သူမက
အဲ့တာကို အမှုမထားသလို ထုတ်ယူလိုက်တယ်
ဒီဂျင်ဆင်းကို
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က တူးယူခဲ့သည့် အတွက် ယခင်ကလောက် မလတ်ဆတ်တော့ပေမယ့် သူ၏ပုံပန်းသဏ္ဍာန်ကို
မြင်တွေ့ရရုံဖြင့်ပင် ဂျင်ဆင်းမှန်း သတိပြုမိနိုင်သေးသည်။
သို့ရာတွင်
ဤအချက်က အဓိကအချက် မဟုတ်ပါ။ ပါမောက္ခယဲ့ရဲ့ အဓိက မကျေနပ်ချက်ကတော့ သူမသည် ရှားပါးပြီး
အဖိုးထိုက်တန်သည့် ဆေးဖက်ဝင် အပင်မျိုးကို အိတ်အမည်းထဲမှာ ပေါ့ပေါ့ပါးပါး သိမ်းဆည်း
ထားလို့ပါပဲ။
သေတ္တာက
ဘယ်မှာလဲ။ အနည်းဆုံးတော့ သူမသည် ဒီဂျင်ဆင်းကို အိတ်လှလှလေးထဲမှာ သိမ်းဆည်း ထားသင့်သည်။
သူမသည်
ဒီလိုမျိုး စုတ်ပြတ်နေသော အိတ်ထဲတွင် ဂျင်ဆင်းပင်ကို သိမ်းဆည်း ထားခဲ့သည်။ သူမက ဒါကို
လမ်းဘေးဝဲယာ နေရာတိုင်း၌ တွေ့မြင့်ရသည့် တောရိုင်း ပန်းပွင့်များနှင့် ပေါင်းမြက်ပင်တွေဟုများ
ထင်နေတာလား။ သူမသည် အဖိုးမဖြတ်နိုင်သည့် ဂျင်ဆင်းကို အမှုမထားသလို ထုတ်ယူခဲ့သည်။
ယဲ့ချီလျန့်သည်
သူ၏ နာကျင်သွားသော နှလုံးသားကို ဆုပ်ကိုင်ကာ တုန်ယင်နေခဲ့သည်။ သူ အသည်းကွဲ သွားခဲ့ပြီ။
ဖန်သားပြင်ထဲသို့ ဒိုင်ဗင်ထိုးဆင်းပြီး ဂျင်ဆင်းပင်ကို ဖမ်းကိုင်ဖို့ကလွဲလို့ အခြားဘာကိုမှ
မစဉ်းစားချင်တော့ဘူး။ သူ့ဆီမှာသာ ဒီဂျင်ဆင်းပင် ရှိခဲ့လျှင် အထူးတလည် ကိုယ်တိုင်ကိုယ်ကျ
စိတ်ကြိုက် ပြင်ဆင်ထားသည့် သေတ္တာထဲသို့ ထည့်သွင်း သိမ်းဆည်းကာ မိသားစု အမွေအနှစ် ပစ္စည်းအဖြစ်
သတ်မှတ်ခဲ့ပေလိမ့်မည်။
စုယန်ယန်သည်
ယဲ့ချီလျန့်၏ စိတ်ထဲမှ အတွေးများကို မသိခဲ့ပေ။ သူမသည် ဧရာမ ဂျင်ဆင်းပင်ကြီးကို ကိုင်လိုက်ပြီး
နေရာ၌ ခဏရပ်လိုက်သည်။ ထိုအရာကို ကိုင်ထားရတာ အနည်းငယ် ပျင်းရိစရာ ကောင်းသည်ဟု ခံစားရသည့်အတွက်
သူမ မေးမြန်းလိုက်သည်။
“ပါမောက္ခ ကြည့်ပြီးပြီလား။ အိုး... စိတ်မရှိဘူးဆိုရင်၊
ကျွန်မ ဒါကို ဘေးနားမှာ ချထားပေးပါ့မယ်၊ ပါမောက္ခ ဒါကို စိတ်ကြိုက် လေ့လာနိုင်ပါတယ်။
ကျွန်မ ဆန်ပြုတ်အချို့ ချက်ပြုတ်စရာ ကျန်ရှိနေသေးပြီး အချိန်လည်း နီးနေပြီမို့ နောက်မှ
စကားထပ် ပြောကြတာပေါ့”
စုယန်ယန်သည်
ဂျင်ဆင်းပင်ကို ဆေးဖက်ဝင် ပစ္စည်းများ ထည့်ထားသည့် ပန်းကန်ပြား ဘေးတွင် ချထာရင်း ပေါ့ပေါ့ပါးပါး
ပြောလိုက်သည်။ ဖြူဖွေးသော ကြွေပန်းကန်ပြားပေါ်တွင် ညှိုးနွမ်းနေသော အရွက်များနှင့်
