အခန်း(၄၇)
- သူဌေးကြီးက အွန်လိုင်းပေါ်တွင် ပိုက်ဆံများ ကျဲချနေသည်
တင်းမာခက်ထန်သော
အမူအရာဟာ စုယန်ယန်၏ မျက်နှာပေါ်အနှံ့ ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ တစ်စုံတစ်ယောက်သည် အခြေအနေကို
အခွင့်ကောင်းယူကာ ချိန်းတွေ့ခြင်း ဝန်ဆောင်မှုများကို စတင်ကြော်ငြာခဲ့သည်ကို တွေ့လိုက်ရသောအခါတွင်
သူမ ရှင်းပြရန် ပါးစပ်ဖွင့်လိုက်သည်။
[တင်ဆက်သူရေ
မင်း ချစ်သူကောင်လေး လိုအပ်လား။ ငါက နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရထားပြီး ကားတစ်စီး၊
ကုမ္ပဏီတစ်ခုနဲ့ ** သန်း စုဆောင်းငွေ ရှိတယ်။ မင်း ငါ့ကို စဥ်းစားပေးနိုင်မလား။]
[စုဆောင်းငွေ
**သန်း လောက်လေးနဲ့ တင်ဆက်သူကို ဆွဲဆောင်ဖို့ ကြိုးစားနေတာလား၊ မင်းကို ဘယ်သူကများ
ဒီလိုသတ္တိမျိုး ပေးလိုက်တာလဲ။ တင်ဆက်သူ ကျွန်တော့်ကို ကြည့်ပါ။ ကျွန်တော်က တစ်နှစ်လျှင်
ပျမ်းမျှဝင်ငွေ သန်းနှင့်ချီရှိပြီး ကျွန်တော့်နာမည်အောက် ပိုင်ဆိုင်မှု ဆိုင်ခွဲ ခုနစ်ခု
ရှစ်ခုလောက် ဖွင့်ထားပြီးပြီ။ ကျွန်တော့်မှ အိမ်ရော ကားရော ရှိပါတယ်။ မင်းက အိမ်ကို
စီမံခန့်ခွဲ စောင့်ရှောက်ပေးရုံပါပဲ။]
[ဒါက
ဘာလဲ။ ငါ...]
အစားအစာ
ချက်ပြုတ်ပြသသော တိုက်ရိုက်ထုတ်လွှင့်မှုသည် အတင်းအဓမ္မ အပေါစား ချိန်းတွေ့ခြင်း အစီအစဥ်တစ်ခုအသွင်
ပြောင်းသွားခဲ့သည်။ လူတိုင်းသည် တင်ဆက်သူ၏ အမြင်အာရုံထဲ ဝင်ရောက်နိုင်ရန် မိမိကိုယ်မိမိ
ချီးမွမ်းဂုဏ်တင်ကြကာ အခြားသူများကို ပြစ်တင်ရှုံ့ချကြသည်။
စုယန်ယန်က
ပြောလိုက်သည်။ “??? တိုက်ရိုက်ထုတ်လွှင့်မှုကို အာရုံစိုက်ပေးကြပါ။ မင်းတို့အားလုံး
ဘာတွေ တွေးနေကြတာလဲ။”
ရုတ်တရတ်
ဒီအခြေအနေကို လိုက်လျောညီထွေ မတုံ့ပြန်နိုင်မီ သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို အနီရောင်ခပ်လင်းလင်း
အထူးပြုလုပ်ချက်ဖြင့် သိမ်းပိုက်ခံလိုက်ရတာကို တွေ့လိုက်ရသည်။
[ဂုဏ်ယူပါတယ်
တင်ဆက်သူ (ယန်ယန်) သင် (တောင်တန်းပေါ်က ပိုးစာပင်) အမည်ရှိ သစ္စာရှိ ပရိတ်သတ်ထံမှ နှင်းဆီ
၉၉၉၉ပွင့် လက်ခံရရှိပါသည်။ ဒီပန်းစည်းက ခွဲခွာခြင်းမရှိသည့် ရှည်လျားသောတစ်သက်တာကို
ရည်ညွှန်းပါသည်။]
[ဂုဏ်ယူပါတယ်
