အပိုင်း ၆၄
Viewers 943

အခန်း(၆၄) - ရှင့်အကြိုက်ဆုံး အရသာ

 

တစ်ကြိမ် သေဆုံးသွားပြီး ပြန်လည်မွေးဖွားလာသော ဝိညာဥ်အနေဖြင့် ဝမ်ကျင့်ဖျင်ရဲ့ မကောင်းတဲ့ သဘောသဘာဝကို သူမထက် ဘယ်သူ ကောင်းကောင်းသိနိုင်မှာတဲ့လဲ။

 

ယခင်က ဒီရသစုံအစီအစဥ်တွင် ပါဝင်ခဲ့ဖူးသော ဝမ်ကျင့်ဖျင်သည် အဆုံးအထိ မရောက်ရှိနိုင်ခဲ့ပေ။ သို့ရာတွင် ယခု အစီအစဥ်ပွဲမစတင်မီ သူမကို ကြားဖြတ်ခဲ့သည်။

 

သူမက ဇာတ်လိုက်မအရှိန်အဝါကို ပိုင်ဆိုင်ထားဆဲ ဖြစ်သောကြောင့် ဇာတ်ကြောင်းက သူ့အလိုလို အဆုံးသတ်သွားလိမ့်မည်။ အကယ်၍ ဇာတ်ကြောင်း မထင်ရှားပါက သူမတွင် လှည့်ကွက်အသစ်များ ရရှိနိုင်လိမ့်မည်။ ရရှိမည့် အမြတ်က ဆုံးရှုံးမှုနှင့် မထိုက်တန်ပါ။

 

ဟောက်ချန်ဟွမ်းသည် သူမပြောစကားကို ကြားလိုက်ရသောအခါတွင် ခဏလောက် တိတ်ဆိတ်သွားသည်။ သူက “မင်း သူတို့ကို စိုးရိမ်နေသေးတာလား” ဟုတုံ့ဆိုင်းစွာ မေးမြန်းခဲ့သည်။

 

“ဒါပေါ့၊ ကျွန်မ စိတ်ရှိသေးတာပေါ့။” စုယန်ယန်ကို ဒီစကားကို စဥ်းစားတောင် မစဥ်းစားနေခဲ့ဘူး။ “ကျွန်မဆီမှာ ‌ဟောက်ရှောက်ဖုန်းနဲ့ သူ့မိသားစုကို မကောင်းတဲ့ ခံစားချက် မရှိပေမယ့် ရွံရှာစက်ဆုပ်ဖွယ် ကောင်းတယ်လို့ ဆိုလို့ရပေမယ့် သူတို့က ကျွန်မမိသားစုကို ဒီလိုအနိုင်ကျင့်လို့ ရတယ်လို့ မဆိုလိုဘူးလေ။”

 

စုယန်ယန်က ဤသို့ဆိုရင်း သူမမျက်နှာပေါ်တွင် ရှားရှားပါးပါး ရန်လိုသည့်အသွင် ပေါ်လာခဲ့သည်။ “ရွှံ့ရုပ်တွေတောင် ဒေါသဖြစ်လိမ့်မယ်။ အကယ်၍ သူတို့တွေသာ ကျွန်မတို့မိသားစုကို ပွင့်ပွင့်လင်းလင်း ပြောထားခဲ့မယ်ဆိုရင် အားလုံး အဆင်ပြေသွားလိမ့်မယ်။ လူတိုင်း ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံပြီး ပျော်ပျော်ရွှင်ရွှင် လမ်းခွဲကြတာပေါ့။ အခုကနေစပြီး သူတို့နဲ့ ကျွန်မတို့ မိသားစုက တစ်ယောက်နဲ့ တစ်ယောက် မသက်ဆိုင်တော့ပဲ ဒီအတိုင်း ဆက်သွားကြမယ်။”

 

