အပိုင်း ၇၇
Viewers 1k

အခန်း (၇၇) - ကျွန်တော် ပိုင်ဆိုင်သမျှ သူမအပိုင်ပဲ

 

ထမင်းစားပြီး ပူပူနွေးနွေး စွပ်ပြုတ်တစ်ခွက်ကို သောက်သုံး လိုက်တာက ခန္ဓာကိုယ် အတွင်းကို နွေးထွေးသွားစေတာ အမှန်ပါပဲ။ စွပ်ပြုတ်ရဲ့ အာနိသင်က ဘယ်လိုပဲ တွေးတွေး တကယ့် အံ့အားသင့်စရာပါပဲ။

 

အဆုံး၌ လူအနည်းငယ်သည် အလွန်တရာ ကြီးမားသော စွပ်ပြုတ်အိုးကြီး တစ်အိုးလုံးကို ညှစ်ထုတ်လုနီးပါး ဖြစ်သွားခဲ့သည်။

 

ဗိုက်ပြည့်လုနီးပါး ဖြစ်နေသော လူအနည်းငယ်သည် စွပ်ပြုတ် သောက်သုံးပြီးနောက် ဗိုက်ပြည့်အင့် သွားခဲ့သည်။

 

 

လူများ အလွန်အကျွံ စားတဲ့အခါ အိပ်ငိုက် လွယ်ကူစေတယ်။ ဒီဖြစ်ရပ်ကို စုမိသားစုဝင်တိုင်းမှာ ဖြစ်ပွားခဲ့သည်။

 

သို့သော်လည်း တစ်စုံတစ်ယောက်ဟာ ဒီနေရာတွင် ရှိနေတုန်းပဲလို့ တွေးလိုက်မိရုံနဲ့ အဖေစုနှင့် အစ်ကိုကြီးစုတို့သည် သူတို့ရဲ့ ငိုက်မျဉ်းနေမှုကို ချက်ချင်း ဖယ်ရှားလိုက်ကာ ဟောက်ချန်ဟွမ်းကို အကဲဖြတ် ကြည့်နေခဲ့ကြသည်။

 

“မင်း ငါနဲ့အတူ စာကြည့်ခန်းထဲကို လိုက်လာခဲ့”

 

မစ်စတာစုသည် ဟောက်ချန်ဟွမ်းကို ခေါင်းစခြေဆုံး ကြည့်ရှုပြီးနောက် စုယုရွှမ်နှင့်အတူ ထွက်သွားခဲ့သည်။

 

ဘီးတပ် ကုလားထိုင်အား ကိုင်ထားသည့် ဟောက်ချန်ဟွမ်း၏ လက်တွေက တင်းကျပ်သွားပေမယ့် သူက မည်သည့် စကားတစ်ခွန်းမှမဆိုပဲ နာခံစွာ နောက်မှ လိုက်ပါသွားခဲ့သည်။

 

စုယန်ယန်က ဒါကို မြင်တော့ အနည်းငယ် စိုးရိမ်သွားခဲ့သည်။ သူမက မတ်တပ်ထရပ်ပြီး သူ့နောက်သို့ လိုက်သွားရန် ပြင်လိုက်သော်လည်း ချိန်ရှုချင်က သူမအား တားမြစ်ခဲ့သည်။

 

“မေမေ... ဖေဖေနဲ့ အစ်ကိုကြီးက...”

 

“သူတို့က ဘာဖြစ်လဲ။ သူတို့က သူနဲ့ စကားအနည်းငယ်လောက် ပြောချင်ရုံပဲ၊ သူ့ကို လုံးဝ မျိုချလိုက်မှာ မဟုတ်ဘူး။ သမီးက ဘာဖြစ်လို့ ဒီ‌လောက်တောင် စိုးရိမ်ကြီး နေရတာလဲ။ ဒီမှာပဲ အမေနဲ့အတူ စောင့်နေ၊ ဘယ်နေရာကိုမှ သွားဖို့ မစဉ်းစားနဲ့”

 

