အခန်း(၄၅)
- ပန်းလေးတစ်ပွင့် ထွင်းထုကြစို့
စက္ကန့်အနည်းငယ်ကြာပြီးနောက်
လူတိုင်း ပြန်လည်အသိဝင်လာပြီး ဖန်သားပြင်ပေါ်တွင် မှတ်ချက်များ ပလူပျံဝဲလာခဲ့သည်။
[ဒီတင်ဆက်သူက
အံ့အားသင့်စရာပဲ။ သူမရဲ့ ဓားကိုင်စွမ်းရည်က အရမ်းမိုက်ပြီး ခဏလေးအတွင်း သူမ လှီးဖြတ်ပြီးစီးသွားတယ်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမက သမ္ဘာရင့်ချက်ပြုတ်သူတစ်ယောက်လို့ ငါ ပြောနိုင်တယ်။]
[ငါ့လိုမျိုး
သခွားသီးကို လှီးဖြတ်တဲ့အခါမှာတောင် အမြဲတမ်း လက်ကို ဓားရှတတ်တဲ့သူတစ်ယောက်က ဒီလိုမိုက်တဲ့စွမ်းရည်မျိုးကို
သင်ယူလို့ ရနိုင်မလား။ ငါ တင်ဆက်သူကို လေးစားပါတယ်။]
[အပေါ်ထပ်က
တစ်ယောက်ရေ ငါ မင်းကို အနိုင်ကျင့်ချင်တာမျိုးတော့ မဟုတ်ဘူး။ မင်းရဲ့လက်စလက်နနဲ့ဆိုရင်
မင်း တင်ဆက်သူရဲ့ ဓားကိုင်စွမ်းရည်ကို မလေ့ကျင့်ရသေးခင်မှာ မင်းရဲ့လက်တွေကို ဖြတ်ပြီးသားဖြစ်နေမှာကို
ငါစိုးရွံ့တယ်။]
[မင်း
အရမ်းရက်စက်တာပဲ။]
စုယန်ယန်သည်
ဖန်သားပြင်ပေါ်ရှိ မှတ်ချက်များကို ကြည့်ရင်း ရုတ်တရတ် အရင်က ဓားစွမ်းရည်တွေ ပေါ်ထွက်ခဲ့ဖူးကြောင်း
အမှတ်ရသွားသည်။
ဒီအချိန်ကာလအတွင်းမှာ
အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်ခဲ့တာကြောင့် သူမအနေဖြင့် ဒီအကြောင်းကို ကြိုတင်စဥ်းစားထားခြင်း
မရှိခဲ့ဘူး။ စွပ်ပြုတ် အဆင်သင့်ဖြစ်ရန် အချိန်အနည်းငယ်လောက် စောင့်ဆိုင်းရမည်ဖြစ်သည့်အတွက်
သူမ ဘာလို့ မလုပ်ရမှာလဲ...
