အပိုင်း ၆၈
Viewers 1k

 

အခန်း(၆၈) - အခန်းကြီးကြပ်သူ ရောက်ရှိလာသည်

 

စုယန်ယန် ထိုသို့ရှင်းပြပြီးနောက် ဖန်သားပြင်တစ်ခွင် တစ်ဖန် ပြန်လည်အသက်ဝင်လာကာ လူအများစုသည် သစ်ကြံပိုးခေါက်က မည်သည့်ပုံသဏ္ဍာန်ရှိပြီး ဘယ်နေရာတွင် ဝယ်လို့ရရှိနိုင်မလဲဆိုတာကို မေးမြန်းကြသည်။

 

ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်သည့်နေ့မှစ၍ ကြည့်ရှုခဲ့သည့် ကြည့်ရှုသူများသည်ပင် သူတို့ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ရန် တရုတ်ကိုချီဘယ်ရီ၊ တရုတ်ဆီးသီးများနှင့် အခြားပါဝင်ပစ္စည်းများကို စျေးကွက်တွင် ရှာမတွေ့သည့်အတွက် စုယန်ယန်အား မေးမြန်းနေခြင်းဖြစ်သည်။

 

သာမာန်ကြည့်ရှုသူများကြားတွင် ပုန်းအောင်းနေသော ကီးဘုတ်ဖိုက်တာ အများအပြားသည် ဒီအကြောင်းကို မေးမြန်းနေကြသည်ကို တွေ့ရှိပြီးနောက် စတင်အသက်ဝင်လာခဲ့သည်။

 

[ပါဝင်ပစ္စည်းတွေကို စျေးကွက်မှာ ရှာမတွေ့ဘူး၊ မင်းက လူတွေကို လှည့်စားနေတာ မဟုတ်ဘူးလား။]

 

[ထောက်ခံပါတယ်၊ အမည်မသိအပင်များကို တရုတ်ဆေးဖက်ဝင်အပင်တွေလို့ ပြောပြီး လှည့်စားနေတယ်။ ဆေးဝါးတွေကို ဒီလိုပေါ့ပေါ့ပါးပါး စားသုံးနိုင်ပါ့မလား။ ပါဝင်ပစ္စည်းများကို ထောက်ခံအတည်ပြုထားတဲ့ စစ်ဆေးမှုအစီရင်ခံစာကို ဘာလို့ မပြတာလဲ။ အကယ်၍ တစ်ခုခု မှားယွင်းသွားရင် တင်ဆက်သူက တာဝန်ယူပေးနိုင်မှာလား။]

 

ပြဿနာများကို ဆောင်ကျဥ်းနိုင်ရန် ကြိုးစားသည့် မှတ်ချက်များ ရေးသားသော အဆိုပါ ပဟေဠိဆန်သောလူများကို မကြိုက်သော ကြည့်ရှုသူများ ရှိသော်လည်း စုယန်ယန်ဖက်မှ ရပ်တည်ပြီး သူမအတွက် စကားကူပြောပေးသည့် ကြည့်ရှုသူများ ရှိလျှင်ပင် အဆိုပါလူအုပ်စုက သူတို့ကို ရေတပ်များဟု ယူဆကြပေလိမ့်မယ်။

 

ထိုသို့သော အခြေအနေမျိုးအောက်တွင် အချို့သောသူတို့သည် အကြောင်းမဲ့သက်သက် အပြစ်တင်ခြင်းအတွက် မခံချိမခံသာဖြစ်နေကြပြီး အပျော်သက်သက် လာရောက်ကြည့်ရှုသော အချို့သောသူများသည် ထိုလူများ ပြောနေကြသည့် စကားများက ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ ထင်မြင်ကာ ယိမ်းယိုင်လာကြသည်။

 

