နင်က ဘယ်သူ့ဘက်က ရပ်တည်ပေးနေတာလဲ
ချိန်ရှုချင်သည်
ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုနေရင်း တခုခုကို ပြန်အမှတ်ရ သွားပုံရကာ သူမမျက်နှာဟာ မည်းမှောင်သွားခဲ့သည်။
“မဟုတ်ဘူး၊
သူတို့ကို ခွေးလိုက်ဆွဲစေရုံနဲ့ ငါ့ရင်ထဲက အမုန်းတရားတွေကို ဖျောက်ဖျက်ဖို့ မဖြစ်နိုင်ဘူး။
ငါတို့သမီးလေးနဲ့ စေ့စပ်ကြောင်းလမ်း နိုင်ဖို့အတွက် စကားလုံး ချိုချိုလေးတွေနဲ့ သူတို့က
တောင်းပန်ခဲ့ကိုတောင် သူတို့ ပြန်အမှတ်မရကြဘူး။ သူတို့ရဲ့ အဆင့်အတန်းနဲ့ အာဏာ မြင့်မား
တိုးတက်လာအောင် ကြိုးစားဖို့ ငါတို့နဲ့ စေ့စပ်ကြောင်းလမ်းမှုကို အသုံးပြုခဲ့ကြတယ်။
အခုကျ ငါတို့က သူတို့ကို ဖက်တွယ်နေသလိုမျိုး အမှတ်သည်းခြေမရှိ ပြောရဲကြတယ်။ ဟောက်ရှောက်ဖုန်းလို
ကောင်မျိုးကများ ငါ့သမီးကို ‘လင်မယား မဖြစ်နိုင်ရင်တောင် ငါတို့ သူငယ်ချင်းတော့ ဖြစ်နိုင်ပါသေးတယ်’
လို့ ပြောရဲသေးတယ်လား။ ထွီ... အဲ့ဒီမိသားစုက တကယ်ပဲ မျက်နှာပြောင် တိုက်လွန်းတယ်”
“ဘာ...”
မစ္စတာစုသည် သူ့သမီးဖြစ်သူက သူ့ကိုကျ မချီးမွမ်းပဲ သူ့ဇနီးသည်ကိုသာ ချီးမွမ်းခဲ့သည့်
အတွက် စိတ်မကောင်း ဖြစ်နေမိတုန်းပင်။ သို့ရာတွင် ဒီစကားကို ကြားလိုက်တော့ သူ ဘာကိုမှ
ဂရုမစိုက်နိုင်တာ့ပေ။
မစ္စတာစုသည်
အလွန် မည်းမှောင်နေသော မျက်နှာထားဖြင့် အပြင်သို့ ပြန်ထွက်သွားဟန် ပြင်တာကို မြင်လိုက်ရတော့
စုယန်ယန်က ရှေ့သို့ အလျင်အမြန် လှမ်းပြီး သူ့ကို နောက်ပြန်ဆွဲခေါ်ခဲ့သည်။
“အဖေ၊ ဘယ်ကို သွားမလို့လဲ”
“ငါ
သူတို့ကို ပြန်သွားခေါ်မလို့”
“သူတို့ကို
ပြန်သွားခေါ်မလို့လား”
စုယန်ယန်က
မျက်တောက် တဖျပ်ဖျပ် ခတ်ကာ စူးစမ်း မေးမြန်းခဲ့သည်။
“အဲ့တာ
ပြီးတော့ရော...”
“...
သူတို့ကို ရိုက်နှက်ပစ်မယ်”
“ဖူး...”
