အပိုင်း ၇၂
Viewers 1k

 

အခန်း (၇၂) - မင်း အဘန်းခံလိုက်ရပြီ

 

အပြစ်ရှာနေသည့် ကြည့်ရှုသူများသည် ဟင်းလျာမှ ရုတ်တရက် ထွက်ပေါ်လာသည့် မွှေးရနံ့ကြောင့် စက္ကန့်အနည်းငယ်မျှ ကြက်သေ သေသွားခဲ့သည်။ ထိုစကားကို ကြားလိုက်ရသော အခါတွင် လျင်မြန်စွာ တုံ့ပြန်ခဲ့ကြသည်။

 

[ဒါပေါ့၊ ခိုးကူးသူတွေက သူတို့ ခိုးယူခဲ့ကြောင်းကို ဝန်ခံပြောဆိုမှာ မဟုတ်ဘူး။ အစားအသောက် ကဏ္ဍကို လာတဲ့ မည်သူမဆို ငါတို့ရဲ့ ဖုဖျင်တာတာ့ကို မသိတဲ့သူ မရှိဘူး။]

 

[မကြာသေးမီက အစားအသောက် ကဏ္ဍတွင် လိမ်လည် လှည့်စားသူအချို့ ပေါ်လာသေးတယ်။ သူတို့ရဲ့ တိုက်ရိုက် ထုတ်လွှင့်ကို ကြည့်ပြီးတာနဲ့ သူတို့က ဖုဖျင်ကို အတုယူနေတာမှန်း သိလိုက်ရတယ်။ အတုကအတုပဲ ဖြစ်နိုင်ပြီး အစစ် ဖြစ်မလာနိုင်တာ သနားစရာပဲ။]

 

[ဖုဖျင်တာတာက ရသစုံရှိုးပွဲကို မသွားရောက်ခင် တိုက်ရိုက် ထုတ်လွှင့်မှုမှာ ငါးဟင်းကို ချက်ပြုတ် ပြင်ဆင်ခဲ့တယ်။ တင်ဆက်သူကလည်း ဒီနေ့ ငါးဟင်းကို ချက်ပြုတ် ပြင်ဆင်တယ်လေ။ ဒါကို နင်က ခိုးကူးတာ မဟုတ်ဘူးလို့ ပြောရဲတယ်လား။ နင့်မျက်နှာက ဘေစင်လောက် ကြီးတာပဲ။]

 

ဒီလူတွေက ကြမ်းတမ်းရက်စက်စွာ ပြောဆိုကြပြီး ယုံကြည်မှုအပြည့်နဲ့ ရောက်ရှိလာကြသည်။ အစပိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ပရိသတ်များက စုယန်ယန်က တခြားသူများအား ခိုးကူးထားတာလားလို့ အံ့အားသင့် သွားကြသည်။

 

အခု ဒီလူတွေရဲ့ စကားအသွားအလာကို မြင်ပြီးနောက် မရယ်မောပဲ မနေနိုင်တော့ဘူး။

 

စုယန်ယန်လည်း ရယ်မောလိုက်မိသည်။ ဒီကမ္ဘာပေါ်တွင် အသေခံ ပရိသတ်တွေလို့ ခေါ်တဲ့ မျိုးစိတ်တစ်မျိုး ရှိတယ်ဆိုတာ သူမ သိသည်။

 

သူတို့သည် သူတို့၏ အသည်းကြော်ကို ကာကွယ်သည် ဟူသော အရိပ်အောက်တွင် နေရာတိုင်း၌ လူများစွာကို ရန်ပွဲများ ဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့ကြသည်။ သူတို့ရှေ့က လူအနည်းစုက ဒီလိုလူမျိုးတွေဆိုတာ သိသာပါသည်။

 

