အောင်မြင်မှုနှုန်း
နျဉ်စစ်ယွမ်က
သူမ ပြောတဲ့ စကားတွေကို ဂရုမစိုက်ပဲ သူ့စိတ်ခံစားချက်တွေက ရိုလာကိုစတာ စီးသကဲ့သို့
အတက်အဆင်း မြန်ဆန်နေသည်။
“မစ်စု
ပြောချင်တာက သူ့ကို ကုသပေးနိုင်တာလား”
စုယန်ယန်က
သူ့ကို ပြန်မဖြေပေမယ့် ခုတင်ဘေးရှိ ဆေးစစ်ချက် ရလဒ်ကို ကောက်ယူပြီး တစ်ချက် လှန်ကြည့်လိုက်သည်။
သူမ အခုအချိန်မှာတော့ နျဉ်စစ်ယွမ်က ဘာဖြစ်လို့ ဒီလောက် စိုးရိမ်နေတာမှန်း နားလည် သဘောပေါက်
သွားသည်။
သူမရဲ့
သတိပေးလိုက်သည့်တိုင် နျဉ်ချီလွေ့၏ ကျောက်ကပ် ရောဂါသည် သူမ အရင်ဘဝတုန်းက ကဲ့သို့ပင်
နောက်ပြန် မဆုတ်နိုင်သော ထိတ်လန့်ဖွယ် အရှိန်ဖြင့် အလျင်အမြန် ဆိုးရွားလာခဲ့သည်။
ကျန်းမာရေး
အစီရင်ခံစာတွင် ဆရာဝန်များ ပေးသော တစ်ခုတည်းသော အကြုံပြချက်မှာ လူနာအား ဆေးရုံသို့
အမြန်ဆုံး ပို့ဆောင်ပြီး ကုသမှု ခံယူရမည်ဖြစ်ပြီး ဒီအခြေအနေကို ထိန်းချုပ်နိုင်ရန်နှင့်
ရောဂါခြေအနေကို ဆက်လက် ဆိုးရွားနေရာမှ ကာကွယ်ရန် ဆရာဝန်များနှင့် ပူးပေါင်း ဆောင်ရွက်လိမ့်ဟု
မျှော်လင့်ကြောင်း အကြံပြုထားသည်။
သို့သော်လည်း
ဒါက ထိန်းချုပ်ရန် ကြိုးပမ်းမှုသာ ဖြစ်နိုင်သေးသည်။
ပြန်လည်
ကောင်းမွန်နိုင်ရန် မည်သူမျှ အာမခံနိုင်မည် မဟုတ်ပေ၊ ကုသမှု ခံယူဖို့ အချိန်ဆွဲထားလေလေ
ထိန်းချုပ်ဖို့ ပိုခက်ခဲလေလေ ဖြစ်လာလိမ့်မည်...
နျဉ်စစ်ယွမ်သည်
စုယန်ယန်၏ မျက်နှာအမူအရာ အပြောင်းအလဲကို အကဲခတ် ကြည့်ရှုနေပြီး သူ့နှလုံးသား နစ်မြှုပ်သွားခဲ့သည်။
“မစ်စု…”
“ကျွန်မ
ကြိုးစားကြည့် ပေးနိုင်ပေမယ့် ကျွန်မမှာ တောင်းဆိုချက် တစ်ခု ရှိတယ်”
“ကျေးဇူးပြုပြီး
ကျွန်တော်တို့ကို ပြောပါ”
နျဉ်စစ်ယွမ်ရဲ့
မျက်လုံးတွေက တလက်လက် တောက်ပလာပြီး စုယန်ယန်က ဒီအခွင့်အရေးကို အသုံးချပြီး အဓိပ္ပါယ်မရှိတာ
တစ်ခုခုကို တောင်းဆိုလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ...