“သူတို့က ကျွန်မတို့မိသားစုအပေါ် အပြစ်ပုံချဖို့ စိတ်ကူးရှိခဲ့ပြီး ကျွန်မတို့မိသားစုက ချစ်သူနှစ်ဦးအကြား တမင်တကာ ကြားဝင်စွက်ဖက်ပြီး ဒီလက်ထပ်ထိမ်းမြားဖို့အတွက် ဖိအားပေးခဲ့တယ်လို့ ထင်ရှားပေါ်လွင်စေခဲ့တယ်။ ကျွန်မက နင်းချေလွယ်တဲ့သူ မဟုတ်ဘူး။ ကျွန်မရဲ့စိတ်အရ သူတို့ဖြစ်စေချင်သလို လုပ်ခွင့်ပေးဖို့ မလုပ်နိုင်ဘူး။ အနှေးနဲ့ အမြန်ဆိုသလို သူတို့ ဒီကိစ္စအတွက် ပြန်ပေးဆပ်ရလိမ့်မယ်။ တစ်ဦးတစ်ယောက်မှ လွတ်မြောက်ခွင့် မပေးနိုင်ဘူး။”

 

ဟောက်ချန်ဟွမ်းရဲ့ လက်မောင်းကြားတွင် ထွေးပိုက်ထားခြင်း ခံနေရသော သွမ်းသွမ်းသည် သူ့ပိုင်ရှင်၏ စိတ်ခံစားချက်များကို နားလည်ပုံရပြီး သူမကို ထောက်ခံသည့်အနေဖြင့် စိတ်လှုပ်ရှားစွာ တဝုတ်ဝုတ် ဟောင်နေခဲ့သည်။

 

ဟောက်ရှောက်ဖုန်းအပေါ် စုယန်ယန်က မည်သည့်ခံစားချက်မှ မရှိဘူးလို့ ဟောက်ချန်ဟွမ်းက ကြားလိုက်ရသောအခါတွင် သူက သိသိသာသာ စိုးရိမ်ပူပန်မှုကင်းသွားပြီး “ကိုယ် မင်းကို ကူညီပေးမယ်” လို့ အခိုင်အမာပြောသည်။

 

စုယန်ယန်က ပြုံးသည်။ “ရှင်မှမကူညီရင် ကျွန်မကို ဘယ်သူကူညီရမှာလဲ။ ဒါပေမယ့် အခုတော့ အချိန်မကျသေးဘူး။”

 

“I’m worried…” Huo Chenhuan gazed at Su Yaယန်, who had an undisguised look of dependence and trust in him. Before he could think twice, he had spoken.

“ကိုယ် စိတ်ပူတယ်...” ဟောက်ချန်ဟွမ်းက စုယန်ယန်ကို စိုက်ကြည့်လိုက်သည်။

 

“What are you worried about?”

“ဘာကို စိတ်ပူတာလဲ။”

 

“ကိုယ်စိုးရိမ်တာက သူမ နာမည်ကျော်ကြားလာတာနဲ့ သူမရဲ့ အတိတ်က ကောလဟလတွေကို ပြန်ထုတ်ဖော်ပြီး မင်းနဲ့ မင်းမိသားစုကို ထပ်ပြီး...” ‘မြို့တွင်းမှာ ဟိုးလေးတကျော် ဖြစ်လာခဲ့သည်’

 

ဒါ့ကြောင့် သူက ဒီလို ဆုံးဖြတ်လိုက်တာပဲ။ စုယန်ယန်သည် ရုတ်တရတ် ဟောက်ချန်ဟွမ်းရဲ့ ရည်ရွယ်ချက်ကို နားလည်သွားသည်။ သူ့ရဲ့စဥ်းစားပေးတတ်မှုက သူမနှလုံးသားကို ထိမိစေခဲ့သည်။

 

