အပိုင်း ၄၈
Viewers 1k

အခန်း(၄၈) - ငါက လက်ထပ်ပြီးသား လူတစ်ယောက်ပါ

 

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် အရူးအမူးနဲ့ ပရမ်းပတာများ ဖြစ်နေကြသည်။ လွန်ခဲ့သည့် နှစ်ရက်ကတည်းက သူမနောက်သို့ လိုက်ပါခဲ့ကြသော ယန်ယန်၏ ပရိတ်သတ်အကြီးစားအချို့သည် တောင်တန်းပေါ်ကပိုးစာပင်ရဲ့ သွင်ပြင်ကို တွေ့လိုက်ရသောအခါဝယ် စိတ်လှုပ်ရှားလာကြသည်။

 

[ဟားဟား ဟားဟား နံပါတ်တစ် ဒယ်ဒီက မပျော်ရွှင်တာကြောင့် သေနတ်ကြီးတွေ ဆွဲထုတ်ကုန်ပြီ။]

 

[ဒီနေ့ အခုလို သက်ဝင်လှုပ်ရှားနေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို မြင်တွေ့ရတဲ့အတွက် မကြာခင် အချိန်မှာပဲ နံပါတ်တစ် ဒယ်ဒီကို ဆွဲ‌ဆောင်နိုင်တော့မယ်ဆိုတာ ငါသိနေတယ်။ နံပါတ်ဝမ်းဒယ်ဒီက ငါတို့တင်ဆက်သူရဲ့ အချစ်စစ်တစ်ဦးပါပဲ။]

 

[နံပါတ်တစ် ဒယ်ဒီ - မင်းနဲ့ တခြားလူတွေအားလုံး ငါ့နန်းတော် မပြိုပျက်သရွေ့ ကိုယ်လုပ်တော်တွေချည်းပဲ။ လူတိုင်း နောက်ဆုတ်ကြ။]

 

ဟောက်ချန်ဟွမ်းသည် သူ၏ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုကို လာရောက်ကြည့်ရှုစဥ်တွင် တောက်ပသောစိန် ၅၂၀ကို လက်ဆောင်ပေးခဲ့ပုံနှင့် ပတ်သက်၍ လူအများက ရှင်းရှင်းလင်းလင်း အမှတ်ရနေသေးသည်။ သူ့ရဲ့သွင်ပြင်က ဒီတစ်ကြိမ်တွင် ကလူကျီစယ်သည့် လှိုင်းလုံးများကို ဖြစ်ပေါ်လာစေဖို့ သေချာနေသည်။

 

ယန်ယန်သည် ဒီဆုလာဘ်များကို မြင်လိုက်ရသောအခါတွင် စိတ်အနှောင့်အယှက် ဖြစ်မိသလို သဘောလည်း ကျစေသည်။ သူမရဲ့ ဝင်ငွေကို ပလက်ဖောင်းနှင့် ခြောက်ဆယ်-လေးဆယ် ရာခိုင်နှုန်း ခွဲဝေရရှိပြီး သူမက လေးဆယ်ရာခိုင်နှုန်းသာ ရရှိသည်။ ဒီဖြုန်းတီးတဲ့လူကြီးကတော့...

 

သို့သော်လည်း မိန်းကလေးများအတွက်မူ ငွေမည်မျှ ဖြုန်းတီးခဲ့သည်ကို ညည်းတွားပြောဆိုကြသော်လည်း အမှန်တရားအမှာ ထိုရွှေဗုံးများကို တွန်းလှန်ရန် ခံနိုင်ရည်မရှိကြပေ။

 

ဗီဒီယိုဘောင်အပြင်ဖက်တွင် ရှိနေသော ယန်ယန်၏ နှုတ်ခမ်းပါးများသည် အပြုံးခပ်ကြီးကြီးအသွင် တွန့်ကွေးနေပြီး သူမနှုတ်ထွက်စကားများက မမှန်ကန်ကြောင်းကို သက်သေပြနေခဲ့သည်။

 

“အားလုံးပဲ ဆုလက်‌ဆောင်တွေ ပေးတာကို ရပ်လိုက်ကြပါ။ ကျွန်မရဲ့ ချစ်သူကောင်လေးဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားဆိုတာကို ဆွေးနွေးနေကြတာလည်း ရပ်ပေးကြပါ။ ကျွန်မက လက်ထပ်ပြီးသားပါ။ ဒီလိုသာ ဆက်ပြောနေမယ်ဆိုရင် ကျွန်မခင်ပွန်း မနာလိုဖြစ်သွားလိမ့်မယ်။”

