အပိုင်း ၅၀
Viewers 919

အခန်း(၅၀) - နှင်းဆီယိမူချောင်လက်ဖက်ရည်

 

ဒါက ရိုးရိုးရှင်းရှင်း စိတ်ဆွပေးလိုက်တာပဲ။

 

သို့သော်လည်း သူဌေးကြီးရဲ့ ပျက်ရယ်ပြုခြင်းကို ခံလိုက်ရသည့် ကီးဘုတ်ဖိုက်တာများသည် သူတို့ဦးရေပြားများ ထုံကျင်တယ်လို့ မခံစားရပဲ မနေနိုင်ခဲ့ပါ။

 

ဒီတိုက်ရိုက်ထုတ်လွှင့်မှုကိုလာပြီး တင်ဆက်သူကို နာမည်ဖျက်ရသည့် အကြောင်းအရင်းမှာ တင်ဆက်သူနဲ့ ကြည့်ရှုသူအကြား ဆက်ဆံရေးကို ပျက်စီးစေချင်သလို ဖြတ်သွားဖြတ်လာတွေကို အထင်အမြင်လွဲမှားသွားစေလိုခြင်းကြောင့်လည်း ဖြစ်သည်။

 

ဆိုရိုးစကားအတိုင်းပဲ ကောလဟလစကားတွေကို ထပ်ခါတလဲလဲ ပြောဆိုကြသည့်အခါမှာ အမှန်တရားဟု ထင်မြင်လာကြသည်။  သူတို့သည် လုံလောက်သော အပျက်သဘောဆောင်သည့် မှတ်ချက်များကို ပေးပို့သောအခါတွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ဒီအတိုင်း ဝင်ရောက်လာကြသည့် ကြည့်ရှုသူများသည် တင်ဆက်သူအပေါ် ပထမဦးစွာ အပျက်သဘောဆောင်သည့် အမြင်များ ရှိသွားကြလိမ့်မည်။

 

အခြားသော တင်ဆက်သူများ၏ ပရိတ်သတ်များသည် သူတို့ အကြိုက်ဆုံး တင်ဆက်သူ၏ ကျော်ကြားမှုကို အခြားတစ်ယောက်မှ ဖယ်ထုတ်လိုက်သည်ဟု ခံစားမိပြီး ထိုတစ်ယောက်၏ ဆန့်ကျင်ဖက်ပြုသည့် ပရိတ်သတ်များ ဖြစ်လာကြပြီး သူတို့၏ဒေါသများကို ဖွင့်ထုတ်လာကြသည်။

 

သူတို့သည် ဒီနည်းလမ်းကို အသုံးပြု၍ မရေမတွက်နိုင်သော တင်ဆက်သူအသစ်များကို ဖြုတ်ချခဲ့ကာ ဒီအသေးစား တိုက်ရိုက်ထုတ်လွှင့်မှုတွင် မှားယွင်းသွားလိမ့်မည်ဟု ဘယ်သူက ထင်မှာလဲ။

 

ဒီလူက အသရေဖျက်ခြင်းကို မခံရရုံသာမက သူတို့ကို ဖြတ်ရိုက်ရန် လက်ဆောင်များစွာကိုပင် ပေးပို့ခဲ့ကာ အဆင့်ဇယားတွင် ထိပ်ဆုံးသို့ပင် ရောက်ရှိသွားခဲ့ကြသည်။ အခြားတင်ဆက်သူများကို ကျော်လွန်ပြီး အဆင့်ဇယားထိပ်ဆုံးသို့ ရောက်ရှိသွားသောကြောင့် ယခုအခါတွင် ထိုနေရာက သူတို့အတွက် သီးသန့်ဖြစ်သွားသည်။

 

သို့သော် ဒီလိုဖြစ်ရခြင်းမှာ သူတို့ရဲ့ အဓိပ္ပါယ်မရှိသော ကျိန်ဆဲသည့်စကားများကြောင့် ဖြစ်ပြီး သူတို့ ဘယ်လောက်ပင် ဒေါသထွက်စေကာမူ တရားမျှတကို ရှာဖွေမည်လို့ မဆိုရဲကြတော့ပေ။

 

ဟောက်ချန်ဟွမ်းက သူ့ပိုက်ဆံတွေကို ပက်ပက်စက်စက် ကျဲချတာကို မြင်ဖူးသူတိုင်း သူပြောခဲ့တဲ့ စကားရဲ့ စစ်မှန်မှုကို သံသယမရှိကြဘူး။