“အိုး... ငါးနဲ့ ပုစွန်ဟင်းလျာတွေကို ချက်ပြုတ်နေတိုင်း နင်တို့ရဲ့ ဖုဖျင်တာတာဆီကနေ ကူးယူတယ်လို့ တွေးနေတာလား။ ဒီငါးနဲ့ ပုစွန်ကို နင်တို့ရဲ့ ဖုဖျင်တာတာက ရှာဖွေတွေ့ရှိတာလို့ ငါ့ကို ရဲရဲဝံ့ဝံ့ပြောရဲလား။ သူမက ဒီဟင်းလျာကို ချက်ပြုတ်တာနဲ့ အခြားတစ်ယောက်က ဒါကို မထိရတော့ဘူးလား။ နင့်မိသားစုက ဒီအစားအသောက် ကဏ္ဍကို ပိုင်ဆိုင်တာလား။ ဒီလိုတိုက်ရိုက် ထုတ်လွှင့်မှု လုပ်ကိုင်နေတဲ့ မည်သူမဆို နင်တို့ရဲ့ ဖုဖျင်တာတာရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုပြီး လိုက်လံ အတုခိုးတယ်လို့ ယူဆနေကြတာလား။ ငါပြောတာ မှန်တယ်မလား”

 

“နင် ဒီလိုပြောဖို့ သတ္တိတွေ အရမ်းရှိနေရင် ပင်လယ်စာ ငါးဖမ်းသမားတွေနဲ့ အဆင့်မြင့် စားသောက်ဆိုင်က စားဖိုမှုးတွေကို သူတို့ နင်ပြောတာကို သဘောတူနိုင်လားဆိုတာ သွားမေးကြည့်လိုက်လေ”

 

ယေဘုယျအားဖြင့် တင်ဆက်သူ အများစုသည် ဒီလိုမျိုး ကြွေထည် ပစ္စည်းကဲ့သို့ အထိမခံနိုင်သော ဖြစ်ရပ်များကို မသိချင်ယောင်ဆောင်ရန် ရွေးချယ်လေ့ရှိပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ ဤဖြစ်ရပ်တွင် ပါဝင်သော မနာလိုကြသည့် သူတို့ရဲ့ ပရိသတ်များကို ချွင်းချက်မရှိ ဖယ်ရှားပစ်မည်ဖြစ်ပြီး သည်းမခံနိုင်အောင် ဆိုးရွားလာသော အခါမျိုးတွင် ပရိသတ်များကို တန်ပြန်တိုက်ခိုက်စေမည် ဖြစ်သည်။

 

စုယန်ယန်၏ အပြုသဘော‌ဆောင်သော သဘောထားသည် မမျှော်လင့်ပဲ တိုက်ရိုက် ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များအား ဤဖြစ်ရပ်ကို တုံ့ပြန်ရန် ဦး‌တည်သွားစေခဲ့သည်။

 

[၆၆၆ ဒီတင်ဆက်သူက အံ့မခန်းပါပဲ။ ဒီရွံရှာဖွယ်ကောင်းသော KY တပ်သားတွေကို ဒီလိုမျိုး တိုက်ရိုက် ကိုင်တွယ်ရန် တိုက်တန်ပါတယ်။]

 

[ဟုတ်တယ်၊ ဟုတ်တယ်။ ဒီဖုဖျင်တာတာ့ကို ငါ စိတ်ပျက်တယ်။ သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုက ကောင်းမွန်ပေမယ့် သူမရဲ့ စကားပြောဟန်နဲ့ သူမရဲ့ မျက်မမြင် ပရိသတ်တွေက ဆိုးရွားလွန်းတယ်။ သူတို့ကို အစားအသောက်ကဏ္ဍ တင်ဆက်သူတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွေရဲ့ ဗီဒီယိုမှတ်တမ်းတိုင်းမှာ တွေ့ရတယ်။ သူတို့က အစားအသောက် ကဏ္ဍကို သူတို့ရဲ့အိမ်လို သဘောထားနေကြတာပဲ။ အရမ်းရွံဖို့ကောင်းတယ်။]

 

[ငါ ဒီအကြောင်းကို သက်သေခံနိုင်တယ်။ ငါ သူတို့တွေ တင်ဆက်သူ အသစ်တွေကို မငိုမချင်း အနိုင်ကျင့်တာကို ငါ့မျက်စိရှေ့တင် တွေ့ခဲ့ဖူးတယ်။ သူတို့က အခြားသူတွေရဲ့ မိသားစုဝင်တွေကို ကျိန်ဆဲတာမျိုးကိုပါ တွေ့ဖူးတယ်။ သူတို့တွေရဲ့ ပါးစပ်က တကယ့်ကို အနံ့အသက် ဆိုးရွားလွန်းတယ်။]

