မင်း
သူ့ကို ထိခဲ့မိလား
စုယန်ယန်
စုအိမ်တော်သို့ ပြန်ရောက်သောအခါ မွန်းတည့်ချိန်ပင် ကျော်နေခဲ့ပြီ ဖြစ်သည်။ သူမအခန်းထဲသို့
ပြန်ရောက်ရောက်ချင်းမှာပင် ဟောက်ချန်ဟွမ်းထံမှ ဗီဒီယို ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံရရှိခဲ့သည်။
စုယန်ယန်၏
မျက်ဝန်းများက တောက်ပသွားပြီး ချက်ချင်းပင် ဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်သည်။
အရင်ဆုံး
သူမသည် ရင်းနှီးသော ခွေးမျက်နှာလေးဖြင့် ကြိုဆိုခြင်း ခံခဲ့ရသည်။ သွမ်းသွမ်းသည် ကင်မရာကို
အကြိမ် အနည်းငယ်ခန့် လှည့်ပတ်ကြည့်ပြီး နောက်ဆုံးတွင် ကင်မရာကို သူလေးရဲ့ တင်ပါးဖြင့်
ဖိကပ်ကာ ဖုန်းမျက်နှာပြင်ကို နှလုံးသားပုံသဏ္ဌာန် တင်ပါးလေးဖြင့် ပြည့်သွားစေသည်။
စုယန်ယန်
“...” သူလေးရဲ့ တင်ပါးတွေကို ကိုယ်တိုင်ကိုယ်ကျ အများသူငှာ မြင်အောင် ပြသခဲ့တာလား။
သူမနဲ့ မတွေ့တာကြာတော့ ဒီကောင်လေးက အရမ်း ရိုင်းလာတာလား။
စုယန်ယန်က
သူလေး၏ ချစ်စရာ အမွှေးပွ တင်ပါးဖောင်းဖောင်းလေးကို အနီးကပ်မြင်ပြီး ချီးကျူး ပြောဆိုမှာကို
စောင့်ဆိုင်းနေစဉ် လက်တစ်ဖက်က ဒီပြဿနာရှာသူ ကလေးလေးကို ကင်မရာရှေ့မှ ဘေးဖက်သို့ ဖယ်ထုတ်လိုက်သည်။
စုယန်ယန်၏
မျက်ဝန်းတွေက တောက်ပလာပြီး “ချန်ဟွမ်း...” လို့ ဝမ်းသာအားရ အော်ခေါ်လိုက်သည်။
ဟောက်ချန်ဟွမ်းသည်
သူမ စိတ်ပျော်နေကြောင်းကို သူမ၏ အသံကို နားထောင်ရရုံဖြင့် ပြောနိုင်ပေသည်။ သူ့မျက်ဝန်းတွေက
မည်းမှောင်သွားကာ “အင်း...” လို့ နူးညံ့စွာ တုံ့ပြန်လိုက်သည်။
ဘေးဖက်သို့
ပစ်ထုတ် ခံလိုက်သည့် သွမ်းသွမ်းသည် ဒီလိုမျိုး ကြုံတွေ့ရတိုင်း ဟွားဟွားကို လွမ်းဆွတ်မိသည်။
“ရှင်
ဒီနေ့ တစ်ခုခု လုပ်စရာရှိတယ် မဟုတ်လား။ အဲ့တာ ပြီးသွားပြီလား။ ရှင် နေ့လယ်စာ စားပြီးပြီလား။
ရှင် ဘယ်လောက်ပဲ အလုပ်များများ၊ အစားကို အချိန်မှန်စားရမယ်...”
