အပိုင်း ၁၄၂
Viewers 880

အခန်း (၁၄၂) -

 

[အမှန်တိုင်း ပြောရရင် ငါ အဲ့ဒီ ရွံ့စရာကောင်းပြီး မနှစ်မြို့ဖွယ် ကောင်းတဲ့ ထုတ်ပြန်ချက်ကို ဖတ်ရှုပြီး ဒီမှာ ဘာဖြစ်သွားတာလဲ ဆိုတာကို သိရဖို့ ဒီကို ရောက်လာတာပါ။ ငါ တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု မှတ်တမ်းတွေကို ကြည့်ပြီး ငါ စွဲလမ်းသွားတယ်၊ အဲဒီဟင်းလျာတွေရဲ့ မွှေးရနံ့က အရမ်းကောင်းတာပဲ။]

 

[ဟားဟား... ဟားဟား... ငါနဲ့ အတွေးတူတဲ့ သူတစ်ယောက်ကို ရှာတွေ့ခဲ့ပြီပဲ။ ဒါကိုကြည့်ရင် ငါတို့ အမျိုးသမီးတွေရဲ့ မျက်လုံး ပိုကောင်းလာပုံပါပဲ။ ဆန့်ကျင်ဖက် ပရိသတ်တွေရဲ့ မှတ်ချက်တွေထဲက တစ်ခုကို ကျပန်းရွေးချယ်ပြီး နှိပ်ကြည့် လိုက်ချိန်မှာ အများစုက ယောကျာ်းလေးတွေ ဖြစ်ကြောင်း ငါ သိလိုက်ရတယ်။ ဟင်း... မြေခွေးမတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အမျိုးသမီးတွေနဲ့ ယှဉ်ရင် အမျိုးသားတွေမှာ မွေးရာပါ အားနည်းချက် တကယ် ရှိနေတာပဲ။]

 

စုယန်ယန်သည် ဒီမှတ်ချက်ကို မြင်ပြီးနောက် မရယ်မောပဲ မနေနိုင်တော့ပေ။ ဒါက အမှန်ပဲ မဟုတ်လား။ ဟန်ဆောင်တတ်ပြီး မျက်နှာ နှစ်ဖက်ရှိတဲ့ မြေခွေးမတွေဟာ သူတို့၏ အပြစ်ကင်း ဟန်ဆောင်၊ နူးညံ့သိမ်မွေးမှု အတုအယောင်တွေနဲ့ သူတို့ရဲ့ အားသာချက်တွေကို အသုံးပြုကာ တခြားသူတွေကို တိုက်ခိုက်ဖို့ ကောင်းကောင်း အသုံးချပြီး သူတို့ကို ကာကွယ် ပေးချင်စေမည့် နုံ့အ ရိုးသားသည့် အသွင်လေးကို တပ်ဆင်ကာ သူတို့ ပုံစံအမှန်ကို ဖုံးကွယ် ထားတတ်သည်။

 

မိန်းကလေးချင်းမို့ သူတို့ရဲ့ မျက်နှာဖုံးအောက်မှာ ဖုံးကွယ်ထားတဲ့ အစစ်အမှန်ကို တန်းမြင်နေရတာက သူမတို့အတွက် အဆင်မပြေလှပါဘူး။

 

သို့ရာတွင် အမျိုးသားများ၏ အမြင်မှာတော့ ဟန်ဆောင် မျက်နှာဖုံး တပ်ထားသော အားနွဲ့သူလေးများမှာ သူတို့ရဲ့ ကာကွယ်ပေးလိုသည့် စိတ်ဆန္ဒကို ‌တွန်အားဖြစ်စေသည်။ သူတို့ကိုယ်သူတို့ ပြီးပြည့်စုံစေတယ်လို့ ခံစားရကာ ထိုမျက်နှာနှစ်ဖက် အမျိုးသမီးတွေ အတွက် သူတို့ကိုယ် သူတို့ ထက်မြိအောင် လုပ်ပြီး ဒီအမျိုးသားတွေက သူမတို့ အတွက်ကြောင့် အမြဲတမ်း တိုက်ပွဲဝင်ဖို့ အသင့် ဖြစ်နေတတ်သည်။