တင်ဆက်သူ (ယန်ယန်) သင် (တောင်တန်းပေါ်ကပိုးစာပင်) အမည်ရှိ သစ္စာရှိ ပရိတ်သတ်ထံမှ ဇိမ်ခံအိမ်ကြီးတစ်လုံး
လက်ခံရရှိပါသည်။ စမ်းစစ်ချက်များအရ (တောင်တန်းပေါ်ကပိုးစာပင်) မှ ပေးအပ်သော လက်ဆောင်အရေအတွက်သည်
တင်ဆက်သူ၏ ငွေရောင်စောင့်ရှောက်သူအဖြစ်သို့ အလိုအလျောက် အဆင့်တက်ရန် စံသတ်မှတ်ချက်များနှင့်
ကိုက်ညီကြောင်း တွေ့ရပါသည်။]
တိုက်ရိုက်ထုတ်လွှင့်မှုတွင်
စေ့စပ်ဆွေးနွေးနေမှုများ ရပ်တန့်သွားခဲ့သည်။ စက္ကန့်အနည်းငယ်အကြာတွင် “လက်ထပ်ရန်ကိုယ်ကျိုးရှာနေသူ)များက
အသံကျယ်ကျယ်ဖြင့် မှတ်ချက် ပေးလာပြန်သည်။ ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့ မှတ်ချက်တွေက
မနာလိုမှုများ ဖုံးလွှမ်းနေခဲ့သည်။
[ဒါက
အိမ်တော်တစ်ခုပါပဲ။ ငါလည်း တတ်နိုင်တယ်။ ကြည့်ထား။ အခုချက်ချင်း တင်ဆက်သူကို ငါ လက်ဆောင်ပေးပြမယ်။]
ထိုမှတ်ချက်က
ပေါ်လာပြီးနောက် လက်ဆောင်များပါရှိသော အထူးပြုလုပ်ချက်များသည် ဖန်သားပြင်ကို တစ်ဖန်ပြည့်နှက်လာပြန်သည်။
သို့သော်လည်း လက်ဆောင်ပေးသူမှာ ထိုမှတ်ချက်ပေးသူမဟုတ်ပဲ သူတို့၏ မနာလိုပစ်မှတ်ထားသူသာ
ဖြစ်သည်။
[ဂုဏ်ယူပါတယ်
တင်ဆက်သူ (ယန်ယန်) သင် (တောင်တန်းပေါ်ကပိုးစားပင်) အမည်ရှိ သစ္စာရှိ ပရိတ်သတ်ထံမှ ဇိမ်ခံအိမ်
ဆယ်လုံး လက်ဆောင်ရရှိပါသည်။]
[ဂုဏ်ယူပါတယ်
တင်ဆက်သူ (ယန်ယန်) သင် (တောင်တန်းပေါ်ကပိုးစာပင်) အမည်ရှိ သစ္စာရှိ ပရိတ်သတ်ထံမှ အပျော်စီး
သင်္ဘောကြီး ၅၂၀ ကို လက်ဆောင်ရရှိပါသည်။]
[ဂုဏ်ယူပါတယ်
တင်ဆက်သူ (ယန်ယန်)၊ သင် (တောင်တန်းပေါ်ကပိုးစာပင်) အမည်ရှိ သစ္စာရှိ ပရိတ်သတ်ထံမှ နှင်းဆီပန်းပွင့်
၉၉၉၉ပွင့် လက်ခံရရှိပါသည်။]
[ဂုဏ်ယူပါတယ်…]
[စမ်းစစ်ချက်များအရ
(တောင်တန်းပေါ်ကပိုးစာပင်) မှ လက်ဆောင်ပေးအပ်သော ဆုလာဘ်အရေအတွက်သည် တင်ဆက်သူ၏ ရွှေရောင်စောင့်ရှောက်သူအဖြစ်သို့
အလိုအလျောက် အဆင့်တက်ရန် စံသတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း တွေ့ရှိရပါသည်။]
သိပ်သည်းများပြားနေသော
ဆုလာဘ်များက ပရိတ်သတ်များ၏ မနာလိုဝန်တိုမှုများကို ရိုက်ချလိုက်သည်။ နောက်ဆုံး၌ သူတို့သည်
စကားတစ်ခွန်းကို ထုတ်ပြောနိုင်တော့သည်။
[မင်း
အနိုင်ရရှိသွားပါပြီ။ တာတာ့ QAQ!]
