အပိုင်း ၁၂၁
Viewers 1k

အခန်း (၁၂၁)

ရှုပ်ထွေးနေသည့် အမြောက်စာ ညီအစ်ကိုကြား ပတ်သက် ဆက်နွှယ်မှု

 

စုယန်ယန်သည် နျဉ်မိသားစုရဲ့ အကြီးဆုံးသား ဖြစ်သူနှင့် ပထမဆုံး တွေ့ဆုံသည့် အချိန်တွင် သူ့အပေါ် ခံစားချက်က သာမန်လိုပင် ခံစားရသည်။

 

ဒီလူသည် တည်ကြည်သော အသွင်အပြင် ရှိသော်လည်း သူ့မှာ ကွယ်ဝှက်ထားတဲ့ ညီအစ်ကို ရှုပ်ထွေးမှု တစ်ခုရှိသည်။ သူမ အရင်ဘဝတုန်း နျဉ်ချီလွေ့ သေဆုံး သွားပြီးနောက် ညီငယ်ရဲ့ နောက်ဆုံး ဆန္ဒနှင့် သူ့မိခင်ရဲ့ မေတ္တာရပ်ခံမှုကြောင့် ဝမ်ကျင့်ဖျင်ကို အကြိမ်ကြိမ် ကူညီခဲ့သည်။

 

သူ့သူငယ်ချင်းတွေနဲ့ လက်အောက် ငယ်သားတွေတောင်မှ ဝမ်ကျင့်ဖျင်အပေါ် သူ့သဘောထားက အလွန် ထူးခြားသည်ဟု သံသယ ဝင်ခဲ့ကြသည်။

 

နောက်ပိုင်းတွင် ဟောက်ချန်ဟွမ်းသည် သူနှင့် ထိပ်တိုက် တွေ့ဆုံချိန်တွင် သူမအပေါ် သူ့ရဲ့ခံစားချက်ကို မနေနိုင်တဲ့ အဆုံး တိုက်ရိုက် မေးမြန်းလိုက်သည်။

 

ဟောက်ချန်ဟွမ်းရဲ့ အနားမှာရှိတဲ့ စုယန်ယန်သည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။ အစ်ကိုကြီးနျဉ်က ပြောသည်။

 

“သူမက နျဉ်ချီလွေ့ မသေဆုံးခင်မှာ လက်မလွတ်နိုင်တဲ့ တစ်ဦးတည်းသော လူပဲ။ အကယ်၍ သူမသာ သေဆုံးသွားခဲ့ရင် ငါ့ညီငယ်လေးကို အရမ်းချစ်တဲ့ ငါ့အမေ ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒါကို ငါ မစွန့်စားနိုင်ဘူး။ ငါ သေဆုံးသွားတဲ့ အခါကျရင် ချီလွေ့နဲ့ မျက်နှာချင်း မဆိုင်နိုင်မှာကို ပိုစိုးရိမ်တယ်”

 

တိုတိုပြောရရင် သူ့မှာ ဝမ်ကျင့်ဖျင် အပေါ် ခံစားချက် မရှိသလို သူမ ဘာလုပ်နေတယ် ဆိုတာကိုလည်း စိတ်မဝင်စားပေ။ သူက သူ့ညီငယ်လေးကြောင့် သူမလို သာမန် အမျိုးသမီး တစ်ဦးကို ကူညီပေးခဲ့တာ ဖြစ်ပြီးတော့ သူ့မိခင်ရဲ့ တစ်စုံတစ်ယောက် အပေါ် နှောင်တွယ်နေတဲ့ ခံစားချက်တွေ ပျောက်ဆုံးသွားမှာကို စိုးရိမ်နေတာကြောင့်ပင်။

 

ဟောက်ရှောက်ဖုန်းနှင့် ဝမ်ကျင့်ဖျင်တို့သည် သူ့ရဲ့ ကြင်နာမှုအပေါ် ကျေးဇူးကန်းခြင်းဖြင့် ပြန်တုံ့ပြန် လိမ့်မယ်လို့ နျဉ်စစ်ယွမ်ဟာ လုံးဝ မထင်ထားခဲ့ပေ။ ထိုစုံတွဲက စုမိသားစုရဲ့ ပိုင်ဆိုင်မှုများကို လိမ်လည် လှည့်ဖြားဖို့ ကြိုးစားသော အခါတွင် သူ့မိသားစုက ကာကွယ်ပေးဖို့ ကြိုးစားခဲ့သည်။

 

စုယန်ယန် သူမ၏ အရင်ဘဝတုန်းက ကဲ့သို့ပင် နျဉ်စစ်ယွမ်သည် ဟောက်‌ရှောက်ဖုန်းထက် ဆယ်ဆမက သာလွန်ကာ သူတို့နှစ်ဦး အရင်ဆုံး တွေ့ကြုံခဲ့ပါက နိုင်မလား၊ ရှုံးမလား ဆိုတာ တွေးစရာ မလိုလောက်အောင် သိသာထင်ရှားသည်။

 

ကံမကောင်းစွာပင် ဟောက်‌ရှောက်ဖုန်း၏ ဇာတ်လမ်း အကာအကွယ် ပေးမှုကြောင့် အခြားသူများ၏ ပင်ကို စွမ်းရည်များနှင့် အရည်အချင်းတွေဟာ ဘေးဖယ် အထားခံရမည် ဖြစ်သည်။

 

ဟောက်ရှောက်ဖုန်း နျဉ်မိသားစုကို ဆန့်ကျင်ရန် ကြံစည်နေချိန်တွင် နျဉ်စစ်ယွမ်ဟာ သူ့အလိုလိုပင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။

 

