ကိစ္စကြီးကြီးမားမား
မဟုတ်ပါဘူး
နျဉ်စစ်ယွမ်နဲ့
ရှားကျွင်းရှန့်တို့သည် ထိတ်လန့်မှုကြောင့် တောင့်တင်း သွားကြသည်။ ဆူညံသံကြားရာ နေရာသို့
လှည့်ကြည့်လိုက်သည့် သူတို့၏ မျက်နှာတွေက ဖြူရော်သွားသည်။ နျဉ်ချီလွေ့၏ ရင်ဘတ်ရှေ့တွင်
တလက်လက် တောက်ပနေသော အကြမ်းဖျင်း တစ်လက်မခန့် ရှည်လျားသော အပ်တစ်ချောင်းကို တွေ့မြင်လိုက်ရပြီး
သူ့ရင်ဘတ်က အရေပြားကတော့ လုံးဝ နဂိုအတိုင်းသာ ရှိနေသေးသည်။
သူတို့နှစ်ယောက်
“???”
သူတို့တင်မကပဲ
စုယန်ယန်သည်လည်း ထိုအော်သံကြောင့် အရမ်း ထိတ်လန့်သွားပြီး သူမ၏လက်ပင် တုန်သွားခဲ့သည်။
သူမ၏ အပ်ချောင်းက သူ့အရေပြားကိုတောင် လုံးဝ မထိုးဖောက် ရသေးကြောင်းကို သိလိုက်ရသဖြင့်
မျက်စောင်း ထိုးလိုက်မိသည်။
စုယန်ယန်က
မျက်မှောင်ကြုတ်ပြီး သူမ အပ်စိုက်တော့မယ့် အချိန်မှာပင် နောက်ထပ် အော်သံ ခပ်ရှည်ရှည်ကို
ကြားလိုက်ရပြန်သည်။
အခန်းအတွင်းရှိ
လူသုံးယောက် “!!!”
အပ်က
ချဉ်းကပ်သွားချိန်မှာ အော်ဟစ်သံကို ကြားလိုက် ရပြန်တယ်။ အပ်က နောက်ထပ် ချဉ်းကပ်ဖို့
ကြိုးစားချိန်မှာ အော်သံကို ကြားလိုက်ရပြန်ရော...
အကြိမ်ကြိမ်
အခါခါ ဤသို့ ဖြစ်ပြီးနောက် စုယန်ယန်သည် သူမ၏ နားများ အသံမကြားလုနီးပါး ပင်းသွားသည်ဟု
ခံစားလိုက်ရပြီး နောက်ဆုံး၌ သည်းမခံနိုင်တော့ပဲ ဘေးစားပွဲပေါ်ကို ဒေါသတကြီး လက်ဖြင့်ရိုက်ကာ
ဟိန်းဟောက် လိုက်သည်။
“နင့်ပါးစပ်က
ဘာလို့ အော်ပဲ အော်နေရတာလဲ။ အပ်က နင့်အသားကို ထိတောင် မထိရသေးဘူး၊ အဲ့တာကို နင်က ကမ္ဘာတစ်ခုလုံး
ကြားလောက်တဲ့အထိ အော်နေရတာလဲ။ ကောင်မလေးတွေတောင် နင် အခုအော်တဲ့ အသံလောက်အထိ မအော်နိုင်ကြဘူး။
အနာဂတ်မှာ နင့်ကို အော်ပရာသီချင်း စွန့်စားပြီး ထုတ်လုပ် ဖြန့်ချိပေးဖို့ နင့်ရဲ့ ဘော့စ်ရှေ့မှာ
ဒီအခွင့်အရေးကို အသုံးချပြီး ပူပူနွေးနွေး တင်ဆက် နေတာလား”
စုယန်ယန်
ပြောတာကို ကြားလိုက်ရသောအခါ ရှားကျွင်းရှန့်၏ မျက်လုံးတွေဟာ ကွေးညွှတ်သွားကာ စုယန်ယန်ကို
ညင်သာစွာ သတိပေးသည်။
“ယန်ယန်၊
ချီလွေ့ကို စွမ်းရည် ရှာဖွေတဲ့ အစီအစဉ် တစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့တာ။ သူက အခြားအရည်အချင်းတွေထက်
အဆိုပိုင်း ဆိုင်ရာမှာ အကောင်းမွန်ဆုံးပဲ”
စုယန်ယန်က
ဟားတိုက် ရယ်မောသည်။
“သူက အကောင်းဆုံး အဆိုတော်လား။ ဒီလို ဟိန်းသံတွေနဲ့
အော်သံတွေ လက်တန်း ထွက်လာတာ အံ့သြစရာ မရှိဘူး။ မသိတဲ့သူတွေ အတွက်ကတော့ သူ အခုလုပ်နေတဲ့
ပုံအရ အမျိုးသမီး တစ်ကိုယ်တော် ဖျော်ဖြေ တင်ဆက်နေတာလို့တောင် ထင်သွားနိုင်တယ်”
စုယန်ယန်၏
အပြင်းအထန် ဆူပူမာန်မဲခြင်းကို ခံရပြီးနောက် နျဉ်ချီလွေ့သည် မောက်မာသော လူချမ်းသာ ကလေးတစ်ယောက်လို
မဟုတ်တော့ပဲ သနားစရာကောင်းသော ကလေးငယ် တစ်ယောက်လို တုန်တုန်ယင်ယင်ဖြင့် “ငါ... ငါ-
ငါက ကြောက်လို့ပါ...”
