အပိုင်း ၁၄၀
Viewers 876

အခန်း (၁၄၀)

အနာဂတ်သူဌေးကတော်

 

ချက်ချင်းနီးပါး၊ ဟောက်ချန်ဟွမ်း၏ ကုမ္ပဏီအားလုံး၏ နည်းပညာ ဌာနတိုင်းဟာ အရေးပေါ် ညွှန်ကြားချက် တစ်ခုကို ရရှိခဲ့သည်။ သူတို့သည် ပလက်ဖောင်းပေါ်ရှိ လူသိပ်မသိသေးသည့် တင်ဆက်သူ အသစ်လေးကို အပြစ်ရှာနေကြသည့် အကောင့်များနှင့် ရေတပ် အကောင့်များကို စစ်ဆေးပြီး ပိတ်ပင်ခိုင်းခဲ့သည်။

 

 

“ဒါက... ဒါက အရမ်းလွန်တာပဲ”

 

ရိုးသားဖြောင့်မတ်သော နည်းပညာရှင် တစ်ဦးက ညည်းညူလိုက်သည်။

 

သူက တိုးတိုးလေး ဆိုလိုက်သော်လည်း တိတ်ဆိတ်နေသော အခန်းထဲတွင် သူ့ညည်းညူသံကို လူတိုင်း ကြားလိုက်ရသည်။

 

ရုံးခန်းထဲမှ လေထုက တကယ့်ကို ကိုးရိုးကားရား နိုင်လာခဲ့သည်။

 

သူတို့၏ မျက်နှာ အမူအရာများကို ကြည့်လျှင် လူတော်‌တော်များများ ထုတ်ဖော် မပြောဆိုပေမယ့် ထိုသူနှင့် အတွေးချင်း တူနေတယ်ဆိုတာ သိသာ ထင်ရှားသည်။ ဒီလိုမျိုးအရာတွေကို ပြုလုပ်ဖို့ အမိန့်ပေးခံရတာက သူတို့၏ အရည်အချင်းတွေကို လုံးဝ ဖြုန်းတီးရာ ရောက်ပေသည်။

 

ယုကျစ်ယန်သည် သူတို့ စိတ်နှလုံးထဲမှ ငိုကြွေးသံများကို ကြားသိရ၍ တခစ်ခစ် ရယ်မောလိုက်သည်။

 

“ငါတို့ဘော့စ်ရဲ့ အမြင်မှာ၊ ငါတို့ရဲ့ သူဌေးကတော်နဲ့ ပတ်သက်ရင် လွန်ကဲတယ်လို့ လုံးဝ မထင်ဘူး။ မင်းတို့ ငါပြောတာ နားလည်လား”

 

ရေကန်ထဲသို့ ကျောက်ခဲတစ်ခု ပစ်ချလိုက်သလိုပါပဲ၊ သူ့ပြောစကားကြောင့် တိုးတိုးတိတ်တိတ် စိတ်ဆိုးနေကြသည့် နည်းပညာတွေကြားမှာ တုန်လှုပ်‌ ချောက်ချားစရာ ဖြစ်သွားစေခဲ့သည်။ သူတို့ဟာ ချက်ချင်းပင် သူတို့အချင်းချင်း တီးတိုး ပြောဆိုကြကုန်သည်။

 

“သူဌေးကတော်လား။ ငါတို့ သူဌေးက ဘယ်တုန်းက လက်ထပ် သွားတာလဲ။ ဒီအကြောင်း သတင်း လုံးဝ မကြားလိုက်ဘူး”

 

“ငါ ဒီမှာ အလုပ်ဝင်နေတာ တော်တော်ကြာပြီ၊ ငါတို့သူဌေးနဲ့ တစ်ခါမှ မတွေ့ဖူးသေးဘူး။ မင်းတို့သူဌေးက ဘယ်လိုပုံစံရှိလဲ ဆိုတာကိုတောင် မသိကြတာ၊ သူဌေးက လက်ထပ်ပြီးသားလား လက်မထပ်ရသေးဘူး ဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာတဲ့လဲ”

 

“ဒီတိုက်ရိုက် ထုတ်လွှင့်သူက ငါတို့ရဲ့ သူဌေးကတော်လို့ ဆိုလိုတာလား။ ကောင်းလိုက်တာ၊ လူတွေက ခြင်္သေ့တစ်ကောင်ရဲ့ လည်ဆံမွေေးကို ထိကိုင်ဖို့ ဘယ်လောက်တောင် ရဲဝံ့နေကြတာလဲ”

