အပိုင်း ၂၀၅-၂၀၆
Viewers 20k

Chapter 205


ကျန်းမင်ယွမ်က သူ့စကားကို တည်စွာဖြင့် နောက်နေ့တွင် ရုံးသို့ ရှင်းရှင်းအား ခေါ်သွားလိုက်သည်။ ကားမောင်းသမားသည် သူဌေးဖြစ်သူအကြောင်းကို သိပြီးသားဖြစ်၍ ရှင်းရှင်းကို ရုံးခေါ်လာသည့်အတွက် အံ့ဩမသွားပေ။သို့သော်လည်း ရုံးဝန်ထမ်းများအားလုံးမှာ သူဌေးဖြစ်သူနှင့် အလွန်တူသည့်  ကလေးလေးတစ်ယောက်ကို သူဌေးက လက်ဆွဲလာသည်ကို တွေ့လိုက်လျှင် အံ့ဩသွားရလေသည်။


အတင်းအဖျင်းတို့သည် ကမ္ဘာပေါ်တွင် အလင်းထက်ပင် မြန်သည့်အရှိန်ရှိပေသည်။


 ရုံးချုပ်ရှိ လူတိုင်းနီးပါးသည် သူဌေးတွင် သားတစ်ယောက်ရှိနေကြောင်း နေ့တစ်ဝက်အတွင်း သိလိုက်ရလေသည်။သူတို့က ကျန်းမင်ယွမ် လိုလူမျိုးကို ချဉ်းကပ်နိုင်သည့် အမျိုးသမီးကိုလည်း သိချင်နေကြလေ၏။


ရှင်းရှင်းမှာမူ ဝန်ထမ်းများက သူ့အကြောင်းပြောနေမှန်း မသိဘဲ ရုံးတွင် နေ့တစ်ဝက်ခန့် နေပြီးနောက် သူ ငြီးငွေ့စပြုနေလေပြီ။ 


 "ဖေဖေက...အပြင်ကို လုံးဝထွက်လို့ မရတာလား..."


 သူက အနီးရှိ ဆိုဖာပေါ်တွင် စူပါမင်း အရုပ်ကိုပွေ့၍ ထိုင်နေကာ အဖေဖြစ်သူကို သနားစဖွယ် မျက်လုံးများဖြင့် ကြည့်နေလေသည်။


 ဘယ်လောက် ငြီးငွေ့စရာကောင်းလိုက်သလဲ...


"ဟင်...ရှင်းရှင်းက တစ်နေရာရာကို သွားချင်နေတာလား..."


ကျန်းမင်ယွမ်က စာရွက်စာတမ်းများကို တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သည်။ ယနေ့ ရှင်းရှင်းကို ခေါ်လာမည်ဖြစ်၍ အစည်းအဝေးများ လုပ်ရန် မစီစဉ်ထားဘဲ ရုံးခန်းထဲတွင်သာ ရှိနေမည် ဖြစ်လေသည်။ ရှင်းရှင်း က စိတ်ရှည်စွာဖြင့် သူ့ကို စောင့်နေမှန်းသိ၍ အခြားတစ်နေရာရာသို့ သွားကစားချင်နေမည်ဟု တွေးကာ ပြောလိုက်သည်။


 "ခဏနေဦးနော်... ဒါလေး ပြီးရင် ဖေဖေ သားကို ‌အပြင်လိုက်ပို့မယ်နော်.." 


"ရပါတယ် ဖေဖေရဲ့...ဖေ‌ဖေ့ရဲ့အလုပ်ကိုပဲ ဂရုစိုက်လုပ်ပါ...သားဒီမှာ တစ်ယောက်တည်း ကစားနေမယ်လေ..." 


ရှင်းရှင်း သည် သူ၏ ဝကစ်နေသော လက်ကလေးကို ခါပြလိုက်ပြီး ပြောလိုက်သည်။ ကလေးလေး၏ စိတ်ထဲတွင် အဖေဖြစ်သူမှာ အလုပ်ရှုပ်နေသည့်အတွက် သနားနေပြီး သူ့ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်မလာစေရန် ပြောလိုက်ခြင်းပင်။ 


ရှင်းရှင်းက ထိုသို့ပြောခဲ့သော်လည်း ကျန်းမင်ယွမ်က သားဖြစ်သူကို နေ့လည်စာစားပြီးနောက် ၁၀ထပ်ကို လိုက်ပို့ပေးလိုက်သည်။