“ဒီစွပ်ပြုတ်က
အရသာပိုကောင်းဖို့အတွက် ခဏလောက် အချိန်ပေးပြီး တည်ထားရမှာ ဖြစ်သည့်အတွက် စောင့်ရတာ
ငြီးငွေ့လာပါလိမ့်မယ်။ ဒါဆိုရင်ရော ဘယ်လိုလဲ။ မင်းတို့ကြည့်ဖို့အတွက် ပန်းလေးတွေ ထွင်းထုပြပါရစေ၊
ခဏလောက်ကြာရင်တော့ ကျွန်မတို့ နောက်ထပ်ဟင်းလျာချက်ပြုတ်ကြတာပေါ့။”
လူတိုင်း
စိတ်ရှုပ်သွားကြသည်။ ပန်းတွေ ထွင်းထုမှာလား။ သူတို့ ဘာကြားလိုက်ရတာလဲ။ သူတို့ကို ပြသဖို့
သူမက ပန်းတွေ ထွင်းထုပေးမှာလား။ သူမက ပန်းတွေ ထွင်းထုတာကို ပေါ့ပါးရိုးရှင်းတဲ့ အလုပ်တစ်ခုလို
ပြောလိုက်တာကို ဘာလို့ ကြားနေရတာလဲ။
မေးခွန်းတစ်ခုပြီး
တစ်ခု ထွက်ပေါ်လာကာ ပရိတ်သတ်များကို အံ့အားသင့်သွားစေသည်။ ပရိတ်သတ်တွေ မတုံ့ပြန်နိုင်ခင်မှာပင်
ရေခဲသေတ္တာထဲက မုန်လာဥနီတစ်လုံးကို ထုတ်ယူလိုက်သည့် လှပသောလက်ကလေးတစ်စုံကို သူတို့
ဖန်သားပြင်ပေါ်တွင် တွေ့မြင်လိုက်ရသည်။
သူတို့မျက်စိရှေ့တွင်
ဓားတစ်ချောင်းကို ရိပ်ခနဲမြင်လိုက်ရပြီး မုန်လာဥနီကို ကျွမ်းကျင်သပ်ရပ်စွာ လှီးဖြတ်ပြီးသွားတာကို
တွေ့မြင်လိုက်ရပြီး ဘေးအနားသားများသည် ဘေးဘက်သို့ အစိတ်စိတ် အမြွှာမြွှာ လဲကျသွားသည်။
သာမန်ထက် လွန်ကဲသည့် အရှိန်အဟုန်ဖြင့် မုန်လာဥနှင်းဆီပွင့်တစ်ပွင့် ဖြစ်ပေါ်လာသည်။
စက္ကန့်အနည်းငယ်အကြာတွင်
ဖြူစွတ်စွတ် ပန်းကန်ပြားအလယ်တွင် တင်ထားသည့် မုန်လာဥနှင်းဆီလေးတစ်ပွင့်သည် သာမန်ထက်လွန်ကဲစွာ
သိမ်မွေ့ပြီး လှပနေပုံပေါ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည်
စက္ကန့်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီး ဖန်သားပြင်ပေါ်တွင် မှတ်ချက်များပင် မရှိတော့ပါ။
စုယန်ယန်သည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ လူတိုင်းကို ထိတ်လန့်သွားစေသည်ဟု ယူဆမိသည်။
“အဟမ်း...
ဒါက မလုပ်ဖြစ်တာ တော်တော်ကြာနေပြီဆိုတော့ ကျွန်မရဲ့အရည်အချင်းတွေ နည်းနည်းတော့ သံချေးတတ်နေပြီ။
သိပ်အလေးအနက် မထားကြပါနဲ့။”
ပရိတ်သတ်များသည်
သူတို့ထိတ်လန့်တုန်လှုပ်နေသည့် အခြေအနေမှ နိုးထလာပုံရသည်။ အချိန်နှင့်တစ်ပြေးညီ မှတ်ချက်များဟာ
ထိန်းမရ သိမ်းမရ ထွက်ပေါ်လာခဲ့သည်။
[သေရော!]
[သေရော!]
[သေရော!]