 

ယုကျစ်ယန်သည် လူတိုင်း၏ တုံ့ပြန်မှုကိုကြည့်ရင်း စိတ်ကျေနပ်စွာ ခေါင်းတဆတ်ဆတ် ညိတ်မိသည်။ ပွက်လောရိုက်နေတာ ငြိမ်သွားတာကို စောင့်ဆိုင်းနေရင်း သူက ထပ်ဖြည့် ပြောခဲ့သည်။

 

“အတိအကျ ပြောရရင်၊ သူမက ငါတို့သူဌေးရဲ့ သတို့သမီးလောင်းပဲ။ သူတို့က ‌လာမယ့်လထဲမှာ လက်ထပ်ကြတော့မှာ”

 

“ဒါဆို သူမက ငါတို့ရဲ့ အနာဂတ် သူဌေးကတော်ပေါ့”

 

“အင်း”

 

“နောက်ထပ် ကန့်ကွက်ချင်တာများ ရှိသေးလား”

 

“မရှိပါဘူး၊ ဆရာ!”

 

“ကောင်းပြီ” ယုကျစ်ယန်၏ နှုတ်ခမ်း ထောင့်စွန်းများဟာ ပြုံးနေဟန် ကွေးညွှတ် သွားခဲ့သည်။

 

“ဒီည ဒီကိစ္စကို ပါဝင်ဖြေရှင်းသူ အားလုံး ဒီလကစပြီး လစာတိုးပေးဖို့ သူဌေးက အမိန့်ပေး ထားတယ်။ ဒါ့အပြင် ငါတို့ရဲ့ သူဌေးကတော်က လက်ဖြင့် ပုံဖော်တဲ့ ဟင်းလျာတွေ ပြုလုပ်တတ်သလို တရုတ်ဆေးဖက်ဝင် ဟင်းလျာတွေကို ချက်ပြုတ်ရာတွင်လည်း ကျွမ်းကျင် ပိုင်နိုင်တယ်။ ကုသဖို့ ခက်ခဲတဲ့ ရောဂါဝေဒနာရှိတဲ့ မိသားစုဝင်တွေရှိတဲ့ သူတွေက ငါတို့ သူဌေးကတော်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို အချိန်မှန် ကြည့်ရှုသင့်တယ်။ အကယ်၍ ငါတို့ သူဌေးကတော်က ပြင်ဆင် ချက်ပြုတ်တဲ့ ဆေးဖက်ဝင် ဟင်းလျာထဲမှာ မင်းတို့ပြောတဲ့ ရောဂါဝေဒနာကို သက်သာစေတဲ့ ဟင်းလျာမျိုး ကြုံလာရလောက်တဲ့ အထိ မင်းတို့ အလုံအလောက် ကံကောင်းတယ်ဆိုရင် မင်းတို့ ငါ့ကို အကြောင်းကြားလို့ ရပါတယ်၊ ငါ မင်းတို့အတွက် ကံစမ်းမဲတစ်ခု ယူပေးမယ်၊ အဲ့တာကို ဌာနတွင်းဝန်ထမ်းရဲ့ အကျိုးခံစားခွင့်လို့ ယူဆနိုင်တယ်”

 

 

ယုကျစ်ယန်၏ စကား ပြီးဆုံးသွားသည်နှင့် တစ်ဌာနလုံး ဝမ်းသာရွှင်မြူး သွားကြသည်။ ဒီလူတွေက လစာ တိုးပေးတာဟာ ပျော်စရာ ကောင်းတယ်လို့ပဲ ထင်မြင်ယူဆကြပြီး ယုကျစ်ယန် အဆုံးသတ် ပြောခဲ့သော အတွင်းပိုင်း ဝန်ထမ်းများ၏ အကျိုးခံစားခွင့်ကမှ တကယ့်ကို ကြီးမားသည့် အကျိုးခံစားခွင့် ဆိုတာကို သူတို့ သဘောမပေါက်ကြဘူး။

 