ဂျင်ဆင်း အမြစ်ကို ချထားတာက အလွန်တရာကို သနားစရာ ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လေသည်။
ယဲ့ချီလျန့်သည်
ဒီမြင်ကွင်းကို ကြည့်ရင်း သူ့နှလုံးသားဟာ နာကျင်သွားပြန်သည်။ ဘယ်လောက်ပဲ ကြည့်ချင်နေပါစေ
သူ ခဏလောက်တော့ အသက်ဝဝရှူဖို့ လိုအပ်တယ်လို့ ခံစားလိုက်ရသည်။
“ဒီနေ့ရဲ့
နောက်ဆုံး ဟင်းလျာကတော့ ချမ့်ရှီကြာစေ့ ဆန်ပြုတ်ပါ။ ဒီဆန်ပြုတ်ရဲ့ အဓိက ပါဝင်ပစ္စည်းတွေကတော့
ချမ့်ရှီနဲ့ ကြာစေ့ပါပဲ။ ကျွန်မ အရင်တုန်းက ကြာစေ့ကို အသုံးပြုပြီး ချက်ပြုတ်ပြသခဲ့
ဖူးတဲ့အတွက် ကြာစေ့ကို ထပ်မိတ်မဆက်တော့ပါဘူး။ ဒါပေမယ့် ချမ့်ရှီက ကြာစေ့တွေနဲ့ အတော်လေး
ဆင်တူပြီး ကြာမျိုးနွယ်ဝင်ပဲ ဖြစ်ပါတယ်။ ချမ့်ရှီရဲ့ အစေ့တွေက ကြာပန်းပင်၏ အစေ့များကဲ့သို့ပင်
ကြာစေ့များပဲ ဖြစ်တယ်”
စုယန်ယန်သည်
ထိုသို့ရှင်းပြနေရင်း ပါဝင်ပစ္စည်းများကို ဆေးကြောကာ လက်ကိုင် ဒယ်အိုးထဲသို့ သူတို့အား
ထည့်လိုက်သည်။ သူမသည် သူတို့အား ကောက်ညှင်းဆန် နှင့်အတူ ဆူပွက်အောင် တည်ထားလိုက်သည်။
ချမ့်ရှီအစေ့များ နူးညံ့ပျော့ပျောင်း သွားသောအခါ စုယန်ယန်သည် ထိုအိုးထဲသို့ သကြား အနည်းငယ်ထည့်ကာ
ချက်ပြုတ် ပြီးစီးသွားခဲ့သည်။
“ချမ့်ရှီရဲ့
အကျိုးအာနိသင်က ချီကို ဖြည့်တင်းပေးပြီး သရက်ရွက်ကို ကျန်းမာ သန်စွမ်းစေတယ်။ သူ့ကို
မုယောစပါးနဲ့ အတူတွဲဖက် အသုံးပြုပါက ခန္ဓာကိုယ် အတွင်းရှိ အစိုဓာတ်ကို ဖယ်ရှားပေးနိုင်တဲ့
အကျိုးအာနိသင် ရှိပါတယ်။ သူ့ကို ကောက်ညှင်းဆန်နဲ့ တွဲဖက်ပြီး ဆန်ပြုတ်အဖြစ် ချက်ပြုတ်တဲ့
အခါကျရင် ကျောက်ကပ်ကို အားကောင်းစေပါတယ်”
ယဲ့ချီလျန့်သည်
စုယန်ယန်၏ ထက်မြက်သော ရှင်းပြချက်ကို ကြားလိုက်ရပြီး သူ့စိတ်ထဲ ပေါ်ပေါက်လာသည့် မေးခွန်းများကို
မမေးမြန်းပဲ မနေနိုင်တော့ပေ။ သူမအား ဇိမ်ခံအိမ်ကြီး ဆုလက်ဆောင် အနည်းငယ်အား ဆုချီးမြင့်ပြီးနောက်
မဝံ့မရဲ မေးမြန်းလိုက်သည်။
“ကောင်မလေး
နင်က ဆရာဝန် တစ်ယောက်လား။ ဒီတရုတ်ဆေးဖက်ဝင် အပင်တွေက ဘယ်နေရာကနေ ရတာလဲ။ ငါတို့ အဲဒီအပင်တွေကို
လေ့လာဖို့အတွက် အချို့ အနည်းငယ်လောက် ရောင်းချ ပေးနိုင်မလား။ ငါတို့ စျေးနှုန်းတွေကို
ညှိနှိုင်းနိုင်ပါတယ်”
အခြား
တစ်ယောက်ယောက်က ဒီမေးခွန်းကို မေးတာဆိုရင် စုယန်ယန်က မမြင်ချင်ယောင် ဆောင်လိုက်မှာပင်။
သို့သော် ဒီပါမောက္ခအိုကြီး မကြာသေးမီကပင် သူမအတွက် စကားပြောဆိုခဲ့ဖူးသည်။