 

ယန်ယန်၏ စကားလုံးများရဲ့ အစွမ်းသည် အဏုမြူစွမ်းအင်ဗုံးနှင့် နှိုင်းယှဥ်နိုင်သည်။  တုန်လှုပ်သွားကြသော ပရိတ်သတ်များသည် မှတ်ချက်ပေးသည့်အပိုင်းတွင် ချက်ချင်း ပို၍ပင် ဆူညံပွက်လောရိုက်သွားခဲ့ကြသည်။

 

[ဒီတင်ဆက်သူက လက်ထပ်ပြီးသားလား။ သူမအသံကိုကြားရတာ ငယ်သေးတဲ့ပုံပါပဲ။ ဒါဆိုရင် သူမက သိပ်မကြာခင်ကမှ လက်ထပ်ပြီးတာလား။]

 

[အတိအကျပြောရရင် တင်ဆက်သူရဲ့လက်မှ စိန်လက်စွပ် ဒါမှမဟုတ် တစ်ခြားခြားအရာတစ်ခုခုမှ မရှိဘူး။ သူမက ငါတို့ကို လိမ်ပြောနေတာလား။]

 

[ဟေး အပေါ်ကလူရေ နင် ရူးနေတာလား။ တင်ဆက်သူက ငါတို့ကို ဘာလို့ ဒီအကြောင်းကို လိမ်ပြောရမှာလဲ။ ကြည့်ရှုသူအများအပြားက တစ်ကိုယ်ရေ ပရိတ်သတ်များဖြစ်ကြပြီး အိမ်ထောင်ရှိတယ်ဆိုတာက ပရိတ်သတ်များကို အလွယ်တကူ ဆုံးရှုံးသွားစေနိုင်တဲ့ အကြောင်းအရင်းတစ်ခုဖြစ်ကြောင်းကို နင် မသိဘူးလား။]

 

[ဖူး... တစ်ကိုယ်ရေ ပရိတ်သတ်တွေလား။ ငါတို့က သူတို့ရဲ့ပရိတ်သတ်ဖြစ်ဖို့ တင်ဆက်သူတစ်ဦးမှာ အိမ်ထောင် ရှိ မရှိ ထည့်စဥ်းစားစရာ လိုအပ်လို့လား။ နိုးထကြတော့။ ငါတို့က သူ့မျက်နှာကို ဘယ်တော့မှ မပြတတ်တဲ့ တင်ဆက်သူနဲ့ သူမရဲ့ အချက်အပြုတ်စွမ်းရည်ကြောင့် ပရိတ်သတ်တွေ ဖြစ်လာကြတာပါ။]

 

[ငါ... ငါက သူမရဲ့လက်တွေကြောင့် ပရိတ်သတ်တစ်ဦး ဖြစ်လာတာပါ။]

 

[အသံကိုရူးသွပ်သူတစ်ဦးမှ ဖော်ပြချက်: ငါက သူမအသံကြောင့် ပရိတ်သတ်တစ်ဦး ဖြစ်လာတာပါ။]

 

[ရိုးသားတဲ့သူတွေက မလျှို့ဝှက်ကြဘူး။ ငါက သူမရဲ့ ဓားကိုင်စွမ်းရည်ကြောင့် ပရိသတ်တစ်ဦး ဖြစ်လာတာပါ။]

 

[သူမမှာ အိမ်ထောင် ရှိ မရှိကို ဘယ်သူက ဂရုစိုက်မှာလဲ။ သူမက ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေသရွေ့ ငါက သူမရဲ့ သစ္စာရှိ ပရိတ်သတ်တစ်ဦးဖြစ်နေမှာပါ။]

 

ပြောသူသည် အခြားမည်သည့်အရာများကိုမျှ မဆိုလိုသော်လည်း နား‌ထောင်သူများသည် ဖုံးကွယ်ထားသော အဓိပ္ပါယ်များကို တွေ့ရှိနေဆဲဖြစ်သည်။

 

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များသည် စုယန်ယန်၏ လက်ထပ်ထားခြင်း ရှိ မရှိကို ဆွေးနွေးရန် အလုပ်များနေချိန်တွင် ဟောက်ချန်ဟွမ်းရဲ့ အာရုံသည် ပရိတ်သတ်တစ်ဦးမှ ပြောဆိုထားသည့် စိန်လက်စွပ် ဝတ်ဆင်ထားခြင်းမရှိဟူသော ကိစ္စအပေါ် အာရုံစိုက်နေခဲ့သည်။