 

စုယန်ယန်သည် ဝမ်ကျင့်ဖျင်တွင် ဒီလောက် ဆိုးရွားသော ပရိသတ်များ ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဒီအမျိုးသမီး သူရဲကောင်းလို့ ခေါ်တဲ့ သူတွေကို ဘယ်လို ဆက်ဆံရမလဲဆိုတာ သူမ အဖြေရှာ မတွေ့သေးဘူး။ သူမရဲ့ ဆိုးရွားလှသည့် ပရိသတ်တွေက သူမရဲ့ ဖြတ်သွားဖြတ်လာ ပရိသတ်အများစုကို ဆုံးရှုံးသွားစေခဲ့သည်။

 

ဒီ KY တပ်သားများသည် အပြစ်ရှာမတွေ့သည့် အပြင် ခါးသီးသော ခံစားချက်များ အပြည့်ကိုသာ ရရှိခဲ့ကြသည်။ စုယန်ယန်ကို နောက်ထပ် ဝေဖန်တိုက်ခိုက်တော့မည့် အချိန်တွင် သူတို့တွေရဲ့ အကောင့်တွေအား ပိတ်ပင်ထားခြင်း ခံရတာကို တွေ့လိုက်ရသည်။

 

ဒီ KY တပ်သားတွေက ဒါကို သဘာဝအတိုင်း လွယ်လွယ်လေး ထားလိုက်မှာ မဟုတ်ဘူး။ သူတို့သည် အားကြီးသော ကီးဘုတ်ဖိုက်တာများ ဖြစ်သဖြင့် အကောင့်သစ်များ ဖွင့်ကာ နောက်တကြိမ် ချီတက်လာခဲ့ကြသည်။

 

[ငါ့အကောင့်ကို ဘာလို့ ပိတ်ပင်လိုက်တာလဲ။ နင့်မှာ အသိစိတ်ရှိရဲ့လား။]

 

[တင်ဆက်သူက ငါ သူမကို မေးခွန်းနှစ်ခုလောက် မေးလိုက်တာနဲ့ ငါ့ကို ပိတ်ပင်လိုက်တယ်။ တင်ဆက်သူက သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုအခန်းကို သူမရဲ့ ပိုင်ဆိုင်မှုလို့ ထင်နေတာလား။]

 

[သဘာဝကျစွာပင် ဒီတင်ဆက်သူရဲ့ အကြောင်းအရာတွေက ပြဿနာတွေ ရှိနေတယ်။ ဒီလိုမျိုး ငါတို့ စကားအနည်းငယ်လောက် ပြောဆိုလိုက်တာနဲ့ ငါ့အကောင့်ကို ပိတ်ပင်ဖို့ သူမမှာ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ။]

 

[…]

 

[အိုး... ငါ မင်းကို ပိတ်ပင်လိုက်တယ် ဆိုရင် မင်း အပိတ်ပင်ခံလိုက်ပေါ့။ ငါက အကြောင်းပြချက် တစ်ခုခု ပေးဖို့ လိုအပ်လို့လား။]

 

ဟောက်ချန်ဟွမ်းသည် သူ့မျက်နှာပေါ်တွင် မည်းမှောင်နေသည့် အမူအရာ ထင်ဟပ်နေပြီး နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာသည့် အကောင့်များကို ထပ်မံ ပိတ်ပင်လိုက်ပြန်သည်။ နောက်ခံ အထောက်အထား စိစစ်မှုကို အရှိန်မြှင့်ရန် ယုကျစ်ယန်အား အမိန့်ပေးခဲ့သည်။

 

ဒီလူအုပ်က သူ သူတို့ကို ပိတ်ပင်လိုက်နိုင်သလောက် မြန်မြန် စာရင်းသွင်းနိုင်မလား ကြည့်ရသေးတာပေါ့။

***