ကျန်းလုပ်ငန်းစုသည် စီးပွားရေးနယ်ပယ်တွင် နာမည်ကောင်းရှိသည့် ကုမ္ပဏီပိီပီ ရုံးချုပ်၌ ဝန်ထမ်းများ အနားယူရန်နှင့် အပန်းဖြေရန်အတွက် အထပ်နှစ်ထပ်ကို သီးသန့်ထားရှိပေးလေသည်။ ထိုအထဲတွင် ပြဇာတ်ရုံ၊ အားကစားရုံ၊ မိုးလုံလေလုံ ဘတ်စကက်ဘောကွင်း၊ ရေကူးကန်နှင့် အကစက်များ စသည်တို့ ပါဝင်ပေသည်။ အားကစားရုံအတွင်းတွင် အထူးသဖြင့် ဝန်ထမ်းများအတွက် စိတ်ဖိစီးမှုမှ ကင်းဝေးစေရန် ရည်ရွယ်ထားသည့် သဲအိတ်များစွာ ထားရှိလေသည်။ လူတစ်ယောက်သည် အလွန်ဆိုးရွားသော စိတ်အခြေအနေ သို့မဟုတ် စိတ်ဖိစီးနေချိန်တွင် ဤအခန်းများထဲမှ တစ်ခန်းသို့ သွားနိုင်ပြီး စိတ်ဖိစီးမှုအားလုံးကို ဖယ်ရှားပစ်ကာ လူသစ်တစ်ယောက်အဖြစ် ပြန်ထွက်လာနိုင်မည် ဖြစ်သည်။


သေချာသည်မှာ ကျန်းမင်ယွမ်သည် သားဖြစ်သူကို သဲအိတ်ခန်းထဲသို့ ခေါ်သွားမည်မဟုတ်သလို တခြားအခန်းများသို့လည်း ခေါ်သွားမည်မဟုတ်ပေ။ သူသိထားသည်မှာ ကလေးများမှာ နုနယ်လှသဖြင့် ထိုသို့ကြမ်းတမ်းသော အတွေ့အကြုံတို့ကို ခံနိုင်ရည် မရှိကြပေ။သူက ရှင်းရှင်း စိတ်ထဲတွင် စိတ်မကောင်းစရာ အဖြစ်တို့ စွဲသွားမည်ကို စိုးရိမ်‌မိလေသည်။


ကျန်းမင်ယွမ်က ကောင်းမွန်သည့် အဖြစ်တို့ကိုသာ သားဖြစ်သူရင်ထဲ စွဲနေစေချင်သဖြင့်  ပြဇာတ်ရုံကို ရွေးချယ်လိုက်သည်။ ပြဇာတ်ရုံမှာ သိပ်မကျယ်ဘဲ လူ ၁၀ ယောက်ခန့်အထိသာ ဝင်ဆန့်လေသည်။အတွင်းထဲရှိ ဆိုဖာများသည် ကျယ်ဝန်းကာ တစ်ယောက်ထိုင်ခုံနှင့် နှစ်‌ယောက်တွဲထိုင်ခုံဟူ၍ နှစ်မျိုးရှိလေသည်။ ရုပ်ရှင်များကိုလည်း အချစ်ဇာတ်လမ်းများမှ သဲထိတ်ရင်ဖို ရုပ်ရှင်များအထိ စိတ်ကြိုက်ရွေးချယ်၍ ကြည့်နိုင်လေသည်။


ကျန်းမင်ယွမ်သည် မိခင်ဖြစ်သူကို လိုက်ရှာနေသည့် ဖားငယ်ကလေးနှင့် ဆင်တူသော ဇာတ်ကွက်ပါသည့် ကာတွန်းကားကို ရွေးချယ်လိုက်သည်။ ဇာတ်ကားအလယ်တွင် နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲသွားသော လူသားများနှင့်အတူ စိတ်ကူးယဉ်စွမ်းအားအချို့လည်း ပါရှိခဲ့ပြီး နောက်ဆုံးတွင် ဇာတ်ဆောင်သည် နတ်ဆိုးအဖြစ်ပြောင်းကာ မြို့ပြင်သို့ ပို့ဆောင်ခံခဲ့ရသော လူသားများကို ကယ်တင်နိုင်ခဲ့လေသည်။ကလေးအကြိုက် ဇာတ်ကားဖြစ်၍ သိပ်မကြာဘဲ တစ်နာရီကျော်ကျော်လောက်သာ ကြာမြင့်လေသည်။ ဇာတ်ကားတစ်ကားလုံးသည် ဇာတ်ရှိန်ကောင်းပြီး ဇာတ်ဝင်ခန်းများမှာလည်း အထူးအသက်ဝင်ပေသည်။ထို့အပြင် ကြောက်စရာ ဇာတ်ဝင်ခန်းများ မပါရှိဘဲ နတ်ဆိုးများကပင် အထူးလှပနေကြသည်။