ဒီအတွင်းပိုင်း ဝန်ထမ်းတွေ၏ အကျိုးခံစားခွင့်သည် များမကြာမီ နောင်အနာဂတ်တွင် ကုမ္ပဏီရဲ့ အလုပ်ကြော်ငြာများတွင် ထည့်သွင်း ပါဝင်လာမည်ဖြစ်ပြီး၊ မရေမတွက်နိုင်သော ထူးချွန်သူများသည် သူတို့၏ ကုမ္ပဏီအသစ်ဆီသို့ ဝင်ရောက်ရန် အတွက် တိုက်ခိုက်ကြသည့် တစ်ခုတည်းသော အကြောင်းအရင်းလည်း ဖြစ်ပေသည်။

 

ရေတပ်များ၏ ပစ်မှတ်ထားခြင်း ခံရသည့် နစ်နာသူဟာ သူတို့ သူဌေးကတော် ဖြစ်မှန်းကို သိသွားပြီးနောက် နည်းပညာရှင်များ၏ မကျေနပ်ချက်များသည် နောက်ဆုံး၌ ယခင်ကဲ့သို့ ရေးကြီးခွင်ကျယ် မလုပ်တော့ပဲ သူတို့သည် ရေတပ်အကောင့်မျာကို ပိတ်ပင်ရန် အထူး စိတ်အားထက်သန် လာကြသည်။

 

အဆုံး၌ သူတို့ကို အလကား ခိုင်းစေခဲ့တာ မဟုတ်ဘူး။ လစာတိုးပေးသည့် အတွက် သူတို့ဟာ အဆုံးသတ် သွားသည့်အထိ တိုက်ခိုက် သွားရလိမ့်မည်။ ရေတပ်များနှင့် ဆန့်ကျင်ဖက် ပရိသတ်တွေ သတိထားကြ၊ မင်းတို့ကို လွတ်မြောက်စေမယ့် အခွင့်အရေး တစ်ခုလေးတောင် မပေးနိုင်ဘူး။

 

“သူတို့ရဲ့ အိုင်ပီလိပ်စာနဲ့ သူတို့ရဲ့ မှတ်ပုံတင် နံပါတ်တွေကိုပါ မှတ်သားထားဖို့ သတိရပါ။ ငါတို့ အခု သူတို့ကို ဘမ်းလိုက်ပြီး နောက်ကျရင် သူတို့ကို ပလက်ဖောင်းကနေ လုံးဝ အပြီးသတ် ပိတ်ပင်လိုက်လို့ ရတယ်”

 

 

ယုကျစ်ယန် ပြောတာကို ကြားပြီးနောက် ဝန်ထမ်း တစ်ဦးသည် မဝံ့မရဲ မေးမြန်းခဲ့သည်။ “ဒီလို လုံးဝ ပိတ်ပင်လိုက်တာမျိုးက ကျွန်တော်တို့ရဲ့ ဝဘ်ဆိုဒ် အသွားအလာကို ထိခိုက်သွား စေနိုင်တယ် မဟုတ်လား”

 

တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်း အများစုသည် ရေတပ်များကို လွတ်လပ်စွာ သွားလာခွင့် ပြုထားခဲ့ပြီး သူတို့ရဲ့ တိုက်ရိုက် တင်ဆက်သူအတွက် အခြားသူများကို ရက်စက်စွာ တိုက်ခိုက် ပေးရသည့် ရေတပ်များနှင့် တင်ဆက်သူများ အကြား ပြဿနာများက ဝဘ်ဆိုဒ် အသွားအလာကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ အကျိုး ဖြစ်ထွန်းစေသောကြောင့် မျက်ကွယ်ပြု ထားပေးခဲ့ကြခြင်း ဖြစ်သည်။

 

ထိုယှဉ်ပြိုင်မှုက ဘယ်လောက်ပဲ ဆိုးရွားပါစေ၊ နောက်ဆုံး၌ အကျိုးအမြတ် အရရှိဆုံးမှာ ထိုတိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်းပင် ဖြစ်သည်။

 

အခုအချိန်မှာတော့ မကောင်း ပြောဆိုကြသည့် ရေတပ်ဖြစ်စေ ဖြတ်သွားဖြတ်လာများပင် ဖြစ်စေ လူအမြောက်အမြား ကန်ထုတ် ခံလိုက်ရတာက ငွေတွေကို ကန်ထုတ် လိုက်သလိုပင်။

***