အပိုင်း ၇၀
Viewers 1k

အခန်း (၇၀) - ကျောက်ပုစွန် အစပ်ဟင်းလျာ

 

စုယန်ယန်သည် နောက်ဆုံး မှတ်ချက်ကို ဖတ်ရှုပြီးနောက် ရယ်ချင်စိတ်ကို ထိန်းမထားနိုင်ခဲ့ပေ၊ ယခုတစ်ကြိမ် ပြင်ဆင် ချက်ပြုတ်သော ငရုတ်သီးများမှာ မစိုမခြောက် အနေအထားရှိသည့် ငရုတ်သီးများဖြစ်ပြီး အစပ်အနေအထားက အလယ်အလတ် ဖြစ်သည်။

 

အချို့လူတွေက ငါးဟင်းတွင် ငရုတ်သီးကို ဟင်းခတ် အမွှေးအကြိုင်အဖြစ် ထည့်သွင်း ချက်ပြုတ်ခြင်း မရှိကြ၍ ငရုတ်သီးကို မစားသုံးရဘူးလို့ ဆိုလိုသည် မဟုတ်ပါ။

 

ကံကောင်း ထောက်မစွာဖြင့် ဤအရာသည် အွန်လိုင်း အရသာမြည်းစမ်းခြင်း ဖန်ရှင်တစ်ခုသာ ဖြစ်သည်၊ အပြင်ဘက်တွင် တစ်စုံတစ်ဦးက ဒါကိုသာ စားသောက်မည် ဆိုလျှင် အရသာက တကယ့်ကို ပြင်းထန်ပေလိမ့်မည်။

 

“ဒီငရုတ်သီးရဲ့ အရသာက အတော်လေးကို ဆွဲ‌ဆောင်နိုင်စွမ်းရှိပြီး သူ့တစ်မျိုးတည်းကို စားသောက်ခြင်း မပြုလုပ်ပါနဲ့၊ မဟုတ်ရင် စိတ်ဖိစီးမှု လက္ခဏာရပ်တွေ ဖြစ်လာနိုင်ပါတယ်”

 

စုယန်ယန်၏ ကြင်နာသော သတိပေးချက်သည် ကြည့်ရှုသူများအား ငါးဟင်းအတွက် ကောင်းမွန်သော သုံးသပ်ချက်များအား မရပ်တန့်သွားစေပဲ အချို့က စုယန်ယန်ကို စိတ်ပြောင်းပြီး ကံစမ်းမဲ ဖောက်ပေးဖို့ တောင်းဆိုခဲ့ကြသည်။

 

စုယန်ယန်က သူတို့ကြောင့် ယိမ်းယိုင်သွားခြင်း မရှိပဲ ခပ်ဖျော့ဖျော့လေး ပြုံးကာ စကားဆိုလိုက်သည်။

 

 “ငရုတ်သီး ရောင်းရတဲ့အထိ စောင့်ဆိုင်းကြရ‌အောင်၊ ငါးဟင်းကို ကိုယ်တိုင် အိမ်မှာ ချက်ပြုတ် စားသောက်လို့ ရတယ်။ ငါးဟင်းကို ချက်ပြုတ် ပြင်ဆင်မယ်ဆိုရင် မြက်ငါးကြင်းက အကောင်းဆုံးပါပဲ။ မြက်ငါးကြင်းက အရသာ ကောင်းမွန်ပြီး မာတင်းတင်းလေး ဖြစ်လို့ သူ့ကို ချက်ပြုတ်တဲ့ အခါကျရင် အသားတွေ မကြေမွသွားစေဘူး”

 

