စုယန်ယန်သည် သူမ အရင်ဘဝတုန်းက လမ်းပျောက်နေသော ဝိညာဥ်ဘဝဖြင့်
ဟောက်ချန်ဟွမ်း၏ ဘေးတွင် ရှိနေခဲ့သော်လည်း ထိုအချိန်တွင် သူက အမျိုးမျိုးသော အရေးကိစ္စများနှင့်
အလုပ်များနေခဲ့သည်။
သူက အစားအသောက်တွေ မစားမိတာ များတယ်။ သူက စားသောက်ရင်တောင်
အာဟာရ ပြည့်ဝစွာ စီစဥ်ထားသော အာဟာရပျော်ရည်တစ်ခုခုကိုသာ သောက်သည်။ အရသာမကောင်းရင်တောင်
ပြဿနာ မဟုတ်ဘူး။
ဟောက်ချန်ဟွမ်းသည် “တစ်သက်လုံး အတူနေမယ်” ဆိုသော စကားကြောင့်
ကြက်သေ သေသွားပြီး နေရာ၌ပင် လက်နက်ချခဲ့သည်။
“ကိုယ်က အရသာခပ်ပြင်းပြင်း ဟင်းလျာတွေကို ပိုသဘောကျတယ်။ အရသာ
အရမ်းပေါ့တာတွေ မကြိုက်ဘူး။” ထိုစကားပြောပြီးသည့်နောက်တွင် သူက တစ်ခုခုကို တွေးလိုက်မိပုံရပြီး
“မင်း နောက်ဆုံးအကြိမ်တုန်းက ချက်ပြုတ်ပေးခဲ့တာတွေက အရမ်းကောင်းတယ်” လို့ အလျင်အမြန်
ထပ်ဖြည့်ပြောသည်။
စုယန်ယန် ရယ်မောလိုက်သည်။ သူမ နောက်ဆုံးချက်ပြုတ်ပေးခဲ့တဲ့
စွပ်ပြုတ်က သူ့ကို ခံတွင်းမြိန်စေပေမယ့် ဟောက်ချန်ဟွမ်းက အရသာပိုပြင်းတဲ့ ဟင်းလျာတွေကို
နှစ်သက်တယ်ဆိုရင်တော့ ထိုစွပ်ပြုတ်က အရသာပေါ့လွန်းတယ်။
“ဒါဆို မနက်ဖြန်ကျရင် ရှင့် ခံတွင်းနဲ့ လိုက်မယ့် ဟင်းလျာတွေ
ချက်ပြုတ်ခဲ့မယ်။ ကျွန်မ အများကြီး ချက်ပြုတ်ပေးမယ်၊ ဒါ့ကြောင့် ရှင့်အကြိုက်ကို ရှာမတွေ့မှာ
မပူနဲ့။”
“ကောင်းပြီ”
ယခု သူမသည် ဟောက်ချန်ဟွမ်းရဲ့ ခံတွင်းအကြိုက်ကို သိရှိသွားပြီ
ဖြစ်သောကြောင့် စုယန်ယန်သည် သူမစိတ်ထဲတွင် မည်သည့်ဟင်းလျာများ ချက်ပြုတ်ရမလဲဆိုတာကို
အစီအစဥ်ဆွဲနေခဲ့သည်။
သူမသည် ခြောက်သောင်းကျော်မှ ခုနစ်သောင်းခန့်အထိ မြင့်တင်လာသော
နှစ်လိုမှုရမှတ်များကို တစ်ချက်ကြည့်လိုက်သည်။ ထိုရမှတ်များသည် နောက်တစ်ဆင့် အဆင့်မြှင့်တင်ရန်
ရမှတ်တစ်သိန်းလောက် လိုအပ်နေသောကြောင့် သူမသည် မဆိုင်းမတွပဲ (ငရုတ်သီး) အစေ့ကို လှဲလှယ်လိုက်သည်။
အဲ့ဒီ ဆုံးဖြတ်ချက်က မှန်ကန်ပါသည်။ ငရုတ်သီးသည် ဒီကမ္ဘာပေါ်တွင်
မျိုးသုဥ်းပျောက်ကွယ်သွားသော ဆေးဖက်ဝင်အပင်တစ်မျိုးလည်း ဖြစ်သည်။ ဟင်းလျာများ ချက်ပြုတ်ရာတွင်
နွေဦးကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ ပါဝင်ပေမယ့် ငါးဟင်းချက်ပြုတ်ရာတွင် ဂျင်းကိုသာ
အသုံးပြုတာက နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းသည်။
နောက်တစ်နေ့ အစောပိုင်းတွင် စုယန်ယန်သည် အချိန်မှန်ပင် တိုက်ရိုက်ထုတ်လွှင့်မှုကို
စတင်ခဲ့ပြီး သူမရဲ့ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှုအခန်းတွင် စောင့်ဆိုင်းနေသည့် ကြည့်ရှုသူများ
တစ်ထောင်ကျော်ခန့်ပင် ရှိနေပြီ ဖြစ်သည်။
သူမ အွန်လိုင်းပေါ်တက်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် လူအရေအတွက်က
တစ်သောင်းခန့်အထိ ရုတ်တရတ် မြင့်တက်လာခဲ့သည်။
စုယန်ယန်သည် ဒီနေ့ အသုံးပြုမည့် ပါဝင်ပစ္စည်းများကို မိတ်ဆက်တော့မည်
ဖြစ်သော်လည်း သူမအတွက် စျေးကြီးသော ဆုလာဘ်များ ဆက်တိုက်ပေးပို့လာခြင်းကို ကြုံတွေ့လိုက်ရသည်။
[တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သူ (ယန်ယန်ရဲ့မီးဖိုချောင်လေး)ကို
ဂုဏ်ပြုပါတယ်။ သင် (ရွှေသေနတ်က ပြုတ်မကျဘူး) အမည်ရှိ ကြည့်ရှုသူထံမှ ဇိမ်ခံအိမ်ကြီး
၁၀အိမ်ကို လက်ခံရရှိပါသည်။]
[တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သူ (ယန်ယန်ရဲ့မီးဖိုချောင်လေး)ကို
ဂုဏ်ပြုပါတယ်။ သင် (ဒီဖေဖေက အတော်ဆုံးပဲ) အမည်ရှိ ကြည့်ရှုသူထံမှ ရွက်လှေကြီး ၁၀စီး
လက်ခံရရှိပါသည်။]
[တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သူ (ယန်ယန်ရဲ့မီးဖိုချောင်လေး)ကို
ဂုဏ်ပြုပါတယ်။ သင် (စကြာဝဌာတစ်ခုလုံးမှာ အချောဆုံးကောင်လေး) အမည်ရှိ ကြည့်ရှုသူထံမှ
နှင်းဆီပန်း ၁၀၀ လက်ခံရရှိပါသည်။]
[…]
တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှုအခန်းထဲသို့ ဝင်လာသည့် ကြည့်ရှုသူများသည်
အမျိုးမျိုးသော ဆုလာဘ်များကြောင့် ကြက်သေ သေသွားခဲ့သည်။
[ဘာဖြစ်သွားတာလဲ။ တင်ဆက်သူက တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်တာနဲ့
သူဌေးကြီးတွေရဲ့ အာရုံကို ဆွဲဆောင်လိုက်နိုင်တာလား။]
[Ahhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhh.