“ကုသမှု
ခံယူနေစဉ် အတောအတွင်း လူနာက ကျွန်မနဲ့ တစ်ရာ ရာခိုင်နှုန်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ပေးဖို့
လိုအပ်တယ်။ ကျွန်မ ဘယ်လို နည်းလမ်းမျိုးကို အသုံးပြုပြီး ကုသပါစေ၊ ကန့်ကွက် ပြောဆိုခြင်း
မရှိရဘူး။ ဒါ့အပြင် ရှင်နဲ့ ရှင့်မိသားစုဝင်တွေကလည်း ကျွန်မရဲ့ ကုသပေးမှုကို မနှောင့်ယှက်ရဘူး”
“အဲ့တာပဲလား”
“အဲ့တာပဲလေ”
စုယန်ယန်က
သူက အနားပတ်လည်မှာ အနှောင့်အယှက် ပေးလွန်းလိမ့်မယ်လို့ ခံစားနေရသည်။
“ကျွန်မပြောခဲ့တဲ့
အချက်အားလုံးကို သဘောတူတယ်ဆိုရင် ကျွန်မ ကြိုးစားကြည့်ပေးမယ်။ အကယ်၍ ရှင် သဘောမတူနိုင်ဘူးဆိုရင်
ကျွန်မ ရှင့်ကို ဖိအားပေးမှာ မဟုတ်ဘူး”
“ခဏနပေါဦး”
နျဉ်စစ်ယွမ်သည် ဆုံးဖြတ်ချက် အမြန်ချလိုက်သည်။ စုယန်ယန်က
ထွက်သွားဟန် ပြင်တာကို မြင်လိုက်သည်နှင့် “မင်းရဲ့ စည်းကမ်းတွေကို ကျွန်တော် သဘောတူတယ်”
လို့ အမြန်ပြောသည်။
“အစ်ကိုကြီး”
“ပါးစပ်ပိတ်ထား၊
လူနာက စကားပြောပိုင်ခွင့် မရှိဘူး”
နျဉ်ချီလွေ့
“...” မင်းက ဒီလောက်တောင် စိုးမိုးချုပ်ကိုင် ချင်နေတာလား။ ငါက လူနာတစ်ယောက် ဆိုရင်ရော
ဘာဖြစ်လဲ။ လူနာကရော လူပဲ မဟုတ်လား။
“မစ်စု၊
မင်းရဲ့ စည်းမျဉ်းစည်းကမ်း အားလုံးကို ကျွန်တော် သဘောတူပါတယ်၊ ဒါပေမယ့် မင်းရဲ့ စည်းကမ်းတွေ
အားလုံးကို လိုက်နာရင် ကျွန်တော့် ညီငယ်ရဲ့ နာမကျန်းမှုက ပြန်လည် ကောင်းမွန် လာလိမ့်မယ်လို့
အာမခံနိုင်လား”
“သခင်လေးနျဉ်က
ကျွန်မကို အထင်ကြီး လွန်းတယ်၊ ကမ္ဘာတစ်ခုလုံးက အတော်ဆုံး ဆရာဝန်တွေတောင် ဒီလိုကိစ္စမျိုးကို
အာမ မခံနိုင်ဘူး”
နျဉ်စစ်ယွမ်ရဲ့
မျက်နှာဟာ နစ်မြုပ်သွားခဲ့သည်။
“မင်း
ကျွန်တော့်ကို လာနောက်နေတာလား”
စုယန်ယန်သည်
သူ့ကို အကြောက်အလန့် မရှိပဲ အကြည့်ချင်းဆုံကာ ပြောသည်။
“ကျွန်မ ကြိုးစားကြည့် ပေးနိုင်တယ်လို့ပဲ ကျွန်မ
ပြောခဲ့တယ်လေ”
သူမအတွက်
နျဉ်ချီလွေ့ကို ကုသဖို့ ကူညီခြင်းသည် အန္တရာယ်များသော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ သူမ
မအောင်မြင်နိုင်တဲ့ ကိစ္စရပ်များ အတွက် သေချာပေါက် ကတိပေးမှာ မဟုတ်ဘူး။ သူမက သူမကိုယ်သူမ