နျဉ်စစ်ယွမ် လဲပြိုသွားသည်နှင့် တစ်ပြိုင်နက် နျဉ်မိသားစုဝင်များသည် အချင်းချင်း တိုက်ခိုက်ကြပြီး နျဉ်မိသားစုများကို အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့ကာ သူတို့သည်‌ ဟောက်ရှောက်ဖုန်းအတွက် အမြောက်စာ ဇာတ်ကောင်များ ဖြစ်လာခဲ့ကြသည်။

 

စုယန်ယန်သည် သူမရှေ့ကလူကို သနားကြင်နာစိတ်ဖြင့် မကူညီနိုင်ပေ။

 

စုယန်ယန်သည် သူနှင့် တွေ့တွေ့ချင်းမှာပင် သူ၏ အ‌ထောက်အထား အစစ်အမှန်ကို ချက်ချင်း ဖော်ထုတ် လိုက်သောကြောင့် နျဉ်စစ်ယွမ်၏ မျက်လုံးများတွင် လျှို့ဝှက်သော အလင်းတချို့ ဖြတ်ပြေး သွားခဲ့သည်။

 

ဆန့်ကျင်ဖက် အနေဖြင့် စုယန်ယန်က သူ့အခန်းတံခါး အပြင်ဘက်တွင် အချိန်အတော်ကြာ ကတည်းက ရောက်ရှိနေတာလို့ နျဉ်ချီလွေ့ ကြားလိုက် ရသောအခါ သူမနှင့် အစ်ကိုကြီးတို့ အချင်းချင်း မိတ်ဆက် ပြောဆိုနေချိန်တွင် သူက နှုတ်ဆက် မနေနိုင်ခဲ့ပေ။

 

“နင်ရောက်လာလာချင်း ဘာဖြစ်လို့ ဘာမှ မပြောရတာလဲ။ ခိုးနားထောင်တာက ရိုင်းစိုင်းပြီး အကျင့်ပျက်တဲ့ ကိစ္စဆိုတာ နင် မသိဘူးလား”

 

“ချီလွေ့” နျဉ်စစ်ယွမ်သည် အသံမာမာဖြင့် တားမြစ်သည်။

 

နျဉ်ချီလွေ့သည် သူ့အစ်ကိုဖြစ်သူကို အနည်းငယ် ကြောက်ရွံ့သောကြောင့် သူ့ပါးစပ်ကို ပိတ်လိုက်သော်လည်း စုယန်ယန်ကိုတော့ ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။

 

စုယန်ယန်သည် သူ့က ဒေါသတကြီး ဖြစ်နေသော်လည်း အသံမထွက်ရဲ ဖြစ်နေတာကို ကြည့်ပြီး အရမ်း သဘောကျမိသည်။

 

“ဒုတိယသခင်လေးချီ ခိုးနားထောင်တာက ရိုင်းစိုင်းတဲ့ အပြုအမူပဲလို့ ရှင်ပြောတာ မှန်ပါတယ်။ ကျွန်မတို့ ရောက်ရောက်ချင်းမှာပဲ ရှင်တို့ နှစ်ယောက်က ကျွန်မ အကြောင်းကို ပြောနေကြတာကို ကြားလိုက်ရပြီး ရှင့်အသံကို နည်းနည်း မကျေမနပ် ဖြစ်နေတာ ဆိုတော့ ကျွန်မတို့က အခန်းထဲကို ဒီအတိုင်း ဝင်ချလိုက်မယ်ဆိုရင် အခြေအနေတွေ ပိုဆိုးလာနိုင်မယ်လို့ ထင်မိတယ်လေ၊ အဲ့တာကြောင့် ကျွန်မတို့ အပြင်မှာ ခဏလောက်နေဖို့ ဆုံးဖြတ်ချက် ချလိုက်ရတာပါ”

 

စုယန်ယန်က နျဉ်ချီလွေ့ကို သေသေချာချာ စိုက်ကြည့်ရင်း ဤသို့ ရှင်းပြသည်။ ‘ငါတို့ကို ခိုးနားထောင်တာက ရိုင်းစိုင်းတဲ့ အပြုအမူလို့ ပြောခဲ့တယ်၊ ဒါပေမယ့် သူတစ်ပါးရဲ့ အကြောင်းကို နောက်ကွယ်မှာ‌ ပြောဆိုနေတာ ကျတော့ ဒီထက် ပိုကောင်းတယ်လို့ ဆိုနိုင်မလား”

   

 

နျဉ်ချီလွေ့က ရှက်ရွံ့သွားည်။ သူက ပြန်လည် ချေပပြောဆိုဖို့ လုပ်ချိန်တွင် သူ့မှာ ပြန်ပြောစရာ စကားလုံးများ မရှိကြောင်းကို သတိပြုမိ လိုက်သည်။

 

စုယန်ယန် ပြောတာ မှန်တယ်။ သူ့စိတ်တွေက ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီးတော့ စုယန်ယန်က သတိမပေး ဘာမပေးဖြင့် ရုတ်တရက် ပေါ်လာတာက နျဉ်ချီလွေ့ကို ပိုမိုစိတ်လှုပ်ရှား သွားစေပြီး သူတို့ကို ဒေါသတကြီး ပတ်ရမ်းခဲ့တာ ဖြစ်သည်။

 

အခုအချိန်မှာတော့ သူက စုယန်ယန်ကို ရန်လို နေသေးပေမယ့် ဟိုတစ်ရက်တုန်းက သူမ ပြောဆိုသည့် စကားတွေက အမှန်တရားဆိုတာ ငြင်းမရနိုင်‌ပေ။

 

ဒါက နျဉ်ချီလွေ့ကို အနည်းငယ် ကိုးရိုးကားရား နိုင်စေသည်။