အပိုင်း ၇၃
Viewers 1k

 

အခန်း (၇၃) - ဟုန်မန်စားသောက်ပွဲ

 

ထပ်မံ ပိတ်ပင်ခံလိုက်ရသည့် အကောင့်များသည် ဒီတစ်ကြိမ်တွင် တကယ့်ကို စိတ်မကောင်းစရာ ဖြစ်သွားခဲ့ရသည်။ သူတို့ အကောင့်သစ်များ စာရင်းသွင်းသည့် အခါတွင် အရင်က အထောက်အထား အစစ်အမှန်များအား မလိုအပ်ပဲ သာမာန်အတိုင်း လိုအပ်သည့် အချက်အလက်များကို ထည့်သွင်းရန်သာ လိုအပ်ခဲ့သည်။ ယခုအခါ သူတို့အကောင့်သစ်များ ဖွင့်သည့်အခါတွင် သူတို့ရဲ့ အထောက်အထား အစစ်အမှန်များကို ထည့်သွင်းရန် လိုအပ်နေခဲ့သည်။

 

သူတို့သည် မည်းမှောင်နေသော အသွင်များဖြင့် သူတို့ရဲ့ ကိုယ်ရေးအချက်အလက်များကို ဖြည့်သွင်းခဲ့ကြသည်။ သို့သော်လည်း သူတို့အား ပလက်ဖောင်းမှ ပိတ်ပင်ထားသည့် သုံးစွဲသူများအဖြစ် စာရင်းသွင်းထားခဲ့ကြောင်းကို သိရှိနားလည်သွားခဲ့ကြသည်။

 

သူတို့၏ အရင်အကောင့်များကို ပိတ်ပင်ထားရုံ သာမက အကောင့်သစ်တစ်ခု ထပ်မံ စာရင်းသွင်းရန် အခွင့်အရေး မရှိသဖြင့် ထိုလူများသည် ဒေါသတကြီး သူတို့ဖုန်းများကို ရိုက်ခွဲလုနီးပါး ဖြစ်သွားခဲ့ကြသည်။

 

နောက်ထပ် အကောင့်များကို ပိတ်ပင်လိုက်ပြီးနောက် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းရှိ လေထုသည် မူလအတိုင်း သယဇာတဖြစ်ကာ အေးဆေး ငြိမ်သက် သွားခဲ့သည်။ ထိုအချိန်တွင် စုယန်ယန်၏ နောက်ဆုံး ဟင်းလျာသည် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

 

“နောက်ဆုံးဟင်းလျာက အဆင်သင့် ဖြစ်နေပြီးတော့ ကျွန်မရဲ့ ဧည့်သည်လည်း အိမ်ကို ရောက်ခါနီးပြီ။ ဒီစွပ်ပြုတ်ကို ချက်ပြုတ်ဖို့ နာရီဝက်ခန့် ကြာမြင့်ပါလိမ့်မည်။ အချိန်က သိပ်မရတော့တဲ့အတွက် ကျွန်မ ရှင်တို့ကို ချက်ပြုတ် ပြီးစီးသွားတဲ့ ဟင်းလျာကို မပြတော့ဘူး။ ဒီနေ့ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ဒီနေရာမှာပဲ ရပ်ဆိုင်းလိုက်တော့မယ်။ ကျွန်မ မနက်ဖြန်ကျရင် လုပ်စရာ ကိစ္စတစ်ခုရှိလို့ တိုက်ရိုက် ထုတ်လွှင့်မှုကို တစ်ရက် အနားယူရလိမ့်မယ်။ နောက်တစ်ကြိမ် တိုက်ရိုက် ထုတ်လွှင့်မယ့် အချိန်ကို ကြိုတင် ကြော်ငြာပေးပါ့မယ်။ စိတ်ဝင်စားတဲ့ မိတ်ဆွေတွေက ဒါကို စောင့်ကြည့်နိုင်ပါတယ်”

 

စုယန်ယန်ရဲ့ ပြောစကား ဆုံးသွားသော အခါတွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွင် လက်ဆောင် ပေးအပ်သည့်အခါ ထွက်ပေါ်လာသည့် အထူးပြုလုပ်ချက်များစွာ ပေါ်ထွက်လာခဲ့သည်။

 

