ဒရာမာကင်း အမွှေးပွလုံးလေး
ဟောက်ရှောက်ဖုန်း၏ မခိုင်လုံသော လုပ်ရပ်ကြောင့်သာ မဟုတ်ရင်
စုယန်ယန်က သူ့ကို အန္တရာယ်ပြုဖို့ နေနေသာသာ သူ့ကို လူကိုယ်တိုင် တွေ့ခဲ့ဖို့တောင် မဖြစ်နိုင်ဘူး။
သို့သော်လည်း မစ်ဟောက်သည် သူ့သားဖြစ်သူဘက်မှ အမြဲရပ်တည်ကာ
သူ့ပြောစကားတွေကို လုံးဝ သံသယ မဝင်ခဲ့ပါ။ ဒီဖြစ်ရပ်ကြောင့် စုယန်ယန်နဲ့ ချိန်ရှုချင်တို့
အပေါ် သူမ မကျေမနပ်ဖြစ်ပြီး ခံပြင်းခဲ့မိသည်။
နှစ်ဖက်စလုံးမှ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပြီး ကိုယ်စီ
ပျော်ရွှင်မှုကို ရှာဖွေဖို့ ထွက်ခွာသွားပြီးပြီ ဖြစ်သည့်အတွက် သူမသားဖြစ်သူအား ပြဿနာရှာပြီး
သူမတို့အား ဆန့်ကျင်ကာ ဟောက်ချန်ဟွမ်းကို ကူညီဖို့ ဘယ်လိုလုပ်ပြီး လုပ်နိုင်ရတာလဲ။
ဟောက်ရှောက်ဖုန်းနှင့် မဒမ်ဟောက်တို့သည် ဟောက်ကော်ပိုရေးရှင်းထံမှ
နှင်ထုတ်ရန် ရည်ရွယ်သည့် အစီအစဉ် တစ်ခုဖြစ်ပြီး သူတို့က သူ့အား ဆန့်ကျင်လိုသည့် လျှို့ဝှက်ကြံစည်မှု
ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုရာတွင် ကိုယ်ပြုလုပ်ခဲ့သည့် အမှန်တရားအား မျက်ကွယ် ပြုထားခဲ့သည်။
ထိုအခိုက်အတန့်မှာပင် ဟောင်ချန်ဟွမ်းသည် ယုကျစ်ယန် ရိုက်ကူးထားသော
ဗီဒီယိုကို ကြည့်ရှု နေခဲ့ပြီးတော့ ဒါက တည်းဖြတ်ထားသည့် ဗီဒီယို မဟုတ်ပေမယ့် ထိုအဖြစ်အပျက်
အလုံးစုံကို မဖြတ်တောက်ထားသည့် ဗီဒီယိုမူရင်း ဖြစ်သည်။
စုယန်ယန်မှ ဟောက်ရှောက်ဖုန်းအား ထပ်ခါတလဲလဲ ရိုက်နှက်သည့်
အပိုင်းကို သူ ထပ်ခါထပ်ခါ ပြန်ရှုကြည့်မိသည်။
ဟောက်ချန်ဟွမ်းဟာ ဟောက်ရှောက်ဖုန်းက သူ့အကြောင်းကို ပြောဆိုနေတာကို
ဂရုမစိုက်ပေမယ့် တစ်ဖက်မှ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကို ထုတ်ဖော်ပြောဆို
လိုက်ချိန်မှာတော့ ရုတ်တရက် ပြင်းထန်တဲ့ တိုက်တွန်းချက်တွေက ခေါင်းထောင် ထလာခဲ့ပြီး
သူ့ကို ရက်စက်စွာ အသေသတ်ပစ်ဖို့ထက် ဘာကိုမှ ဆန္ဒမရှိနိုင်ခဲ့ဘူး။
ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များ နှင့်အတူ စုယန်ယန်၏ နှလုံးသားထဲမှာ
သူက သူမအတွက် တစ်စုံတစ်ယောက်မှ အလွယ်တကူ မထိပါးနိုင်သည့် လူတစ်ယောက် ဖြစ်လာခဲ့ပြီလို့
သူတွေးထင်၍ ရနိုင်မလား။