စုယန်ယန်သည် သူမ ဖခင်ဖြစ်သူ၏ တဲ့တိုး စကားလုံးများကြောင့် သဘောကျ သွားခဲ့သည်။
“ထားလိုက်ပါတော့။
အဲဒီလို အမှိုက်မျိုးတွေကြောင့် အဖေ့လက်ကို မညစ်ပတ်စေနဲ့”
ထိုသို့
ပြောလိုက်ပေမယ့် မစ္စတာစုဟာ အနည်းငယ် စိတ်ဆိုးနေသေးသည်။
စုယန်ယန်သည်
သူမ နှုတ်ခမ်းလေးကို အသာ ကွေးညွှတ်ကာ မစ္စတာစု၏ လက်မောင်းကို ဖက်တွယ်ရင်း သူ့ကို နှစ်သိမ့်လိုက်သည်။
“ဒါ့အပြင်၊ သမီး ဟောက်ရှောက်ဖုန်းကို သင်ခန်းစာ တစ်ခု
ပေးခဲ့ပြီးပြီ။ ဟောက်ရှောက်ဖုန်း အခုထိ ဆေးရုံမှာ တက်နေရတုန်းဆိုတာ အဖေ မကြားလိုက်ဘူးလား။
ဒီနေ့ သူတို့ကလည်း အဖေ့ လက်အောက်မှာ ဒုက္ခတွေ့ကြုံခဲ့ပြီး သူတို့ အချိန်ခဏလောက်တော့
ပြဿနာ လာမရှာနိုင်လောက်ဘူး”
ချင်ရွှယ်ရူသည်
နောက်ကျမှ ထွက်လာသဖြင့် အချိန်ကောင်းကို လွဲချော်ခဲ့ရသည်။ စုယန်ယန်က ဟောက်ရှောက်ဖုန်းကို
ရိုက်နှက်ခဲ့သည်ဟု မစ္စတာစုကို ပြောနေတာ ကြားလိုက်ရတော့ သူမ အနည်းငယ် သံသယ ဝင်နေဆဲဖြစ်သည်။
“ယန်ယန်၊
နင် သူ့ကို ရိုက်ခဲ့တာလား။ နင် သူ့ကို ရိုက်တုန်းက ရက်ရက်စက်စက် ရိုက်နှက်ခဲ့တာလား။
ဒီမိသားစုက သူတို့သားရဲ့ ဒဏ်ရာကို တမင်သက်သက် ပုံကြီးချဲ့ပြောဆိုနေတာ မဖြစ်နိုင်ဘူးလား...”
ချင်ရွှယ်ရူရဲ့
သတိပေးချက်ကြောင့် ချိန်ရှုချင်တို့ လင်မယားဟာ သူတို့ရဲ့ အတွေးတွေကို ပြန်သိမ်းဆည်းကာ
စုယန်ယန်အား စူးစမ်းမေးမြန်းလိုသည့် အကြည့်ဖြင့် လှည့်ကြည့် လိုက်ကြသည်။
စုယန်ယန်က
အပြုံးလေးဖြင့် ကျေနပ်အားရစွာ ပြောသည်။
“သူတို့
ဒီတစ်ကြိမ် ပြောတာကတော့ လိမ်တာ မဟုတ်ဘူး။ သမီး အဲ့နေ့တုန်းက ဟောက်ရှောက်ဖုန်းကို ပြင်းပြင်းထန်ထန်
ရိုက်နှက်ခဲ့တာ၊ သူ့မျက်နှာ အခြေအနေဆို ထုတ်မပြော နိုင်လောက်အောင် ဆိုးဆိုးရွားရွားပဲ။
ပြီးတော့... အဓိက နေရာကိုလည်း သမီး အကြိမ် အနည်းငယ်ခန့် ကန်ခဲ့သေးတယ်။ သူ့ဘောတွေ အလုပ်လုပ်နိုင်သေးလား
ဆိုတာကိုတော့ သမီးလည်း သိချင်မိတယ်”
ဤနေရာတွင်
ရှိနေကြသည့် လူများ “...”
