ငါက
နင့်ရဲ့ ဘော့စ်ပဲ
ဒါကို
သူမ တွေးနေတာ ဖြစ်ပေမယ့် သူမ၏ မျက်နှာပေါ်မှာတော့ ဒါကို သေချာပေါက် မပြသခဲ့ဘူး။
“သခင်လေးနျဉ်က
ကျွန်မကို အထင်ကြီးလွန်း နေပါပြီ။ သူ့မျက်နှာကို ကြည့်ပြီး ရောဂါလက္ခဏာကို ပြောနိုင်ပေမယ့်
သူ့ကျန်းမာရေး သက်သာလာအောင် ကျွန်မ လုပ်ပေးနိုင်တယ်လို့ မဆိုလိုဘူးလေ”
နျဉ်စစ်ယွမ်သည်
စုယန်ယန်၏ တည်ငြိမ် အေးဆေးသော အသွင်အပြင်ကို ကြည့်ပြီး သူ့မျက်လုံးတွေဟာ မည်းမှောင်လာသည်။
စုယန်ယန် ယခုလို ပြောလိုက်သည့် စကားကို သူ မယုံကြည်ခဲ့ပေ။
“သူများတွေ
မလုပ်နိုင်ဘူး ဆိုပေမယ့် မစ်စုက အဲ့လိုလူမျိုးထဲ ပါဝင်မယ် မထင်ပါဘူး။ မဟုတ်ရင် သူစိမ်း
တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ရဲ့ မိုက်မဲတဲ့ ညီငယ်လေးကို ပထမဆုံး တွေ့တွေ့ချင်းမှာပဲ
ကျန်းမာရေး စစ်ဆေးကြည့်ဖို့ အကြံပေးခဲ့မှာ မဟုတ်ဘူး၊ မင်းက ကြင်နာတတ်ပြီး ငါ့ညီငယ်လေးရဲ့
ဘဝကို ဒီမကျန်းမာမှုကြောင့် ဆေးရုံမှာ အချိန်ကုန်ဆုံးသွားမှာ မမြင်ရက်နိုင်လို့ ပြောခဲ့တာ
မဟုတ်လား”
ဒီအသံက
ချီးကျူးတာလို့ ထင်ရပေမယ့် စိတ်ပိုင်းဆိုင်ရာ လှောင်ပြောင် ခံလိုက်ရသလို ခံစားလိုက်ရသည်။
စုယန်ယန်သည်
နှုတ်ဆိတ်နေပြီး မည်သည့် မှတ်ချက်မှ တုံ့ပြန်ခြင်း မရှိပေ။
နျဉ်စစ်ယွမ်က
ဆက်ပြောသည်။
“မကြာသေးမီက
မစ်စုက တုန်ချမ်း အင်တာတိန်းမန့်ကို လွှဲယူလိုက်တယ်လို့ ကျွန်တော် ကြားတယ်။ တုန်ချမ်း
အင်တာတိန်းမန့်က ကျွန်တော့် ညီငယ်ကို သူ ဒီနေ့ ဒီနေရာအထိ ရောက်အောင် အရင်းအမြစ်တွေ
အများကြီး သုံးစွဲပေးခဲ့တယ်။ ချီလွေ့သာ နာမကျန်း ဆက်ဖြစ်နေရင် အလုပ်ဆက်လုပ်လို့ မရတော့ဘူး။
တုန်ချမ်းရဲ့ နစ်နာဆုံးရှုံးမှုတွေက နည်းမှာ မဟုတ်ဘူးလို့ ကျွန်တော် ခန့်မှန်းမိတယ်”
စုယန်ယန်သည်
နျဉ်စစ်ယွမ်က တုန်ချမ်း အင်တာတိန်းမန့်ရဲ့ ပိုင်ရှင် ပြောင်းလဲမှု အကြောင်းကို သိရှိနေခြင်းအား
လုံးဝ မအံ့သြမိပေ။
ဒီလျှို့ဝှက်ထားသော
ညီအစ်ကို ပတ်သက် ဆက်နွှယ်မှု ရှိသူ တစ်ဦးသည် သူ့ညီငယ် လက်မှတ် ရေးထိုးထားသည့် ကုမ္ပဏီ
အကြောင်းကို ဘယ်လိုလုပ်ပြီး မသိပဲ နေမှာတဲ့လဲ။
ဆန့်ကျင်ဖက်
အနေဖြင့် ဒီသတင်းကို အခုမှ သိလိုက်ရသည့် နျဉ်ချီလွေ့သည် အံ့အားသင့် သွားသည်။
“ဘာလဲ၊
သူမက တုန်ချမ်းကို လက်လွှဲ ယူလိုက်ပြီတဲ့လား။ ဒါဆိုရင် သူမက...” အခု သူ့ရဲ့ သူဌေး တန်းဖြစ်သွားခဲ့ပြီတဲ့လား။
စုယန်ယန်သည်
သူ ထိတ်လန့် နေတာကို ကြည့်ပြီး အပြုံးလေးဖြင့် ပြောသည်။
“ရှင်ထင်တာ
မှန်တယ်။ တုန်ချမ်းက ကျွန်မတို့ မိသားစု ပိုင်ဆိုင်မှုလေ၊ ပြီးခဲ့တဲ့ နှစ်ရက်ကမှ ကျွန်မက
တုန်ချမ်းကို တရားဝင် လက်လွှဲယူခဲ့တာ။ ဒါ့ကြောင့် ရှင်က ကျွန်မရဲ့ အနုပညာရှင်ဖြစ်ပြီး
