မာနကြီးသော အဘိုးအို
စုယန်ယန်သည် ထိုသတင်းစကားကို လက်ခံရရှိသောအခါ ထိတ်လန့်သွားခဲ့ပြီး
ဟောက်ချန်ဟွမ်း၏ အိမ်ပြန်ပို့ပေးမယ်ဆိုသည့် အဆိုပြုချက်ကို ချက်ချင်း ပယ်ချကာ တစ်ယောက်တည်း
အိမ်ကို အမြန်ပြန်သွားခဲ့သည်။
ဟာသပဲ။ သူမရဲ့ အဘိုးဟာ ဒီအိမ်ထောင်ရေး ကိစ္စနှင့် စပ်လျဉ်း၍
အမြင်မတူမှုများစွာ မူလကပင် ရှိခဲ့ဖူးသည်။ အကယ်၍ သူမက မည်သည့် အခြေခံ အုတ်မြစ်ကိုမျှ
မချပဲ သူတို့ကို ချက်ချင်း တွေ့ဆုံစေခဲ့မည်ဆိုပါက သူမရဲ့ အလယ်လူ နေရာ၌ပင် ပေါက်ကွဲ
သွားပေလိမ့်မည်။
စုယန်ယန်သည် အိမ်ကို အမြန်ပြန်ခဲ့ပြီး သူမ အရင်ဆုံး တွေ့လိုက်ရတာက
အိမ်၏ ဧည့်ခန်းအလယ်မှာ တည်ကြည်လေးနက်စွာ ထိုင်နေသော အဘိုးအို တစ်ယောက်ကိုပင် ဖြစ်သည်။
စုယန်ယန်၏ မျက်လုံးတွေဟာ ချက်ချင်းပင် နီရဲလာခဲ့ကာ သူမ အဘိုးကို
ပွေ့ဖက်ဖို့ တခြား ဘာကိုမှ မတွေးတောပဲ ငိုယိုရင်း ပြေးသွားခဲ့သည်။
အဘိုးချန်ဟာ သူ ဒီလို မလာခင်မှာ သူ၏ မလိမ္မာပဲ ကျီစယ်တတ်သည့်
မြေးမလေးကို သူမ၏ တစ်သက်တာ ပျော်ရွှင်မှုအား ဒီလို ဟာသမျိုး မပြုလုပ်သင့်ကြောင်းကို
သင်ခန်းစာ တစ်ခုအဖြစ် သင်ကြားပေးဖို့ ဆုံးဖြတ်ထားခဲ့သည်။
သူ့ကိုယ်သူ ဘယ်လောက်ပဲ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပါစေ
သူ့မြေးမလေး၏ မျက်လုံးထဲမှ မျက်ရည်များဖြင့် ရင်ဆိုင်တွေ့လိုက်ရသည့် အခါတွင် သင်ခန်းစာ
ပေးမယ်ဆိုသော အတွေးတွေ အားလုံးကို ပြတင်းပေါက်ကနေ လွှင့်ပစ်ခဲ့လိုက်သည်။ သူမအတွက် ပူပန်သောကများနှင့်
စိုးရိမ်ပူပန်မှုများပဲ သူ့ထံမှာ ကျန်ရစ်ခဲ့သည်။
“မြေးလေး ဘာလို့ ငိုနေရတာလဲ။ ဟောက်မိသားစုက အမှိုက်ကောင်က
ငါ့မြေးကို အနိုင်ကျင့်လို့လား။ အဘိုးကို ဘာဖြစ်လာတာလဲ ဆိုတာကို ပြောပြစမ်း။ အဘိုး
ငါ့မြေးလေးအတွက် ဖြေရှင်းပေးမယ်”
စုယန်ယန်သည် သူမ အဘိုးပြောသည့် စကားများကို ကြားလိုက်ရသော
အခါတွင် သူမ၏ နှာခေါင်းဟာ ထိလွယ် ရှလွယ်သလို ခံစားရကာ သူမ အဘိုးဖြစ်သူကို ပွေ့ဖက်ထားရင်း
ဆို့နင့်သွားမိသည်။
“မဟုတ်ပါဘူး၊ သူက
