သနားညှာတာမှု
မရှိ
ယုကျစ်ယန်သည်
သူမ ပြောတာကို ကြားလိုက်ရသော အခါတွင် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
“ဘော့စ်က
ဆုံးရှုံးမှု အားလုံးကို ခံနိုင်ရည်ရှိလိမ့်မယ်”
“!!!”
သူ၏
တုံ့ပြန်စကားသည် ရုံးခန်းအတွင်းရှိ အမျိုးသမီး နည်းပညာရှင်တွေရဲ့ နှလုံးသားကို ပြင်းထန်စွာ
တုန်လှုပ် သွားစေသည်။
ဤသည်မှာ
‘ချစ်ခြင်းမေတ္တာကြောင့် အရာအားလုံးကို တွန်းလှန်ခြင်း” ဆိုလိုသော အဓိပ္ပါယ်လား။
သူတို့၏
ဘော့စ်က အပြောင်းအလဲမြန်၊ ရက်စက်ပြီး အေးစက်တယ်ဆိုသည့် ကောလာဟလများ ရှိသည်။ သူက ဇနီးသည်ကို
အလိုလိုက် ချစ်မြတ်နိုးတတ်မည့် လူမျိုးလို့ သူတို့ မထင်ခဲ့ကြပေ။
သူတို့
ဘော့စ်သည် ချမ်းသာကြွယ်ဝ၊ ကြင်နာတတ်ပြီး ပိုင်ဆိုင်လိုစိတ် ကြီးမားသူ တစ်ယောက်ပင်။
ဒီမတိုင်ခင်က ကမ္ဘာပေါ်မှာ သူတို့၏ ရတနာလို ဘော့စ်ကို မည်သူမျှ မော်မကြည့်ဝင့်သူ တစ်ယောက်လို့
ဘာ့ကြောင့် တွေးမိခဲ့ကြတာလဲ။
ဟုတ်ပါတယ်၊
ယောကျာ်းကောင်းတွေဟာ အမြဲတမ်း အခြားသူတွေရဲ့ အိမ်လေး ဖြစ်နေတာကို သိရတာ အရမ်းချဉ်သည်။
ယုကျစ်ယန်က
သူ့ဝန်ထမ်း အမျိုးသမီးများ၏ အတွေးများကို ချက်ချင်း ဖြတ်မြင်လိုက်ပြီး သူ့အတွေးထဲမှာ
ဤသို့ တွေးလိုက်မိသည်။ ‘မင်းတို့အားလုံး ဘော့စ်နဲ့ လူချင်း တွေ့ခွင့်ရရင် ဒီလိုမျိုး
ထပ်တူ တွေးတော့မယ်လို့ ငါမထင်ဘူး”
သခင်လေးသည်
တစ်ချိန်က ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်ကာ သူ့အနားမှာ ဝဲပျံနေသည့် မရေမတွက်
နိုင်သော ပျားပိတုန်းများနှင့် လိပ်ပြာများကဲ့သို့ မိန်းမပျိုလေးများကိုပင် အရေးမစိုက်ခဲ့သည့်
အမျိုးသားဖြစ်သည်။
သူ့ခြေထောက်များ
ကျိုးသွားသည့်နောက်၊ သူ၏ ပျားပိတုန်းများနှင့် လိပ်ပြာများကို ဆွဲဆောင်နိုင်သည့် အငွေ့အသက်များ
ဖယ်ရှား ခံလိုက်သလိုမျိုး ဆိုးသွမ်းသည့် သားရဲတစ်ကောင်လို ရှောင်ရှား ကြကုန်သည်။ သူတို့က
ဟောက်ချန်ဟွမ်းက သူတို့ကို ဖိအားပေးပြီး ‘ဒုက္ခိတ’နှင့် လက်ထပ် ထိမ်းမြားစေမည်ကို အရမ်းစိုးရွံ့ကြသည်။
သခင်လေးကို
လက်ခံပေးမယ့်သူ၊ ကာကွယ်ပေးမယ့် သူနှင့် ပြောင်းလဲစေမယ့်သူ သခင်မလေး မှတစ်ပါး မည်သူမျှ
မရှိနိုင်ပေ။
ဟောက်ရှောက်ဖုန်းကို
စုယန်ယန်၏ သင်ခန်းစာ ပေးတာကို မြင်လိုက်ရပြီးနောက် စုယန်ယန်ရဲ့ နံပါတ်တစ် ပရိသတ် ဖြစ်လာခဲ့သည့်