ကျွန်မက ရှင့်ဘော့စ်ပဲ။ အခုအချိန်က စပြီး ရှင့်ခြေလှမ်းတွေကို သတိထားပါ၊ အရင်ကလို မလုပ်နဲ့၊
မဟုတ်ရင် ကျွန်မ စိတ်မပျော်တဲ့ အခါကျ ကျွန်မ ရှင့်ကို ပိတ်ပင်လိုက်လိမ့်မယ် ဆိုတာကို
ရှင် ယုံကြည်ထားတာ အကောင်းဆုံးပဲ”
နျဉ်ချီလွေ့ရဲ့
မျက်နှာဟာ ဖြူတစ်လှည့် ပြာတစ်လှည့်ဖြစ်ကာ ဒေါသကြောင့် ရှုံ့မဲ့နေခဲ့သည်။
စုယန်ယန်သည်
တခစ်ခစ် ရယ်ပြီး သူ့ကို စနောက်နေတာအား ရပ်တန့်လိုက်ကာ နျဉ်စစ်ယွမ်ကို အာရုံပြန်စိုက်ခဲ့သည်။
“တုန်ချမ်းက
နျဉ်ချီလွေ့အတွက် အရင်းအမြစ် အများကြီး သုံးစွဲခဲ့တယ်။ ဒါပေမယ့် အခု သူ နာမကျန်း ဖြစ်နေပြီး
ကုမ္ပဏီက သူ့အတွက် လုပ်ပေးခဲ့တဲ့ အရာအားလုံးကို ပြန်မဆပ်နိုင်ဘူး။ သူ ချုပ်ဆိုထားတဲ့
စာချုပ်အရ ဒီဆုံးရှုံးနစ်နာမှုတွေကို အနုပညာရှင်က လျော်ကြေး ပေးဆောင်ရမှာ ဖြစ်တယ်။
ချီမိသားစုနဲ့ နျဉ်မိသားစုတို့အတွက် ဒီလျော်ကြေး ပမာဏလောက်က ပြောပလောက်စရာ မရှိဘူးလို့
ကျွန်မထင်တယ်၊ ဟုတ်တယ် မဟုတ်လား”
နျဉ်စစ်ယွမ်သည်
သူ့မျက်ဝန်းတွေကို မှေးကျဉ်းလိုက်ပြီး သူ့မျက်နှာ အမူအရာဟာ မှုန်ကုပ်ကုပ် ဖြစ်လာခဲ့သည်။
သူက စုယန်ယန်ကို အကျိုးအမြတ်ဖြင့် ဆွဲဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း အခု စုယန်ယန်က
ဦးဆောင် သွားသဖြင့် သူ့မျက်နှာအမူအရာက သိပ်အဆင်မပြေတော့ပေ။
နျဉ်စစ်ယွမ်ရဲ့
စိတ်ထဲတွင် ခြိမ်းခြောက်မှုနှင့် လာဘ်ပေး လာဘ်ယူမှု၊ စိတ်ရင်းဖြင့် တောင်းဆိုခြင်း၊
ငွေပမာဏ အမြောက်အမြားဖြင့် ပြန်ပေးဆပ်ခြင်းတို့ အထိ အပြန်ပြန် အလှန်လှန် တွေးတော နေခဲ့မိသည်။
သူက အဆိုးဆုံး ရလဒ်အတွက် ပြင်ဆင်နေချိန်တွင် စုယန်ယန်က ထပ်ပြောပြန်သည်။
“ကောင်းပြီ၊
ကျွန်မက သခင်လေးနျဉ် ပြောသလို ကြင်နာတတ်ပြီး ကျိုးကြောင်း ဆီလျော်တဲ့ လူတစ်ယောက် ဖြစ်နေတော့
ကျွန်မရှေ့မှာ သနားစရာ ကောင်းတဲ့ အသက်တစ်ခု ဒီအတိုင်း ကြွေလွင့်သွားမှာကို တကယ်ပဲ မကြည့်ရက်နိုင်ဘူး”
နျဉ်ချီလွေ့
“...” မင်း အမှန်အတိုင်း ပြောနေတာလား။ ကိုယ့်ကိုယ်ကို ကြွားဝါတာက ချီးကျူးစရာ မဟုတ်ဘူး
ဆိုတာကို နင် မသိတာလား။
‘ပြီးတော့
နင်ပြောတဲ့ နောက်ဆုံး စာကြောင်းက ဘာကို ဆိုလိုချင်တာလဲ။ ငါ၊ ဒီသခင်လေးနျဉ်ရဲ့ ဘဝက
သူမမျက်လုံးထဲမှာ သနားစရာ ကောင်းနေတာလား။ သူမက သူ့ကို မထီမဲ့မြင် ပြုနေတာလား။
သူ့ကို
မထီမဲ့မြင်ပြုတယ်လို့ ခံစားရတဲ့ နျဉ်ချီလွေ့ဟာ ငါးပူတင်း တစ်ကောင်ကဲ့သို့ ဒေါသထွက်
လာပြန်သည်။
စုယန်ယန်ရဲ့
နောက်မှာ အဖော်လိုက်လာခဲ့တဲ့ ရှားကျွင်းရှန့်သည် သူမရဲ့ အရှက်ကင်းမဲ့မှု အဆင့်ကြောင့်
ထိတ်လန့်သွားခဲ့သည်။
သူက
သက်ပြင်းမချပဲ မနေနိုင်ပေ။ ဒီကောင်မလေးရဲ့ မျက်နှာက သူ့အစ်ကိုလိုပဲ အရမ်းထူတယ်။
ရိုးသားအပြစ်ကင်းတဲ့
အစ်ကိုစု “???”
***