အစောပိုင်းကံစမ်းမဲများ ကံထူးသွားကြပြီး လက်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ကံထူးရှင်များသည် စုယန်ယန်အတွက် ရင်ဆိုင်ရပ်တည်သည့် မှတ်ချက်များကို ရေးသားရန် အဆင်သင့်ဖြစ်နေချိန်တွင် တရုတ်ဆေးဖက်ဝင်အပင်များအကြောင်း မေးမြန်းထားသည့် မှတ်ချက်များအားလုံး ရုတ်တရတ် ဖယ်ရှားခံလိုက်ရပြီး တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ပြသာနာတက်အောင် လှုံ့ဆော်ဖန်တီးခဲ့သည့် သုံးစွဲသူအကောင့်များ ချက်ချင်းအဘမ်းခံလိုက်ရသည်။

 

အလွန်ဖမ်းစားနိုင်ပြီး မာနကြီးသော စကားလုံးများသည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထိပ်ဆုံးတွင် ပျံ့လွင့်လာခဲ့သည်။

 

[တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ပြဿနာများကို လှုံ့ဆော်ရန် ကြိုးပမ်းသူ သို့မဟုတ် တင်ဆက်သူကို အပြစ်ဆိုသည့် မေးခွန်းထုတ်ရန် ကြိုးပမ်းသူများ အားလုံး အဘမ်းခံရပါမည်။ အဘမ်းခံရပြီးနောက် တူညီသော အထောက်အထားနှင့် IPကို အသုံးပြုထားသည့် အကောင့်များအားလုံးကို တိုက်ရိုက်ထုတ်လွှင့်မှု၏ ကံစမ်းမဲအစီအစဥ်များတွင် ပါဝင်ခြင်းမှ တားမြစ်သွားမည်ဖြစ်သည်။ ဒီနေရာက လူတိုင်းကို ကောင်းကောင်း အသိပေးပြီးပြီဖြစ်လို့ လူတိုင်း နားလည်သွားကြမယ်လို့ မျှော်လင့်ပါတယ်။]

 

ဒါကိုမြင်ပြီး လူတော်တော်များများ အံ့သြသွားကြသည်။

 

[ဟင်... ငါ အမြင်မှားနေတာလား။ ငါတို့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ကြီးကြပ်သူတစ်ယောက် ရှိနေတာလား။]

 

[အပေါ်ထပ်က တစ်ယောက်ရေ တောက်ပနေဆဲ အထူးပြုလုပ်ချက်များကို ဖတ်ကြည့်ပါ။ ဖာ့ခ်... အခန်းကြီးကြပ်သူက ကြည့်ရှုသူ နံပါတ်တစ်ဒယ်ဒီပဲ။]

 

[ပြဿနာရှာတဲ့ မှတ်ချက်တွေမရှိတော့တာ အံ့သြစရာမဟုတ်ဘူးပဲ။ စွမ်းအားကြီးတဲ့ နံပါတ်တစ်ဒယ်ဒီရေ ဒီကီးဘုတ် စစ်သည်တော်တွေက ပြသာနာရှာပြီး မေးခွန်းထုတ်ကြတယ်။ သူတို့ရဲ့ ဆိုးရွားတဲ့အကျင့်စရိုက်ကို ဖုံးကွယ်ပြီး ကိုယ်ကျင့်တရားကောင်းသလို ဟန်ဆောင်နေတာကို ငါ ငြီးငွေ့နေပြီ။]

 

စုယန်ယန်သည် ဝက်ဗိုက်သားက ကျက်သွားပြီဖြစ်၍ နောက်ထပ် အဆီနည်းဝက်သား၊ ဂျင်း၊ မုယောစပါးနှင့် သစ်ကြံပိုးခေါက်တို့ကိုပါ ထပ်ထည့်လိုက်သည်။ သူမခေါင်းကို မော့ကြည့်လိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် အခန်းကြီးကြပ်သူအကြောင်းပြောနေသည့် မှတ်ချက်များ ပြည့်နေသည်ကို သူမတွေ့လိုက်ရသောအခါ ရုတ်တရတ် ထိတ်လန့်သွားခဲ့သည်။

