နှင်းမှုန်စမ်း သစ်သီးနွားနို့အချိုပွဲ
စုယန်ယန်သည် ပါဝင်ပစ္စည်းများ အားလုံးကို စားပြပြီးနောက်တွင်
သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုသူများသည် တရုတ်ဆီးသီးနှင့် ကြာစေ့တွေကို
အစိမ်းလိုက် စားသုံးနိုင်ကြောင်း နောက်ဆုံးတွင် နားလည် သဘောပေါက် သွားခဲ့ကြသည်။
ဒီဆေးဖက်ဝင် ပါဝင်ပစ္စည်းများကို ရရှိနိုင်မှုနှင့် ပတ်သက်၍
ငြင်းခုံနေမည့်အစား သူတို့ဟာ ဒါတွေကို အလျင်အမြန် မြည်းစမ်းကြည့်ကြသည်။
[အမ်... တရုတ်ဆီးသီးတွေက တကယ်ချိုတာပဲ။ သူတို့က အကောင်းဆုံး
သရေစာတွေ ဖြစ်နိုင်တယ်။ ငါ့ပါးစပ်ထဲကို တစ်ခုပြီးတစ်ခု ထိုးထည့်နေမိတာကို မရပ်တန့်နိုင်တော့ဘူး။]
[ငါက ကြာစေ့တွေကို ပိုကြိုက်တယ်။ သူတို့တွေကို အချိန်အကြာကြီး
တကျွတ်ကျွတ် ဝါးစားနိုင်တာက ငါ့စိတ်ကြိုက်ပဲ။]
တချို့တွေက သိချင်စိတ်ကို ထိန်းမထားနိုင်လို့ လက်ကျန် ဂျင်ဆင်းကိုပါ
တိတ်တဆိတ် မြည်းစမ်း ကြည့်ကြသည်။
[ဒီဂျင်ဆင်းက အရမ်းခါးလွန်းလို့ ငါ ပထဆုံး မြည်းမြည်းချင်းမှာပဲ
ထွေးထုတ်လုမတတ် ဖြစ်သွားခဲ့တယ်။ ဒါတောင်မှ ခဏကြာတော့ အဲဒီ အခါးအရသာက ပျောက်သွားခဲ့ပြီး
ထူးခြားတဲ့ ချိုမြိန်တဲ့တစ်ခုက အစားထိုး ဝင်ရောက်လာတာကို တွေ့ရှိလိုက်ရတယ်။]
ချက်ချင်းပင် စကားဝိုင်း၏ ခေါင်းစဉ်ဟာ ပြောင်းသွားခဲ့သည်။
သူတို့အားလုံးဟာ ပါဝင်ပစ္စည်းများ၏ အရသာနှင့် သူတို့စိတ်ကြိုက်များကို ဆွေးနွေးဖလှယ်ကြကာ
အရင်က သူတို့ မေးခဲ့သည့် အကြောင်းအရာအား လုံးဝ မေ့လျော့ သွားခဲ့ကြသည်။
စုယန်ယန်သည် သူတို့ အာရုံပြောင်း သွားတာကို မြင်လိုက်ရပြီး
သူမ သူတို့ကို ဆေးဖက်ဝင် ပါဝင်ပစ္စည်းများအား စားသောက်ပြနေခြင်းကို ရပ်တန့်လိုက်သည်။
သူမသည် လိုအပ်သော ပါဝင်ပစ္စည်းများ အားလုံးကို အိုးထဲသို့ထည့်၊ ရေထည့်ပြီးတော့ မီးဖိုပေါ်တွင်
တည်ထားလိုက်သည်။ ထိုအချိန်အတွင်း သူမဟာ ဟင်းသီးဟင်းရွက် ဟင်းလျာအချို့ကို ချက်ပြုတ်ပြင်ဆင်ခဲ့သည်။
တိုက်ရိုက် ထုတ်လွှင့်မှု အစမှာပင် စုယန်ယန်သည် သူမအိမ်မှာ
လူကြီးများ ရှိနေကြောင်းကို ပြောဆိုခဲ့ပြီး သူမရဲ့ ချက်ပြုတ်မှုသည် လူကြီးတွေအတွက်
