သွမ်းသွမ်း
ခွေးတိုးပေါက်မှာ ညပ်နေတယ်
စုယန်ယန်သည်
အခန်းတံခါးကို မဖွင့်ခင် အေးခဲသွားသည်။ သူမ၏ မျက်လုံးများက မသိစိတ်အရ ပြူးကျယ်သွားကာ
နောက်ဆုံး၌ သူမ မေ့လျော့နေသည့် အရာအား အမှတ်ရ သွားခဲ့သည်။
စုယန်ယန်သည်
ဟောက်ချန်ဟွမ်းနှင့် ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြုလုပ်နေသည့် အချိန်၌ အောက်ထပ်တွင် ရုန်းရင်းဆန်ခတ်
ဖြစ်ပွားခဲ့သည်။
ဟောက်ချန်ဟွမ်းနှင့်
ဟောက်ချီဟန်တို့ဟာ တစ်မိသားစုတည်း ဖြစ်သော်လည်း သူတို့အကြားမှ ဆက်ဆံရေးက သိပ်အဆင်ပြေဘူးဟု
ယူဆကာ ဒီပွဲကို အပျော်ကြည့်ရန် ဟောက်ချန်ဟွမ်းကိုပါ ခေါ်ဆောင်သွားရန် စိတ်ကူး ထားခဲ့သော်လည်း
အဘိုးချိန်က သူမကို ဆွဲခေါ်သွားခဲ့သည်။
အဘိုးချိန်က
သူမနှင့် ဟောက်ချန်ဟွမ်းတို့ ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြုလုပ်နေတာကို ရှာဖွေတွေ့ရှိ
သွားမှာကို ကာကွယ်ရန်၊ ‘မသိနားမလည်သော မိန်းကလေးကို ချိုမြိန်သော စကားလုံးများဖြင့်
လိမ်လည် လှည့်ဖြားတယ်’ ဟူသော နောက်ထပ် စွပ်စွဲချက်တစ်ခုကို မတော်တဆ ယူဆောင်လာမိမှာကို
စိုးရိမ်သည့် အတွက် ဝှက်လိုက်သည်။
စုယန်ယန်သည်
ဖုန်းကို သူမအင်္ကျီ အပေါ်အိတ်ကပ်ထဲသို့ ထည့်ပြီး အပြင်မှ အဖြစ်အပျက်များကို ကင်မရာလေး
မှတစ်ဆင့် ဟောက်ချန်ဟွမ်း ကြည့်ရှုနိုင်ရန် လုပ်ပေးခဲ့သည်။
နောက်ပိုင်းတွင်
ရုတ်တရက် ဟောက်ချီဟန်သည် စုယန်ယန်က ဟောက်ရှောက်ဖုန်းကို ရိုက်နှက်ခဲ့ကြောင်း ထုတ်ဖော်လိုက်သည့်
အခါတွင် စုယန်ယန်သည် ခေါင်းပူသွားခဲ့ကာ ထိုမဖိတ်ခေါ်ခဲ့သော ဧည့်သည် နှစ်ယောက်ကို မည်ကဲ့သို့
ရှင်းထုတ် ပစ်ရမလဲဟု တွေးတောနေခဲ့သောကြောင့် ဟောက်ချန်ဟွမ်းနှင့် သူမတို့ ဗီဒီယိုဖုန်း
ခေါ်ဆိုမှု ချိတ်ဆက် နေသေးကြောင်းကို မေ့လျော့ သွားခဲ့သည်။
ကျန်တာ
မေ့ထားလိုက်ဦး၊ ဒါပေမယ့် သူမအဘိုးကို သူမပြောခဲ့တဲ့ စကားတွေက... ဟောက်ချန်ဟွမ်း...