ရှင်းရှင်း သည် အလွန်စိတ်အားထက်သန်စွာ ကြည့်နေပြီး ကျန်းမင်ယွမ် ၏ လက်နှစ်ဖက်ကို ဆွဲကိုင်လှုပ်ကာ နောက်ဆုံးတွင် သော်သော်သည် သူ့မိဘများကို ရှာတွေ့ခဲ့သလားဟု မေးလိုက်လေသည်။ ဤကာတွန်းရုပ်ရှင်၏ အပိုင်း၂မှာ မထွက်လာသေးဘဲ ဇာတ်လိုက်ဖြစ်သော သော်သော် သည် သူ့မိဘများကို ရှာဖွေနေဆဲဖြစ်သည်။ဇာတ်ညွှန်းရေးသူသည် ဇာတ်ကားကို ပို၍ မိမိုက်သွားအောင် ဇာတ်ကွက်ထွင်မလား၊ဇာတ်ဆောင်၏ မိဘများကို ရှာဖွေနေစဉ် အတားအဆီးတစ်ခုခုနှင့် ကြုံရမည်လား ဆိုသည်ကို မည်သူမှ မသိရသေး။


ကျန်းမင်ယွမ် တစ်ယောက် ဝေခွဲမရဖြစ်နေပြီး အတန်ကြာမှ ပြန်ဖြေလိုက်သည်။


 "ဟုတ်တယ်..တွေ့သွားတယ်လေ.."


ရှင်းရှင်း ဝမ်းသာသွားရပြီး ခဏအကြာတွင် သူက ဝမ်းနည်းသံဖြင့် ပြောလိုက်လေသည်။


" သော်သော်က အရမ်းမိုက်တာပဲ...ဒါပေမယ့်  သူ့ဖေဖေနဲ့မေမေကို ဘယ်လိုလုပ် ပျောက်သွားရတာလဲ...." 


ထို့နောက် သူက ရင်ကိုကော့လိုက်၍ ဂုဏ်ယူစွာ ပြောလိုက်လေသည်။


" သားဆို အဲ့လို  ဘယ်တော့မှ ဖြစ်မလာနိုင်အောင် လုပ်မှာပဲ..."


 "ရှင်းရှင်းက အရမ်းတော်တာပဲနော်..."


 


ကျန်းမင်ယွမ်တို့ သားအဖနှစ်ယောက် ပြဇာတ်ရုံထဲမှ ထွက်လာ သောအခါ ချီရှန်က အပြင်မှာ စောင့်နေပြီ ဖြစ်သည်။ချီရှန်က မျက်မှောင်ကြုတ်ကာဖြင့် ကျန်းမင်ယွမ်ဆီ လျှောက်လာလိုက်သည်။ 


"မဒမ် ရောက်နေပါတယ်...သူဌေးရဲ့ ရုံးခန်းထဲမှာ စောင့်နေပါတယ်..."


Xxxxxxx


Chapter 206


"ကောင်းပြီ..."


ကျန်းမင်ယွမ်က ချီရှန်အား ပြောလိုက်သည်။ ထို့‌နောက် သူသည် ရှင်းရှင်း နှင့် အပေါ်ထပ်သို့ တက်လာပြီး ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် အထဲတွင် ထိုင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။


သူဌေး၏မိခင်ဖြစ်၍ ကုမင်လီအား ချီရှန်က ‌အထူးတလည်ပင် ကော်ဖီနှင့် သစ်သီးများ လှီးပြီး ဧည့်ခံခဲ့လေသည်။ သို့သာ်လည်း မဒမ်ကျန်း က အစားအသောက်များကို ဂရုစိုက်မနေပေ။သူမက ဆိုဖာပေါ်တွင် မတ်မတ်ထိုင်နေကာ မျက်နှာကိုလည်း တည်တင်းထားလိုက်သည်။သူမ၏ မျက်နှာပေါ်တွင် စွန်းထင်းနေသော အတ္တများသည် တစ်ကိုယ်လုံး လွှမ်းထားလေတော့သည်။


 “အမေ...” 


