အပိုင်း ၁၃၆
Viewers 933

အခန်း (၁၃၆)

မင်းအမြင်ကို ထိခိုက်သွားစေလိမ့်မယ်

 

ဟောက်မိသားစုမှ စုံတွဲ၏ လာရောက် လည်ပတ်မှုသည် သူတို့အား ခွေးလိုက်ဆွဲခြင်းနှင့် အဆုံးသတ် သွားခဲ့သည်။

 

အဲဒီနောက်မှာတော့ ချိန်ရှုချင်ဟာ သူမ၏ ဒေါသကို လုံလုံလောက်လောက် မထုတ်ဖော် လိုက်ရသလို ခံစားရသောကြောင့် သူမတို့ လူနေရပ်ကွက်ရှိ လုံခြုံရေး အစောင့်များထံ ဖုန်းခေါ်ဆိုပြီး တိုင်ကြားခဲ့သည်။

 

ဒီလူနေ ရပ်ကွက်ရှိ နေထိုင်သူ၏ ခွင့်ပြုချက်မယူပဲ သူစိမ်းများကို ရပ်ကွက်ထဲ ဝင်ခွင့် မပြုသင့်ကြောင်း မကျေမနပ်‌ ပြောဆိုခဲ့သည်။ ဒီလိုမျိုး ဝင်ခွင့်ပြုတာက နေထိုင်သူများ၏ လုံခြုံရေးကို ခြိမ်းခြောက် နိုင်စေသည်။

 

အကယ်၍ ရပ်ကွက်ထဲသို့ ဝင်လာသူသည် စိတ်မနှံ့သူ ဒါမှမဟုတ် လူသတ်သမားဟု သံသယ ရှိသူဆိုလျှင် နေထိုင်သူတွေရဲ့ အသက်အန္တရာယ်ကို ထိပါးနိုင်စေသည် မဟုတ်ပါလား။

 

သူမ တိုင်ကြားသည့် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည့် လုံခြုံရေး အစောင့်သည် ခွေးလေးကောင် လိုက်ဆွဲခံနေရသော လူနှစ်ယောက်ကို သူ့မျက်လုံး ထောင့်စွန်းနားကနေ လှမ်းမြင် လိုက်ရပြီး မသိစိတ်ကနေ တစ်ချက် လှမ်းကြည့် လိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းများ တွန့်လိမ် သွားကာ ဘယ်သူကမှ သူ့ဘေးကင်း လုံခြုံရေး ခြိမ်းခြောက်ခံရမှန်း မသိကြောင်း တိတ်တဆိတ် ညည်းညူမိသည်။

 

သို့ရာတွင် ဖောက်သည်သာ ဘုရင်ဖြစ်သည် ဟူသော စည်းမျဉ်းစည်းကမ်းကို သူတို့ လိုက်နာကြပေမည်။ ဒီကိစ္စအတွက် သူကလည်း တာဝန်ရှိသူ ဖြစ်သည့် အတွက်ကြောင့် လုံခြုံရေး အစောင့်က ဟောက်ချီဟန်တို့ လင်မယား ခွေးလိုက်ဆွဲ ခံရသည့် ဗီဒီယိုကို ဖြတ်သွားဖြတ်လာ တစ်ဦးကို တောင်းဆို၍ ချိန်ရှုချင်ထံသို့ ပေးပို့စေခဲ့သည်။

 

မစ္စတာစု ငှားရမ်းခဲ့သော ခွေးလေးကောင် စလုံးမှာ သေသေချာချာ လေ့ကျင့်ထားသော ခွေးတွေ ဖြစ်ကြသည်။ သူတို့ဟာ စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကြပ်ကြပ် လိုက်နာပြီး ပိုင်ရှင်များ၏ ခွင့်ပြုချက်မရှိပဲ လူတွေကို အလွယ်တကူ ထိခိုက်စေမည် မဟုတ်ပေ။

 

