အပိုင်း ၄၉
Viewers 1k

အခန်း(၄၉) - တစ်စုံတစ်ဦးမှ အသေ‌ရေဖျက်ချင်တာလား

 

သွမ်းသွမ်းသည် စိတ်ထဲတွင် စက်ဆုပ်ရွံရှာနေပေမယ့် ရုန်းကန်ခြင်းတော့ မရှိခဲ့ပေ။

 

ရွေးချယ်စရာ မရှိဘူး။ အဆုံး၌ ဒါက သူ့သခင် မျက်စိကန်းပြီး ထိုသို့သော ဒယ်ဒီတစ်ဦးကို ရှာတွေ့ခဲ့သည်။ သူလုပ်ချင်တာကို လုပ်ခွင့်ပေးတာကလွဲလို့ တခြား ဘာလုပ်နိုင်မလဲ။

 

သူ့ခွေးရဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်လို့ တွေးနေခြင်းကို ခံနေရသော ဟောက်ချန်းဟွမ်းသည် စုယန်ယန်အား မည်သို့မည်ပုံ လက်ထပ်ခွင့်တောင်းခံရမလဲဆိုတာကို စိတ်လှုပ်ရှားစွာ စိတ်ကူးယဥ်ကြည့်နေခဲ့သည်။ သို့သော်လည်း ရုတ်တရတ် ထွက်ပေါ်လာသော မှတ်ချက်တစ်ခုက သူ့မျက်နှာက မည်းမှောင်သွားစေသည်။

 

[နင်က လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက်ဖြစ်နေတာတောင် နင် နင့်ဆံပင်ကိုခါပြီး ပလက်ဖောင်းပေါ်တွင် ဟန်ထုတ်နေတုန်းပဲ။ နင့်ယောကျာ်းက နင် ဘယ်လိုတောင် ပျံတံတံ နန့်တန့်တန့်လုပ်နေလဲဆိုတာကို သိရဲ့လား။ မိန်းမပျက်မ...]

 

[ရယ်စရာဟာသပဲ။ ဖျော်ဖြေရေးနယ်ပယ်က မိန်းမလှလေးတွေ တစ်ညလုံး တိုက်ရိုက်ထုတ်လွှင့်ရင်တောင် သူမရဲ့သူဌေးကြီးက သူမကို ပေးသလောက် ဝင်ငွေကို မရဘူး။ ဒီလူက သူမနဲ့ ဘာမှမပတ်သက်ဘူးလို့ပြောရင် ဘယ်သူ ယုံမှာလဲ။ အင်တာနက်ပေါ်မှာ ပိုက်ဆံအတွက် နင့်ကိုယ်နင် ရောင်းစားနေတာကို နင့်ယောကျာ်းသိရဲ့လားလို့ တင်ဆက်သူကို ငါ မေးလို့ရမလား။]

 

[တိုက်ရိုက်ထုတ်လွှင့်မှု သုံးရက်သာ လုပ်ရသေးတဲ့ တင်ဆက်သူအသစ်တစ်ဦးအနေဖြင့် နင်က ဘယ်နေရာကနေ ပေါ်လာပြီး အဆင့်ဇယားထိပ်ကို တက်သွားတာလဲ။ ဒါက လူ့သဘောသဘာဝကို ဖောက်ပြန်ခြင်း ဒါမှမဟုတ် အကျင့်စာရိတ္တပျက်ယွင်းခြင်းကို ပြသတာလား။]

 