 

 

မည်သို့ပင် ဆိုစေကာမူ အမျိုးသမီးတွေက လွဲလို့ အခြား အမျိုးသားတွေထက် ဆင်ခြင်တုံတရား ပိုရှိသော လန်ကျားယီနှင့် ယန်ကျင်းယို့တို့လို အမျိုးသား အနည်းငယ်ခန့် ရှိနေပါသေးသည်။

 

[ညီအစ်မတို့၊ ကျေးဇူးပြုပြီး ငါတို့ကို တူညီတဲ့ အမြင်နဲ့ မကြည့်ရှုပါနဲ့။ ဒီမှာ အမြင်အာရုံ ကောင်းမွန်တဲ့ ညီအစ်ကိုအချို့ ရှိနေတုန်းပါပဲ။]

 

[ဟုတ်တယ်၊ မှန်တယ်၊ ကျေးဇူးပြုပြီး တချို့ ယောက်ျားလေးတွေကြောင့် အမျိုးသားထုကြီး တစ်ခုလုံးကို အဲ့လို လုံးဝ မယူဆလိုက်ပါနဲ့။ အပြင်မှာ ယောက်ျားကောင်းတွေ အများကြီး ကျန်ရှိနေပါသေးတယ်။]

 

ဤကဲ့သို့သော မှတ်ချက်များက မှတ်ချက် ကဏ္ဍရှိ ညီအစ်မတွေ အားလုံး၏ အာရုံကို ချက်ချင်း ဆွဲ‌ဆောင်နိုင်ခဲ့သည်။

 

[ညီအစ်မတို့ရေ ဒီကို လာကြည့်ပါဦး။ နောက်မှာ ချစ်စရာ ကောင်းတဲ့ ကောင်လေး နှစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ ဒါက ကစားဖို့အချိန်ပဲ။]

 

[လာပြီ၊ လာပြီ၊ အိုး... ဘုရားရေ ဒီညီအစ်ကို နှစ်ယောက်က အရမ်းချစ်ဖို့ ကောင်းတာပဲ။ ဒီကို မြန်မြန်လာပြီး ငါတို့ကို အနမ်းပေးပါဦး၊ မွစ်...]

 

လန်ကျားယီ “...” သူက ကလေးပဲ ရှိသေးတယ်၊ ကျေးဇူးပြုပြီး ဒီကလေးလေးကို လွှတ်ပေးကြပါ။

 

တိုက်ရိုက် ထုတ်လွှင့်မှုတွင် ရှုပ်ထွေးနေသာ လေထုကို ရှင်းထုတ်ရန် ကြိုးပမ်းနေသော ဒီချစ်စရာ ကောင်းသော အပြုအမူများကို ကြည့်ရင်း စုယန်ယန် မပြုံးပဲ မနေနိုင်တော့ပေ။

 

ဝမ်ကျင့်ဖျင်ကြောင့် ဖြစ်ပေါ်လာသည့် ကမောက်ကမ အဖြစ်အပျက်နှင့် ပတ်သက်၍ သူမ လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပါ၊ ဒီနေ့တွင် တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်းနှင့် ချုပ်ဆိုသည့် စာချုပ် ရောက်ရှိ လာလိမ့်မည်ဟု သူမ မျှော်လင့်ထားပြီးလို့ပင် ဖြစ်သည်။

 

ပရိသတ်တွေထံမှ နှစ်လိုမှု ရမှတ်ကို လိုအပ်သော်လည်း သူမဟာ သူမကိုယ်သူမ နင်းချေခံမယ့် လူတစ်ယောက် မဟုတ်ပေ။

 

ထို့အပြင် အစောပိုင်းက သူမအဘိုးရဲ့ ဦး‌ဆောင်လမ်းပြ ပေးခြင်းဖြင့် အနာဂတ်တွင် သူမ လျှောက်လှမ်းမည့် လမ်းကြောင်းကို စတင် ခင်းကျင်းနေပြီ ဖြစ်သည်။

 