အချိန်အတန်ကြာ
တိတ်ဆိတ် သွားပြီးနောက် မစ္စတာစုသည် စိတ်မသက်မသာဖြင့် အဝေးသို့ကြည့်ကာ ဟောက်ရှောက်ဖုန်း
ဘယ်လောက်တောင် သနားစရာ ကောင်းနေမလဲ ဆိုတာကို
စဉ်းစားကြည့်ရန် ငြင်းဆန်ခဲ့သည်။
ချင်ရွှယ်ရူနှင့်
ချိန်ရှုချင်တို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ရှက်ရွံ့စွာ ကြည့်လိုက်မိသည်။ သူတို့
ဒီအကြောင်း ကြားရတာ ရှက်ရွံ့မိသော်လည်း စိတ်သက်သာရာ ရသွားခဲ့ကြသည်။
ဒါက
သူနဲ့ ထိုက်တန်တယ်။ စေ့စပ်ထားသူ ရှိနေရက်နဲ့ အပြင်မှာ အပျော် ရှာနေသေးသည့် ဒီလို အမှိုက်ကောင်မျိုး
အတွက်၊ သူ့တစ်ဘဝလုံး ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်လောက်အောင် ရိုက်နှက် ခံရသင့်သည်။
သူတို့
နှစ်ယောက်တည်းတင် ဒီလိုအတွေးမျိုး ရှိနေကြတာ မဟုတ်ပေ။ ချိန်ရှုချင်ကို ပြောပြဖို့ ချင်ရွှယ်ရူကို
စုယန်ယန် ပြောလိုက်သံကို ကြားလိုက်ရကတည်းက အဘိုးချိန်ဟာ ဒေါသစိတ်ကြောင့် နီမြန်းနေခဲ့သည်။
သူက ဒေါသ အရမ်းထွက်ပြီး ဟောက်ချီဟန်တို့ လင်မယားကို ရိုက်နှက်ဖို့ ဒေါသတကြီး ပြေးထွက်လုနီးပါး
ဖြစ်သွားခဲ့သေးသည်။
“ယန်ယန်လုပ်တာ
မှန်တယ်။ ဒီစက်ဆုပ်ရွံ့ရှာဖွယ် ကောင်းတဲ့ အမှိုက်ကောင်က သူ့မိသားစု နောက်ခံကောင်းတာနဲ့
သူက တခြား သူတွေထက် ပိုသာလွန်တယ် ထင်ပြီး ကိုယ့်ကိုယ်ကို အရမ်း အထင်ကြီးနေတာ။ တခြားသူတွေကို
ထပ်အနှောင့်အယှက် မပေးနိုင်ဖို့ သူ သင်ခန်းစာ အပေးခံရသင့်တယ်။ အဲဒီ လင်မယားကလည်း အရမ်း
မိုက်မဲတယ်။ သူတို့က ငါတို့ တံခါးဝကိုတောင် လာရဲသေးတယ်။ သူတို့က ငါတို့ကို တောင်းပန်လိုက်တာနဲ့
ငါတို့က ခွင့်လွှတ် ပေးရမယ်လို့ တွေးထင်နေကြသေးတယ်။ ဒီဟောက်မိသားစုဝင်တွေက အူထဲထိကို
ပုပ်သိုးနေကြတာပဲ။ သူတို့ကို ကယ်တင်ဖို့ နည်းလမ်း မရှိဘူး”
စုယန်ယန်သည်
သူ ပြောတဲ့စကား ပထမပိုင်းကို ခေါင်းညိတ် ထောက်ခံပေမယ့် နောက်ဆုံး စာကြောင်းကို ကြားရချိန်မှာတော့
သူမ ထပြောလိုက်သည်။
“အဘိုး၊
ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်သလိုမျိုး မပြောဆိုသင့်ပါဘူး။ ဟောက်ရှောက်ဖုန်းတို့
မိသားစုက တကယ် မနှစ်မြို့ဖွယ်ရာ ကောင်းပေမယ့် သမီးရဲ့ သတို့သားလောင်းကတော့ အရမ်းအံ့အားသင့်ဖို့
ကောင်းပါတယ်”
အဘိုးချိန်သည်
သူမ သတို့သား၏ ဂုဏ်သတင်းကို ရဲရဲဝံ့ဝံ့ ခုခံကာကွယ် ပေးနေသော သူ၏ အဖိုးတန် မြေးမလေးကို
တစ်ချက်ကြည့်ရင်း အသက်ရှူ မွန်းကျပ်သွားသလို ခံစားရကာ သက်ပြင်းမော ချလိုက်မိသည်။
“နင်က
လက်မထပ်ရသေးဘူး၊ ဒါပေမယ့် အခုကတည်းက နင်က အပြင်လူဘက်ကနေ ရပ်တည် ပေးနေတတ်ပြီပေါ့လေ...”
“ဘယ်လိုလုပ်ပြီး
အပြင်လူဘက်က ရပ်တည်ပေးတာ ဖြစ်မလဲ။ သမီးတို့ လက်ထပ်ပြီးတာနဲ့ သမီးတို့က မိသားစု ဖြစ်လာမှာလေ။
သမီးက ရှင်းရှင်းလင်းလင်း သမီး မိသားစုဘက်က ရပ်တည် ပေးတာပါနော်”
အဘိုးချိန်
“...” ဟမ့်၊ ဘယ်လောက် ဒေါသထွက်စရာ ကောင်းလိုက်လဲ။
***