[တိုက်ရိုက်ထုတ်လွှင့်မှုနယ်ပယ်တွင် အချိန်တော်‌တော်ကြာ ရှိဖူးသူတိုင်း တစ်စုံတစ်ဦးမှ သူတို့ကို ယွမ်သန်းပေါင်းများစွာ တန်ကြေးရှိသော ဆုလာဘ်များကိုပေးရန် ဆန္ဒရှိတာက လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုရှိတယ်ဆိုတာကို သိကြမယ်လို့ ယူဆပါတယ်။ တခြားသော တင်ဆက်သူတွေတောင်မှ သူတို့ရဲ့ သကြားဖေဖေတွေကို လက်ဆောင်တွေပို့ပေးဖို့ ရဲရဲတင်းတင်း ပြောဝံ့မှာ မဟုတ်ဘူး။ အဲ့တစ်ယောက်က စဥ်းစားဥာဏ်မရှိတာလား ဒါမှမဟုတ် တကယ်ပဲ ရူးနေတာလားဆိုတာကိုတော့ ငါ မသိဘူး။ သူမက သူမမျက်နှာကိုတောင် မပြသရဲပေမယ့် သံသယဖြစ်ဖွယ်ရှိတဲ့ အပြုအမူအားလုံးကိုတော့ လုပ်ရဲတယ်။ သူမရဲ့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားက အနှေးနဲ့ အမြန်ဆိုသလို ထုတ်‌ဖော်ခံရလိမ့်မယ်။]

 

ကီးဘုတ် ဖိုက်တာ အများအပြားသည် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်လာခဲ့ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပုံစံဖြင့် ပြောဆိုလာကြသည်။ အရင်ဆုံး သူတို့က စုယန်ယန်နဲ့ သူမရဲ့ နံပါတ်တစ် ပရိတ်သတ်အကြား ဆက်ဆံရေးကို ရိုင်းစိုင်းတဲ့ မှတ်ချက်တွေကိုသာ ‌ရေးသားခဲ့ကြပေမယ့် မကြာခင်မှာပင် သူတို့က ယန်ယန်ရဲ့ အသွင်အပြင်ကိုပါ တိုက်ခိုက်လာခဲ့ကြသည်။

 

“သူမက အကျည်းတန်သည့်အတွက်ကြောင့် သူမမျက်နှာကို ဘယ်တော့မှ မပြသတာ ဖြစ်လိမ့်မယ်” လို့ ဆက်ပြီး ဝေဖန် တိုက်ခိုက်ကြကာ သူတို့ပြောနေတာ အစစ်အမှန်လို သူတို့မျက်မြင်ကိုယ်တွေ့ သိသလိုဟန်ဖြင့် ဖန်သားပြင်ပေါ်တွင် မှတ်ချက်များ ပလူပျံဝဲနေခဲ့သည်။

 

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော အခြားပရိတ်သတ်များသည် အဆိုပါ မှတ်ချက်များကို မြင်တွေ့လိုက်ရသောအခါတွင် မျက်မှောင်ကြုတ်ရုံမှလွဲ တခြားဘာကိုမှ မကူညီနိုင်ခဲ့ပါ။ တချို့သည်းမခံနိုင်တဲ့လူတွေက သူတို့နဲ့ စတင်ငြင်းခုံလာကြသည်။

 

သို့သော်လည်း ဒီလူအုပ်စုသည် လူများစွာကို အသေရေဖျက်ရာတွင် ဝါရင့်နေပုံရသည်။ သူများတွေ ဘယ်လိုပဲ လက်တုံ့ပြန်စေကာမူ စုယန်ယန်ကို ဆက်လက်စွပ်စွဲပြီး သူမကို သကြားကလေးလေးအဖြစ် တံဆိပ်ကပ်ကာ သူမရဲ့ အသက်မွေးဝမ်းကြောင်းကို ပြောင်းဖို့ ပြောဆိုခဲ့ကြသည်။

 

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲ ပရမ်းပတာ ဖြစ်နေစဥ်တွင် ယန်ယန်သည် သူမက နှင်းဆီပွင့်ဖတ်များကို အံဆွဲထဲမှ ထုတ်ယူကာ အလုပ်များနေပြီး တစ်စုံတစ်ယောက်က သူမကို ဆဲဆိုနေသည်ကိုပင် သတိမထားမိခဲ့ပေ။

 

ဒီမြင်ကွင်းကို မြင်လိုက်ရသည့် ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အနည်းငယ် အေးစက်သွားကာ ချက်ချင်းပင် ဆုလက်ဆောင်များစွာကို စတင်ပေးပို့လိုက်သည်။