စုယန်ယန်သည်
ဟောက်ချန်ဟွမ်းကို မြင်လိုက်တာနဲ့ စကားတွေ မရပ်မနား တတွတ်တွတ် ပြောတော့သည်။ တစ်ချိန်တည်းမှာပင်
သူမသည် စေ့စပ်ကြောင်းလမ်းသည့် အချိန်ကာလက ရှည်လျားလွန်းသည်ဟု ခံစားခဲ့မိသည်။
အကယ်၍
သူတို့ မြန်မြန် လက်ထပ်နိုင်မယ် ဆိုရင် သူ့အနားမှာ သူမ အမြဲရှိနေနိုင်သလို ဒီလိုမျိုး
ခွဲခွာနေရပြီး တစ်ယောက်ကို တစ်ယောက် စိုးရိမ်ပူပန်နေရမှာ မဟုတ်ဘူး။
ဟောက်ချန်ဟွမ်းသည်
စုယန်ယန်၏ တကျည်ကျည် လုပ်နေတာကို နားထောင်ရင်း သူ့စိတ်ထဲမှ စိတ်ဓာတ်ကျမှုဟာ တဖြည်းဖြည်း
လွင့်ပါးပျောက်ကွယ် သွားသလို ခံစားလိုက်ရသည်။ သူက ကောင်းမွန်သော စိတ်သဘောထားဖြင့် ပြန်တုံ့ပြန်ခဲ့သည်။
“ကိုယ်လုပ်စရာ
ရှိတာ လုပ်ပြီးသွားပြီ။ ကိုယ် အချိန်မှန် ထမင်းစားခဲ့ပေမယ့် မင်းချက်ကျွေးတဲ့ ဟင်းလျာတွေလောက်
အရသာမရှိတော့ သိပ်မစားဖြစ်ဘူး”
“ဒါဆိုရင်
ကျွန်မ ရှင့်အတွက် ချက်ပြုတ်ပေးပြီး တစ်ယောက်ယောက်ကို လွှတ်ပြီး ရှင့်ဆီ ပို့ခိုင်းလိုက်မယ်လေ”
စုယန်ယန်သည်
ဟင်းလျာတွေကို ချက်ပြုတ်ပြီး သူမကိုယ်တိုင် သွားပို့ပေးချင်ပေမယ့် သူမ မိသားစုထံမှ
အမြင်မကြည်မှုကို ဆွဲဆောင် နိုင်သွားလိမ့်မည်။ သူမ ချက်ပြုတ်ထားသော ဟင်းလျာများကို
ဟောက်ချန်ဟွမ်းထံသို့ နေ့တိုင်း ပို့ပေးမိပါက သူမသည် သူ့ထံသို့ မနာလိုမှုနှင့် ခါးသီးသော
စိတ်ခံစားချက်များကို ဆောင်ကြဉ်း ပေးနေမိပေလိမ့်မည်။
အခု
မနက်မှာပင် သူမသည် သူ့ကို အဘိုး အမြင်မကြည်အောင် လုပ်မိခဲ့ပြီးပြီ ဖြစ်သည်။ အဟွတ်...
အဟွတ်...
ဒါကို
ဟောက်ချန်ဟွမ်းလည်း နားလည် သဘောပေါက်သည်။ သူ၏ အေးစက်ပြီး စူးရှသော အကြည့်များက အတော်လေးကို
နူးညံ့ပျော့ပျောင်း သွားခဲ့သည်။
သူမတို့နှစ်ယောက်
အချင်းချင်း စကားစမြည် ပြောဆိုပြီးနောက် ဟောက်ချန်ဟွမ်းသည် မနေနိုင်တော့ပဲ မေးလိုက်မိသည်။
“မင်းရော
ဒီနေ့ ဘယ်သွားသေးလဲ”
စုယန်ယန်သည်
ရုတ်တရက် အနည်းငယ် ထိတ်လန့်သွားကာ သူ့ကို အလိုလို ပြန်ဖြေလိုက်မိသည်။
“ကျွန်မ
ဆေးရုံကိုသွားခဲ့တယ်”
“ဆေးရုံလား၊
မင်း...”
