အပိုင်း ၉၀
Viewers 1k

အခန်း (၉၀)

ဒါက မင်းရွေးချယ်ထားတဲ့ မိန်းမကောင်းပဲ

 

ဟောက်ရှောက်ဖုန်းသည် ဒီဗီဒီယိုကို မြင်လိုက်သော အခါဝယ် သူ့မျက်နှာဟာ ချက်ချင်း ဖြူဖျော့သွားခဲ့သည်။ သူက မယုံကြည်နိုင်စွာ မေးမြန်းလိုက်သည်။

 

“အဲ့တာ... အဲ့တာက ဦးလေးဟောက်ရဲ့ လက်အောက်ငယ်သားတွေ ဆီကလား။ သူ့လူတွေက ဒီဗီဒီယိုကို ဘယ်လို ရလာတာလဲ။ ပြီးတော့ ကျွန်တော် ဦးလေးဟောက် အကြောင်း ပြောလိုက်တာကိုလည်း သူတို့ သိနိုင်တာပေါ့...”

 

“မင်း အခုမှ ကြောက်နေတာလား။ မင်း ဘာတစ်ခွန်းမှ မပြောခင်မှာ ဖြစ်လာမယ့် အကျိုးဆက်တွေကို ဘာလို့ မစဉ်းစားခဲ့တာလဲ”

 

သူတို့သည် ဟောက်ချန်ဟွမ်း၏ မစွမ်းသန်မှုကို အမှန်ပင် သူတို့စိတ်ထဲမှ လှောင်ပြောင် နေခဲ့ကြ‌သော်လည်း ဒါကို ထုတ်ဖော် ပြောဆိုခဲ့သော သူ၏ မိုက်မဲသော သားဖြစ်သူအား ဟောက်ချီဟန်သည် အစောပိုင်းကပင် သူ့ကို ဂူသွင်းမြှုပ်နှံ လိုက်သင့်တယ်လို့ ခံစားလိုက်ရသည်။

 

 

မည်သို့ပင်ဆိုစေကာမူ ဟာသဟာ ဟာသတစ်ခုပင် ဖြစ်သည်။ ဒီကိစ္စကို ဘယ်သူကမှ ပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲကြဘူး။ သို့သော်လည်း ဒီမပြောသင့်၊ မပြောအပ်သည့် စကားလုံးအား ဟောက်ချန်ဟွမ်းရဲ့ သတို့သမီးလောင်း ရှေ့တွင် ကျယ်လောင်စွာ ပြောဆိုခဲ့သည်။ သူတို့သာ စိတ်ထား ဖြောင့်မှန်မယ်ဆိုရင် သူ့ကို ဘယ်သူက သက်သက်မဲ့ ရိုက်နှက်မှာတဲ့လဲ။

 

ဟောက်ချီဟန် အမျက်ထွက်ဆုံး ကိစ္စမှာ ဟောက်ရှောက်ဖုန်း စကား စပြောသော အခါတွင် စုယန်ယန်၏ မျက်နှာပေါ်တွင် စိတ်မရှည်သော အမူအရာ ရှိနေခဲ့သည်ကို သူ့လို အပြင်လူကပင် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ သူမ မျက်လုံးများတွင် သူ့အပေါ်ကို အထင်သေး လှောင်ပြောင်လိုမှုများ ပြည့်နှက်နေခဲ့သည်။

 

ဒီလို မိုက်မဲမှုမျိုးဟာ မျက်စိကန်း နေသလိုပါပဲ။ ဟောက်ရှောက်ဖုန်းရဲ့ ကြီးကျယ် ခမ်းနားသော စကားလုံးများသည် သူ့ကို အထင်သေးနေသာ စုယန်ယန် ရှေ့မှောက်တွင် အသုံးမဝင်ပဲ ဟောက်ချန်ဟွမ်း၏ မစွမ်းသန်မှုဆိုင်ရာ ခေါင်းစဉ်ကို လိမ္မာပါးနပ်စွာ ပြောင်းလဲ ပြောဆိုလိုက်ခြင်းက စုယန်ယန်ရဲ့ ဒေါသအား အမြင့်ဆုံးသို့‌ ရောက်အောင် သူ တွန်းတင် ပေးလိုက်နိုင်ခဲ့သည်။ သူက တကယ့်ကို ဦးနှောက် မရှိတာပဲ။

 