 

“ဘာပြဿနာတွေ ဖြစ်နေလို့လဲ။ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း တစ်ခုခု ဖြစ်သွားခဲ့လို့လား။”

 

[ဘာမှ ထွေထွေထူးထူး မရှိပါဘူး၊ လူတိုင်းက တင်ဆက်သူ ချက်ပြုတ်တဲ့ ပါဝင်ပစ္စည်းတွေကို ဘယ်မှာရနိုင်မလဲဆိုတာကို သိချင်နေကြတယ်။ ပြီးတော့ ဘာကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ အခန်းကြီးကြပ်သူ ရှိနေရတာလဲ။]

 

ကျန်ရှိနေသည့် ကြည့်ရှုသူတွေက မိုက်မဲကြသူများ မဟုတ်ပေ၊ တင်ဆက်သူက သူတို့မှတ်ချက်များကို မြင်ပြီး စိတ်မကောင်းဖြစ်ခြင်းမှ ကာကွယ်ရန် အခန်းကြီးကြပ်သူက မှတ်ချက်များကို ဖျက်ကာ အကောင့်များကို ပိတ်ပင်လိုက်ကြောင်း ထင်ရှားလေသည်။ အခုတစ်လော ဖြစ်ပျက်ခဲ့တာတွေကို ပြန်ကြည့်ရင် သူတို့ကို ထောက်ထားညှာတာစရာ မလိုအပ်ဘူး။

 

တိုက်ရိုက်ထုတ်လွှင့်မှု မစတင်မီ စုယန်ယန်သည် ပါဝင်ပစ္စည်းများ ဝယ်ယူနိုင်မည့် ပြဿနာများကို ကိုယ်တွယ်ဖြေရှင်းရန် တန်ပြန်အရေးယူ စဥ်းစားထားပြီးဖြစ်သည်။ သို့သော်လည်း ပြဿနာကို အပြည့်အဝဖြည့်ရှင်းရန် စောလွန်းနေသေးသည်။

 

“ပါဝင်ပစ္စည်းများကို စျေးကွက်မှာ ဝယ်ယူနိုင်ဖို့က နည်းနည်းခက်ခဲတယ်။ အဲ့တာကို ဖြေရှင်းဖို့ အချိန်ယူရလိမ့်ဦးမယ်။ ဒါတွေကို ဝယ်ယူနိုင်တဲ့တစ်ရက် ရောက်လာလိမ့်မယ်။”

 

သူမပြောဆိုသောစကားသည် အချည်းနှီးကတိစကားတစ်ခွန်းလို ဖြစ်ပေမယ့် ထိုစကားသည် အမျိုးမျိုး ရှုပ်ထွေးနေသော ပြဿနာအသေးလေးများကြောင့် ဒုက္ခကြုံနေရသောသူများအတွက် အသက်ကယ်ဆေးလိုပင် ဖြစ်နိုင်သည်။

 

စုယန်ယန်ထံမှ အတည်ပြုပေးသည့် အဖြေကို ရရှိပြီးနောက် ကြည့်ရှုသူများသည် စကားခေါင်းစဥ်ကို ချက်ချင်းပြောင်းကာ သူတို့အလွန်သိချင်နေကြသည့် မေးခွန်းတစ်ခုကို စတင်မေးမြန်းခဲ့ကြသည်။

 

[တင်ဆက်သူ တင်ဆက်သူ အခန်းကြီးကြပ်သူကို ဘာလို့ခန့်ထားတာလဲ။ ဘာလို့ နင့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကြီးကြပ်သူကို သူ့ကို ရွေးချယ်ရတာလဲ။ အခန်းကြီးကြပ်သူဖြစ်ဖို့ လိုအပ်ချက်တွေ ရှိလား။ နင် ငါ့ကိုရော အရည်အချင်းပြည့်မီတယ်လို့ ထင်လား။]