သမီးအပေါ် ကောင်းကောင်း ဆက်ဆံပါတယ်။ သူက သမီးကို အနိုင်ကျင့်တာမျိုး လုံးဝ မရှိပါဘူး”
အဘိုးချိန်ဟာ သူမကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
“သူက ငါ့မြေးကို အနိုင်မကျင့်ဘူးဆိုရင် ငါ့မြေးက ဘာဖြစ်လို့
ဒီလိုမျိုး ငိုနေရတာလဲ။ မကြောက်ပါနဲ့၊ အဘိုး ဒီမှာရှိတယ်။ အဘိုးကို ဘာဖြစ်ခဲ့တာလဲ ဆိုတာကို
ပြောပြ။ အဘိုးက ငါ့မြေး အနောက်မှာ ရှိတယ်”
“သူ တကယ်ပဲ အနိုင်မကျင့်ပါဘူး။ သမီး အဘိုးကို အရမ်းလွမ်းနေလို့
ငိုမိသွားတာ။ အခု အဘိုးကို တွေ့လိုက်ရတော့ သမီး မထိန်းထားနိုင်တော့တာ...”
“ငါ့မြေးက အဘိုးကို လွမ်းနေတာလား”
ဒီလိုမျိုး သကာရည် ဆမ်းထားတဲ့ အမြောက်ဆန်ဟာ အဘိုးချိန်အား
ရုတ်တရတ် ပစ်ခွင်းသွားခဲ့သည်။
သူက စုယန်ယန်ကို ခဏလောက် ကြောင်ကြည့်နေရင်း သူမက မည်သည့်
ညှဉ်းပန်းနှိပ်စက်မှုကိုမျှ မကြုံတွေ့ခဲ့ရဘူး ဆိုတာ သေချာသွားခဲ့သည့် နောက်မှာ သူက
‘ဟွန်း’လို့ နှာခေါင်းရှုံ့ကာ ဒေါကန်သွားခဲ့သည်။
“မင်း ငါ့ကိုလွမ်းတယ်ဆိုရင်
မင်း ဘာဖြစ်လို့ ငါ့ကို ပြန်လာပြီး မတွေ့ရတာလဲ။ မင်း ငါ့ကိုတောင် မပြောပဲ မင်းရဲ့ သတို့သားလောင်းကို
ပြောင်းလဲခဲ့တယ်။ အဘိုးက နင့်နှလုံးသားထဲမှာ နေရာမရှိဘူး”
စုယန်ယန်ဟာ ဒီစကားကို ကြားလိုက်ရတော့ အလျင်စလို ပြောခဲ့သည်။
“အဘိုးက သမီးနှလုံးသားထဲမှာ
နေရာမရှိတာမျိုး မဟုတ်ရပါဘူး။ ဒါက ရုတ်တရတ် ဖြစ်ပျက်သွားခဲ့ရတဲ့ အခြေအနေကြောင့်ပါ”
“ဟုတ်တယ်၊ အဲ့တာ အမှန်ပဲ။ အဖေတို့တင် မကဘူး၊ အဲဒီအချိန်တုန်းက
သူတို့က နေရာမှာတင် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်တာ သမီးတို့အားလုံး ထိတ်လန့် တုန်လှုပ်
သွားခဲ့ကြတယ်”
အဘိုးချိန်သည် သူ့သမီးဖြစ်သူ၏ စကားများကို ကြားလိုက်ရတော့
သူ့ဒေါသတွေက သူမထံသို့ ချက်ချင်း ပြောင်းသွားခဲ့သည်။
“နင်က ဘာတွေ ထိတ်လန့် သွားခဲ့တာလဲ။ ယန်ယန်က အသက်ငယ်သေးတော့
အတွေ့အကြုံမရှိဘူး ဆိုပေမယ့် နင်က အရွယ်ရောက်တဲ့ လူကြီးဖြစ်ပေမယ့် စဉ်းစားနိုင်စွမ်း