“အဲ့တာကို ရှင် စိတ်ပူနေစရာ မလိုဘူး။ သူတို့ကသာ ကောင်းကင်ဘုံကို မကြောက်ရင် ကျွန်မလို နစ်နာသူက ဘာကြောက်စရာ လိုမလဲ။ အိုး... မဟုတ်ပါဘူး၊ ကျွန်မက နစ်နာသူအဖြစ် အကြာကြီး ရှိမှာ မဟုတ်တော့ဘူး။ တစ်ယောက်ယောက်က ကျွန်ရှေ့မှာ ကြွားလုံးထုတ်ရဲရင် သူက ကျွန်မနဲ့ လက်မထပ်ချင်ပဲ သူ့အဒေါ်ဖြစ်ခွင့် ပေးလိုက်လို့ ကျွန်မ သူ့ကို ကျေးဇူးတင်မိလိမ့်မယ်။”

 

ဒီစကားကို ပြောသည့်အခါမှာ စုယန်ယန်ရဲ့ မျက်လုံးတွေက တလက်လက် တောက်ပနေပြီး ထိုရလဒ်အတွက် အရမ်းကျေနပ်နေပုံပါပဲ။

 

“ဒါပေမယ့် တစ်လက အရမ်းကြာလွန်းတယ်။”

 

ဟောက်ချန်ဟွမ်းသည် သူ့လက်ချောင်းထိပ်များ အနည်းငယ် တောင့်တင်းသွားသလို ခံစားရသည်။ စုယန်ယန်ကလည်း သူ့လိုပဲ မစောင့်နိုင်တော့ဘူးလား။

 

ဖြစ်နိုင်ရင် သူ့အိမ်ထောင်စုဇယားတွင် သူမနာမည်ကို အမြန်ဆုံးရေးသားပြီး သူ့ကိုယ်ပိုင်အဖြစ် တစ်သက်လုံး ထည့်သွင်းထားရှိဖို့ ဆန္ဒရှိသည်။

 

“ကိုယ်တို့ မနက်ဖြန်တွေ့မယ်”

 

ဟောက်ချန်ဟွမ်းက ဒီလိုပြောလိုက်တာကို ကြားတာနဲ့ သူ့လက်မောင်းထဲမှ ကော်ဂီခွေးငယ်လေးက သူ့တည်ရှိမှုကို အမှတ်ရအောင် စိတ်အားထက်သန်စွာ ရုန်းကန်အီလာခဲ့သည်။

 

ဟောက်ချန်ဟွမ်းသည် သူလေး၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါတွင် သူက ပါးနပ်စွာ ထပ်ပြောခဲ့သည်။ “ကိုယ် ဒါလေးကိုပါ ခေါ်လာခဲ့မယ်။”

 

စုယန်ယန်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ၊ ရှင် စားချင်တာ တစ်ခုခု ရှိလား။ မနက်ဖြန်ကျရင် ကျွန်မ ရှင့်အတွက် ချက်ပေးမယ်။”

 

ဟောက်ချန်ဟွမ်းသည် သူ့နှလုံးသား ပျော့ပျောင်းသွားတာကို ခံစားလိုက်ရသည်။ “မင်းချက်ပြုတ်တဲ့ ဟင်းလျာတိုင်းကို ကိုယ်ကြိုက်တယ်။”

 

စုယန်ယန်က ဆွံ့အသွားသည်။ သူက အရမ်း သတိထားလွန်းနေတာပဲ။

 

“အဲ့ဒီလောက် အတွေးများ မနေပါနဲ့။ ကျွန်မတို့က တစ်သက်လုံး အတူနေသွားကြမယ့် လူတွေလေ။ ရှင့်ရဲ့ အကြိုက်အရသာကို ကျွန်မ မသိရင် တစ်သက်လုံး ဘယ်လိုနေသွားကြမလဲ။ တစ်ဖက်သားရဲ့ အကြိုက်နဲ့ မကြိုက်တာကို မသိပဲနဲ့ ကျွန်မတို့ဘဝကို အတူတူ ဖြတ်သန်းချင်လား။”