“ကျွန်မ…
ကျွန်မ…”
ဟောက်ချန်ဟွမ်းသည်
စုယန်ယန်၏ ရှက်သွေး ဖြာနေသော မျက်နှာလေးကို ကြည့်ရင်း သူ့နှုတ်ခမ်း ထောင့်စွန်းလေးများ
အသာကွေးညွှတ် သွားကာ ပြုံးသွားခဲ့သည်။ သူက အဓိပ္ပါယ် အပြည့်ဖြင့် မေးလိုက်သည်။
“မင်း
ဘာဖြစ်လို့ လန့်နေရတာလဲ။ ကိုယ် မကြားသင့်တဲ့ အကြောင်းအရာ တစ်ခုခုကို ကိုယ် ကြားလိုက်မှာ
စိုးရိမ်နေတာလား”
ဟောက်ချန်ဟွမ်း
ဘာမှ မပြောလိုက်တာက ပိုကောင်း ပေလိမ့်မည်။ အခု သူ ပြောလိုက်သော အခါတွင် စုယန်ယန်၏ ရှက်သွေးဖြာနေသော
မျက်နှာလေးဟာ ပို၍နီစွေးသွားခဲ့သည်။
ဒီအမျိုးသားကို
သူမကို တမင်ကတာ မေးလိုက်တာပဲ။
စုယန်ယန်သည်
ဒီအကြောင်းအရာကို သူနှင့် ဆက်မပြောချင်ပေ။ စုယန်ယန်က သူ့ကို ရှက်ကိုးရှက်ကန်း စိုက်ကြည့်ပြီးနောက်
စကားဝိုင်း အကြောင်းအရာကို ကိုးရိုးကားရား နိုင်စွာ ပြောင်းလဲ ပစ်လိုက်သည်။
“သွမ်းသွမ်း ဘယ်မှာလဲ။ ကျွန်မ သူ့အသံကို ကြားလိုက်ပုံပဲ”
ဟောက်ချန်ဟွမ်းသည်
စုယန်ယန်၏ ရည်ရွယ်ချက် ဘယ်မှာ နားမလည်ပဲ နေမှာလဲ။ သူက သွမ်းသွမ်းကို ပြသရန် ကင်မရာကို
ဘေးပတ်လည် လှည့်ကစားပြခဲ့သည်။
စုယန်ယန်
စူးစိုက်ကြည့်လိုက်ရာ အဆက်မပြတ် တုန်ခါနေသည့် ရင်းနှီးကျွမ်းဝင်သော ဖင်တုံးလေးကို သူမ
မျက်နှာချင်းဆိုင် မြင်တွေ့လိုက်ရသည်။ သူလေး၏ အရှေ့တွင် လှပသော ပန်းပွင့်တံတိုင်း တစ်ခု
ရှိသည်။ ဒါက ဟောက်ချန်ဟွမ်း၏ ဥယျာဉ်ခြံလား။
“သွမ်းသွမ်းက
အဲ့တာ ဘာဖြစ်နေတာလဲ”
“သူ့ပိုင်ရှင်မှာ
ခွေးအသစ် ရှိနေတယ် ဆိုတာ သိလိုက်ရတော့ အိမ်ကနေ ထွက်ပြေးဖို့ ပြင်ဆင်နေတာလေ”
“သွမ်းသွမ်းက
အိမ်ကနေ ထွက်ပြေးချင်နေတာလား”
စုယန်ယန်သည်
စိတ်ရှုပ်ထွေးစွာဖြင့် သူမ ခေါင်းကို စောင်းငဲ့ကြည့်သည်။
“သွမ်းသွမ်း
ဘယ်ကို ဦးတည် နေတာလဲ။ ကျွန်မ မြင်တာကတော့ သူက နံရံကို မျက်နှာမူ ထားတာလားလို့”
ဟောက်ချန်ဟွမ်းသည်
ခပ်ဟဟ အပြုံးလေးဖြင့် ရှင်းပြသည်။
“အရင်က
ဒီနံရံမှာ အပေါက်တစ်ခု ရှိတယ်။ သူလေးက အဲ့နေရာကနေ ထွက်ပြေးချင်တာ ဒါပေမယ့် အဲဒီအပေါက်မှာ
သူ ညပ်နေတယ်”
စုယန်ယန်
“...” အခုလို ညပ်နေတယ် ဆိုတော့ နင်က အရမ်းဝနေတယ် ဆိုတာကို ပြောဖို့ ကြိုးစားနေတာလား။
မဟုတ်သေးပါဘူး၊
အိမ်ကနေ ထွက်ပြေးချင်တာများ ဘာလို့ အိမ်တံခါးမကနေ မထွက်ပဲ အပေါက်တိုး နေရတာလဲ။ သွမ်းသွမ်းက