ဦးစားပေး ချက်ပြုတ်ပေးမည်ဟု ပြောဆိုထားခဲ့သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် စုယန်ယန်သည် ဟင်းလျာလေးပွဲနှင့်
စွပ်ပြုတ်တစ်ခွက် ချက်ရန် ဆုံးဖြတ်ခဲ့သည်။ ဟင်းလျာများမှာ ကြက်သွန်ဖြူ ငါးရှဉ့်ကျပ်တိုက်၊
ခရမ်းချဉ်သီးနှင့် ပန်းဂေါ်ဖီမွှေကြော်၊ တရုတ်နံနံ တို့ဟူးမွှေကြော်၊ လိမ္မော်ခွံဖြူး
အမဲကင်နှင့် ဖရုံသီး ဆန်ပြုတ်တို့ပင် ဖြစ်သည်။
လက်ဝယ်တွင် ရှိသော ဆေးဖက်ဝင် ပါဝင်ပစ္စည်းများကို ဒီဟင်းလျာများတွင်
အများကြီး မထည့်သွင်း ထားခဲ့သော်လည်း ကြက်သွန်ဖြူ၊ ငါးရှဉ့်၊ ခရမ်းချဉ်သီး၊ တရုတ်နံနံ၊
တို့ဟူးနှင့် အမဲသားတို့သည် သက်ကြီးရွယ်အိုများ၏ အစာခြေစနစ်ကို ကောင်းမွန်စေသော ပါဝင်ပစ္စည်းများ
ဖြစ်တယ်ဟု အကြံပြုထားသည်။
စုယန်ယန်က ဟင်းပွဲတွေ အများကြီး ပြင်ဆင်တာကို တွေ့လိုက်ရတော
သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု ပရိသတ်တွေဟာ ဝမ်းသာ နေကြပါသည်။ ပိုအရေးကြီးတာကတော့
သူမ ချက်ပြုတ် ပြင်ဆင်ပြသည့် ဟင်းလျာတွေရဲ့ ပါဝင်ပစ္စည်းတွေက သူတို့အတွက် လက်လှမ်းမီ
နိုင်သောကြောင့် သူတို့ ကံစမ်းမဲ မပေါက်ခဲ့ရင်တောင် ပါဝင်ပစ္စည်းတွေကို ဝယ်ယူပြီး ကိုယ်တိုင်
စမ်းချက်ကြည့်နိုင်ပါသည်။
သူတို့အတွက် စိတ်ရှုပ်စေသည့် တစ်ခုတည်းသော ဟင်းလျာမှာ လိမ္မော်ခွံဖြူး
အမဲကင် ဟင်းလျာပင် ဖြစ်သည်။
ဒီခေတ် အချိန်အခါတွင် လိမ္မော်သီးများကို ရရှိနိုင်သော်လည်း
လူအများစုဟာ လိမ္မော်သီးတွေဟာ သစ်သီး အမျိုးအစားဟုသာ ထင်မြင်ယူဆ ထားကြသည်။
သူတို့က အတွင်းသားကို စားသုံးကြသော်လည်း အပေါ်ခွံဟာ အသုံးမဝင်ဘူးလို့
ယူဆသောကြောင့် စွန့်ပစ်ခဲ့ကြသည်။
“လိမ္မော်ခွံတွေဆိုတာ လိမ္မော်သီးရဲ့ အပေါ်ယံအခွံကို နေပြ
အခြောက်လှန်းတော့ ရရှိလာတဲ့ နောက်ဆုံးထွက် ပစ္စည်းပဲ ဖြစ်ပါတယ်။ ပြုပြင်ထားတဲ့ လိမ္မော်ခွံတွေမှာ
ချိုမြိန်တဲ့ အရသာမှာ အခါးဓာတ်လေး ရောစွက် ပါဝင်နေပြီး သူတို့ကို ရေနွေးကြမ်း သို့မဟုတ်