ကျန်းမင်ယွမ်က ရှင်းရှင်းကို လက်ဆွဲထားပြီး သူမကို နှုတ်ဆက်လိုက်ကာ ရှင်းရှင်းကို ပြောလိုက်သည်။


"ဒါ သားရဲ့ ဘွားဘွားပဲ..."


"ဘွားဘွား...ဒါဆို ဖေဖေ့ရဲ့ မေမေလား..."


ရှင်းရှင်း သည် အဖေဖြစ်သူကို သံသယဖြင့် မေးလိုက်သည်။သူ ချက်ချင်းပင် ကျောင်းမှာ သင်ယူခဲ့ရသည့် ကလေးသီချင်းတစ်ပုဒ်ကို သတိရသွားမိသည်။ 


"ဟုတ်တယ်..."


ကျန်းမင်ယွမ်က ရှင်းရှင်းကို ဆွဲခါ်လာပြီး ပြောပြလိုက်သည်။


"သူက ဖေဖေ့ရဲ့အမေပဲ...သား သူမကို ဘွားဘွားလို့ ခေါ်ရမယ်နော်..."


ရှင်းရှင်းက ခေါင်းညိတ်ပြကာ ကုမင်လီအား လှမ်းခေါ်လိုက်သည်။


 "ဘွားဘွား..."


"ဟင်..."


ကုမင်လီမှာ မြေးဖြစ်သူ စကားကြောင့် ကြည်နူးသွားရကာ အားရပါးရ ပြုံးလိုက်ပြီး  ရှင်းရှင်းကို လက်ဆွဲကာ အနားသို့ ခေါ်လိုက်သည်။


 " သားနာမည်က ရှင်းရှင်းလား...ဘွားဘွားနဲ့ ပထမဆုံးတွေ့ဖူးတာဘဲနော်..."


ရှင်းရှင်းက ခေါင်းညိတ်ပြလိုက်ပြီး ရှက်နေပုံဖြင့် မဝံ့မရဲ အဘွားဖြစ်သူကို ကြည့်နေလေသည်။သူ့ကြည့်ရသည်မှာ မိသားစုဝင် အသစ်ရှေ့တွင် အဆင်မပြေ ဖြစ်နေပုံလည်း ပေါ်နေသည်။


 "သားက အရမ်းကို ကြီးနေပြီပဲ... ကျောင်းတက်နေပြီလား..." 


ကုမင်လီသည် ရှင်းရှင်း ၏ ပါးပြင်ကလေးကို ပွတ်သပ်လိုက်ပြီး ပြောလိုက်၍ သူမ၏ မျက်လုံးများတွင် လည်း နူးညံ့မှုတို့ အပြည့်ရှိနေကြလေသည်။


ကျန်းမင်ယွမ်က သူမကို အေးစက်စွာပြောလိုက်သည်။


 "ဒါတွေအကုန်လုံး အမေ သိပြီးသား မဟုတ်လား..." 


"ငါ မင်းကို မေးနေတာမဟုတ်ဘူး..."


ကုမင်လီ က သားဖြစ်သူကိုတစ်ချက်ကြည့်လိုက်ပြီး အနီရောင် အိတ်တစ်ခုကို အင်္ကျီအိတ်ထဲမှ နှိုက်ကာ ရှင်းရှင်းအား ပေးလိုက်သည်။


 “ဒီမှာ ဘွားဘွားက ပေးတာ...”


 အနီရောင်အိတ်သည် အလွန်ပါးလွှာနေသဖြင့် အထဲမှာ ပိုက်ဆံမပါမှန်း သိသာနေလေသည်။ ရှင်းရှင်းသည် ဤကဲ့သို့ ပစ္စည်းတစ်ခုခုကို တခြားသူများထဲမှ မရဖူးသဖြင့် သူဘာလုပ်ရမှန်းမသိကာ အဖေဖြစ်သူကို မော့ကြည့်လိုက်သည်။ ကျန်းမင်ယွမ်က ခေါင်းညိတ်ပြလိုက်သဖြင့် သူက အနီရောင်အိတ်ကို ယူလိုက်သည်။ 


အနီရောင်အိတ်ကို ပေးပြီးနောက် ကုမင်လီသည် ရှင်းရှင်းကို တိုး၍ ပွေ့ဖက်လိုက်သည်။ ကျန်းမင်ယွမ်က တစ်ဖက်မှာ ရပ်နေပြီး မြေးအဖွားနှစ်‌ယောက်ကို အသာကြည့်နေ၏။


ကုမင်လီက ရှင်းရှင်း၏ ပါးကို ထပ်ပြီး ညှစ်လိုက်စဉ် ကျန်းမင်ယွမ်က သူမကို ပြောလိုက်သည်။


 " ဘာလို့ ဒီကိုလာတာလဲ..."