ဖန်သားပြင်ပေါ်တွင်
[သေရော!] ဟူသော မှတ်ချက်များ ပြည့်လျှံသွားကာ ဆုယန်ယန်၏လက်နှင့် ထွင်းထုထားသော မုန်လာဥပန်းပွင့်တင်ထားသော
ပန်းကန်ပြားကို မြင်ကွင်းမှ ပိတ်ဆို့သွားသည်။
[သူမက
ဒါကို သံချေးတက်နေတယ်လို့ ပြောတာလား။ ငါ့လို လက်စလက်နရှိသူတွေက ဘယ်လိုနေထိုင်ရမှာလဲ။
တင်ဆက်သူရေ မင်း ငါ့ကို လှောင်ပြောင်ပြောဆိုနေတာလို့ ငါ သံသယဝင်တယ်။]
[တစ်ခြားသူတွေကို
pk (TN: ကစားသမားတွေကို သတ်ဖြတ်နိုင်တဲ့ ဂိမ်းဘန်းစကား) နိုင်တဲ့ လက်တစ်စုံ ငါ့မှာရှိတယ်။
ဘာ့ကြောင့်များ ငါ ဒီလက်တွေကို လိုချင်နေရတာလဲ။]
[ဒီဓားက
ငါပျောက်နေတဲ့ ဓားများလား။ မဟုတ်ဘူး၊ ငါ့မှာမရှိတာက အဲ့လက်တစ်စုံပဲ။]
[ငါက
မသိ နားမလည်လို့ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး “သေရော” လို့သာ တုံ့ပြန်နိုင်တယ်။ တင်ဆက်သူရေ
ကျေးဇူးပြုပြီး ငါ့ကို အလုပ်သင်တစ်ယောက်အဖြစ် လက်ခံပေးပါ။]
လူအများစုသည်
အာဟာရပြည့်ဝစွာ ထုတ်လုပ်ထားသည့် အာဟာရပျော်ရည်များကိုသာ သောက်သုံးကြသည့် ဒီခေတ်တွင်
စားဖိုမှုးအများစုက အဆင့်မြင့်စားသောက်ဆိုင်များနှင့် သီးသန့်မီးဖိုချောင်များတွင်သာ
ရှိကြသည်။ ပါဝင်ပစ္စည်းများကို ပြင်ဆင်ချက်ပြုတ်ရာတွင် စက်ပစ္စည်းများအပေါ်တွင်သာ အလွန်အမင်း
မှီခိုကြပါသည်။ လူအများစုသည် ဂေါ်ဖီပြုတ်ကဲ့သို့ အခြေခံအစားအစာများကို ပြုလုပ်နိုင်ပြီး
သခွားသီးကို လှီးဖြတ်နိုင်လျှင်ပင် အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။
သူမ၏
လက်တစ်စုံဖြင့်သာ အချိန်တိုအတွင်း အသက်ဝင်သော ပန်းတစ်ပွင့်ကို ထွင်းထုနိုင်သည့် စုယန်ယန်သည်
လူအများ၏ အမြင်တွင် အလွန်မှော်ဆန်သော ကျွမ်းကျင်မှု ရှိသူဟု မြင်နေကြသည်။
အစပိုင်း
အံ့အားသင့်သွားပြီးနောက် စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ အချိန်နှင့်တစ်ပြေးညီ
မှတ်ချက်ကဏ္ဍသည် မှတ်ချက်များ တစ်ဟုန်ထိုး ထွက်ပေါ်လာပြန်သည်။ အမျိုးမျိုး အထွေထွေ
ဆုလက်ဆောင်များကို ငွေမကုန်ကျသလို တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ဗုံးကျဲသလို
ကျဲချလာကြသည်။
စုယန်ယန်၏
ရည်ရွယ်ချက်သည် ဒီအချိန်တွင် နှစ်လိုမှုရမှတ်များ ပိုမိုရရှိလာစေရန်ဖြစ်သည်။ နှစ်လိုမှုရမှတ်များ
တိုးလာနေသည့် အသိပေးချက်များကို ဆက်တိုက်ကြားလိုက်ရသည်။ မိနစ်အနည်းငယ်အတွင်း နှစ်လိုမှုရမှတ်
တစ်သောင်းကျော်သွားကာ ဆက်လက်မြင့်တက်လာခဲ့သည်။
သူမ၏
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ ကြည့်ရှုသူ ထက်ဝက်ခန့်သည် သူမအား သူတို့၏ နှစ်လိုမှုရမှတ်များ
ပံ့ပိုးပေးခဲ့သည်ဟု ဆိုလိုသည်။ ထိုအချိန်တွင် သူတို့သည် သူမကို အမှန်တကယ် နှစ်သက်သဘောကျသည့်
ကြည့်ရှုသူများ ဖြစ်လာသည်ဟု ဆိုလိုပါသည်။