“နင်
အခုမှ ကြောက်နေတာလား။ အရင်ကလို ကိုယ့်ကိုယ်ကို အင်အားကြီးပြီး အရေးပါ အရာရောက်တယ်လို့
ထင်တဲ့သူက ဘယ်သူလဲ။ ငါ နင့်ကို နောက်ဆုံး အကြိမ်အဖြစ် သတိပေးလိုက်မယ်။ နင် နောက်ထပ်
အော်သံ ထပ်ထွက်လာခဲ့ရင် ငါ နင့်တစ်ကိုယ်လုံးကို ဖြူကောင်လို ဖြစ်အောင် အပ်အများကြီး
စိုက်ပေးရလိမ့်မယ်၊ ဒါ့ကြောင့် နင် အလိုရှိသလို အော်နိုင်တယ်”
နျဉ်ချီလွေ့က
အရမ်း ထိတ်လန့်သွားပြီး ငိုကြွေးနေရင်း ကြို့ထိုးလာခဲ့ကာ စုယန်ယန်အား အနီရောင် သန်းနေသော
မျက်လုံးများဖြင့် စွပ်စွဲလိုဟန်ဖြင့် ကြည့်နေခဲ့သည်။
ဒီအမျိုးသမီးက
လူမဟုတ်ဘူး၊ သူမက နတ်ဆိုးတစ်ကောင်ပဲ။
စုယန်ယန်သည်
နျဉ်ချီလွေ့ မည်သို့မည်ပုံ ဖြစ်နေတာကို မြင်ပြီး သူမ ခေါင်းကိုက် လာသလို ခံစားလိုက်ရသည်။
“ကောင်းပြီ၊
အစ်ကိုတို့ နှစ်ယောက် ဒီကိုလာပြီးတော့ သူ့ကို မလှုပ်နိုင်အောင် လာထိန်း ပေးကြပါဦး”
နျဉ်စစ်ယွမ်နှင့်
ရှားကျွင်းရှန့်တို့သည် စုယန်ယန်နှင့် တတ်နိုင်သမျှ ခပ်ဝေးဝေး နေချင်သော်လည်း သူတို့ကို
စုယန်ယန်က အကူအညီ တောင်းလာခဲ့သည်။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး တကယ် မလိုလားကြပေမယ့်
သူတို့သည် နျဉ်ချီလွေ့ထံသို့ ချီတက်ကာ သူ့ကို တစ်ဖက် တစ်ချက်စီ ဖမ်းဆုပ် ပေးလိုက်ကြသည်။
နျဉ်ချီလွေ့သည်
ငိုချင်သွားခဲ့သည်။ သူက ခုတ်ထစ်ခါနီး စဉ်းနီတုံးပေါ်က ကြက်တစ်ကောင်လိုမျိုး ကိုယ့်ကိုယ်ကို
ခံစားရကာ စုယန်ယန်ကတော့ ဓားထက်ထက်ကို ကိုင်ဆောင်ထားသည့် သားသတ်သမားပင် ဖြစ်သည်။
စုယန်ယန်သည်
နောက်ဆုံး၌ နျဉ်ချီလွေ့က အချုပ်ခံလိုက်ရတာကို တွေ့ပြီး စိတ်သက်သာရာ ရကာ သက်ပြင်းတစ်ချက်
ချလိုက်မိသည်။ သူမသည် အပ်စိုက်ကုသရမည့် အမှတ်နေရာကို ရှာဖွေရန် စိတ်ပိုင်းဖြတ်ပြီး
ရှေ့သို့ အနည်းငယ် တိုးကာ စူးစမ်းကြည့်ရှုသည်။
နျဉ်ချီလွေ့သည်
အပ်တစ်ချောင်း သူ့အနားသို့ ချဉ်းကပ် လာတာကို မြင်တော့ ထပ်မံ အော်ဟစ်ဖို့ လုပ်ချိန်တွင်
