ဟွမ်းချီငါးဟင်းလျာ
“ကျွန်မတို့ရဲ့
စတင် ချက်ပြုတ်မယ့် စွပ်ပြုတ်ကတော့ ဖူးလင်မှိုခိုသား စွပ်ပြုတ်ပဲ ဖြစ်ပါတယ်။ ဒီဟင်းလျာအတွက်
ကျွန်မတို့က - ဖူးလင်မှိုတွေကို လိုအပ်ပါတယ်”
စုယန်ယန်သည်
အဖြူရောင် စတုရန်း အတုံးလေးများဖြင့် ပြည့်နှက်နေသော ပန်းကန်လေး တစ်ခုကို ထုတ်ယူလိုက်သည်။
“ဖူးလင်မှိုတွေဟာ စိုထိုင်းမှုကို ဖယ်ရှားပေးတယ်၊
အာရုံကြောတွေကို ပြေလျော့စေတယ်၊ အမျိုးသားတွေရဲ့ ယန်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့
အကျိုး အာနိသင်ရှိတယ်။ ဖူးလင်မှိုကို ခိုသားနှင့် တွဲဖက် ချက်ပြုတ်တဲ့ အခါမှာ ကျောက်ကပ်ရောင်ခြင်း၊
ဖောရောင်ခြင်းနှင့် ယေဘုယျအားဖြင့် ကျန်းမာရေး အားနည်း နေသူအတွက် အကျိုးသက်ရောက်မှု
ပိုကောင်းမွန်တယ်။ ဒါကို ချက်ပြုတ်ရတာ အရမ်းလွယ်ကူ ရိုးရှင်းတယ်။ အရင်ဆုံး ခိုသားကို
အညစ်အကြေးတွေ ကင်းစင်အောင် ရေဆူဆူမှာ ထည့်ပြုတ်ရမယ်၊ ပြီးရင် ပြန်ဆယ်ထားကာ ရေစစ်ထားရမယ်၊
ပြီးတော့ ကျွန်မတို့က အိုးတစ်လုံးထဲကို ခိုသား၊ ဖူးလင်မှို၊ ကြက်သွန်နီ အနည်းငယ်နှင့်
ကြက်သွန်ဖြူတို့ကို အရသာ ကောင်းမွန်စေဖို့ ရောထည့်ရမယ်။ ချက်ပြုတ်ပြီး ရေဆူတဲ့ အခါကျရင်
မီးအပူရှိန်လျှော့ပြီး မီးအေးအေးနဲ့ နှပ်ထားရမယ်”
စုယန်ယန်သည်
မြေအိုးကို ထုတ်ယူကာ သူမ ပြောခဲ့သည့် အဆင့်အတိုင်း လုပ်ပြီး နောက်ထပ် မြေအိုးတစ်အိုးကို
ထုတ်ယူကာ “ဒုတိယ စွပ်ပြုတ်ကတော့ ဆုန်းရုန်မှိုနဲ့ ခိုတို့ ပါဝင်သည့် ပင်လယ်သခွား စွပ်ပြုတ်ပဲ
ဖြစ်ပါတယ်။ တော်တော်များများကတော့ ဆုန်းရုန်မှိုနဲ့ ပင်လယ်သခွားတို့ကို မြင်ဖူးကြမယ်လို့
ကျွန်မ ထင်ပါတယ်၊ မမြင်ဖူးကြရင်တောင် အများစုက ကြားဖူးကြမယ် ထင်ပါတယ်။ အခု ကျွန်မ မိတ်ဆက်ပေးမှာကတော့
ရှီးပတီးပဲ ဖြစ်ပါတယ်”
စုယန်ယန်သည်
ရှီးပတီးဆေးပင် ပန်းကန်ပြားကို ကင်မရာ အနားသို့ တွန်းပို့ရင်း ပြောလိုက်သည်။
“ဒီရှီးပတီးကလည်း
မှိုးမျိုးနွယ်ဝင်ပဲ ဖြစ်ပါတယ်၊ ဒါပေမယ့် သူက သာမန်မှိုတွေနဲ့ အနည်းငယ် ကွဲပြားခြားနား
ပါတယ်၊ သူက စွပ်ပြုတ်ရဲ့ ရနံ့ကို တိုးမြင့်စေပြီး ကိုက်ဝါးလို့ ကောင်းကာ ခံတွင်း တွေ့စေမယ့်
မှိုတစ်မျိုးပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဒီရှီးပတီးကို စွပ်ပြုတ်ထဲသို့ ထည့်သွင်း ချက်ပြုတ်တဲ့
အခါမှာ ရှီးပတီးရဲ့ အာဟာရ တန်ဖိုးတွေက စွပ်ပြုတ်ထဲကို စိမ့်ဝင်သွားတဲ့ အတွက်ကြောင့်