ယုကျစ်ယန်သည် သူတို့ကိုယ်ပိုင် ပလက်ဖောင်းပေါ်တွင် သူ့သခင်မလေးကို မည်သည့် အနိုင်ကျင့်မှုမျိုးမှ
ခံစားခွင့် မပြုနိုင်ပေ။
သခင်မလေးကို
လာရောက် ပြဿနာ ရှာဝံ့တဲ့သူ မည်သူမဆို သနားညှာတာမှုမရှိ၊ ဆွေးနွေး ညှိနှိုင်းမှုမရှိ
ပိတ်ပင် ခံရပေလိမ့်မည်။
ထိုအချိန်တွင်
စုယန်ယန်သည် ယုကျစ်ယန်က သူမ၏ ခွင့်ပြုချက်မရှိပဲ ဝန်ထမ်း အကျိုးခံစားခွင့်ထဲမှာ သူမရဲ့
ဆေးဖက်ဝင် ဟင်းလျာများကို ထည့်သွင်း ထားခဲ့သည်ကို သူမ မသိလိုက်ရပေ။
ဟောက်ချန်ဟွမ်းသည်
သူ့အမည် အောက်ရှိ ကုမ္ပဏီ အားလုံးသို့ ဝင်ရောက် စွက်ဖက် ပြသာနာ ရှာဖွေသော ရေတပ်များ။
ဝမ်ကျင့်ဖျင်၏ အသေခံ ပရိသတ်များနှင့် အတို့အထောင်သမားတွေကို အရေးယူရန် အချိန်အနည်းငယ်
ယူခဲ့ရသည်။
လူအများစုကို
ပိတ်ပင်လိုက်ပြီ ဖြစ်သော်လည်း ကျိန်ဆဲပြီး ခနဲ့တဲ့တဲ့ ပြောဆိုတတ်သော လူအချို့ ကျန်ရှိနေသေးသည်။
စုယန်ယန်သည်
ချက်ပြုတ်ရန် အိုးတစ်လုံးကို ယူရန် လှည့်ကြည့် နေစဉ်တွင် သူမအား ဆန့်ကျင်ဖက် ပရိသတ်
တစ်ဦးမှ ဧရာမ အနီရောင် မှတ်ချက်ဖြင့် နှုတ်ဆက်ခဲ့သည်။
[ငါ
မင်းရဲ့ ဟင်းချက်နည်းက တော်တော် အဆင်ပြေတယ်လို့ ထင်ခဲ့ဖူးပြီး တစ်နေ့မှာတော့ မင်းရဲ့
ကံစမ်းမဲမှာ ပါဝင်ခွင့်ရပြီး ငါကိုယ်တိုင် စမ်းကြည့်နိုင်မယ့် အခွင့်အရေးရဖို့ကို တွေးခဲ့ဖူးတယ်။
ဒါပေမယ့် အမှန်တရားကို သိသွားပြီး နောက်ပိုင်းမှာ ငါ အရမ်း စိတ်ပျက် သွားခဲ့တယ်။ အထူးသဖြင့်
မင်း လူတွေကို ပေါ့ပေါ့ပါးပါး ပိတ်ပင်လိုက်တဲ့ အပြုအမူက ငါ့ကို တုန်လှုပ် ချောက်ချား
သွားစေတယ်။ ငါ မင်းရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုတွေကို ဘယ်တော့မှ ထပ်မကြည့်တော့ဘူး။]
စုယန်ယန်သည်
ထိုမှတ်ချက်ကို မြင်ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောမိလု နီးပါး ဖြစ်သွားခဲ့သည်။
“ကိစ္စမရှိပါဘူး။
မင်းလို ပရိသတ်မျိုးကို ဆုံးရှုံး သွားရတာကို ကျွန်မ ဝမ်းမနည်းပါဘူး။ ရှင်က ကျွန်မရဲ့
ဟင်းချက်နည်းတွေကို စမ်းကြည့်ချင်ရင်တောင် ရှင့်အတွက် ကျွန်မ ချက်ပေးချင်လိမ့်မယ်လို့
ရှင့်ကို ဘယ်သူ ပြောလဲ။ ကျွန်မက ရှင့်ကို တကယ် ဖျော်ဖြေ ပေးလိမ့်မယ်လို့ ထင်တဲ့ ရဲရင့်မှုမျိုး
ရှင် ဘယ်လိုများ တွေးနိုင်တာလဲ။ ကျွန်မ လက်ထဲမှာ အချိန်တွေ ပေါများလွန်းတယ်လို့ ရှင်ထင်နေလို့လား၊
ဒါမှမဟုတ် ရှင့်ကိုယ်ရှင် ကျွန်မရဲ့ စစ်မှန်ပြီး သစ္စာရှိ ပရိသတ်တွေလောက် ချစ်ဖို့ကောင်းတယ်လို့