အစပိုင်းတွင် လက်‌ဆောင် ပစ္စည်းများကို ပေးအပ်သူက အခန်းကြီးကြပ်သူ ဖြစ်လေသည်။ နောက်ပိုင်းတွင် အခြားကြည့်ရှုသူများကလည်း သူမအား ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ဒီမြင်ကွင်းက မယုံနိုင်လောက်အောင် ကြီးကျယ် ခမ်းနားလှသည်။

 

 

စုယန်ယန်သည် ဒီဖြစ်ရပ်ကို စေ့စေ့စပ်စပ် ကြည့်လိုက်တော့ သူမကို လက်‌ဆောင်ပေးသူ အများစုသည် ကံစမ်းမဲ ပေါက်ဖူးကြသည့် ကံထူးရှင် ပရိသတ်များဆီမှ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

 

တိုက်ရိုက် ထုတ်လွှင့်မှုကို ပိတ်ပြီးနောက် စုယန်ယန်သည် သက်ပြင်းချကာ မီးဖို‌ချောင်ထဲမှ ထွက်လာကာ အိမ်စေအချို့ကို ဆူပွက်နေသာ ငါးဟင်းလျာကို ပန်းကန်လုံးကြီးထဲတွင် ထည့်ခိုင်းပြီး အခြားဟင်းလျာ နှစ်ပွဲကို ထမင်းစားပွဲပေါ်သို့ ကူညီပြီး တင်ခိုင်းခဲ့သည်။

 

သူမခေါင်းကို လှည့်ကြည့် လိုက်ချိန်တွင် ညစာစားရန် စိတ်အား ထက်သန်စွာ စောင့်မျှော်နေသော သူမ၏ မိဘများနှင့် အစ်ကိုကြီး ဖြစ်သူကို တွေ့လိုက်ရသည်။

 

စုယန်ယန်သည် ပြောစရာစကား ကင်းမဲ့သွားလေသည်။

 

“အဖေတို့က...” သူတို့ထွက်သွားပြီလို့ ထင်နေတာ။

 

“အာ့...” ဇနီးဖြစ်သူ၏ လိမ်ဆွဲခြင်းကို ခံနေရသော မစ်စတာစုသည် မျက်နှာထား တည်တည်ဖြင့် ပြောလိုက်သည်။

 

“အဖေ မင်းတို့အန်တီလီဆီက ဟောက်ချန်ဟွမ်း ဒီနေ့ အိမ်လည်လာမယ် ဆိုတာကို ကြားခဲ့ရတယ်”

 

စုယန်ယန် “...” ဒီလို စောင့်ကြည့်နေသည့် အကြည့်များ အောက်တွင် နေထိုင်ဖို့ အလွန်ခက်ခဲလှသည်။

 

“ဟုတ်တယ်၊ သူ ဒီနေ့ အားနေတော့ သမီးကို လာတွေ့ချင်လို့တဲ့”

 

“ဒါ့ကြောင့် နင် မနက်အစောကြီး အိပ်ရာထပြီး ထမင်းစားပွဲအပြည့် ဟင်းလျာတွေကို သမီးကိုယ်တိုင် ချက်ပြုတ်နေတာလား”

 

စုယုရွှမ်သည် သူ့မျက်နှာ‌ပေါ်တွင် အေးတိအေးစက် အမူအရာကို ချိတ်ဆွဲထားသော်လည်း သူ့နှလုံးသားတွင် လီမွန်ပင်ပေါ်ရှိ လီမွန်သီးကဲ့သို့ ချဉ်စူးနေသည်။

 

သူ့ညီမ ဘယ်တုန်းက ဟင်းချက်တတ်သွားမှန်း သူ မသိခဲ့ပေမယ့် အခုအချိန်မှာတော့ သူမက ဒီခွေးကောင်ကို ကျွေးမွေးဖို့အတွက် မုန်တိုင်း တစ်ခုလိုမျိုး ပြင်ဆင် ချက်ပြုတ်ပေးခဲ့သည်။ သူ့နှလုံးသား အရမ်းနာကျင်တယ်။

 

ချိန်ရှုချင်သည် ဟောက်ချန်ဟွမ်းကို အဖေနဲ့ သားကဲ့သို့ ရန်လိုနေတာ မဟုတ်သော်လည်း သမီးဖြစ်သူ ပြင်ဆင်ချက်ပြုတ်သော အရသာရှိသည့် ဟင်းလျာများကို အလွန် စိတ်ဝင်စားနေခဲ့သည်။