 

သူတို့ရဲ့အလုပ်ရှင် လိုချင်တာ သူတို့ကို နှိပ်ကွပ်စေချင်တာ ဆိုပေမယ့် တစ်ဖက်ကို ဖိနှိပ်ဖို့ အလွန်အမင်း အားစိုက်ထုတ်ပြီး နည်းနည်းလေးမှ ထိခိုက်မှု မရှိခဲ့တဲ့အပြင် အကျိုးအမြတ် ပိုရခဲ့တယ်။ ဘယ်သူက ဒီလိုဖြစ်အောင် လုပ်ခဲ့တာလဲ။

 

ဤနည်းအားဖြင့် ကီးဘုတ်ဖိုက်တာများ၏ ဆဲဆိုမှုများသည် ဟောက်ချန်ဟွမ်းရဲ့ စကားကြောင့် လမ်းတစ်ဝက်တွင် ထိတ်လန့်သွားကြသည်။

 

တိုက်ဆိုင်စွာပင် စုယန်ယန်သည် အန်တီလီထံမှ နှင်းဆီဖူးတစ်စည်းကို ရရှိခဲ့ပြီး ပြန်လာခဲ့သည်။ ဖန်သားပြင်ပေါ်တွင် အကြည့်ဖမ်းစားနိုင်သော စာတန်းကို မြင်ပြီး သူမက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ “ဘာကို ဆက်ပြောလို့ပြောတာလဲ။ မင်းတို့တွေ အခု ဘာအကြောင်း ပြောနေတာလဲ။”

 

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ အချိန်နှင့်တစ်ပြေးညီ မှတ်ချက်များသည် ချက်ချင်းပင် တသွင်သွင် စီးဆင်းနေသည့် မြစ်တစ်စင်းလို အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။

 

သို့သော် ဒီတစ်ကြိမ်တွင် လူတိုင်း၏ အာရုံသည် ဟောက်ချန်ဟွမ်းထံသို့ ဦးတည်သွားခဲ့သည်။ တစ်ချို့က ချစ်စရာကောင်းသလို ပြုမူပြီး တစ်ချို့ကတော့ သူ့အတောင်ပံအောက်တွင် မှီခိုချင်ကြသည်။ မြှောက်ပင့်ချီးကျူးနေသော မှတ်ချက်များစွာက သူမလို တကယ့်တင်ဆက်သူကို အရိပ်အောက်သို့ တွန်းချသွားခြင်း ခံလိုက်ရသည်။

 

ယန်ယန် “???” ဘာဖြစ်သွားတာလဲ။ သူမ ခဏလေးပဲ ထွက်သွားရသေးတာလေ။ ဘာကြောင့်များ သူမက လူတိုင်းရဲ့ အာရုံစူးစိုက်မှုကို ဆုံးရှုံးသွားရတာလဲ။

 

ဝမ်းနည်းဖို့ကောင်းတာက ဆုလက်ဆောင်များပေးရာမှ ရရှိသော အထူးပြုလုပ်ချက်များသည် အချိန်အတော်ကြာပြီးနောက် ပျောက်ကွယ်သွားခဲ့ပြီး ယန်ယန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကြည့်ရှုသူဦးရေဟာ လျင်မြန်စွာ မြင့်တက်လာခဲ့သည်ကို မြင်တွေ့ခဲ့သည်။ တစ်စုံတစ်ဦးသည် ဆုလာဘ်ရရှိမှုအဆင့်ဇယား၏ ထိပ်ဆုံးစာရင်းထဲသို့ လျင်မြန်စွာ တက်ရောက်သွားခဲ့သည်ကို မမြင်ခဲ့ရပဲ ဒီဖြုန်းတီးသောအမျိုးသားက မည်မျှ သုံးဖြုန်းခဲ့သည်ကို သက်သေပြရန် အကောင်းဆုံး အခွင့်အရေးကိုလည်း လက်လွတ်ခဲ့ရသည်။

 