 

သူ တကယ်ပဲ သတိမထားမိခဲ့ဘူး။ ဒီလောက် အရေးကြီးသောအရာတစ်ခုကို သူ ဘယ်လိုလုပ်ပြီး မေ့လျော့နေရတာလဲ။

 

“ဒီရက်ပိုင်း ဟာမီးစ်ကနေ ရနိုင်မလား။”

 

ယန်ပိုင်သည် ချက်ချင်း နားလည်သဘောပေါက်ပြီး ပြန်ဖြေသည်။ “မစ်စတာ ဟာမီးစ်က သခင်လေးနဲ့ မစ်စုတို့ နောက်လထဲမှာ လက်ထပ်မယ်လို့ကြားတော့ သူ့အချိန်ဇယားအားလုံးကို ရှင်းလင်းထားပါတယ်။ သခင်လေး”

 

ချန်ဟွမ်း မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ ဒါက အခြားမည်သူမဆို စဥ်းစားနိုင်သော အရာဖြစ်သည်။  သို့သော်လည်း တိုက်ရိုက်သက်ဆိုင်သူတစ်ဦးအနေဖြင့် သူ အကျိုးသင့် အကြောင်းသင့် ရှင်းမပြနိုင်လောက်အောင် စိတ်ဒုက္ခရောက်ပြီး ကြေကွဲမိသည်...

 

“စေ့စပ်လက်စွပ်ကို လဝက်အတွင်း ပြီးအောင် လုပ်ခိုင်းလိုက်ပါ။”

 

ကျိုးယန်ပိုင်ရဲ့ မျက်လုံးတွေက တလက်လက် တောက်ပသွားကာ ခေါင်းညိတ်ပြီး စကားဆိုသည်။ “ကောင်းပြီ။ ကျွန်‌တော် သူနဲ့ အမြန်ဆုံးဆက်သွယ်လိုက်ပါ့မယ်။”

 

“ဒ့ါအပြင် လက်ထပ်ဖို့ အဆိုပြုချက်အတွက် အစီအစဥ်တစ်ခု ရေးဆွဲပေးပါ။”

 

ကျိုးယန်ပိုင် ကြက်သေ သေသွားသည်။ “သခင်လေး ဆိုလိုတာက...”

 

“ငါ ယန်ယန်အဖေကို ကတိတစ်ခုပေးထားတယ်။ သူမကို တခြားသူတွေလို လက်လွတ်စပယ် လက်ထပ်တာမျိုး မလုပ်ချင်ဘူး။”

 

သဘာဝကျစွာ ဤတွင် လက်ထပ်ရန် အဆိုပြုချက်တစ်ခု ပါဝင်ပေသည်။

 

ကျိုးယန်ပိုင်သည် ချက်ချင်း နားလည်သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် နားလည်ပါပြီ”

 

ဟောက်ချန်ဟွမ်းသည် သွမ်းသွမ်းရဲ့ အမွှေးထူလည်ပင်လေးကို ပွတ်သပ်လိုက်သည်။ သူ့စိတ်ထဲက စိတ်လှုပ်ရှားမှုကို ဖြေဖျောက်ရန် သူ့လက်ချောင်းတွေက အမွှေးထူလေးများကို ပွတ်သပ်နေခြင်းက မရပ်တော့ပေ။

 

အကြောင်းပြချက်မရှိပဲ အမွှေးထူများကို ပွတ်သပ်ခံနေရတဲ့ သွမ်းသွမ်းကတော့ သူလေးရဲ့ မျက်နှာပေါ်တွင် မျက်နှာသေဖြစ်နေသည့် အမူအရာလေး ရှိနေလေသည်။ သူ့ဒယ်ဒီသည် သူ့အမွှေးထူများကို ပွတ်သပ်ရတာကို အရမ်းကြိုက်နှစ်သက်တာကလွဲလို့ ကျန်တဲ့နေရာများတွင် တော်သည်။ သူ့အမွှေးထူများကို အလွန်အကျွံ ပွတ်သပ်ရင် အမွှေးတွေ အများဆုံးရှိတဲ့ ခွေး‌တောင် ပြောင်ရှင်းသွားလိမ့်မယ်ဆိုတာ သူ မသိဘူးလား။