ထို့ကြောင့် ဒီခွေးများကို ဟောက်ချီဟန်တို့ လင်မယားအား ကိုင်တွယ်ရန် စေလွှတ်ခဲ့သော်လည်း သူတို့သည် ဟောက်ချီဟန်တို့ လင်မယားအား မကိုက်ခဲပဲ သူတို့ရဲ့ အဝတ်အစားများကို ဆုတ်ဖြဲပစ်ရုံသာ လုပ်ခဲ့သည်။

 

လူကြီး ခါးစောင်းလောက် ရှိသည့် ဒီခွေးတွေဟာ ရုပ်ပိုင်းဆိုင်ရာ သန်မာကြပြီး အရွယ်ရောက်ပြီး လူတစ်ဦးထက် များစွာ သန်မာသည်။

 

ခွေးနှစ်ကောင်က ဟောက်ချီဟန်၏ ဘောင်းဘီ အနားစများကို ဘယ်တစ်ဖက် ညာတစ်ဖက် ကိုက်ဆွဲထားကြသည်။ ဟောက်ချီဟန်က သူတို့နှစ်ကောင်ကို လုံးဝ မဖယ်ရှားနိုင်ခဲ့ပေ။ စုတ်ပြဲသွားသော အသံနှင့်အတူ သူ့ခါးပတ်ဟာ ကျွတ်ကျသွားကာ သူ့ဘောင်းဘီက အောက်သို့ ကွင်းလုံးကျွတ် ပုံကျသွားခဲ့ပြီး  သူ၏ ရယ်စရာကောင်းသော အတိတ်နိမိတ် ကောင်းစေသည့် အနီရောင် အတွင်းခံကို ပေါ်လွင် သွားစေခဲ့သည်။

 

ထိုအချိန်တွင် အနား ပတ်ဝန်းကျင်၌ ရှိသည့် လူအများမှာ ဒီမြင်ကွင်းကို ကြည့်ပြီး မရယ်ပဲ မနေနိုင်ကြ‌တော့ပေ။

 

သူ့ကို လူအနည်းငယ်ခန့်က စာနာ သနားမိပေမယ့် ဒီလို ရက်စက်ကြမ်းကြုတ်သော ခွေးများကို စိန်ခေါ်ဖို့ ‌ရှေ့မတိုးဝံ့သောကြောင့် ဘေးနားမှာပင် ကူကယ်ရာမဲ့စွာ မတ်တပ်ရပ်ပြီး ဒီမြင်ကွင်း ကိုယ်ချင်းစာစိတ်ဖြင့် ကြည့်နေခဲ့ကြသည်။

 ‌

 

ဟောက်ချီဟန်သည် သူ ရှင်သန် နေထိုင်ခဲ့သည် အနှစ်လေးဆယ်ကျော် အချိန်တိုင်သည်အထိ ယခုကဲ့သို့ အရှက်ကွဲမှုမျိုး တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ သူက မခံမရပ်နိုင် ဒေါသထွက်ကာ သူ့အနားမှာရှိသော ခွေးတစ်ကောင်ကို ကန်ထုတ်လိုက်သည်။

 

ခွေးသည် ပိုင်ရှင်ဖြစ်သူ၏ အမိန့်ကို လိုက်နာခဲ့ပြီး မည်သူ တစ်ဦး တစ်ယောက်ကိုမျှ မထိခိုက်စေခဲ့ပေ။ မဟုတ်ရင် ဟောက်ချီဟန်သည် အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ကိုက်ဆွဲခြင်း ခံရပေလိမ့်မည်။

 

ဟောက်ချီဟန်၏ ကန်ချက်က ခွေးကို နာကျင်စေပြီး ဒေါသ ထွက်စေခဲ့သည်။ ထိုခွေးက စိတ်ဆိုးဒေါသ ထွက်သောကြောင့် အမိန့်ကို လိုက်နာခြင်း မရှိတော့ပေ။ သူတို့၏ သွေးဆာ ရက်စက်သော သဘာဝအတိုင်း သူ့၏ ချွန်မြမြ သွားစွယ်တို့ကို ထုတ်ဖော်ကာ ဟောက်ချီဟန်၏ တင်ပါးဖောင်းဖောင်းကို ကိုက်ဆွဲလိုက်သည်။

 

