အခန်း(၄၆)
- မင်းပျော်နေသရွေ့ပေါ့
ပျော်ရွှင်မှုက
ရုတ်ချည်းဆိုသလို ကျရောက်လာကာ တစ်ရက်တာအဆုံး၌ ပန်းထွင်းထုပြခြင်းမှ ရရှိလာသော နှစ်လိုမှုရမှတ်များသည်
စုယန်ယန် ဟင်းလျာပြင်ဆင်ချက်ပြုတ်ပြဖို့ သုံးရက်တာမျှ ကျွန်ခံလိုက်ရသည့်အချိန်တွေထက်
ပိုမိုများပြားစွာ ရရှိလိမ့်မည်ဟု စုယန်ယန်က မတွေးထားခဲ့ပေ။
သို့သော်လည်း
ဒါကို နားလည်နိုင်ပါသည်။ ဆေးဖက်ဝင်ဟင်းလျာများသည် မည်မျှပင် အရည်အသွေးမြင့်မားစေကာမူ
လူအနည်းစုသာ ဒါကို နှစ်သက်ကြသည်။
ထို့အပြင်
အခြားသူများ မည်မျှပင် ထောက်ခံစေကာမူ တစ်ခါမှ မမြည်းစမ်းဖူးသော လူများသည် အနည်းနှင့်
အများဆိုသလိုပင် သူတို့စိတ်ထဲမှာ သံသယစိတ်များ ရှိနေကြလိမ့်မည်ဖြစ်သည်။
တခြားအရာတွေကို
မဆိုနဲ့၊ သူတို့အမြင်အာရုံကို ထိတ်လန့်သွားစေတဲ့ ဒီပန်းထွင်းထုခြင်းအရှိန်က အလွန်လျင်မြန်လှသည်။
စုယန်ယန်သည်
သူမ၏ နှစ်လိုမှုရမှတ်များ မြင့်တက်လာကြောင်း ဖော်ပြသည့် သတိပေးချက်များကို နားထောင်နေစဥ်တွင်
ဖန်သားပြင်ပေါ်တွင် နောက်တစ်ခု ထပ်လုပ်ပြန် တောင်းဆိုသည့် မှတ်ချက်များကို မြင်တွေ့လိုက်ရသည်။
အတော်လေး
ကြမ်းတမ်းစွာ သူမသည် အသုံးမပြုရသေးသော မုန်လာဥနီကြီးတစ်လုံးကို ကောက်ယူလိုက်ပြီး နှင်းဆီပန်းနှင့်
ပိုတူသည့် နောက်ထပ် ပန်းတစ်ပွင့်ကို အမြန်ထွင်းထုလိုက်သည်။ ၎င်းသည် ပိုကြီးသော်လည်း
သူမသည် ယခင်တစ်ကြိမ် ထွင်းထုရန် လိုအပ်သည့်အချိန်ထက် နှစ်မိနစ် သို့မဟုတ် သုံးမိနစ်ပင်
ပိုနည်းလေသည်။
ထို့နောက်
စုယန်ယန်သည် ပရိတ်သတ်များ၏ တုံ့ပြန်မှုကို မစောင့်ဆိုင်းတော့ပဲ ရေခဲသေတ္တာအတွင်းမှ
နောက်ထပ်မုန်လာဥနီကို ထုတ်ယူခဲ့သည်။
ထင်ရှုးပင်နှင့်
ရှည်လျားသော အကိုင်းအခက်များကဲ့သို့ ပုံသဏ္ဍာန်များကို ထွင်းထုနေရင်း သူမ၏ဓားသည် အပေါ်မှ
အောက် ပျံသန်းနေခဲ့သည်။ ထို့နောက် သူမသည် အရွက်သေးသေးလေးများကို ထွင်းထုရန်အတွက် မုန်လာဥနီ၏
အစိမ်းရောင် အစိတ်အပိုင်းများကို ပြန်လည်အသုံးပြုခဲ့သည်။
နောက်ဆုံး၌
သူမသည် သစ်သားပန်းကန်ပြားပေါ်သို့ မတင်မီ ပန်းများနှင့် အရွက်တွေကို ပေါင်းစည်းရန်
သွားကြားထိုးတံများကို အသုံးပြုခဲ့သည်။ ပန်းလေးတစ်ပွင့်ကို သစ်ကိုင်းတွင် ချိတ်ဆွဲထားပြီး
ကျန်တစ်ပွင့်ကို သစ်သားပန်ကန်ပြားပေါ်တွင် လှဲလျောင်းထားသည်။ ထိုအရာတစ်ခုလုံးကို ပန်းချီကားတစ်ချပ်အသွင်
လှပစေခဲ့သည်။
သို့သော်
ယန်ယန်သည် သူတို့ကိုကြည့်ရင်း တစ်ခုခု လိုအပ်နေသလို ခံစားမိသည်။ ခဏကြာအောင် စဥ်းစားပြီးနောက်
သစ်သားပန်ကန်းပြားပေါ်သို့မတင်မီ သူမသည် အချဥ်ဖောက်ထားသည့် ဂျုံမုန့်ညက်အချို့ကို ဆွဲယူကာ
မုန့်နယ်လိုက်ပြီး ပုံသဏ္ဍာန်အချို့ ပြုလုပ်လိုက်သည်။
အဝေးမှမြင်ရတာ
လေထဲတွင် ထွန်းလင်းတောက်ပနေသည့် လတစ်စင်းနဲ့တူလေသည်။ အနီရောင်ပန်းပွင့်များနှင့် အစိမ်းရောင်
သစ်ကိုင်းသစ်ရွက်များနှင့်အတူ ခင်းကျင်းပြသထားသည့်အခါမှာ ပို၍ပင် ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။