ကိုက်ဝါးရတာ မကြိုက်နှစ်သက်တဲ့ မိတ်ဆွေတွေက ဒီရှီးပတီးမှိုတွေကို ဖယ်ရှားပြီး စွပ်ပြုတ်အတိုင်းကို
သောက်သုံးလို့ ရပါတယ်”
“ဆုန်းရုန်မှို
အတွက်လည်း ဒီလိုမျိုးပါပဲ။ ဒီတိုက်ရိုက် ထုတ်လွှင့်မှုရဲ့ ထုတ်လွှင့်ချိန် အရ ကျွန်မ
ဒါတွေကို ကြိုတင် စိမ်ထားခဲ့ပြီး ယခုအခါမှာ အသုံးပြုလို့ ရနေပြီ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး
ဆုန်းရုန်မှိုတွေကို စိမ်ထားတဲ့ ရေတွေကို မသွန်ပစ်ပါနဲ့၊ စွပ်ပြုတ် ချက်ပြုတ်မယ့် ရေအစား
ဒါကို အသုံးပြုပါမယ်၊ မဟုတ်ရင် ဆုန်းရုန်မှိုရဲ့ လတ်ဆတ်မှု တစ်ဝက်ကို ဆုံးရှုံးသွားပါလိမ့်မယ်”
စုယန်ယန်သည်
ရေစိမ်ထားသော ဆုန်းရုန်မှိုများ၊ အခွံခွာထားသည့် ခိုဥများနှင့် စွပ်ပြုတ်ရည်တို့ကို
အိုးတစ်လုံးထဲသို့ လောင်းထည့်ကာ ဆူပွက်သည့်အထိ တည်ထားပြီးနောက် မီးအေးအေးဖြင့် ဆက်တည်
ထားခဲ့သည်။ ထို့နောက် သူမသည် ရေဆူပွက် နေသည့် နောက်ထပ် အိုးတစ်လုံးထဲသို့ ပင်လယ် သခွားနှင့်
ရှီးပတီးတို့ကို ထည့်ကာ ရေနွေး ဖျောပြီးနောက် ပြန်ဆယ် ထုတ်ကာ ဘေးဖယ် ထားလိုက်သည်။
ထိုသို့
လုပ်ပြီး သွားသောအခါ စုယန်ယန်သည် တတိယဟင်းလျာ - ဟွမ်းချီ ငါးဟင်းလျာကို စတင် ပြင်ဆင်လိုက်သည်။
နျဉ်ချီလွေ့သည်
ယခုလေးတင် အပ်စိုက် ကုထုံးကို ခံယူထားသောကြောင့် ခိုဥများနှင့် ငါးကဲ့သို့သော အသားဓာတ်
မြင့်မားသော အစားအစာများကို ပိုမို စားသုံးသင့်သည်။
စုယန်ယန်က
ငါးကို သန့်စင်သွားအောင် ကြိုတင် လုပ်ဆောင် ထားသောကြောင့် အခု လုပ်ရမှာက ငါးကို ကြော်တဲ့အခါ
အရသာ ပိုကောင်းမွန်စေရန် အတွက် ငါးရဲ့ တစ်ဖက် တစ်ချက်စီကို မွှန်းထားလိုက်သည်။ ထို့နောက်
သူမသည် တန့်ရှန်းနှင့် ဟွမ်းချီတို့ကို သေးသေးလေးတွေ လှီးဖြတ်လိုက်သည်။
ထိုနောက်
သူမသည် အိုးတစ်လုံးထဲတွင် ငါးကို ရွှေညိုရောင် သန်းလာသည့်အထိ အရင်ကြော်ပြီး ဖယ်ထားလိုက်သည်။
ပြီးလျှင် အိုးထဲသို့ ဆီအနည်းငယ် ထည့်ကာ သကြားညို ထည့်ပြီး နီရောင် သန်းလာသည့်အထိ မွှေလိုက်သည်။
ထို့နောက် သူမသည် စွပ်ပြုတ်အကြည်၊ ငါး၊ လှီးဖြတ်ထားသည့် တန့်ရှန်းနှင့် ဟွမ်းချီတို့ကို
ထည့်သွင်း ပြီးနောက် အဖုံးအုပ်ကာ အရသာ ပိုကောင်းမွန်အောင် မီးအေးအေးဖြင့် နှပ်ထားခဲ့သည်။
မိနစ်အနည်းငယ်
ကြာပြီးနောက် သူမသည် သေးသေးလေးတွေ လှီးဖြတ်ထားသည့် မှိုနှင့် အခြားဟင်းခတ် အမွှေးအကြိုင်များကို
ထည့်သွင်း လိုက်သည်။ ထို့နောက် သူမသည် ငါးဟင်းကို ဟင်းပန်ကန်ပေါ် လောင်းချကာ ထိုအပေါ်သို့
