အခန်း(၄၄)
- ရေနဂါးကျောရိုးစွပ်ပြုတ်
အစပိုင်းတွင်
အန်တီရဲ့ ဆုလာဘ်တွေက သူမရဲ့ ရဲရင့်မှုကိုသာ လူတိုင်းကို မြင်သာအောင် ပြုလုပ်ပေးတယ်ဆိုရင်
သူမ၏ နောက်ကွယ်ရှိ အသွင်အပြင်နှင့် ရှင်းလင်းချက်တွေက လူအမျာကို တွေးရခက်စေပါသည်။
အထူးသဖြင့်
သြဇာလွှမ်းမိုးမှုရှိသည့် ဘလော့ဂါနှစ်ဦး၏ အကြုံပြုချက်ပေါ် အခြေခံ၍ ရောက်ရှိလာကြသော
ပရိတ်သတ်များက လူဆယ်ယောက်တွင် ကိုးယောက်ပါရှိသည်။
[ဘယ်သူက
ကံထူးရှင်လဲ။]
[သူမအခန်းဖော်လား။]
[ငါ
တစ်ခုခု သိသွားပုံပဲ…]
[ငါလည်းပဲ…]
[အထက်ကလူများ
ဆက်သွယ်ပြောဆိုနေတဲ့ လျှို့ဝှက်ကုဒ်တွေက ဘာတွေလဲ။ ငါ့ကိုလည်း ပြောပြကြပါ။ ငါ့ရှောင်ရှီရှီကို
ဖမ်းပြီး လက်မလွှတ်ချင်ဘူး။]
[ငါတို့ရဲ့အချစ်ဆုံးလေး
အန်အန်~]
[တစ်နေ့မှာ
ငါ့မြက်ခင်းလေးနဲ့အတူ တင်ဆက်သူတစ်ဦးတည်းရဲ့
တူညီတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖို့အတွက် ငါ စိတ်ကူးယဥ်ခဲ့ဖူးတယ်။ တစ်ခြားသူတွေထက်
ငါနဲ့ ရှောင်ရှီရှီတို့ အတူတကွ ရှိနေနိုင်ခဲ့ပြီ။]
[အဲဒီမှာ
အိမ်မက်မက်နေတာ ဘယ်သူလဲ။ ငါ့မိန်းမက အခု ငါ့အိပ်ယာပေါ်မှာ ရှိနေတာပါ။]
ပရိတ်သတ်တွေရဲ့
ဆွေးနွေးနေသည့် ခေါင်းစဥ်သည် အခြားအကြောင်းအရာများဆီသို့ ပြောင်းလဲသွားတာကို မြင်လိုက်ရသဖြင့်
စုယန်ယန်သည် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းပေါ် စိတ်ဝင်စားမှုကို ပျောက်ကွယ်သွားမှာကို
တားဆီးရန် အသာလေး ချောင်းဆိုးကာ လည်ချောင်းရှင်းလိုက်သည်။ စုယန်ယန်သည် သူမထံမှ အာရုံစိုက်မှုကို
ပြန်ဆွဲဆောင်ပြီးနောက် ပြောလိုက်သည်။ “အဟမ်း... မင်းရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်။
ငါ အထောက်အကူပြုတယ်ဆိုတာ သိရလို့ ဝမ်းသာပါတယ်။ မင်းရဲ့ တတ်နိုင်စွမ်းပေါ်မူတည်၍ ဆုလက်ဆောင်များ
ပေးနိုင်ပါတယ်။ ကောင်းပြီ၊ အခု တင်ဆက်မယ့် အကြောင်းအရာကို ပြန်သွားကြရအောင်။ ဒီနေ့ချက်ပြုတ်မယ့်
ဆေးဖက်ဝင်ဟင်းလျာတွေကို မိတ်ဆက်ပေးပါမယ်။”
စုယန်ယန်
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေမယ့်
တရုတ်ဆေးဖက်ဝင်ဟင်းလျာကို ဒီနေ့ လုပ်ဦးမှာလားနှင့် သူတို့ကို ကံစမ်းမဲဖောက်ပေးဦးမှာလားလို့