စုယန်ယန်က
သူ့အပေါ် အထင်ကောင်း အမြင်ကောင်း ရှိသည့်အတွက် ပေါ့ပေါ့ပါးပါး ပြုံးကာ စကားပြန် လိုက်သည်။
“ဒီဆေးဖက်ဝင်
အပင်တွေက ကျွန်မတို့ မိသားစုကနေ ကျွန်မ အမွေရရှိခဲ့တာ ဖြစ်ပြီး မကြာသေးခင်က သူတို့ကို
စိုက်ပျိုးခဲ့ပါတယ်။ ကျွန်မ သူတို့ကို ရောင်းသင့်လား၊ ဘယ်လို ရောင်းချမလဲ ဆိုတာကို
စောင့်ရဦးမှာပါ”
[ငါတို့
ဘာကို စောင့်ရမှာလဲ။]
“ကျွန်မတင်မယ့်
သတင်းအချက်အလက်ကို စောင့်ဆိုင်းပေးပါ”
စုယန်ယန်၏
မှတ်ချက်များက ဒီဆေးဖက်ဝင် အပင်များကို နောက်ပိုင်းတွင် သူမ ရောင်းချ ပေးနိုင်လိမ့်မည်
ဖြစ်ကြောင်း အရိပ်အမြွက် ပြသခဲ့သည်။ ယဲ့ချီလျန့် သာမက ယခင်ကတည်းက သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှုများကို ကြည့်ရှုခဲ့ကြသည့်
သစ္စာရှိ ပရိသတ်တွေကလည်း စိတ်လှုပ်ရှား သွားခဲ့ကာ သူတို့ သိချင်သည့် မေးမြန်းမှုများ
အများအပြား ပေးပို့လာခဲ့သည်။
အဆိုပါ
သတင်းကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပဲ စုယန်ယန်သည် ဒီခေါင်းစဉ်အား ဆက်လက် ပြောဆိုရန်
ရည်ရွယ်ချက် မရှိပေ။’
“နောက်တစ်ခုကတော့၊ ကံစမ်းမဲအတွက် စည်းမျဉ်း စည်းကမ်းဟောင်း
အတိုင်းပါပဲ။ စွပ်ပြုတ်နှစ်မျိုးနဲ့ ဆန်ပြုတ်အတွက် ကံထူးရှင် တစ်ဦးစီ ရွေးချယ် ပေးပါ့တယ်။
ငါးဟင်းလျာ အတွက်တော့ ကျွန်မ ငါးတစ်ကောင်ပဲ ချက်ပြုတ် ပြင်ဆင်ထားတာ ဆိုတော့ ကျွန်မ
ဒါကို လူနာအတွက် ဦးစားပေးရပါမယ်။ ဒါ့ကြောင့် ကျွန်မ ဒီငါးဟင်းလျာကို ကံစမ်းမဲထဲ ထည့်သွင်းမှာ
မဟုတ်ပါဘူး”
သူမ
ထိုသို့ ပြောလိုက်သည်နှင့် သူမ၏ ကြည့်ရှုသူများသည် ပါဝင်ပစ္စည်းများ အကြောင်း ဆွေးနွေး
ငြင်းခုန်ခြင်းကို ရပ်တန့်လိုက်ပြီး စုယန်ယန်သည် ချက်ပြုတ်တာ နည်းလွန်းသည့် အကြောင်းနှင့်
တင်ဆက်သူ၏ နာမကျန်း ဖြစ်နေသော မိသားစုဝင်ကို မနာလိုကြောင်း အသံတွေ ထွက်လာခဲ့သည်။
စုယန်ယန်သည်
သူမ၏ အရင်က တိုက်ရိုက် ထုတ်လွှင့်မှုများတွင် သူမ မိသားစု အတွက်ကိုသာ အမြဲတမ်း ရည်ညွှန်း
ပြောဆိုခဲ့သည့် အတွက် ကြည့်ရှုသူများသည် ထိုလူနာက စုယန်ယန်၏ မိသားစုဝင်လို့သာ ယူဆခဲ့ကြသည်။
မိသားစုဝင်လား။
ဟောက်ချန်ဟွမ်း၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတစ်ခု ဖြတ်ပြေးသွားကာ မကျေမနပ်ဖြင့်
ဟွန့်လို့ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
***