 "အလည်လာတာလေ...မလာရဘူးလား...အမေက သားလိုမဟုတ်ဘူး...သားအကြောင်းပဲ ခဏခဏ တွေးနေမိတယ်..."


ကုမင်လီက ညည်းညူသံဖြင့် ပြောလိုက်သည်။


ကျန်းမင်ယွမ်က သူမစကားကို ဂရုမစိုက်ဘဲ ရှင်းရှင်းကို ခေါ်လိုက်ကာ အလုပ်စားပွဲနား သွားလိုက်သည်။


 “အ‌မေပျင်းရင် တတိယဦးလေးရဲ့ သမီးဆီ သွားပြီး အမေရင်းတစ်ယောက်လို သူမကို ချစ်ပြလိုက်ပါလား...ကျွန်တော် အခု အလုပ်လုပ်ရဦးမယ်..."


သားအမိနှစ်ယောက်၏ ဆက်ဆံရေးမှာ ထိုအဖြစ်ပြီးကတည်းက လုံးဝပြိုကွဲသွားခဲ့ရပြိး ကျန်းမင်ယွမ်မှာ အမေဖြစ်သူကို စကားများဖြင့် ထိုးနှက်နေတော့သည်။


 "မင်း ဘာတွေ ပြောနေတာလဲ...မင်းရဲ့တတိယဦးလေးနဲ့ ငါက ဘာမှမဖြစ်ဘူး....မင်း အဲ့လိုတွေ ဆက်မပြောရင် ကောင်းမယ်...."


“ဟမျ့...”


ကျန်းမင်ယွမ်က ဟမ့်ကနဲ လုပ်လိုက်ပြီး စာရွက်စာတမ်းများကို ကြည့်နေလိုက်သည်။ အဖေဖြစ်သူဘေးမှာ ရပ်နေသည့် ရှင်းရှင်းမှာ အတ္တကြီး၍  အလွန်စိတ်ဆိုးနေသော အဘွားဖြစ်သူနှင့် တခြားလူတစ်ယောက်လို ဖြစ်သွားသော အဖေဖြစ်သူကို ကြည့်ရင်း လန့်သွားရကာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားမိသည်။ 


ကျန်းမင်ယွမ်သည် သားဖြစ်သူ ကြောက်ရွံ့နေသည်ကို သိလိုက်ရပြီး ဘောပင်ကိုချထားလိုက်၍ သက်ပြင်းတစ်ချက်ချကာ ရှင်းရှင်းကို ရင်ခွင်ထဲ ဖက်ထားလိုက်သည်။ 


 " အမေ ဘာပြောချင်တာလဲ...‌အမေ ပြောချင်တာ ပြောလို့ရတယ်..." 


ကုမင်လီကလည်း စိတ်ပြေသွားပုံဖြင့် သူမအကြည့်တို့ တစ်ဖန် ပြန်လည် နူးညံ့သွားရလေသည်။


 " အမေက ကလေးကိုတွေ့ဖို့လာတာပါ..." 


သူမသည် ကျန်းမင်ယွမ်ကို မျက်‌ခြည်မပြတ်စေရန်နှင့် သူ့အကြောင်းများကို သတင်းပို့ရန်အတွက် ရုံးထဲတွင် သူလျှို အနည်းငယ် ရှိထားပြီး ဖြစ်လေသည်။သို့ရာတွင် ကျန်းမင်ယွမ်က ရိပ်မိသွားကာ ထိုသူများကို အလုပ်ထုတ်ပစ်လိုက်ရာ သူမအတွက် သတင်းရရန် ပိုခက်လာရသည်။


ယနေ့ ကျန်းမင်ယွမ်သည် ရှင်းရှင်းကို အလုပ်သို့ ခေါ်လာကြောင်း ကုမင်လီ သိလိုက်ရသဖြင့် သူမ အပြေးရောက်လာရခြင်း ဖြစ်ပေသည်။


Xxxxx