 

[ဂုဏ်ယူပါတယ် တင်ဆက်သူ (ယန်ယန်) သင် (တောင်တန်းပေါ်ကပိုးစာပင်) အမည်ရှိ သစ္စာရှိ ပရိတ်သတ်ထံမှ ဇိမ်ခံအိမ်ကြီး ၁၀လုံး လက်‌ဆောင်ရရှိပါသည်။]

 

[ဂုဏ်ယူပါတယ် တင်ဆက်သူ (ယန်ယန်) သင် (တောင်တန်းပေါ်ကပိုးစာပင်) အမည်ရှိ သစ္စာရှိ ပရိတ်သတ်ထံမှ ဇိမ်ခံအိမ်ကြီး အလုံး ၂၀ကို လက်‌ဆောင်ရရှိပါသည်။]

 

[…]

 

ပြဿနာရှာနေသော ကီးဘုတ်ဖိုက်တာများက စုယန်ယန်ကို ဆဲဆိုကြိမ်းမောင်းလေလေ သူက ဆုလက်‌ဆောင်များ များများပေးပို့လေလေ ဖြစ်သည်။ အထူးပြုလုပ်များမျိုးစုံသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် အဆုံးမရှိ ထွက်ပေါ်လာပြီး ဆဲဆိုသော စကားများကို ပိတ်ဆို့ကာကွယ်သွားသည်။

 

ဤနည်းဖြင့် ပြန်လည်တိုက်ခိုက်မည်ဟု ဘယ်သူကမှ တွေးထားဖူးခြင်း မရှိကြပေ။ ... ပြဿနာလာရှာကြသော ကီးဘုတ်ဖိုက်တာများပင် ကြက်သေ သေသွားကြသည်။

 

သာမာန်အားဖြင့် တစ်ယောက်ယောက်က သံသယဝင်တာ ခံရတဲ့အခါမျိုးမှာ သူတို့က သူတို့ အပြစ်ကင်းစင်ကြောင်း သက်သေပြကြပြီး ပိုဆိုးတဲ့ ကိစ္စတွေဖြစ်လာတဲ့အခါကျရင် သူတို့က ရိုးရိုးရှင်းရှင်း ထွက်သွားလို့ ရတယ်လေ၊ ဟုတ်တယ် မဟုတ်လား။

 

ဒီလူက ဘာ့ကြောင့် လက်ဆောင်တွေ ပိုပြီး ပေးနေရတာလဲ။ စည်းမျဥ်းစည်းကမ်းအတိုင်း ဘာလို့ မကစားရတာလဲ။

 

ဒီထက်ပိုဆိုးတာက ဟောက်ချန်ဟွမ်းသည် လက်‌ဆောင်များကို အကြိမ်ပေါင်းများစွာ ပေးပို့ပြီးနောက် ဆဲဆိုသည့် မှတ်ချက်များ ရပ်တန့်သွားတာကို သူ သတိပြုမိလိုက်သည်။ စုယန်ယန် ဒီနေရာတွင် ဘာဖြစ်နေလဲ ဆိုတာကို အခုထိ သတိပြုမိခြင်း မရှိသေးပေ။ သူက တုံ့ပြန်မေးလိုက်သည်။

 

[ဘာလို့ ရပ်သွားတာလဲ။ ဆက်ပြောလေ။]

 

သူ ဘာကိုဆိုလိုချင်တာလဲ: မင်းတို့ သူမကို ဘာလို့ အသေရေဖျက်တာကို ရပ်လိုက်ကြတာလဲ။ ဆက်ပြောလေ။ မင်းတို့ပါးစပ်က အသေရေဖျက်တဲ့ စကားတစ်ခွန်းထွက်တိုင်း ငါက လက်ဆောင်တစ်ခု ပေးပို့လိုက်မယ်။ အသေရေဖျက်တဲ့သူတွေရဲ့ ပါးစပ်က ငါ့ပိုက်ဆံတွေကို ကျဲချတာထက် ပိုမြန်လားဆိုတာကို ကြည့်ရအောင်။