အကယ်၍ ဟောက်ချန်ဟွမ်းသည် ဒီဗီဒီယိုကို ထုတ်ပြန်ခဲ့ပါက ဟောက်ရှောက်ဖုန်းသည် လူရယ်စရာ ဖြစ်လာရုံသာမက ဟောက်ချီဟန်သည်လည်း ဖခင်တစ်ဦး အနေဖြင့် လှောင်ရယ်စရာ ဖြစ်လာပေလိမ့်မည်။

 

“ဒီရက်ပိုင်းမှာ မင်း ဆေးရုံမှာ လိမ်လိမ်မာမာနဲ့ ဆေးကုသမှုကို ခံယူရလိမ့်မယ်။ မင်း ဆေးရုံက ဆင်းပြီးရင် အိမ်မှာ အေးအေးဆေး‌ဆေး အနားယူရမယ်။ ကုမ္ပဏီကိစ္စတွေကို မင်းကိုယ်တိုင် ပါဝင် ပတ်သက်ခြင်း မပြုရဘူး”

 

ဒီစကားကို ကြားလိုက်ရချိန်တွင် သားအမိ နှစ်ယောက်စလုံး မျက်နှာတွေ ပျက်ယွင်း သွားခဲ့သည်။ မစ်ဟောက်က စိတ်မထိန်းနိုင်ပဲ “ချီဟန် ရှင် ဒီလိုမလုပ်သင့်ဘူး။ သိပ်မကြာသေးခင်ကမှ ရှောက်ဖုန်းက ကုမ္ပဏီထဲ ဝင်ရောက်ခဲ့ရတာ။ အခု သူ ဘယ်လိုလုပ်ပြီး နုတ်ထွက်လို့ဖြစ်မလဲ။ ကျန်တဲ့ ဝန်ထမ်းတွေကရော ဘယ်လို ထင်ကြမလဲ။ နောက်အနာဂတ်မှာ သူ ကုမ္ပဏီကို ပြန်လာတဲ့ အခါကျရင် အခြားသူတွေက သူ့အကြောင်းကို ဘယ်လို ပြောဆိုကြမလဲ။ ရှင် သူ အလုပ်မထွက်ရဖို့ ကူညီပေးသင့်တယ်။ နည်းလမ်း တစ်ခုခုတော့ ရှိမှာပါ”

 

 

“ငါ ဘာလုပ်နိုင်မှာလဲ။ ဒီလူမိုက်ကို ကာကွယ်ပေးဖို့ နေနေသာသာ ငါ အခု ကိုယ့်ကိုယ်ကိုယ်တောင် မနည်း ကာကွယ်နေရတယ်။ ငါတို့မိသားစုက ဒါကို ကျော်ဖြတ် နိုင်လိမ့်မယ်လို့ မင်းထင်လား”

 

“သူတို့ အဲ့တာကို ပူးပေါင်းကြံစည်ခဲ့ကြတာ... သူတို့ အဲ့တာကို ပူးပေါင်းကြံစည်ခဲ့ကြတာ ဖြစ်လိမ့်မယ်။ အဖေ၊ ဒါက ဟောက်ချန်ဟွမ်းရဲ့ လျှို့ဝှက် ပူးပေါင်းကြံစည်မှုပဲ ဖြစ်လိမ့်မယ်။ သူတို့က ကျွန်တော့်ကို ကုမ္ပဏီမှာ အလုပ်မဝင်စေချင်သလို ဟောက်ကော်ပိုရေးရှင်းကိုလည်း အမွေမခံစေချင်ဘူး။ သူတို့ ကျွန်တော့်ကို ဖြုတ်ချချင်နေကြတာ”

 

“ဒါက လျှို့ဝှက် ပူးပေါင်း ကြံစည်မှု ဆိုရင်တောင် ဘာဖြစ်လဲ။ မင်း အဲဒီထောင်ချောက်ထဲကို လိုလိုလားလား ခုန်ဆင်းခဲ့တာပဲ။ မင်းဦးနှောက်ကို ဘယ်နေရာ သွားထားခဲ့တာလဲ။ မင်း အဲဒီကောင်မလေးနဲ့ တွဲပြီး ကတည်းက မင်း အသိဉာဏ်တွေ ဆုံးရှုံးသွားခဲ့ပြီလား”

 

ဟောက်ချီဟန် ဆဲရေးပြီးနောက် သူ တစ်ခုခုကို တွေးလိုက်မိပုံရပြီး အေးစက်စွာ ပြောလိုက်သည်။

 

“မင်းကောင်မလေး ဘယ်မှာလဲ။ မတော်တဆမှု မဖြစ်ခင်မှာ မင်း သူနဲ့အတူ စျေးဝယ် ထွက်ခဲ့တယ်လို့ မပြောခဲ့ဘူးလား။ အခု ရှောက်ဖုန်းက ဆေးရုံခုတင်ပေါ်မှာ လဲလျောင်းနေပြီး သူမက ဘယ်နေရာကို ရောက်နေရတာလဲ”

 

“သူမ...”