စုယန်ယန်သည် လုံးဝ စိတ်မအေးသွားခဲ့ပါ။ သူမ စိတ်ထဲတွင် သူတို့က သူ့ကို လုံးဝမျိုချမှာ မဟုတ်ပေမယ့် သူ့ကို မျိုချလိုက်တာထက် ပိုမိုဆိုးရွားတဲ့ ကိစ္စရပ်တွေကို ပြုလုပ်လိမ့်မယ်လို့ တွေးနေမိသည်။

 

ထိုအချိန်၌ပင် ကြောက်မက်ဖွယ် ကောင်းသည့် အရာများကို ပြုလုပ်လိမ့်မည်ဟု စုယန်ယန် ယူဆထားသော သားအဖနှစ်ယောက်သည် စာကြည့်ခန်းထဲသို့ ရောက်ရှိသွားကာ စကားစပြောခဲ့သည်။

 

 “မကြာသေးခင် မင်း ပေးအပ်ခဲ့တဲ့ ခန်းဝင်ပစ္စည်း လက်‌ဆောင်စာရင်းနှင့် ပတ်သက် ပြီးတော့ ငါပြောချင်တာတွေ ရှိတယ်။ ငါ မင်းနဲ့ လူကိုယ်တိုင် ဆွေးနွေးအတည်ပြု မေးချင်တာတွေလည်း ရှိတယ်”

 

 

“ဟုတ်ကဲ့ မေးချင်တာ မေးလို့ရပါတယ်”

 

မစ်စတာစုသည် ဟောက်ချန်ဟွမ်းကို အနီးကပ် စိုက်ကြည့်ကာ လေးလေးနက်နက် ပြောခဲ့သည်။

 

“မင်းရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို ယန်ယန်ကို ခန်းဝင်ပစ္စည်းအဖြစ် ပေးချင်တာ သေချာလား”

 

ဟောက်ချန်ဟွမ်းကို သမက်တော်ရမည့် အဖြစ်အပျက်က ရုတ်တရက် ဖြစ်ပွားခဲ့တာ မဟုတ်ရင် ဟောက်ချန်ဟွမ်းမှာ ပိုင်ဆိုင်မှုတွေ အများကြီး ရှိနေတယ် ဆိုတာကို မစ်စတာစု လုံးဝ သိရှိမှာ မဟုတ်ဘူး။ သူ့ပိုင်ဆိုင်မှုသည် ဟောက်မိသားစု၏ အမည်ခံ ခေါင်းဆောင်ဖြစ်သော ဟောက်ချီဟန် အောက်မကျခဲ့ပေ။ တကယ်တော့ ဟောက်ချန်ဟွမ်း၏ ပိုင်ဆိုင်မှုများသည် ဟောက်ချီဟန်ထက် အများကြီး ပိုများသည်။

 

“ဟုတ်ကဲ့” ဟောက်ချန်ဟွမ်းသည် စဉ်းစားခြင်းမရှိ ပြန်ဖြေသည်။

 

 “ကျွန်တော့်အမြင်အရ သူမနဲ့ ယှဉ်နိုင်တဲ့အရာ ဒီကမ္ဘာပေါ်မှာ တစ်ခုမှ ရှိမှာ မဟုတ်ဘူး။ ကျွန်တော် ပိုင်ဆိုင်သမျှဟာ သူမပိုင်ဆိုင်မှုပဲ”

 

“ယန်ယန်က ပြောတယ်၊ မင်း သူမကို ကြိုက်နေတာ ကြာပြီတဲ့။ အဲ့တာ အမှန်လား”

 

ဟောက်ချန်ဟွမ်း၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားပြီး သူ့မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် စိတ်ရှုပ်ထွေးသွားသည့် အရိပ်အယောင်များ မပေါ်ထွက်လာပဲ မနေနိုင်ခဲ့ပါ။ သို့သော်လည်း ခဏအကြာမှာပင် သူ့ကိုယ်သူ ပြန်လည် ထိန်းချုပ်နိုင်ကာ ရိုးသားဖြောင့်မတ်စွာ ပြောခဲ့သည်။

 

“အဲ့တာ အမှန်ပါပဲ။ ကျွန်တော် သူမကို ချစ်နေတာ ကြာပါပြီ၊ ဦးလေးသိတဲ့ အချိန်ထက် ပိုကြာပါတယ်”