သူ့အစ်ကိုကြီးက သူ့ပါးစပ်ကို လက်ဖြင့် အတင်းအကြပ် ပိတ်ဆို့ထားခဲ့သည်။ သူလုပ်နိုင်သမျှကတော့
သူ့အရေပြားထဲကို အပ်တစ်ချောင်း ထိုးစိုက်လာတာကို စောင့်ကြည့်နေရုံပါပဲ။
သူမျှော်လင့်
ထားသလိုမျိုး နာကျင်မှုကို မခံစားရပဲ ထိုအစား ဆံပင်မွေးညင်းတွေ ထောင်ပြီး အနည်းငယ်
ထူးဆန်းတဲ့ ခံစားချက်မျိုးကိုသာ ခံစားရသည်။
နျဉ်စစ်ယွမ်နှင့်
ရှားကျွင်းရှန့်တို့သည် နောက်ဆုံး၌ အရေပြားထဲသို့ အပ်ဝင်သွားတာကို မြင်ပြီး စိတ်သက်သာရာ
ရသွားခဲ့သည်။
သူတို့
အောင်ပွဲ မကျင်းပခင်မှာပင် အပ်စိုက်ထားသည့် နေရာမှ သွေးစက် နည်းနည်း ပန်းထွက်လာတာကို
မြင်လိုက်ရသည်။
ဒီပန်းထွက်လာသည့်
သွေးများမှာ နှစ်စက် သုံးစက်ခန့်သာ ရှိသော်လည်း ဒီအခန်း အတွင်းမှာရှိသည့် လူအနည်းငယ်
အတွက် အရိပ်မည်းကြီး တစ်ခုကို ယူဆောင်လာနိုင်ဆဲ ဖြစ်သည်။
“…”
အခန်းအတွင်းရှိ
လေထုသည် အနည်းငယ် ကိုးရိုးကားရား နိုင်သွားသသည်။ နျဉ်ချီလွေ့၏ မျက်နှာသည် သရဲတစ္ဆေကဲ့သို့
ဖြူဖျော့သွားကာ သူ့ကြည့်ရသည်မှာ အခုချက်ချင်း ဘဝတစ်ပါး ကူးပြောင်း သွားတော့မလိုပင်။
စုယန်ယန်သည်
သူမ အပ်စိုက်လိုသည့် နေရာအား နည်းနည်းလေး မှားယွင်း ထိုးမိတာကို သဘောပေါက်ကာ ခြောက်ကပ်ကပ်
ရယ်မော လိုက်မိသည်။
“အဟွတ်...
အဟွတ်... ကျွန်မ ဒါကို မလေ့ကျင့်ဖြစ်တာ ကြာလို့ အခု နည်းနည်း သံချေးတတ်သွားပုံ ရတယ်။
ဒါက ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး၊ တကယ့်ကို ပြဿနာ ကြီးကြီးမားမား မဟုတ်ပါဘူး”
အခြားလူသုံးယောက်
“...” ဘယ်လိုလုပ်ပြီး ဒါက ပြဿနာ ကြီးကြီးမားမား မဟုတ်ရမှာလဲ။
“ဘူးဝူး...
ဝူးဝူး...”
ဒီတစ်ကြိမ်မှာတော့ နျဉ်ချီလွေ့က အမှန်တကယ်ပင် မျက်ရည်တွေ
ကျဆင်းလာခဲ့တာ ဖြစ်သည်။ သူ့ကိုယ်သူ သူ့ကိုယ်ပိုင် မျက်ရည်တွေထဲ နစ်မြုပ်သွားလုမတတ်
ငိုကြွေးနေခဲ့သည်။
***