“ကျွန်မ တကယ်စိတ်မကောင်းပါဘူး။ အခု လတ်တလော လက်ဖက်ရည် ပြုလုပ်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တာကြောင့် ပါဝင်ပစ္စည်းတွေကိုရှာဖို့ အချိန်အနည်းငယ် ယူခဲ့ရတယ်။ ဟုတ်ပြီ၊ အခု ချက်ပြုတ်တာကို ပြန်လုပ်ကြရအောင်။ နောက်တစ်ခု ပြုလုပ်မှာက နှင်းဆီယိမူချောင်လက်ဖက်ရည်ပဲ ဖြစ်ပါတယ်။ သူ့ကို ပြုလုပ်ဖို့ ရိုးရိုးရှင်းရှင်း ပါဝင်ပစ္စည်းနှစ်မျိုးသာ လိုအပ်တဲ့ နှင်းဆီပွင့်ဖတ်နဲ့ ယိမူချောင်လက်ဖက်ရည်ကို ပြုလုပ်ကြရအောင်။ အချိုအရသာကို ကြိုက်တဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုတော့  ပျားရည်အနည်းငယ် ထည့်သောက်ဖို့ အကြံပေးချင်ပါတယ်။”

 

[နှင်းဆီပွင့်ဖတ်လား။ ပန်းတွေကို ချက်ပြုတ် စားသုံးနိုင်တာလား။]

 

“ဒါပေါ့။ နှင်းဆီပွင့်ဖတ်တွေကို လက်ဖက်ရည်ကြမ်း ပြင်ဆင်ရာတွင် အသုံးပြုနိုင်သည့်အပြင် သူတို့ကို ဘီစကစ်ဖုတ်ရာတွင်လည်း အသုံးပြုနိုင်ပါတယ်။ ပန်းရနံ့ပါဝင်တဲ့ ကွက်ကီးတွေက ခံတွင်းတွေ့ချင်စရာကောင်းလောက်အောင် အရသာရှိစေတဲ့အပြင် သူ့ရနံ့က ဘယ်သူမဆို ငိုကြွေးရလောက်အောင် အရသာရှိတာမို့ သူတို့ကိုစားတဲ့အခါကျရင် ဘယ်လိုကုန်လို့ ကုန်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။ ကျွန်မတို့ နောက်တစ်ခါ အခွင့်ကြုံတဲ့အခါကျရင် သူတို့ကို ဘယ်လိုပြုလုပ်လို့ရလဲဆိုတာကို ကျွန်မ ရှင်တို့ကို ပြုလုပ်ပြပါ့မယ်။ အခုကတော့ ကျွန်မတို့ ရိုးရှင်းတဲ့ လက်ဖက်ရည်ကြမ်း ပြင်ဆင်ကြရအောင်။”

 

စုယန်ယန်က ဤသို့ပြောရင်း သူမသည် ပါဝင်ပစ္စည်းနှစ်မျိုးကို ဆေးကြောပြီး အမှိုက်သရိုက်များ ဖယ်ရှားလိုက်သည်။ ထို့နောက် သူမသည် သူတို့ကို အိုးတစ်လုံးထဲသို့ ထည့်ကာ မီးပြင်းပြင်းဖြင့် အပူပေးပြီး သူတို့ကို ဆူပွက်အောင် တည်ထားလိုက်သည်။

 

“မနေ့က ကျွန်မရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူတွေ သိထားသင့်တာက ယိမူချောင်က သွေးလည်ပတ်မှုကို မြှင့်တင်ပေးပြီး ဓမ္မတာလာချိန်ကို ထိန်းညှိ‌ပေးနိုင်တယ်ဆိုတာကိုပဲ။ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှုများအပေါ် အချို့သော အကျိုးသက်ရောက်မှုလည်း ရှိပါတယ်။ ဒါပေမယ့် သူက ခါးသောအရသာ ရှိသည့်အတွက်ကြောင့် ကျိုချက်ပြီးနောက် အရသာက မကောင်းပါဘူး။ ထို့အတွက်ကြောင့် အခြားပါဝင်ပစ္စည်းများ ဖြည့်စွက်ပေးရန် လိုအပ်ပါတယ်။”

 

“နှင်းဆီပန်းတွေက ယိမူချောင်ရဲ့ အရသာကို ပြုပြင်ပေးနိုင်တဲ့ ထူးခြားတဲ့ရနံ့ကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် နှင်းဆီပန်းကိုယ်တိုင်က ဆေးဖက်ဝင်တဲ့ ဂုဏ်သတ္တိကို ပိုင်ဆိုင်ထားပါတယ်။ ချီနဲ့ သွေးကို အားဖြည့်ပေးရုံသာမက အသားအရေကိုလည်း လှပစေနိုင်ပါတယ်။ မိန်းကလေးတွေအတွက် အထူးသင့်လျော်ပါတယ်။”