 

မစ်စတာစု၏ မျက်လုံးများသည် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

 

“အဲ့လိုဆိုရင် မင်း ဘာဖြစ်လို့ မပြောခဲ့တာလဲ။ ယန်ယန်နဲ့ ဟောက်ရှောက်ဖုန်းတို့ စေ့စပ်တုန်းက မင်းကို ဘာဖြစ်လို့ မတွေ့ရတာလဲ”

 

“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်မှာကို ကြောက်လို့”

 

စုယုရွှမ်က သူ့မျက်ခုံးများကိုပင့်ပြီး ဟောက်ချန်ဟွမ်းကို ကြည့်လိုက်သည်။

 

“မင်း ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘူးလား”

 

“ငါ ဒီကမ္ဘာပေါ်မှာ တခြားသူတွေ အားလုံးထက် သူမကို လိုချင်တယ်။ ငါ သူမကို ပိုင်ဆိုင်ချင်တယ်၊ သူမရဲ့ ဖြစ်တည်မှု အရာအားလုံးကိုပါ ပိုင်ဆိုင်တယ်”

 

စုမိသားစု သားအဖ နှစ်ယောက်၏ မျက်နှာများသည် အုံ့ဆိုင်းသွားကာ သူတို့ရဲ့ အကြည့်တွေသည် ဟောက်ချန်ဟွမ်းကို မြားချွန်များကဲ့သို့ ထိုးဖောက်တော့မည့် အတိုင်း စိုက်ကြည့် နေခဲ့ကြသည်။ သူတို့သည် ထိုစကားများကို ကြားလိုက်ရပြီးနောက် သူ့ကို အခုချက်ချင်း အပေါက်ပေါင်း များစွာ ဖြစ်အောင် ထိုးဖောက်ချင်လာသည်။

 

ဟောက်ချန်ဟွမ်းသည် သူတို့နှစ်ဦး၏ ရန်လိုနေမှုကို မျက်ကွယ် ပြုလိုက်သည်။ သူ့အမြင်အရ ထိုအချိန်က စုယန်ယန်နှင့် သူ့ကြားရှိ အကြီးမားဆုံးသော ပြဿနာမှာ အခြားသူမဟုတ်ပဲ သူကိုယ်တိုင်ပင် ဖြစ်သည်။

 

“ဒါပေမယ့် ကျွန်တော်... သူမကို ပျော်ရွှင်မှု မပေးနိုင်မှာ စိုးရွံ့လို့ ကျွန်တော် အနားကို မသွားနိုင်ခဲ့ဘူး။ သူမက ပြီးပြည့်စုံပြီး သာယာတဲ့ အိမ်ထောင်ရေး၊ ကျန်းမာသန်စွမ်းတဲ့ ခင်ပွန်းသည်နဲ့ ... အဖိုးတန် ကလေးတစ်ယောက်ကို ပိုင်ဆိုင်ဖို့ ထိုက်တန်တယ်”

 

“ဒါဆိုရင် မင်း အခုမှ ဘာဖြစ်လို့ စိတ်ပြောင်း သွားတာလဲ”

 

“ဘာဖြစ်လို့လဲဆိုတော့ သူမက ကျွန်တော့်ကို ချစ်တယ်လို့ဆိုတော့ ကျွန်တော်လည်း သဘောပေါက်သွားခဲ့တယ်...”

 

ဟောက်ချန်ဟွမ်းသည် မစ်စတာစုကို မျက်လုံးချင်း စိုက်ကြည့်ကာ စကားလုံးတိုင်းကို ရှင်းလင်းပြတ်သားစွာ ပြောခဲ့သည်။

 

“ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ သူမကို ကျွန်တော်ထက် ပိုချစ်နိုင်မယ့်သူ မရှိဘူး၊ ပြီးတော့ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ သူမရဲ့ ပျော်ရွှင်မှုတွေကို ကျွန်တော့်ထက် ပိုယူ‌ဆောင်ပေးနိုင်မှာ မဟုတ်ဘူး”

 ***