သူတို့က မနေ့တုန်းက တင်ဆက်သူ ကံစမ်းမဲဖောက်ပေးတုန်းက ကံထူးသူတွေ မဟုတ်လား။]
[အိုး... မိုက်တယ်။ ဒီတော့ သူတို့က အရမ်းထိရောက်တဲ့ အကျိုးရလဒ်တွေ
ရရှိပြီး တင်ဆက်သူကို ကျေးဇူးတင်ဖို့ ပြန်လာခဲ့တာလား။]
[ငါမှတ်မိတာ မှန်တယ်ဆိုရင် မနေ့ညက တင်ဆက်သူ ချက်ပြုတ်ခဲ့တဲ့
ဆေးဖက်ဝင် ဟင်းလျာတွေရဲ့ အကျိုးသက်ရောက်မှုက... ဒါဆိုရင် ဒီလူတွေ ဟီးဟီး...]
အထူးသဖြင့် မနေ့ညက တိုက်ရိုက်ထုတ်လွှင့်မှုကို လူတော်တော်များများက
ကြည့်ရှုပြီးကတည်းက အင်တာနက်ပေါ်တွင် မှတ်မှတ်ရရ ရှိနေခဲ့ကြသည်။ ကံစမ်းမဲ မဖောက်မီက
ဒီလူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပြိုင်ဆိုင်ခဲ့ကြတာကို လူတိုင်း မှတ်မိနေသေးသည်။
ဖန်သားပြင်ပေါ်ရှိ ကြည့်ရှုသူများသည် စုယန်ယန်၏ ဆေးဖက်ဝင်
ဟင်းလျာက အကျိုးသက်ရောက်မှု ရှိမရှိကို ရှင်းပြ အတည်ပြုနိုင်ရန် ထိုလူနှစ်ဦးကို ရည်ညွှန်းမေးမြန်းကြသည်။
သို့သော်လည်း သူတို့နှစ်ဦး ပေါ်လာဖို့ဆိုတာ ပုံမှန်အတိုင်း
မဖြစ်နိုင်ပေ။ သူတို့တွေက ဆုလာဘ်များ ပေးပြီးတဲ့နောက်မှာ သူတို့ မလုပ်ခဲ့သလို တိတ်တဆိတ်
သေချင်ယောင်ဆောင်သွားကြသည်။
အဲ့ဒီအချိန်က သူတို့ရဲ့ ကောင်းမွန်နေတဲ့ စိတ်အခြေအနေကို မထိခိုက်စေပါဘူး။
ယန်ကျင်းယို့ကို နမူနာအဖြစ် ယူပါ။ သူသည် စွပ်ပြုတ်ကို သောက်သုံးပြီး အချိန်အတော်ကြာ
တုံ့ဆိုင်းပြီးနောက် နောက်ဆုံးတွင် သူ့ရဲ့ အသစ်စက်စက် ၉၉ယောက်မြောက် ချစ်သူကောင်မလေးကို
ချိန်းတွေ့ရန် တောင်းဆိုခဲ့သည်။
သူတို့နှစ်ဦးသည် ရင်ခုန်စရာ ဖယောင်းတိုင်မီးလေးထွန်း ညစာစားသောက်ပြီးနောက်
အဓိက အကြောင်းရင်းသို့ ဆက်သွားကာ ယန်ကျင်းယို့သည် မကြာသေးမီကာလက သူ့ကို အနှောင့်အယှက်ပေးနေသည့်
ပြဿနာကို လုံးဝ ဖြေရှင်းလိုက်နိုင်ခဲ့သည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့အာသင့်သွားခဲ့သည်။
ဒါတင်မကသေးပဲ ယန်ကျင်းယို့သည် သူ့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စစ်ဆေးမှုကို ပြုလုပ်ခဲ့သည်။ သူ့ပြဿနာကို သက်သာပျောက်ကင်းသွားစေရုံသာမကပဲ
သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုလည်း သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့တယ်လို့ ကောက်ချက်ချခံခဲ့ရသည်။