ဒီလို အသိအမှတ် ပြုမှုသည် ဟောက်ချန်ဟွမ်း၏ တစ်ကိုယ်လုံးကို
ပျော်ရွှင်မှုများ ပြည့်ဝ သွားစေခဲ့သည်။ ဒီဗီဒီယိုတွင် လူနှစ်ဦးအား ပြသနေသော်လည်း သူ့မျက်လုံးများထဲတွင်
လူတစ်ဦးတည်းကိုသာ မြင်မိလေသည်။
ထိုပုဂ္ဂိုလ်သည် ထူးထူးကဲကဲ တောက်ပသော ဖြစ်တည်မှု တစ်ခုနှင့်
တူပြီး သူမက သူ့အာရုံကို အချိန်မရွေး နေရာမရွေး ဆွဲဆောင်နိုင်ကာ သူမထံမှ သူ့အကြည့်တွေကို
မခွာနိုင်ပါချေ။
ခွေးလှောင်အိမ်ထဲမှာ သိုးမွေေးဘောလုံးဖြင့် ကစားနေသည့် သွမ်းသွမ်းသည်
သူ့ပိုင်ရှင်၏ အသံကို ရုတ်တရက် ကြားလိုက်ကာ သူ့နားရွက် သေးသေးလေးတွေကို နားစွင့် ထားလိုက်မိသည်။
သူလေးက ချက်ချင်း ဆိုသလိုပင် သိုးမွေေးဘောလုံးကို ပစ်ချလိုက်ကာ
အမြှောက်ကျည်ဆန်လေး တစ်ခုလို ပြေးထွက်လာပြီး သူ့ပိုင်ရှင်ရဲ့ ပေါင်ပေါ်သို့ တက်ရန်
ကြိုးစားခဲ့သည်။
မင်း စိတ်ကူးကြည့်သလိုပဲ၊ ဒီကြောင်တောင်တောင် ဘောလုံးလေးဟာ
သူလေးရဲ့ ဝမ်းဗိုက် အဆီလေးများဟာ ပြန့်ပြူးနေသည့် ရှေ့မှ ကြမ်းပြင်ပေါ်သို့ လျှောကျသွားပြီး
အချိန်အတော်ကြာ မိန်းမောတွေဝေ နေခဲ့သည်။
ကံကောင်း ထောက်မစွာဖြင့် ဒီကောင်လေးက လိုက်လျော ညီထွေရှိမှု
အားကောင်းတယ်။ သူ့သခင်ဖြစ်သူထံ ဘာဖြစ်လို့ မရောက်ရှိမှန်းကို နားမလည်နိုင်ပေမယ့် သူလေးရဲ့
မိန်းမော တွေဝေနေရာမှ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့ပြီး ဟိုလိုဂရပ်ဖစ် ပုံရိပ်အောက်သို့
ပြေးသွားကာ သူ့သခင်ဖြစ်သူ၏ ဘေးပတ်လည်တွင် လှည့်ပတ် ပြေးလွှားနေခဲသည်။
သူလေးရဲ့ ပိုင်ရှင်ဖြစ်သူသည် တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်
နေရသောကြောင့် သူလေးအား လျစ်လှျူရှု ထားတာကို သိရှိသွားပြီးနောက် သွမ်းသွမ်းသည် သူ့အမွေေးလေးများပင်
ထောင်ထသွားကာ ဟောက်ရှောက်ဖုန်းရဲ့ ပုံရိပ်အား ကြည့်ကာ ကျယ်လောင်စွာ ဟောင်ကာ သူ့ကို
ကိုက်ရန်ပင် ရှေ့သို့ဆတ်ခနဲ ခြေလှမ်း တိုးသွားခဲ့သည်။
ဟုတ်တာပေါ့၊ သူလေးဟာ ကြမ်းပေါ်သို့ နောက်တစ်ဖန် လဲကျသွားကာ
သတ်မှတ်ထားတဲ့ အကွာအဝေးကို ဖြတ်ပြီး ရှေ့သို့ လျှောကျသွားခဲ့သည်။
“ဖူး...” ဟောက်ချန်ဟွမ်းသည် ဒီမြင်ကွင်းကို မြင်လိုက်ရသော
အခါတွင် ဒီဒရာမာကင်း အမွေးပွလုံးလေးကြောင့် ရယ်မောသွားမိသည်။