 

ဟောက်ချီဟန်က ထိုမိန်းကလေး အကြောင်းအား ပြောနေတာကို ကြားလိုက်ရတော့ မစ်ဟောက်ရဲ့ မျက်နှာ အမူအရာဟာ ပြောင်းလဲသွားခဲ့သည်။

 

“ကျွန်မ အခုပဲ ရှောက်ဖုန်းရဲ့ဖုန်းကို အသုံးပြုပြီး သူမကို ဖုန်းအကြိမ် အနည်းငယ်ခန့် ခေါ်ဆိုခဲ့ပေမယ့် သူမ လုံးဝ ပြန်မဖြေခဲ့ဘူး။ ကြည့်ရတာ... သူမက ရှောက်ဖုန်းကို ဘလော့ခ်ထားတဲ့ပုံပဲ”

 

“မင်း ဆေးရုံတက်နေရတာကိုတောင် သူမက မင်းကို ဘလော့ခ်ထားသေးတယ်။ ဒါက မင်းရွေးချယ်ခဲ့တဲ့ မိန်းမကောင်းပဲ”

 

 ဟောက်ချီဟန်သည် အေးစက်သော မျက်နှာဖြင့် ထွက်ခွာသွားကာ စိတ်ရှုပ်ထွေး နေကြသော မစ်ဟောက်နှင့် ဟောက်ရှောက်ဖုန်းတို့အား နောက်တွင် ချန်ထားရစ်ခဲ့သည်။

 

အချိန် အတော်ကြာပြီးနောက် မစ်ဟောက်သည် နောက်ဆုံးတွင် သူမအသံအား ပြန်လည် ရရှိသွားပုံပေါ်ပြီး ဝမ်းနည်းပူဆွေးစွာ မေးမြန်းခဲ့သည်။

 

“ရှောက်ဖုန်း သူမ မင်းကို ဘယ်လို ဆက်ဆံ လိုက်တာလဲ။ မင်းကို အရေးမထားတဲ့ မိန်းကလေး တစ်ယောက်အတွက် ချမ်းသာတဲ့ မိသားစုမှ မိန်းကလေးကို မင်း ဘယ်လိုလုပ်ပြီး စွန့်ပစ်နိုင်ရတာလဲ”

 

“အမေ၊ အမေလည်း အတူတူပဲလေ...”

 

“ငါရောပဲဆိုတာကို မင်း ဘာကို ဆိုလိုချင်တာလဲ။ ငါ မှားတယ်လို့ ပြောချင်တာလား။ မင်းရဲ့ ပုန်ကန်ထကြွတဲ့ လုပ်ရပ်ကြောင့် မဟုတ်ရင် အခု ဒီလိုအခြေအနေမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး”

 

“အမေ၊ မင်း အရမ်း နုံအလွန်းတယ်။  ဒါက ကျွန်တော့် မသန်မစွမ်း ဖြစ်အောင် တမင် ကြံစည်တာမှန်း သိသာလွန်းတယ်။ ကျွန်တော်က သူမကို သွားမရှာဘူး ဆိုရင်တောင်မှာ သူတို့က ကျွန်တော့်ကို လာရှာကြလိမ့်မယ်”

 

ထိုအချိန်၌ ဟောက်ရှောက်ဖုန်းသည် စုယန်ယန်က ဟောက်ချန်ဟွမ်း နှင့်အတူ ကုန်တိုက်တွင် စျေးဝယ် ထွက်နေတယ်လို့ ကြားရသောကြောင့် သူ မမျှော်လင့်ပဲ တွေ့ဆုံခဲ့ဟန်ဆောင်ရန် စီစဉ်ခဲ့သည့် အကြောင်းအား လုံးဝ မေ့လျော့သွားခဲ့သည်။ သူရဲ့ တဇောက်ကန်း ဒေါသကြောင့် စုယန်ယန်အား အိမ်မွေးတိရစ္ဆာန်ဆိုင်မှ အပြင်သို့ ထွက်လာစေရန် အနီးအနားရှိ လမ်းသွားလမ်းလာ တစ်ဦးအား  အိမ်မွေးတိရစ္ဆာန်တစ်ကောင်ဖြင့် လာဘ်ထိုးခဲ့သည်။

***