“ကျွန်မ
နေကောင်းပါတယ်၊ ကျွန်မ လက်လွှဲ ယူထားထားတဲ့ ကုမ္ပဏီက အနုပညာရှင် တစ်ယောက် နာမကျန်း
ဖြစ်နေလို့၊ ဘာများ မှားနေလဲလို့ ကြည့်ဖို့ ကျွန်မ ဆေးရုံကို သွားကြည့်ခဲ့တာ”
စုယန်ယန်သည်
ဒီလိုပြောပြီးနောက် ခဏ ရပ်လိုက်သည်။ ဟောက်ချန်ဟွမ်း အထင်လွဲသွားမှာကို မလိုချင်သည့်
အတွက် သူမ အံတင်းတင်း ကြိတ်ကာ အကြောင်းအရာ အပြည့်အစုံကို ရှင်းပြရန် လုပ်ဆောင်ခဲ့သည်။
အဆုံး၌
နျဉ်ချီလွေ့နှင့် နျဉ်စစ်ယွမ်တို့၏ ကိုယ်ပိုင် ဝိသေသတို့ကို အလေးပေး ပြောကြားခဲ့ပြီး
သူမသည် ဟောက်ချန်ဟွမ်းကို နျဉ်ချီလွေ့၏ နာမကျန်းမှုကြောင့် သူမရဲ့ ကုမ္ပဏီကို ထိခိုက်မှုများစွာ
ဆောင်ယူပေးမှာကို စိုးရိမ်ပူပန်သောကြောင့် နျဉ်ချီလွေ့ကို ကုသပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်းကို
ထပ်ခါတလဲလဲ ထည့်သွင်း ပြောဆိုခဲ့သည်။ သူမသည် သူ့အပေါ် မသင့်လျော်သော အတွေးများ မထားရှိကြောင်းကိုပါ
အတည်ပြု ပြောဆိုခဲ့သည်။
စုယန်ယန်က
ဒီကိစ္စကို ရှင်းပြပြီးသည့် အခါမှာတော့ သူမလက်တွေကို မသိစိတ်အရ ဆုပ်ကိုင်ထားပြီး ဟောက်ချန်ဟွမ်းက
စစ်ဆေးမေးမြန်းမှာကို ရင်တထိတ်ထိတ် စောင့်ဆိုင်း နေမိသည်။
ဟောက်ချန်ဟွမ်းသည်
သူမက တုန်ချမ်း အင်တာတိန်းမန့်ကို ရုတ်တရက် ဘာလို့ လွှဲပြောင်း ယူတာလဲ သို့မဟုတ် သူမ
ဆေးပညာကို ဘယ်အချိန်က စလေ့လာခဲ့တာလဲ ဆိုတာကို မေးမြန်းလိမ့်မည်ဟု သူမ ထင်ခဲ့သည်။ ‘မင်း
ဆေးပညာကို ဘယ်လိုလုပ်ပြီး လေ့လာခဲ့တာလဲ, မင်းကို ဒီဆေးပညာကို ဘယ်သူ သင်ပေးတာလဲ၊ မင်း
ဘာဖြစ်လို့ ဒီဆေးပညာကို သင်ယူချင်တာလဲ’ ဆိုသည့် မေးခွန်းမျိုးကိုတောင် မေးမြန်းလိမ့်မည်ဟု
တွေးမိသေးသည်။
သူမသည်
မတော်တဆ သူမရဲ့အမြီးကို ထုတ်ဖော်မိမည်ကို စိုးရိမ်ပြီး သူမစိတ်ထဲတွင် ဒီလိုမေးမြန်းလာခဲ့ရင်
ဘယ်လို ပြန်ဖြေရမလဲ ဆိုသည့် စကားလုံးများကို စာစီကာ စိတ်ပိုင်းဆိုင်ရာ အရပါ ပြင်ဆင်ခဲ့သည်။
သို့သော်လည်း
ဟောက်ချန်ဟွမ်းသည် သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အချိန်အတော်ကြာ တိတ်ဆိတ်
သွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သူက နောက်ဆုံး၌ စာကြောင်း တစ်ကြောင်းကို ထုတ်ဆိုလာခဲ့သည်။
“မင်း
သူ့ကို အပ်တွေ အများကြီး စိုက်ခဲ့တယ်လို့ ပြောတာလား။ ဒါဆိုရင်... မင်း သူ့ကို ထိခဲ့မိလား”
“ဟမ်”
တစ်ခုခုတော့
မှားနေပုံပဲ။ သူမ နျဉ်ချီလွေ့ကို ဆေးကုသပေးသည့် အကြောင်းကို သူ့အား ပြောပြခဲ့ပေမယ့်
သူက အဲဒီအကြောင်းရင်းကို မေးမြန်းရမည့်အစား သူမ နျဉ်ချီလွေ့ကို ထိတွေ့မိလား ဆိုတာကို
မေးမြန်းခဲ့သည်။ ခင်ပွန်းရေ... ရှင် ဦးစားပေးနေတဲ့ အရာက မှန်ကန်နေရဲ့လား။
***