မေးတဲ့ မက်ဆေ့ချ်အနည်းငယ်က ဖန်သားပြင်ထက်တွင် လွင့်ပျံလာခဲ့သည်။
“မနေ့က
ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေတဲ့ တရုတ်ဆေးဖက်ဝင်ဟင်းလျာတစ်မျိုးကို
ကျွန်မ ချက်ပြုတ်ခဲ့တယ်။ ဒါ့ကြောင့် ကျွန်မကို အမျိုးသားတွေအပေါ် မတရားဘူးလို့ ဆိုကြတဲ့
စကားများကို တားဆီးလိုသည့်အတွက် ဒီနေ့ ကျွန်မက အထူးသဖြင့် အမျိုးသားတွေအတွက် မပြောနိုင်စွမ်းတဲ့ ရောဂါဝေဒနာမျိုးကို
ပြန်လည်ကောင်းမွန်လာစေရန် ဆေးဖက်ဝင်ဟင်းလျာတစ်မျိုး စီစဥ်ချက်ပြုတ်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။”
တိုက်ရိုက်ထုတ်လွှင့်မှုကို
ကြည့်ရှုနေကြသည့် ပရိတ်သတ်အများစုသည် အနည်းငယ် စိတ်ပျက်သွားခဲ့ကြသည်။ နောက်ဆုံးတော့
သူတို့အများစုက လူသိများထင်ရှားသည့် ဘလော့ဂါနှစ်ဦး၏ အကြုံပြုချက်နှင့် စုယန်ယန်၏ အစောပိုင်းက
ဗီဒီယိုကြောင့် ဒီနေရာကို ရောက်ရှိလာတာဖြစ်ပြီး အခုတော့ သူမက ဒီခေါင်းစဥ်ကို ဆက်မလုပ်ဘူးဆိုတော့...
“သို့ပေမယ့်
တိုက်ရိုက်ထုတ်လွှင့်အခန်းမှာ ဝင်ရောက်ကြည့်ရှုသူ အရေအတွက်က တစ်သောင်းကျော်သွားပြီလို့
ကျွန်မတွေ့တယ်။ လူတိုင်းက ကျွန်မကို အရမ်းအားပေးတယ်လို့ ကျွန်မ မြင်တွေ့ရတဲ့အတွက်ကြောင့်
အရင်ကထက် ပိုရိုးရှင်းတဲ့ လက်ဖက်ရည်တစ်မျိုးကို ကျွန်မ ပြုလုပ်ပေးပါမယ်။ သွေးလေမညီညွတ်တာကြောင့်ဖြစ်တဲ့
ဓမ္မတာမမှန်တာ၊ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲခြင်းနှင့် ဓမ္မတာမလာခြင်းတို့ကိုတောင်မှ
သက်သာပျောက်ကင်းစေလိမ့်မယ်။ စိတ်ပါဝင်စားတဲ့ သူငယ်ချင်းတွေက ဒါကို နောက်ပိုင်းမှာ
အာရုံစိုက်နိုင်ပါတယ်။”
ပရိတ်သတ်က
ရိုလာကိုစတာစီးနေတယ်လို့ ခံစားရကာ စုယန်ယန်က သူတို့ရဲ့ ခံစားချက်တွေကို ထိန်းချုပ်နိုင်ခဲ့သည်။
သူတို့လိုချင်တာကို မမြင်ရတဲ့အခါမှာ သူတို့ ထွက်သွားချင်ပေမယ့် ဒါက သူတို့ကို ဆက်နေဖို့
နောက်တစ်ကြိမ်ထပ်ပြီး ချည်နှောင်ခဲ့သည်။
[အဲ့တာကရော
အံ့အားသင့်ဖွယ်ကောင်းလား။ အဲ့တာကို စောင့်မျှော်နေပါတယ်။]
[ဓမ္မတာမမှန်ခြင်းအတွက်လည်း
အကျိုးသက်ရောက်မှု ရှိပါသလား။ ဘယ်လိုလက်ဖက်ရည်မျိုးက အံ့အားသင့်ဖွယ်ကောင်းတာလဲ။ မင်း
အခု လုပ်ပြနိုင်လား။ ငါ မြင်ချင်နေပြီ…]
[ဒီနေ့