“ဟားဟား... ဟားဟား... ငါ သေလောက်အောင် ရယ်ချင်တယ်။ အရမ်း ကျေနပ်စရာ ကောင်းတယ်။ အနိုင်ကျင့် ခံရတာထက် မှန်မှန်ကန်ကန် လက်စား ချေလိုက်တာပဲ။ အခု၊ တစ်စုံတစ်ယောက်က ဒီဗီဒီယိုကို အများသူငှာ ပလက်ဖောင်းပေါ်ကို မျှဝေလိုက်ရင် သူတို့မိသားစု နာမည်ကြီး လာလိမ့်မယ်။ ဟားဟား... ဟားဟား...” ချိန်ရှုချင်သည် ဗီဒီယိုထဲက မြင်ကွင်းကို ကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

 

မစ္စတာစုသည်လည်း ဒီဗီဒီယိုကို မြင်သောအခါ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိသွားသော်လည်း ဟောက်ချီဟန် အကိုက်ခံရသည့် မြင်ကွင်းကို မြင်လိုက်သော အခါတွင် မျက်ခုံးတွန့်သွားကာ ချိန်ရှုချင်၏ မျက်လုံးကို ဖုံးအုပ်လိုက်သည်။

 

“ဟေး၊ ရှင် ဘာလုပ်တာလဲ။ ဘာဖြစ်လို့ ရှင် ကျွန်မရဲ့ မျက်လုံးကို ဖုံးရတာလဲ”

 

“အဲ့တာကို မကြည့်နဲ့။ မင်းမျက်လုံးတွေ နာကျင် သွားလိမ့်မယ်”

 

မစ္စတာစုသည် အကြောင်းပြချက် အချို့ကြောင့် သူ့ဇနီးသည်က အခြားအမျိုးသားကို ကြည့်မှန်း နားလည် နိုင်သော်လည်း မနာလိုဖြစ်တာကိုတော့ မထိန်းချုပ်နိုင်ခဲ့ပေ။

 

ချိန်ရှုချင် “...” သူမသည် ကလေးတစ်ယောက် မဟုတ်တော့ပေ၊ ဒါ့ကြောင့် ဘာဖြစ်လို့ ဒီမြင်ကွင်းက သူမမျက်လုံးကို နာကျင်သွားစေမှာလဲ”

 

စုယန်ယန်သည် သူမ ဖခင်ဖြစ်သူ၏ ချဉ်သော ညည်းညူသံများကို ကြားပြီး တခစ်ခစ် ရယ်မောလိုက်သည်။

 

“ဒါကို အမှတ်တရ တစ်ခုအနေနဲ့ သိမ်းထားရတာ ပိုကောင်းတယ်။ အမေ၊ သမီးကိုလည်း နောက်ကျ ကော်ပီတစ်ခု ကူးပေးပါဦး”

 

စုယန်ယန်က ဒီစကားတွေကို ပြောလိုက်တာနဲ့ အဘိုးချိန် ပြန်မပြောနိုင်ခင်မှာပင် မစ္စတာစုက “အဓိပ္ပါယ် မရှိတာ၊ မင်းက လက်မထပ်ရသေးတဲ့ မိန်းကလေးပဲ။ ဒီလိုဗီဒီယိုမျိုးကို မင်းကို မပေးနိုင်ဘူး”

 

“...” ကောင်းပြီ၊ မင်းပြောတဲ့အတိုင်းပဲ။

 

အိမ်အောက်ထပ်တွင် ပဋိပက္ခများ ဖြေရှင်းပြီးနောက် လူတိုင်း ကိုယ်စီ သူတို့ လုပ်စရာရှိတာ လုပ်ရန် လူစုခွဲ သွားကြသည်။ စုယန်ယန်သည် ဟိုဟိုဒီဒီ လှည့်ကြည့်ပြီးတော့ အပေါ်ထပ်ကို ပြန်တက် သွားခဲ့သည်။ သူမ အခန်းဝထဲသို့ ရောက်ရောက်ချင်း သူမရင်ဘတ်မှ ရင်းနှီးကျွမ်းဝင်နေသော အသံလေးကို ကြားလိုက်ရသည်။

 

“ယန်ယန်”

***