ထင်နေတာလား”
မှတ်ချက်ပေးသူက
ဒေါသ အမျက်ခြောင်းခြောင်း ထွက်သွားသည်။ စုယန်ယန်က ဘယ်လောက်တောင် ရိုင်းစိုင်းပြီး
မောက်မာလဲ ဆိုသည့် နောက်ထပ် စွပ်စွဲချက်များကို ရေးသားဖို့ လုပ်သည့် အချိန်တွင် သူ
အပိတ်ပင် ခံလိုက်ရပြီ ဖြစ်ကြောင်း သူ့ကိုယ်သူ ရှာဖွေတွေ့ရှိ သွားခဲ့သည်။
စုယန်ယန်၏
နောက်မှာ ရပ်တည်ပေးနေကြသော သစ္စာရှိ ပရိသတ်များကတော့ စုယန်ယန၏ စကားတွေနောက် မပြီးမချင်း
သံယောင် လိုက်နေခဲ့သည်။
[မှန်တယ်၊
မှန်တယ်။ မင်း ထွက်သွားချင်ရင် ထွက်သွားလိုက်ပေါ့။ အားလုံး သူ့ကို လွှတ်ထားလိုက်ကြပါ။
သူ ထွက်သွားတယ်ဆိုရင် ငါတို့ တင်ဆက်သူရဲ့ ဆေးဖက်ဝင် ဟင်းလျာအတွက် ကံစမ်းမဲ အစီအစဉ်မှာ
ပါဝင်နိုင်တော့မှာ မဟုတ်တဲ့အတွက် ငါတို့ ကံထူးရှင် ဖြစ်နိုင်ခြေက သိသိသာသာ မြင့်တက်လာလိမ့်မယ်။
ဟီးဟီးဟီး…]
[အပေါ်ထပ်က
လူရေ အိပ်မက် မက်မနေနဲ့၊ ငါ ဒီမှာ ရှိနေတုန်းပဲ။ အခမဲ့ လက်ဆောင် ပေးမယ်ဆိုရင် ငါ့ကို
အရင်ဆုံး ပေးသင့်တယ်။ ပြီးတော့ တင်ဆက်သူရေ ဒေါသမထွက်ပါနဲ့။ ငါတို့အားလုံး မင်းအတွက်
ဒီမှာ ရှိနေပါတယ်။ အဲဒီအသေခံ ပရိသတ်တွေက စိတ်အနှောင့်အယှက် အလွန် ဖြစ်စေတဲ့အပြင် တရားမျှတမှု
အတွက် ရပ်တည်ပေးတဲ့ ဆိုကြသူတွေက တွေးတော ဆင်ခြင်နိုင်စွမ်း နည်းပါးပြီး အမြင်ကွယ် နေကြတယ်။
တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုမှာ ပြင်ဆင် ချက်ပြုတ်တဲ့ ပါဝင်ပစ္စည်းတွေက စျေးကွက်ထဲမှာရော
အွန်လိုင်းပေါ်မှာပါ မရှာဖွေနိုင်သည့် အရာများစွာ ပါဝင်နေပါတယ်။ ငါတို့ရဲ့ တင်ဆက်သူက
သူ့ကို ပုံတူကူးတယ်လို့ တံဆိပ်ကပ်တဲ့ အမျိုးသမီး တင်ဆက်သူ နာမည်က ဘာလဲ၊ ငါတို့ကို သက်သေ
အထောက်အထား အချို့ ပေးနိုင်မလား။ အနည်းဆုံး နင့်ဆီမှာ ငါတို့ တင်ဆက်သူမှာရှိတဲ့ ပါဝင်ပစ္စည်းတွေ
ရှိကြောင်း ပြသပေးပါလား။ ဒီလိုမျိုး ဟာကွက်တွေ ပြည့်နေတဲ့ ထုတ်ပြန်ချက်မျိုးကို ယုံကြည်တဲ့
ဦးနှောက်မရှိတဲ့ လူမျိုးတွေလည်း ရှိနေနိုင်သေးတယ်နော်။]
[အပေါ်ထပ်က
မှတ်ချက်ပေးသူ ပြောတာကို ငါ ထောက်ခံပါတယ်။ ဒီထုတ်ပြန်ချက်က တကယ် ထူးဆန်းတယ်လို့ ငါထင်တယ်။
နစ်နာသူလို့ ဟန်ဆောင်ထားတဲ့ သူမရဲ့ ဟိတ်ကြီးဟန်ကြီး၊ ဟန်ဆောင်ပန်ဆောင်၊ သဘောဆိုးတဲ့
အမူအကျင့်တွေက ငါ့တစ်ကိုယ်လုံး တုန်ယင် သွားမတတ် ရွံ့ရှာသွားစေတယ်။]
***