မြေမြှုပ်သင်္ဂြိုဟ်ဖို့ မြေမြှုပ်ဗုံး တစ်လုံးကို သူမအနား ပတ်ဝန်းကျင်မှာ မထားနိုင်ဘူး။
သူတို့
နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီး နျဉ်စစ်ယွမ်မှ
စတင်ပြီး အကြည့်တိုက်ပွဲမှ ဖယ်ခွာသွားခဲ့သည်။
“ကျွန်တော့်
ညီငယ်လေး အပြည့်အဝ ပြန်လည် မကောင်းမွန်နိုင်ဘူး ဆိုရင်တောင် အကြမ်းဖျင်း ခန့်မှန်းချက်
တစ်ခုလောက်တော့ မစ်စုမှာ ရှိမယ်ထင်တယ်။ ဘယ်လောက် ရာခိုင်နှုန်းလောက် အောင်မြင်လိမ့်မယ်လို့
မစ်စု ခန့်မှန်းထားလဲ ဆိုတာကို ကျွန်တော် သိချင်တယ်”
စုယန်ယန်ရဲ့
မျက်လုံးတွေဟာ တလက်လက် တောက်ပလာခဲ့ပြီး သူမသည် မယုတ်မလွန် ရာခိုင်နှုန်း တစ်ခုကို ပေးလိုက်သည်။
“ခြောက်ဆယ် ရာခိုင်နှုန်း၊ ဒါပေမယ့် ရှင့်ညီငယ်က
အပြည့်အဝ ပူးပေါင်း ဆောင်ရွက် ပေးရမယ်။ ရှင့်မိသားစုကပါ ဝင်ရောက် မစွက်ဖက်ဘူးဆိုရင်
သူ့အခွင့်အရေးက ရှစ်ဆယ် ရာခိုင်နှုန်းလောက် တိုးလာနိုင်တယ်”
အကယ်၍
သူမရဲ့ ဒုတိယ စွမ်းရည်ကိုသာ အသက်မသွင်း နိုင်ခဲ့ပါက သူမ ဒီလိုမျိုး ယုံကြည်ချက်ရှိမှာ
မဟုတ်ဘူး။ အခုအချိန်မှာတော့ သူမမှာ ဒုတိယစွမ်းရည်ကို ရရှိပိုင်ဆိုင် ထားချိန်တွင် သူမရဲ့
ယုံကြည်မှုက အရမ်းကို မြင့်မားလာခဲ့သည်။
နျဉ်စစ်ယွမ်သည်
သက်ပြင်း တစ်ချက် ချလိုက်မိသည်။ သူ့အမြင်အရတော့ ဒါက မြင့်မားတဲ့ ရာခိုင်နှုန်း တစ်ခုပဲ။
ဆေးရုံက ပေးနိုင်တဲ့ အောင်မြင်မှု ပမာဏထက် အနည်းဆုံး နှစ်ဆ သုံးဆ ပိုမိုမြင့်မားသည်။
“ကောင်းပြီ၊
မင်းရဲ့ တောင်းဆိုချက်ကို ကျွန်တော် သဘောတူတယ်။ မင်း ကျွန်တော့် ညီငယ်ကို ကျန်းမာအောင်
ကုသပေးနိုင်တာနဲ့ မင်းက ကျွန်တော်တို့ နျဉ်နဲ့ ချီအိမ်တော်တို့ရဲ့ ကျေးဇူးရှင် ဖြစ်လာလိမ့်မယ်။
ချီလွေ့ရဲ့ ကျန်းမာရေးက အခြေအနေက တော်တော်လေး စိုးရိမ်နေရပြီးတော့၊ အချိန်ကြာလေလေ သူ့အတွက်
အန္တရာယ်များလေ ဖြစ်လိမ့်မယ်၊ ဒါဆို မင်း ဘယ်အချိန်လောက် အားလပ်...”
“ကျွန်မ
အခု အားတယ်လေ”
နျဉ်စစ်ယွမ်က အလွန်ပူးပေါင်း ဆောင်ရွက်တတ်တော့ စုယန်ယန်လည်း
မဆိုင်းမတွပဲ သူမရဲ့ အပ်စိုက်အိတ်ကို ဆွဲထုတ်လိုက်သည်။
***