သူမ မမှားဘူးဆိုရင် အခု ဆူပူသောင်းကျန်း နေသော လူတွေက မကြာခင် အချိန်တွင်းမှာပင် ပါးရိုက် ခံရလိမ့်မည်၊ သူမကတော့ သူမ လုပ်သင့် လုပ်ထိုက်တာကိုသာ လုပ်ဖို့ လိုအပ်ပေသည်။

 

“ဒီနေ့ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု ခေါင်းစဉ်ကို ပြန်သွားကြရ‌အောင်။ ဒီနေ့တော့ ကျွန်မတို့ ဆေးဖက်ဝင် ဟင်းလျာ လေးမျိုး ချက်ပြုတ်ဖို့ ပြင်ဆင်ထားတယ်။ အဲဒီထဲက ဟင်းလျာ သုံးမျိုးက ကျောက်ကပ်ဆိုရင် ရောဂါဝေဒနာ ရှိသူတွေအတွက် လိုအပ်ချက်တွေကို ဖြည့်တင်း ပေးနိုင်မယ့် အစားအစာတွေ ဖြစ်ပြီးတော့ နောက်တစ်မျိုးကတော့ အရင်က ကျွန်မတို့ ပြောခဲ့ဖူးတဲ့ အချိန်မတိုင်ခင် သားဥ အကြွေစောတဲ့ လူနာအမျိုးသမီးတွေ အတွက် နောက်ဆက်တွဲ ဟင်းလျာ ဖြစ်ပါတယ်”

 

ချက်ချင်း ဆိုသလိုပင် ဖန်သားပြင်ပေါ်မှာ မေးခွန်းတွေ အမြောက်အမြား ပေါ်ထွက်လာခဲ့သည်။

 

[အရင်ကံစမ်းမဲ အစီအစဉ်မှာ အရွေးချယ်မခံရတဲ့ လူတွေကရော ဒီနောက်ဆက်တွဲ ဟင်းလျာကို သောက်သုံး နိုင်ပါသလား။]

 

“ဟုတ်ကဲ့၊ သောက်သုံးလို့ ရပါတယ်၊ သူ့ရဲ့ ဆေးဖက်ဝင် အာနိသင်က အတူတူဖြစ်ပြီး ပါဝင်ပစ္စည်းနဲ့ အရသာ ပြောင်းလဲ သွားရုံပါပဲ။ ဆေးဖက်ဝင် အပင်တစ်မျိုးကို အချိန်အကြာကြီး စွဲပြီး စားသုံးမိပါက ဆေးဝါး အသုံးပြုသူရဲ့ ခန္ဓာကိုယ်က အဆိုပါ ဆေးဖက်ဝင် အပင်ရဲ့ ဂုဏ်သတ္တိတွေကို စတင် ငြင်းပယ်လာသည့် အတွက်ကြောင့် အလွန်အကျွံ စားသုံးဖို့ မသင့်တော်ပါဘူး။ အဲ့တာကို အကျိုးအာနိသင်တူတဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲ လိုက်မယ်ဆိုရင် ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှု ပိုကောင်းလာလိမ့်မယ်”

 

စုယန်ယန်၏ မှတ်ချက် ရေးသားပြီးနောက် အချိန်အတော်ကြာ တိတ်ဆိတ် သွားခဲ့ပြီး မှတ်ချက် ကဏ္ဍတွင် ဝမ်းနည်း ကြေကွဲနေသည့် မှတ်ချက်များ ပေါက်ကွဲလာခဲ့သည်။

 

 

လက်တွေ့ဘဝတွင် မမြည်းစမ်း ရသေးမီကပင် ဆေးဖက်ဝင် အပင်များကို ပြောင်းသုံးဖို့ “အလွန်အကျွံ စားသုံးခြင်း” ကဲ့သို့သော အခွင့်အရေးမျိုး အဘယ်မှာ ရရှိနိုင်မည်နည်း။ တင်ဆက်သူသည် သူမရဲ့ စည်းစိမ်ဥစ္စာကို ကျေကျေနပ်နပ်ကြီး လှစ်ဟပြနေသည်ဟု သံသယ ဖြစ်မိမှာပဲ၊ မဟုတ်ဘူး၊ သူမ ဆေးဝါးများကို ပြသနေသည်ဟု သံသယဝင်မိမှာပဲ။

 ***