေအဖွဲ့ထံသို့ ပေးပို့ကာ ရိုးရိုးရှင်းရှင်း စစ်ဆေးကြည့်ရှုစေသည်။

 

ဒီစာချုပ်မှာ ဘာမှမှားယွင်းတာ မရှိဘူးလို့ အတည်ပြုပြီးသည့်နောက်တွင် သူမသည် ယုကျစ်ယန်ကို အပြုသဘောဖြင့် တုံ့ပြန်ခဲ့သည်။ “ကျွန်မ စာချုပ်ကို ဖတ်လိုက်ရပြီးတော့ ဒီစာချုပ်က ကျွန်မအတွက် အဆင်ပြေပါတယ်။ တိုက်ရိုက်ထုတ်လွှင့်ချိန်နှင့် ပတ်သက်၍ ပလက်ဖောင်းမှာ ခက်ခဲမြန်ဆန်တဲ့ စည်းမျဥ်းစည်းကမ်းတွေ ရှိလား။ ဥပမာအားဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ဘယ်အချိန်မှ ဘယ်အချိန်အထိ ထုတ်လွှင့်ပေးရမယ်ဆိုတာကိုပေါ့။ လတိုင်း ကျွန်မ ဘယ်နှနာရီ ထုတ်လွှင့်ပေးဖို့ ကတိပေးရမလဲ။”

 

ယုကျစ်ယန်သည် သူမထံမှ ပြန်လည်ပြောဆိုတာကို လက်ခံရရှိသောအခါတွင် နေရာ၌ပင် ငိုကြွေးလုနီးပါး ဖြစ်သွားသည်။ “မရှိပါဘူး။ ကျွန်တော်တို့ ပလက်ဖောင်းက အရမ်းလွတ်လပ်ပါတယ်။ မင်း အဆင်ပြေတဲ့အချိန်တိုင်း ထုတ်လွှင့်တင်ဆက်လို့ ရပါတယ်။ ကြိုက်သလောက် တိုက်ရိုက်ထုတ်လွှင့်နိုင်ပါတယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး ဝဘ်ဆိုဒ်က ဒါကို အနှောင့်အယှက်ပေးမှာ မဟုတ်ပါဘူး။”

 

စုယန်ယန်သည် သူမမျက်ခုံးကို ပင့်လိုက်မိသော်လည်း သိပ်များများစားစား မတွေးခဲ့ပါ။ မကြာသေးမီက ဟောက်ချန်ဟွမ်း ပေးအပ်ခဲ့သော ကြီးမားသည့် ဆုလာဘ်များကြောင့် တစ်ဖက်လူက သူမအပေါ် ဤမျှကောင်းမွန်သော စိတ်သဘောထားရှိသည်ဟုသာ သူမ တွေးထင်မိသည်။

 

စုယန်ယန်သည် ကျိုးကြောင်းဆီလျော်သော တောင်းဆိုမှု အနည်းငယ်ခန့် ပြုလုပ်ခဲ့ပြီး တစ်ဖက်လူကလည်း ထိုတောင်းဆိုမှုကို လက်ခံပေး၍ စုယန်ယန်သည် သူမ ထင်မြင်ယူဆချက် မှန်ကန်တယ်လို့ ခံစားခဲ့ရသည်။

 

သူတို့နှစ်ယောက်သည် နောက်ဆုံး၌ သဘောတူညီချက်တစ်ခု ရှရိခဲ့ပြီး မကြာမီတွင် ဒစ်ဂျစ်တယ်စာချုပ်တစ်စောင် လက်မှတ်‌ရေးထိုးခဲ့သည်။ စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်အခန်းသည် နောက်ဆုံး၌ စာချုပ်ချုပ်ဆိုပြီးသည့် အနေအထားသို့ ပြောင်းလဲသွားသည်။

 

နောက်တစ်နေ့ မနက်စောစောတွင် စုယန်ယန်သည် သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အချိန်မှန် တင်ဆက်ဖို့ ဖွင့်လိုက်သည့်အချိန်တွင် သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ကြည့်ရှုသူ အများအပြား ရောက်ရှိနေတာကို တွေ့ရှိခဲ့ရသည်။

 

မနေ့က သူမထုတ်လွှင့်တဲ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် လူပေါင်း ၂၀၀၀ကျော်သာ ရှိခဲ့ပေမယ့် ယခုအချိန်တွင် ကြည့်ရှုသူဦးရေသည် မနေ့ကထက် အဆပေါင်းများစွာ ပိုများနေပါသည်။ ကြည့်ရှုသူဦးရေ တစ်သောင်း‌ကို အလွယ်တကူ ချိုးဖျက်သွားခဲ့ပြီး ဆက်တိုက် အရှိန်အဟုန်ဖြင့် တိုးပွားလာခဲ့သည်။

 

စုယန်ယန်သည် မနေ့ စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သောကြောင့် ပလက်ဖောင်းက သူမကို အထူးအကြံပြုထားသည် ဟုတွေးကာ အနည်းငယ် အံ့အားသင့်သွားမိသည်။ ထိုအချိန်ထိ တိုင်အောင်...