“အခု ရာသီဥတုက တဖြည်းဖြည်း ပိုအေးလာပြီ။ အစပ်စားတာက သွေးလည်ပတ်မှုကို ပိုမိုအားကောင်းစေပြီး ခန္ဓာကိုယ်နဲ့ ခြေလက်တွေကို နွေးထွေးစေပြီး ကိုယ်တွင်း ခုခံအားကို မြှင့်တင်ပေးနိုင်တယ်။ မြက်ငါးကြင်းက အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်ပြီး သူ့ကို များများစားပေးလို့ ရပါတယ်။ သင့်အစာအိမ်ကိုလည်း နွေးထွေးစေပါတယ်။ ဒါပေမယ့် ဒါကို သင့်တော်ရုံပဲ စားသောက်ပါ၊ အများကြီး မစားကြပါနဲ့၊ ငရုတ်သီးကို များများစားရင် ရင်ပူစေလိမ့်မယ်”

 

 

သို့တိုင် သူမ ပြောသော စကားများသည် တိုက်ရိုက် ထုတ်လွှင့်မှုတွင် အစားအသောက်အတွက် သနားစဖွယ် ကောင်းအောင် ငိုကြွေးနေသော ကြည့်ရှုသူများအတွက် နှစ်သိမ့်မှု မဖြစ်စေနိုင်ခဲ့ပေ။

 

[အဲ့ဒီငါးကို ငါလိုချင်တယ်။ ငါ ငရုတ်သီးတွေနဲ့ တင်ဆက်သူရဲ့ လက်တစ်စုံကိုလည်း လိုချင်ပါတယ်။]

 

[ငရုတ်သီးကို ဘယ်အချိန်လောက်မှာ ဝယ်ယူလို့ ရနိုင်မလဲ။ ငါ အဲ့တာကို အကြာကြီး စောင့်ရဦးမှာလား၊ အဟင့်... အဟင့်... အဟင့် တင်ဆက်သူက ငါတို့ကို အရူးလုပ်နေတယ်လို့ ငါထင်တယ်။ ဒါပေမယ့် သူမရဲ့ အကြံပြုချက်ကို ငါ မငြင်းပယ်နိုင်ဘူး။]

 

တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေသော ကြည့်ရှုသူများသည် ငါးဟင်း ပူပူနွေးနွေးလေးကို မစားသောက်နိုင်သည့် အပြင် အရသာရှိသော အစားအစာများ၏ သွေးဆောင်မှုကို ခံနိုင်ရည် မရှိသည့်အတွက် သနားစရာကောင်းအောင် ငိုကြွေးမိကြသည်။ သူတို့က မဟုတ်ဘူးလို့ ပြောနေကြပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်က အစားအစာများကို မခုခံနိုင်လောက်အောင် ရိုးသားကြသည်။

 

စုယန်ယန်က ဖန်သားပြင်ပေါ်ရှိ မကျေနပ်သည့် မှတ်ချက်များကို လျစ်လျှူရှုထားကာ သူမ ချက်ပြုတ်ဖို့ ပြင်ဆင်ထားသည့် ကွန်ဖောင်ကြက်သားနဲ့ ကျောက်ပုစွန် အစပ်ဟင်းလျာတို့ကို စတင်ပြင်ဆင်ခဲ့သည်။

 

ဒီဟင်းပွဲနှစ်ခု စလုံးအတွက် အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေက ပိုမိုရိုးရှင်းပါသည်။ အဓိက ပါဝင်ပစ္စည်းတွေကတော့ ကြက်ရင်အုံသားနဲ့ ကျောက်ပုစွန်တို့ပဲ ဖြစ်ပါသည်။ ရှုပ်ထွေးသော အပိုင်းကတော့ ဟင်းခတ် အမွှေးအကြိုင်များနှင့် အရံဟင်းလျာတွေပဲ ဖြစ်ပါသည်။

 

ကြက်ရင်အုံသားကို လက်ခံနိုင်ကြသော်လည်း ကြည့်ရှုသူ အချို့မှာ ကျောက်ပုစွန်ရဲ့ အသွင်အပြင်ကို ကြည့်ပြီး ကြောက်လန့်ကြသည်။

 

[ဒီပုစွန်တွေရဲ့ ညှပ်တွေက ကြီးလွန်းပြီး ကြောက်စရာ ကောင်းတယ်။]

 