ဆူပွက်နေသော ဝက်ဆီကိုပါ လောင်းထည့် လိုက်သည်။
ဒီဟင်းလျာက
ဆူပွက်အောင် ချက်ပြုတ်ပြီး တည်ထားသည့် အခြား စွပ်ပြုတ်တွေနဲ့ မတူဘူး။ စွပ်ပြုတ် တည်ရန်အတွက်
ပါဝင်ပစ္စည်း အားလုံးကို အိုးတစ်လုံးထဲ ထည့်ကာ ပါဝင်ပစ္စည်း အားလုံး ကျက်သွားသည့်အထိ
မီးအေးအေးဖြင့် ဆူပွက်အောင် တည်ပြီးနောက် မွှေးရနံ့များ သင်းကြိုင်စွာ ထွက်ပေါ်လာပါသည်။
ဆန့်ကျင်ဖက် အနေဖြင့် ဟင်းချက်ရာတွင် ပါဝင်သည့် ပါဝင်ပစ္စည်းများကို ဆီပူပူနဲ့ ရောကြော်ပြီးတာနဲ့
မွှေးရနံ့တွေ မွှေးကြိုင်သင်းပျံ့ သွားလိမ့်မည်။
စုယန်ယန်
ဒီဟင်းလျာကို စတင် ပြင်ဆင်ချိန်ကစလို့ လူတွေက အရင်ဆုံး ငါးကြော်ရဲ့ ရနံ့ကို ရတဲ့အချိန်ကစပြီး
ဆာလောင် မွတ်သိပ်စွာ အော်ဟစ် နေခဲ့ကြသည်။ နောက်ဆုံးအဆင့် ပွက်ပွက် ဆူနေသော ဝက်ဆီကို
ငါးဟင်းအပေါ်သို့ လောင်းထည့် လိုက်ချိန်တွင် ဟင်းပွဲရဲ့ မွှေးရနံ့ဟာ ပင်လယ်လှိုင်းများကဲ့သို့
မွှေးရနံ့လှိုင်းဟာ နေရာအနှံ့သို့ ပျံ့နှံ့သွားသည့်အတွက် တိုက်ရိုက် ထုတ်လွှင့်မှုကို
ကြည့်ရှုနေသော လူတိုင်းကို သွားရည် ယိုသွားစေခဲ့သည်။
[မင်း
ပန်းတွေ လိုချင်တယ် မလားဟင်။ ငါပေးမယ်၊ ငါပေးမယ်၊ ငါပေးမယ်၊ ဒီငါးရဲ့ အရသာကြောင့် ငါ့ဘဝကိုပါ
မင်းကို ပေးပါ့မယ်။]
[ငါလည်း
သဘောတူတယ်။ ဒီငါးကို ကြော်ထားတာက ပြီးပြည့်စုံတယ် - ကြွပ်ရွနေတဲ့ အရေခွံနဲ့ နူးညံ့စိုအိနေတဲ့
အသားက အရမ်း စားချင်ဖွယ် ဖြစ်စေတယ်။ ငါ ကြော်ဖူးတဲ့ အရမ်းဆိုးရွားတဲ့ ငါးကြော်မျိုးနဲ့
လုံးဝ ကွဲပြားခြားနားတယ်။ ငါ ငါးကြော်တုန်းက ငါးကို လောင်ကျွမ်း သွားစေရုံသာမက ဒယ်အိုးကိုလည်း
လောင်ကျွမ်း သွားစေခဲ့တယ်။]
[ငါ
မင်းခံစားချက်ကို နားလည်တယ်။ တင်ဆက်သူက ဒါကို ပြင်ဆင် ချက်ပြုတ်ပြတဲ့အခါ တကယ် လွယ်ကူတဲ့ပုံ
ပေါ်ပေမယ့် ငါ ဒါကို လိုက်လုပ်ကြည့်တဲ့ အခါမှာ ငါ့လက်တွေကို ငါတကယ် နာကျည်းမိတယ်။ သူတို့တွေက
ဘယ်လိုလုပ်ပြီး မလုပ်နိုင်ရတာလဲ။ ဒါက အရမ်းခက်ခဲတယ်…]
[မင်းတို့
ဒါကို ဆွေးနွေးဖို့ အချိန်ရှိနေသေးလား။ ငါကတော့ ဒီဟင်းလျာကို ပါးစပ်အပြည့် အလုတ်ရေ
နည်းနည်းလောက် စားကြည့်ပြီးပြီ၊ ဒါက အရမ်းအရသာရှိတာပဲ။]
နောက်မိနစ်
အနည်းငယ်အတွင်း မှတ်ချက်များ သိသိသာသာ ကျဆင်း သွားသော်လည်း ဆုလက်ဆောင်များ ပေးအပ်သည့်
အသိပေးချက် အသံများကတော့ ရပ်တန့်သွားမည့်ပုံ မပေါ်သေးပေ။ ဒီလူတွေက ငါးဟင်းလျာရဲ့ အရသာကို
အလွန် နှစ်ခြိုက်ကြသည်မှာ သိသာထင်ရှားလှသည်။
***