သွမ်းသွမ်း “...” ဒီခွေးလေးအတွက် သူ မျက်နှာသာအချို့ ပေးသင့်တယ်
မဟုတ်လား။
ဒီကောင်လေးက လွန်ခဲ့သည့် နှစ်ရက်ကလို သူ့အား လျစ်လျှူရှုခဲ့သည့်အထိ
မရှက်ရွံ့သွားစေရန် ဟောက်ချန်ဟွမ်းက သူလေးကို ကောက်ယူပွေ့ဖက်ဖို့ ခြေလှမ်းစကာ တိုးတိုးလေး
ပြောလိုက်သည်။ “မင်းလည်း သူမက အရမ်းအံ့သြဖွယ် ကောင်းပြီး အစွမ်းထက်တယ်လို့ ထင်တယ်မလား”
ဒီကောင်လေးရဲ့ နားရွက်တွေဟာ နောက်တစ်ကြိမ် ဂရုတစိုက် နားစွင့်လိုက်ပြန်သည်။
ခဏအကြာတွင် သူလေးက စိတ်ကြီးဝင်နေသော အကြည့်ဖြင့် မော့ကြည့်ကာ သူလေး စိတ်ထဲတွင် ဤကဲ့သို့
ပြောနေပုံရသည်။
“မင်း ငါ့ပိုင်ရှင်ကို
ချီးကျူးတဲ့အတွက် မင်းရဲ့ မသိနားမလည်မှုကို ငါ ခွင့်လွှတ် ပေးလိုက်မယ်”
ဟောက်ချန်ဟွမ်းရဲ့ နှုတ်ခမ်းများဟာ အနည်းငယ် ကွေးညွှတ်သွားပြီး
ဒီကောင်လေးရဲ့ နူးညံ့သော ခေါင်းလေးကို ပွတ်သပ် လိုက်သည်။
“မနက်ဖြန်ကျရင် ငါ
မင်းကို ဟွားဟွားနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်”
ဒီကောင်လေးဟာ ရုတ်တရက် ခေါင်းမော့ကြည့်ကာ သူ့ရှေ့လက်နှစ်ဖက်ကို
ဟောက်ချန်ဟွမ်းရဲ့ လက်မောင်းတွေပေါ်သို့ တင်လိုက်သည်။ ဟောက်ချန်ဟွမ်းကို စိတ်လှုပ်ရှား
ရွှင်လန်းနေသော အနက်ရောင် မျက်လုံးဝိုင်းများဖြင့် စိုက်ကြည့်ကာ ထိုအကြည့်များထဲတွင်
“တကယ်လား၊ တကယ်လား” ဟု မေးနေသကဲ့သို့ပင်။
ဒီခွေးထံမှ အေးတိအေးစက် ဆက်ဆံမှုကို ရရှိခဲ့ဖူးသော ဟောက်ချန်ဟွမ်းသည်
သူ့အပေါ် သူလေး၏ သဘောထား ပြောင်းလဲလာသည့်အတွက် ကြက်သေ သေသွားခဲ့သည်။ သူက ရယ်ကာမောကာဖြင့်
စကားဆိုလိုက်သည်။
“မင်းရဲ့ ဒီလိုပျော်နေတဲ့ အသွင်က မင်းပိုင်ရှင်နဲ့ အရမ်းဆင်တူတယ်။
အိမ်မွေးတိရစ္ဆာန်တွေက သူတို့ပိုင်ရှင်တွေနဲ့ ဆင်တူတယ်လို့ လူတွေက ပြောကြတယ်။ ဒါက လုံးဝ
ယုတ္တိမတန်တာမျိုးတော့ မဟုတ်ဘူးပဲ”
သွမ်းသွမ်းက သူ ပြောတာကို နားမလည်နိုင်သည့် အတွက် စိတ်ရှုပ်ထွေးကာ
ခေါင်းငုံ့ သွားခဲ့သည်။
“ဒီည ကောင်းကောင်းနေ၊ ဒါဆို မနက်ဖြန်ကျရင် ဟွားဟွားကိုတွေ့ဖို့
ခေါ်သွားပေးမယ်”
သွမ်းသွမ်းက ဒီစကားလုံးကို နားလည်ပြီး ဝမ်းသာအားရ ဟောင်လိုက်သည်။
မနက်ဖြန်ကျရင် ဇနီးလေးကို တွေ့နိုင်တော့မယ်။ ဒါက အရမ်းပျော်ဖို့ကောင်းတာပဲ။
***