[အား…]
[အား…]
ပရိတ်သတ်များသည်
သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် တွန်းအားပေးပြီး ပန်းပွင့်များကို မြင်လိုက်ရသောအခါဝယ်
(စောက်ရမ်းမိုက်တယ်) ဆိုသော စကားလုံးကိုသာ ရိုက်ထည့်နိုင်ခဲ့သည်။ သို့သော် ပြီးပြည့်စုံပြီး
ရင်သပ်ရှုမောဖွယ်ကောင်းသည့် ပန်းပုအသွင်ကို မြင်လိုက်ရသောအခါတွင် သူတို့၏အော်သံများကို
တားဆီးရန် မဖြစ်နိုင်တော့ပေ။
ဖန်သားပြင်မှတစ်ဆင့်
စုယန်ယန်ဟာ သူမရဲ့ ပရိတ်သတ်တွေရဲ့ မျက်နှာအမူအရာများနဲ့ အော်သံတွေကို ပုံဖော်ကြည့်နိုင်ပါသည်။
သူမရဲ့ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပီး ပြုံးရယ်ခြင်းအား မတားနိုင်ခဲ့ပေ။
နောက်ထပ်မှတ်ချက်
အများအပြား ထွက်ပေါ်လာပြီးနောက် သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရရှိသည့် ဆုအရေအတွက်က
အဆင့်တစ်ခုအထိ မြင့်တက်သွားခဲ့သည်။
ယန်ယန်က
မှတ်ချက်တွေကို အတိုချုံး ကြည့်ရှုလိုက်သည်။ အများစုမှာ သူမရဲ့ ဓားကိုင်စွမ်းရည်ကို
ချီးကျုးထားတာ ဖြစ်သည်။ တချို့ကတော့ ဒီပန်းထုရုပ်သွင်ကို ကံစမ်းမဲဖောက်ပေးနိုင်မလား
ဒါမှမဟုတ် ဝယ်လို့ရနိုင်မလားလို့တောင် မေးမြန်းကြသည်။
ကြက်သေ
သေသွားပြီးနောက် စုယန်ယန်သည် ရယ်မောကာ ပြောလိုက်သည်။ “တကယ်လို့ မင်းတို့ ဒါကို သဘောကျတယ်ဆိုရင်
တရုတ်ဆေးဖက်ဝင်ဟင်းလျာ နှစ်ခုနဲ့အတူ ဒါကို ပရိတ်သတ်တွေအတွက် မဲဖောက်ပေးပါ့မယ်။ ပြီးတော့
ဒါကို ပန်းထုရုပ်သွင်အဖြစ် ထွင်းထုထားတာ ဖြစ်သည့်အတွက် သူ့ကို စားချင်ရင်တော့ မစားခင်
ခဏလောက် ရေနွေးဖျောတာ အကောင်းဆုံးပါပဲ...”
စုယန်ယန်ရဲ့
ပြောစကား မဆုံးခင်မှာပဲ လူတော်တော်များများထံမှ ပြစ်တင်ရှုတ်ချတာကို ခံလိုက်ရသည်။
[တင်ဆက်သူရေ
မင်းက နတ်ဆိုးတစ်ယောက်လား။ ဒီလို လှပတဲ့အရာကို စားဖို့ ဘယ်လို ပြောနိုင်ရတာလဲ။]
[အတိအကျပဲ။
အဲ့တာက အနုပညာလက်ရာတစ်ခုပဲ။ ဒါကို ထိန်းသိမ်းဖို့နည်းလမ်းကို စဥ်းစားသင့်တယ်။]
ယန်ယန်က
ပြောသည်။ “... ကောင်းပြီ၊ မင်းတို့ ပျော်နေသရွေ့ပေါ့။”
“ဒီနေ့
ထွင်းတုတဲ့အပိုင်းက ပြီးသွားပါပြီ။ နောက်တစ်ကြိမ် အခွင့်ကြုံရင် မင်းတို့အတွက် ငှက်ကလေးတွေ
ထွင်းထုပေးပါ့မယ်။”
ယန်ယန်က
အဲ့ဒီစကားကို မတွေးတောပဲ ပြောခဲ့တာဖြစ်ပြီး သူမ တခြား ဘာကိုမှ မတွေးထားခဲ့ဘူး...
[ငှက်ကလေးလား။
တင်ဆက်သူက ကားစီးချင်နေချင်တယ်လို့ ငါသံသယဝင်ပေမယ့် ငါ့မှာ သက်သေပြစရာမရှိဘူး။]
[ဘယ်လို
သက်သေအထောက်အထားကို လိုအပ်ပါလဲ။ တင်ဆက်သူ ကားစီးချင်နေကြောင်း သက်သေပြန် ငါ ကူညီပေးပါ့မယ်။]
[မင်းကိုယ်မင်း
ထိန်းသိမ်းစမ်းပါ။ ဘာလို့ အကျယ်ကြီးပြောနေရတာလဲ။ ဟီးဟီး ဟီးဟီး~]
[ဟေး...
အပေါ်ထပ်ကလူရေ မင်း ရယ်တာ ညစ်ညမ်းလွန်းတယ်။ ထွက်သွားစမ်းပါ။]
ယန်ယန်
အာမေဍိတ်သံထွက်သွားသည်။ “!!!” မဟုတ်ဘူး၊ ငါ မဟုတ်ဘူး။ ဘာလို့ မကြားဝံ့ မနာသာ စကားတွေကို
ပြောနေရတာလဲ။