 

သူမက ချက်ချင်း လက်ခုတ်တီးလိုက်ပြီး အလေးအနက် ပြောဆိုခဲ့သည်။

 

 “သူ အမေတို့အိမ်ကို ပထမဆုံးအကြိမ် လာလည်တာပဲ။ ဒါ့ကြောင့် အမေတို့ သမီးကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရမှာကို စိတ်ပူတယ်။ ဒီနေ့ အမေတို့အားလုံး ဘယ်မှမသွားပဲ သမီးနဲ့အတူ နေပေးမယ်”

 

“ဟုတ်တယ်။ သားမက်လောင်းက ဒီကို ပထမဆုံးအကြိမ် လာလည်တာပဲ၊ အိမ်မှာ တစ်ယောက်မှ မရှိတာကို တွေ့သွားခဲ့ရင် နောင်မှာ သမီးနောက်မှာ ဘယ်သူမှ မရှိဘူးလို့ ထင်သွားလိမ့်မယ်။ အနာဂတ်မှာ သူ သမီးကို အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ”

 

စုယန်ယန်သည် ငိုကြွေးမိလုနီးပါး ဖြစ်သွားခဲ့သည်။ သူတို့က သူ လာလည်မှာကို ဘာလို့ စိုးရိမ်နေကြတာလဲ။ အိမ်မှာ လူတွေ အများကြီး ရှိနေတာကို တွေ့ရင် သူ အေးအေးဆေးဆေး စားနိုင်ပါ့မလား။

 

ဟင်း.... သူက သူမကို အနိုင်ကျင့်မှာလား။ သူမကပဲ အခြားသူတွေကို အနိုင်ကျင့်တယ် ဆိုတာကမှ ဖြစ်နိုင်သေးတယ်။ ဘယ်သူကများ သူမကို အနိုင်ကျင့်ဝံ့မှာလဲ။

 

 

စုယန်ယန်သည် အသူရာ ၂.၀ (၁)၏ မကြာခင် လာတော့မည့် စစ်မြေပြင်ကို သူမအိမ်တွင် ရုတ်တရက် ဖြစ်ပွားလိမ့်မည်ဟု ကြိုတင်မှန်းဆမိခဲ့သည်။ သူမ အဲ့တာကို စောင့်မျှော်နေတာ မဟုတ်ဘူး။

 

 

ဟောက်ချန်ဟွမ်းသည် သွမ်းသွမ်း နှင့်အတူ စုအိမ်တော်သို့ ရောက်ရှိလာသော အခါဝယ် မွှေးကြိုင်လှသော ဟင်းလျာများကို တင်ဆောင်ထားသည့် ထမင်းစားပွဲဝိုင်းတွင် ထိုင်နေသော စုမိသားစုဝင်များနှင့် တွေ့ဆုံခဲ့မိသည်။ သူတို့က သူ ရောက်လာမှာကို လေးလေးနက်နက် စောင့်မျှော်နေခဲ့ကြသည်။ ဒါက စိတ်လေးဖို့ ကောင်းတဲ့ မြင်ကွင်းတစ်ခုပါပဲ။

 

သူ တံခါးပေါက်ကို ဖြတ်သန်း လိုက်သည်နှင့် စုမိသားစုဝင်များ၏ အေးစက်နေသော အကြည့်များက သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။

 

ဟောက်ချန်းဟွမ်းသည် ဒါက ဟုန်မန် စားသောက်ပွဲ ဖြစ်မဖြစ်ကို သိချင်မိသည်။(၂) အကယ်၍ သူ ဒီနေ့ အထဲကို ဝင်သွားခဲ့ရင် အပိုင်းအစ တစ်ခုအဖြစ် ကြွင်းကျန်ရစ်မှာလား။

 

(၁) ဗုဒ္ဓဘာသာဝင်များနှင့် သေမင်းတမန်တို့၏ ရှင်ခြင်း သေခြင်း တိုက်ပွဲမူလအစ

 

(၂) ဟုန်မန်စားသောက်ပွဲသည် သမိုင်းဝင်ဖြစ်ရပ် တစ်ခုပေါ် အခြေခံထားသည့် ဧည့်သည်များကို သတ်ဖြတ်ရန် ရည်ရွယ်ထားသော ညစာစားပွဲ ဖြစ်လေသည်။

***