သူ့ကိုယ်သူ ပွေးသတ္တဝါလို့ ထင်နေတာလား။ အခုတော့ ခွေးတိုးပေါက်မှာ ညပ်နေတာနဲ့ အဆုံးသတ်
သွားပြီပေါ့။
သွမ်းသွမ်းသာ
စုယန်ယန်၏ အတွေးကို သိသွားပါက သူမကို သူလေး မျက်လုံး လှိမ့်ပြပေလိမ့်မည်။ အိမ်ကနေ ထွက်ပြေးသည့်အခါ
အိမ်တံခါးမကနေ အေးအေးဆေးဆေး ဖြတ်သွားသော သူ ဘယ်သူ ရှိမှာတဲ့လဲ။
သဘာဝတရားအရ
ခွေးတစ်ကောင်၏ အသိစိတ်ဟာ အမြဲတမ်း ခွေးလိုပင် တွေးမှာ ဖြစ်သည်။ အိမ်ကနေ ထွက်ပြေးသည့်အခါ
ခွေးတိုးပေါက်ကနေ ခိုးကြောင်ခိုးဝှက်တိုးပြီး ထွက်ပြေးမှာ သေချာပေါက်ပင်။
လူစကားကို
မည်မျှ နားလည် သဘောပေါက်ပါစေ သူ့ခန္ဓာကိုယ် အရွယ်အစားကို အလွန်အမင်း မှားယွင်း တွက်ချက်မိပြီး
ခွေးတိုးပေါက်ကနေ ထွက်ပြေးဖို့ တိုးဝင် လိုက်သည်နှင့် အပေါက်မှာ ညပ်သွားတာကတော့ သနားစရာပါပဲ။
နောက်ဆုံး၌
ဟောက်ချန်ဟွမ်းသည် သွမ်းသွမ်းလေးကို ထိုခွေးတိုးပေါက်မှ ဆွဲထုတ်နိုင်ခဲ့သည်။ သို့သော်
သူလေးက လုံးဝ အားကုန်သွားပြီး အသံတိတ် သွားခဲ့သည်။
စုယန်ယန်သည်
နောက်ဆုံး၌ ဟောက်ချီဟန်တို့ လင်မယား ခွေးလိုက် ဆွဲခံရသည့် ဗီဒီယိုကို လက်ခံ ရရှိခဲ့သည်။
သူမသည် ထိုဗီဒီယိုကို ဟောက်ချန်ဟွမ်းဆီသို့ ပေါ့ပေါ့ပါးပါး ပေးပို့ခဲ့ပြီး ပြောသည်။
“ဟမ့်၊
ဒီလို ရေးကြီးခွင်ကျယ် လာလုပ်တော့ သူတို့ရဲ့ ခွေးဆွဲခံရတဲ့ ဗီဒီယို ကျွန်မ လက်ဝယ်
ရရှိသွားခဲ့တယ်။ သူတို့ ဒီနေ့ ကျွန်မတို့အိမ်ကို လာလည်တဲ့ မြင်ကွင်းက ဘယ်လောက်တောင်
ကြောက်စရာ ကောင်းလိုက်လဲ။ အကယ်၍ ဒီဗီဒီယိုကိုသာ အင်တာနက်ပေါ် တင်လိုက်မယ်ဆိုရင် သူတို့မိသားစု
အထက်တန်းစား အသိုင်းအဝိုင်းမှာ လူရယ်စရာဖြစ်ပြီး မျက်နှာမပြ ရဲလောက်အောင် ဖြစ်သွားလိမ့်မယ်၊
ဟားဟား... ဟားဟား...”
ဒီဗီဒီယိုကို
ကြည့်ပြီးနောက် ဟောက်ချန်ဟွမ်းသည် ဒေါင်းလုဒ် ခလုတ်ကို ငြိမ်သက်စွာ နှိပ်ပြီးနောက်
မစ္စတာစုကဲ့သို့ ချဉ်နေသော အသံဖြင့် ပြောလိုက်သည်။
“ကိုယ်
မင်းအတွက် ဒီဗီဒီယိုကို သိမ်းဆည်း ထားပေးမယ်။ မင်း အဲဒီဗီဒီယိုကို ဖျက်လိုက်လို့ ရတယ်”
စုယန်ယန်၏
ရယ်သံဟာ ရုတ်ခြည်း ရပ်တန့်သွားကာ သူ့ကို သံသယ အကြည့်ဖြင့် လှမ်းကြည့် လိုက်သည်။
ဟောက်ချန်ဟွမ်းသည်
အေးဆေး တည်ငြိမ်နေဟန် ပေါ်သော်လည်း သူ့နားရွက်ထိပ်လေးများမှာ တိတ်တဆိတ် နီရဲလာခဲ့သည်။
“ဒီလိုအရာမျိုးတွေ အရမ်းကြီး မကြည့်နဲ့။ မင်းမျက်လုံးတွေကို
နာကျင်စေလိမ့်မယ်”
***