မရှိပါလား။ နင်က သူမကို ပရမ်းပတာ ဖြစ်အောင် လွှတ်ထားခဲ့တာလား”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဒါက သမီးတို့ အမှားပဲ။ ယန်ယန်ကို
မတားဆီးပဲ သူမစိတ်ကြိုက် လုပ်ခွင့် ပေးလိုက်မိတယ်။ သမီးတို့ကို အပြစ်တင်သင့်ပါတယ်”
“နင့်လေသံကို နားထောင်ရတာ ငါက နင့်ကို မှားယွင်း အပြစ်တင်နေတယ်လို့
ဆိုချင်နေတဲ့ပုံပဲ။ ယန်ယန်က ငါအနားမှာ နေထိုင်တုန်းက အရမ်းလိမ္မာပြီး နာခံတတ်တယ်။ ဒါပေမယ့်
ဒီတစ်ကြိမ်မှာတော့ ဒီလို ကြီးကြီးမားမား ဖြစ်ပျက်သွားခဲ့တယ်။ ဒါက ဘေးကနေ ရပ်ကြည့်ပြီး
သူမ အလိုရှိရာ မှန်သမျှကို လုပ်ခွင့်ပေးတဲ့ လူကြီးတွေကြောင့်ပဲ ဖြစ်လိမ့်မယ်။ နင့်ကိုမှမဟုတ်ရင်
ငါ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ”
ချိန်ရှုချင် “...” ဟုတ်တာပေါ့၊ အခု သူ့မှာ မြေးမလေး တစ်ယောက်
ရှိနေပြီပဲ၊ သူ့သမီးဖြစ်သူကို မျက်နှာသာ မပေးတော့ဘူးပေါ့။ ဒီကိစ္စအတွက် အပြစ်အားလုံးကို
သူမ တစ်ယောက်တည်းအပေါ် ပုံမချသင့်ဘူး။
“အဘိုး ကျေးဇူးပြုပြီး အမေတို့ကို အပြစ်မတင်ပါနဲ့။ ဒီကိစ္စကို
သမီးကိုယ်တိုင်ပဲ ပြုလုပ်ခဲ့တာ။ ဟောက်မိသားစုမှာ သမီး ဒီလိုမျိုး ကြုံတွေ့ခဲ့ရတော့
အမေတို့က အရမ်း ဒေါသထွက်ခဲ့ကြတယ်...”
“သူတို့က အရူးတွေမို့ ထားလိုက်ပါတော့၊ နင်ကလည်း ရူးသွားပြီလား။
နင် စိတ်လိုက်မာန်ပါ ပြုမူခဲ့ပြီး အဲ့တစ်ယောက်ကို ရွေးချယ်ခဲ့တာ...”
“အဘိုး” စုယန်ယန်က သူဆက်ပြောမည့် စကားများကို အသံမြင့်ပြီး
ခပ်မြန်မြန် ဟန့်တားလိုက်သည်။
“သမီး အဲဒီစကားကို မကြိုက်ဘူး။ အဘိုးက သမီးကြောင့် သူ့အပေါ်
မလိုမုန်းထား ဖြစ်နေတယ် ဆိုတာ သမီး နားလည်ပါတယ်။ ဒါပေမယ့် အဘိုးက သမီးမျက်နှာနဲ့ သူ့အပေါ်
လေးစားမှု နည်းနည်းလောက် ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲ့တာ အဆင်ပြေမလား”
အဘိုးချိန်ဟာ အသက်မရှူနိုင်ဖြစ်ကာ ဒေါသထွက်ပြီးရင်း ထွက်သွားခဲ့သည်။
“ငါ့က သူ့အပေါ် ဘက်လိုက်ပြီး
ဆုံးဖြတ်မျိုး မရှိဘူး၊ ဒါပေမယ့် ငါ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် သူက ငါ့မြေးနဲ့
မလိုက်ဖက်ဘူးလို့ ထင်မိတယ်”
***