 

[နောက်ဆုံးတော့ တင်ဆက်သူ အွန်လိုင်းပေါ် တက်လာခဲ့ပြီ။ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲတတ်သော မိန်းကလေးတွေက စာနာသနားမှုကို ရှာဖွေနေပါတယ်။]

 

[တစ်ရက်လောက် စောင့်ဆိုင်းပြီးနောက်၊ နောက်ဆုံးတွင် ကျွန်မ မျှော်လင့်စောင့်စားနေရတဲ့ တင်ဆက်သူ အွန်လိုင်းပေါ် တက်လာခဲ့ပြီ။ တင်ဆက်သူရေ ယိမူချောင်နဲ့ တရုတ်ဆီးသီးကို ကျွန်မ ဘယ်မှာ ရှာဝယ်လို့ ရမလဲ။ ကျွန်မ အင်တာနက်ပေါ်မှာ ရှာကြည့်သေးတယ်၊ သူတို့ကို ရှာမတွေ့ခဲ့ဘူး။]

 

[ကျွန်မတို့ရဲ့ အချစ်ကလေးရှီရှီက ဒီနေရာကို ညွှန်ကြားခဲ့တယ်။ စွပ်ပြုတ်ချိုလေးကို သောက်သုံးရုံနဲ့ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲခြင်းကို ကုသနိုင်ပါသလား။ တင်ဆက်သူက ကျွန်မကို တစ်ပန်းကန်လောက် ပေးနိုင်မလားဟင်။]

 

[အန်အန်ရဲ့ ခေါင်းမာနေသော ဝေဒနာဟောင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ခဲ့တယ်။ တင်ဆက်သူရဲ့ စွပ်ပြုတ်ချိုက အလွန်အကျိုးထိ‌ရောက်မှု ရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါနဲ့ တင်ဆက်သူ ဒီနေ့ရော စွပ်ပြုတ်ချို ချက်ဦးမှာလား။ အနောက်ပေါက်ကနေ စွပ်ပြုတ်ချိုကို ရနိုင်မလားဟင်။ ဓမ္မတာလာစဥ်မှာ ကလေးလေးတွေက နာကျင်ကိုက်ခဲမှုကို မခံနိုင်ဘူး။]

 

[တင်ဆက်သူရေ ဒီကလေးလေးကို ကယ်တင်ပေးပါ။ ဒီနေရာမှာ ဆယ်နှစ်‌ကျော်ကြာ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားနေရတဲ့ လူနာအိုကြီး ကယ်တင်ပေးဖို့ ‌စောင့်ဆိုင်းနေပါတယ်။ ဒီလိုမျိုး တစ်လတစ်ကြိမ် ဝေဒနာမျိုး ထပ်မံခံစားနေရရင် ငါ အသက်မရှင်ချင်တော့ဘူး။]

 

[ဓမ္မတာလာစဥ်အတွင်း ရုပ်ပိုင်းဆိုင်ရာ ပညာ‌ရေးကို သင်ကြားနေတဲ့ ဒီကလေး‌လေးကို ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု ဝေဒနာမှ ကယ်တင်ပေးပါ။ မင်းသာ မကယ်တင်ရင် ဒီကလေးလေးက တက္ကသိုလ်ဘွဲ့ရနိုင်မှာ မဟုတ်ဘူး။]

 

“ရှီရှီလား၊ အန်အန်လား” စုယန်ယန်သည် မြောက်များစွာသော မှတ်ချက်များထဲမှ မရင်းနှီးသော နာမည်နှစ်ခုကို မှုန်ဝါးဝါး မြင်တွေ့လိုက်ရသည်။ “စနစ် ဘာဖြစ်နေတာလဲ။”

 

[အင်တာနက်ပေါ်ရှိ လူသိများထင်ရှားတဲ့ နာမည်ကြီးဘလော့ဂါနှစ်ဦးက hostရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်လည်မျှဝေအကြုံပြုထားပြီး hostအတွက် ဒီလိုများပြားတဲ့ ပရိတ်သတ်ထုကြီးကို ဆွဲဆောင်နိုင်သည့် အများပြည်သူနှင့် သက်ဆိုင်သော ပလက်ဖောင်းပေါ်တွင် hostကို စိတ်ရင်းဖြင့် ကျေးဇူးတင်ကြောင်း ပို့စ်တင်ထားခဲ့တာကြောင့်ဖြစ်သည်ဟု အတည်ပြုသိရှိရသည်။]

 

“နာမည်ကြီး ဘလော့ဂါတွေလား” စုယန်ယန်သည် သူမဖုန်းကို ကင်မရာရှုထောင့်တွင် မပေါ်အောင် ထားကာ ဖွင့်ကြည့်လိုက်သည်။ သူမသည် အများပြည်သူနှင့် သက်ဆိုင်သော ပလက်ဖောင်းကို ဖွင့်ကြည့်ကာ ထိုနာမည်စကားလုံးကို ရိုက်ရှာကြည့်ရာ နာမည်ကြီး ဘလော့ဂါနှစ်ဦး၏ စိတ်ရင်းမှန်ဖြင့် အကြုံပြုထားသည့်စကားများ ထွက်ပေါ်လာခဲ့သည်။

 

ဒီနာမည်ကြီး ဘလော့ဂါနှစ်ဦးတွင် ပထမတစ်ယောက်၏ နာမည်မှာ ရှားယို့နဥ်ရှီဖြစ်ပြီး ဝတ္ထုကာတွန်းဇာတ်ကောင်ဟန် ဝတ်စားဆင်ယင်သည့် နယ်ပယ်တွင် နာမည်ကျော် လူကြိုက်များသည့် အမျိုးသမီးတင်ဆက်သူတစ်ဦးဖြစ်ပြီး နောက်တစ်ယောက်သည် အန်းကျစ်ယို့ဆု အမည်ရှိ ပန်းချီနယ်ပယ်တွင် နာမည်ကြီး ပန်းချီဆရာဖြစ်သည်။

 

အဖြစ်အပျက်တစ်ခုလုံး၏ အကြောင်းအရင်းမှဦ ဒီနေ့နံနက် ၁၀နာရီက ရှားယို့နဥ်ရှီ တင်လိုက်သော သတင်းတစ်ခုကြောင့် ဖြစ်သည်။