[ငါ သိတယ်၊ အဲ့တာ ကျောက်ပုစွန်တွေပဲ၊ သူတို့ရဲ့ ညှပ်တွေက ကြီးမားပြီး၊ သူတို့ညှပ်တာကို ခံရတဲ့အခါ အရမ်းနာတယ်။ ငါတို့အိမ်နားက ကမ်းခြေမှာ တွေ့ရတယ်၊ အနီးအနားက သီးသန့် စားသောက်ဆိုင်တွေမှာလည်း သူတို့ကို ရောင်းချကြတယ်။ ငါ သူတို့ကို တစ်ခါ ဝယ်စားဖူးတယ်၊ သူတို့က ငါးညှီနံ့နဲ့ ရွှံ့နံ့ရတဲ့အပြင် အရသာက ဆိုးဝါးတယ်။ သူတို့အထဲမှာ သဲတွေပါ ရှိသေးတယ်။]

 

သဲတွေလား။ စုယန်ယန်က ခဏလောက် လေးလေးနက်နက် တွေးကြည့်လိုက်တော့ သူမ နောက်ဆုံး၌ အကြောင်းရင်းကို သိသွားခဲ့သည်။

 

“ကျောက်ပုစွန်တွေက ရွှံ့ထူတဲ့ နေရာတွေမှာ နေထိုင်ကြတယ်၊ သူတို့ကို ဖမ်းမိတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ နှုန်းတွေ ကျန်ရှိတတ်ကြတယ်။ သူတို့ကို မချက်ပြုတ်ခင် အဲ့နှုန်းတွေကို ဖယ်ရှားဖို့ သန့်ရှင်းတဲ့ရေထဲမှာ တစ်ရက် နှစ်ရက်လောက် ထားထားဖို့ လိုအပ်တယ်။ အဲ့လိုထားလိုက်မယ်ဆိုရင် ရွှံ့နံ့တွေရှိမှာကို စိုးရိမ်ဖို့ မလိုအပ်တော့ဘူး။ ဒါ့အပြင် ပုံမှန်အားဖြင့် ပုစွန်တွေရဲ့ ကျောဖက်တွင် အစာအညစ်ကြေးဖြစ်တဲ့ အနက်ရောင်ကြိုးလေး ပါရှိတယ်”

 

စုယန်ယန်သည် ကြည့်ရှုသူများကို ပြသဖို့ရန်အတွက် ကျောက်ပုစွန် တစ်ကောင်ကို တမင်တကာ ကောက်ကိုင်လိုက်သည်။

 

“ဒါက ပုစွန်တွေရဲ့ အစာအညစ်ကြေး လမ်းကြောင်းဖြစ်ပြီး အဲ့ဒီအထဲမှာ အစာအညစ်ကြေးတွေကို သိမ်းဆည်းထားတယ်၊ အကယ်၍ ကျွန်မတို့က ဒါကို မဖယ်ရှားဘူးဆိုရင် မသန့်ရှင်းပဲ ခုနကလို အနံ့အရသာတွေ ဖြစ်ပေါ်စေတယ်။ ခုနက ကြည့်ရှုသူ ပြောသလိုပဲ အဲ့လို မဖယ်ရှားပဲ ချက်ပြုတ်ထားမယ်ဆိုရင် သဲတွေကို စားရသလို ခံစားရပြီးတော့ အရသာက နည်းနည်း ခါးသက်လိမ့်မယ်”

 

တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေသော ကြည့်ရှုသူများသည် အထူးသဖြင့် သူတို့အိမ် အနီးအနားတွင် ကျောက်ပုစွန်များ ပေါများသည်ဟု ဆိုကြသော ကြည့်ရှုသူများသည် ရုတ်တရက် နားလည်သဘောပေါက် သွားခဲ့ကြသည်။

 

အဲ့တာက ကျောက်ပုစွန်ကြောင့် မဟုတ်ပဲ သူတို့က အဲ့တာကို ဘယ်လိုပြင်ဆင် ချက်ပြုတ်ရမလဲ ဆိုတာကို မသိသောကြောင့်ပင် ဖြစ်သည်။

***