တင်ဆက်သူ ချက်ပြုတ်ပြမယ့် ဆေးဖက်ဝင်ဟင်းလျာအသစ်နှင့် ပတ်သတ်၍ ငါ အရမ်း သိချင်ပါတယ်၊
ပြီးတော့ အမျိုးသားတွေရဲ့ ဘယ်လို မပြောနိုင်စွမ်းတဲ့ ရောဂါဝေဒနာမျိုးကိုလဲ... အဲ့တာက
ငါထင်နေတဲ့ တစ်ခုခုဖြစ်နိုင်လား။]
အမျိုးသမီး
ကြည့်ရှုသူ အများအပြားသည် ဖန်သားပြင်ပေါ်ရှိ စစ်တပ်ထဲသို့ တစ်ဖန်ဝင်ရောက်လာပြန်သည်။
သနားစရာကောင်းသော အမျိုးသား ကြည့်ရှုများ၏ ပြောက်ကျားမှတ်ချက်များသည် မှတ်ချက်လှိုင်းလုံးအောက်တွင်
နစ်မြုပ်သွားခဲ့သည်။
“အရင်ဆုံး
ငါးဆေးဖက်ဝင်ဟင်းလျာအမျိုးအစားဖြစ်တဲ့ ရေနဂါးကျောရိုးစွပ်ပြုတ်ကို ချက်ပြုတ်ကြရအောင်။
ပါဝင်ပစ္စည်းတွေကတော့ ဝက်သားကျောရိုး၊ ဝက်ကျောကုန်းသား၊ မုန်လာဥနီတစ်လုံးနဲ့ ...” စုယန်ယန်သည်
ပန်းကန်လုံးထဲတွင် ထည့်ထားသော ပါဝင်ပစ္စည်း အခြောက်အခြမ်းကို ညွှန်ပြကာ “ရေနဂါး” လို့
ပြောလိုက်သည်။
[ရေနဂါးလား။
အဲ့တာ ဘာလဲ။ ကြည့်ရတာ ထူးဆန်းလိုက်တာ။]
[အဲ့တာက
ခြောက်သွေ့နေတယ်။ ကြည့်ရတာ သူက အခြောက်အခြမ်း ပါဝင်ပစ္စည်းနဲ့တူတယ်။ ဒါပေမယ့် ပြီးတော့
သူက တိရိစ္ဆာန်တစ်ကောင်နဲ့ အနည်းငယ် တူတယ်။ အဲ့တာက ဘာလဲ။ ငါ အဲ့နာမည်မျိုး တစ်ခါမှ
မကြားဖူးဘူး။]
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင်
အဆုံးမရှိသော မေးခွန်းများစွာ ထွက်ပေါ်လာသည်။ စုယန်ယန်သည် ထိုမေးခွန်းများကို ပြန်လည်ဖြေဆိုရန်
အလျင်လိုခြင်း မရှိပါ။ သူမသည် အရင်ဆုံး ဝက်သားကျောရိုးကို ယူကာ အတုံးလေးတွေ ခုတ်ထစ်ပြီး
ဆေးကြောလိုက်သည်။ ထို့နောက် သူမသည် မုန်လာဥနီကို အခွံခွာပြီး အတုံးလေးတွေ လှီးဖြတ်ကာ
ရေနဂါးခြောက်တွေကိုပါ ဆေးကြောလိုက်သည်။ သူမသည် နောက်ဆုံး၌ သူတို့ကို ဝက်သားကျောရိုးနှင့်အတူ
အိုးတစ်လုံးထဲတွင် ပေါင်းထည့်ကာ တည်ထားလိုက်သည်။
စုယန်ယန်သည်
ထိုလုပ်ရပ်များကို အလွန်လျင်မြန်စွာ လုပ်ဆောင်ခဲ့ပြီး အထူးသဖြင့် သူမ အရိုးများကို
ခုတ်ထစ်ပြီး မုန်လာဥနီကို လှီးဖြတ်သည့်အချိန်က ခဏလေးပင်ဖြစ်သည်။ သူမသည် ပါဝင်ပစ္စည်းများကို
ပြင်ဆင်ချိန် ခဏလေးသာ ကြာမြင့်ခဲ့သည်။ သူမရဲ့ မြန်ဆန်လှတဲ့ လက်အရှိန်ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု
အခန်းထဲမှာရှိတဲ့ ပရိတ်သတ်တွေ အံ့အားသင့်ကုန်ကြသည်။