စွပ်ပြုတ်တွေမှာ ထည့်သွင်း ချက်ပြုတ်ဖို့ အကောင်းမွန်ဆုံး ရွေးချယ်မှု တစ်ခုပါပဲ။ သူတို့က
အစာစားချင်စိတ်ကို တိုးပွားစေပြီး သွေးလည်ပတ်မှု အားကောင်းစေကာ အစာခြေဖျက်မှုနှုန်းကို
အထောက်အကူပြုတယ်”
စုယန်ယန်ရဲ့ စကားလုံးများကြောင့် စိတ်လှုပ်ရှားဖွယ် မှတ်ချက်များ
ထွက်ပေါ်လာခဲ့သည်။
[လိမ္မော်ခွံတွေက စားလို့ရမှန်း ငါ ဘယ်တုန်းကမှ မသိခဲ့ဘူး။
ငါ ဒေါ်လာဆယ်သန်းလောက် ဆုံးရှုံးသွားသလို ခံစားရတယ်။]
[ငါရောပဲ။ ငါလည်း လိမ္မော်သီးစားတိုင်း အခွံတွေကို လွှင့်ပစ်မိတယ်။
အခု ဒါကို ပြန်တွေးကြည့်တော့ ငါ့နှလုံးသားလေး နာကျင်သွားတယ်။]
[ငါ ဂရုမစိုက်ဘူး။ ဒီမားမားက လိမ္မော်သီး တစ်ကတ်တီလောက်ဝယ်၊
အခွံခွာပြီး နေလှန်းလိုက်မယ်။]
[တစ်ကတ်တီက ဘယ်လုံလောက်ပါ့မလဲ။ ငါ သုံးကတ်တီလောက် လိုချင်တယ်။]
[ငါ အခုချက်ချင်း လိမ္မော်သီး ဆယ်ကတ်တီ အော်ဒါတင် ထားခဲ့တယ်။
သူတို့ ခဏနေရင် ရောက်လာတော့မယ်၊ ယေး!]
[အပေါ်က သူဌေးကြီးတွေကို ငါ ကိုးကွယ်ပါတယ်။ မင်းပြောတဲ့ လိမ္မော်သီး
ဆယ်ကတ်တီ ဝယ်လိုက်ပြီ ဆိုတဲ့စကားက ‘ငါ အာဟာရ ပျော်ရည် ဆယ်ပုလင်း ဝယ်လိုက်ပြီ’ လို့
ပြောနေသလိုပဲ။ ငါ မနာလိုဘူး... ငါ မနာလိုဘူး... ငါ မနာလိုဘူး...]
စုယန်ယန်ဟာ သူမ ပြောလိုက်သည့် စကားများကြောင့် စျေးကွက်တွင်
လိမ္မော်သီး ဝယ်လိုအား တစ်ဟုန်ထိုး မြင့်တက်လာကာ များမကြာမီ အချိန်တွင်းမှာပင် လိမ္မော်သီး
တစ်လုံးကိုပင် လက်ဝယ်ရရှိရန် ခက်ခဲသွားမယ့် အကြောင်းရင်းကို ဒီအခိုက်အတန့်တွင် နည်းနည်းလေးမျှ
မသိခဲ့ပေ။
ချက်ပြုတ်ချိန် ကြာမြင့်သော စွပ်ပြုတ်များ နှင့်မတူပဲ ဟင်းလျာတွေကို
ချက်ပြုတ်ရာတွင် အချိန်ကုန်နှုန်း သိသိသာသာ သက်သာပါသည်။ ဟင်းလျာလေးပွဲနှင့် ဆန်ပြုတ်ကို
ချက်ပြုတ် ပြီးသောအခါတွင် စွပ်ပြုတ် နှစ်မျိုးဟာလည်း အဆင်သင့် ဖြစ်သွားခဲ့ပြီ။
စုယန်ယန်သည် အချိန်ကို ကြည့်လိုက်ရာ သူမ မျှော်မှန်းထားသည့်
အချိန်ထက် စော၍ ချက်ပြုတ်ပြီးစီး သွားမှန်းကို တွေ့လိုက်ရသည်။ ထို့ကြောင့် စုယန်ယန်သည်
နှင်းမှုန်စမ်း သစ်သီးနွားနို့ အချိုပွဲကို ပြင်ဆင်ဖို့ ဆက်လုပ်ခဲ့သည်။
***