သူဌေးကြီးဟောက်သည်
သူ့ပိုက်ဆံများကို အသုံးပြုပြီး အခြားသူများကို အနိုင်ယူ ချေမှုန်းလိုက်သည်။ သူက အေးစက်စွာ
နှာခေါင်းရှုံ့လိုက်ပြီး သူ့ရဲ့ မိုက်မဲလှသော ခွေးလေးကို ပွတ်သပ်လိုက်သည်။
စည်းစိမ်ဥစ္စားများကို
နှိုင်းယှဥ်လိုက်သောအခါတွင် လူတိုင်းသည် သူနှင့် နှိုင်းယှဥ်လျှင် အမှိုက်များသာ ဖြစ်သွားကြသည်။
သူ့ရဲ့
ကျော်ကြားမှုကို ခိုးယူဖို့ ကြိုးစားတာလား၊ သူတို့က သူ့ကို အရူးတစ်ယောက်လို့ ထင်နေတာလား။
ဟောက်ချန်ဟွမ်းရဲ့
ဆုလာဘ်များသည် စျေးမပေါလှပါ။ ဝဘ်ဆိုဒ်များမှာ စည်းမျဥ်းစည်းကမ်းတစ်ခု ရှိသည်။ အပျော်စီးသင်္ဘောများကဲ့သို့
အလယ်အလတ် ဆုလာဘ်များကို ချန်နယ်တစ်ခုလုံးတွင် ကြော်ငြာပြီး ဆုလာဘ်အသေးများကိုမူ တိုက်ရိုက်ထုတ်လွှင့်အခန်းထဲတွင်သာ
ကြော်ငြာပေးမည်ဖြစ်သည်။ စံအိမ်ကြီးလိုမျိုး ဆုလာဘ်အကြီးစားများကို ပေးလျှင်တော့ ဝဘ်ဆိုဒ်တစ်ခုလုံးတွင်
ကြော်ငြာပေးသည်။
ချန်ဟွမ်းသည်
တစ်ကြိမ်တည်းတွင် ဇိမ်ခံအိမ်ကြီး ၁၁လုံးကို လက်ဆောင်ပေးခဲ့ပြီး ထုတ်လွှင့်မှုအစီအစဥ်အားလုံး၏
လက်ဆောင်ပေးမှုစာရင်းကို သိမ်းပိုက်လုနီးပါးဖြစ်သွားခဲ့ပြီး သူသည် ယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို
တစ်နေ့တာ၏ လူအကြိုက်အများဆုံးစာရင်းရဲ့ ထိပ်ဆုံးအထိ တွန်းပို့ပေးနိုင်ခဲ့သည်။
မလွှဲမရှောင်သာအားဖြင့်
ဒီအကြောင်းကို စပ်စုလိုသည့် ပရိတ်သတ်အသစ်များစွာ၏ စိတ်အာရုံကို ဆွဲဆောင်မိခဲ့သည်။
[ပြည်တွင်း
အာဏာရှင်ကိုကြည့်ဖို့ ဒီနေရာကို ရောက်လာပါတယ်။]
[ပြည်တွင်း
အာဏာရှင်ကိုကြည့်ဖို့ ဒီနေရာကို ရောက်လာပါတယ်။ +1]
[ကျွတ်
ကျွတ် ကျွတ် ဇိမ်ခံအိမ်ကြီး ၁၁လုံးပါလား။ သူဌေးကြီးက သူ့အိမ်မှာ စိန်တွင်းတစ်တွင်းလုံး
ပိုင်ဆိုင်ထားတာ ဖြစ်ကောင်းဖြစ်နိုင်သည်။]
[ငါ့ကို
ကြည့်ပါ၊ သူဌေးကြီး။ ငါက ဂိမ်းကစားသည့်ကဏ္ဍတွင် တင်ဆက်သူအသစ်လေးတစ်ယောက်ပါ၊ ငါ ချစ်စရာကောင်းတဲ့
အမူအရာလေးတွေနဲ့လည်း ကစားနိုင်ပါတယ်။ ဒီနေရာကို ရောက်လာတော့ ရှေးစကားတစ်ခွန်းကို ဆိုချင်ပါတယ်။
မင်းနဲ့ငါ အရင်က မတွေ့ဖူးပေမယ့် ငါတို့အားလုံး ပိုက်ဆံသုံးဖို့ မင်းကို ကျေးဇူးတင်ပါတယ်။
မင်း ငါ့ကို ပိုက်ဆံတွေ ပေးနေသရွေ့ ငါ ဘာမဆို လုပ်ပေးနိုင်ပါတယ်။]