အပိုင်း ၁၅၀
Viewers 884

အခန်း (၁၅၀)

 ပြင်ပအကူအညီများ ရောက်ရှိလာခဲ့သည်

 

စနစ်သည် ကံစမ်းမဲကို လျင်မြန်စွာ စီစစ်ပေးခဲ့ပြီး မကြာမီ အချိန်အတွင်းမှာပင် ကံထူးရှင် သုံးဦး၏ အမည်နာမများ ထွက်ပေါ်လာခဲ့သည်။

 

ယဲ့ချီလျန့်၏ ကျော်ကြားမှုကြောင့် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းရှိ ကံစမ်းမဲတွင် ပါဝင်သည့် လူအရေအတွက်သည် ယခင်ကထက် အလွန် များပြားနေခဲ့သည်။

 

ပါဝင်သူ တစ်သန်းနီးပါးမှ စနစ်သည် ကံထူးရှင်သုံးဦးကို ရွေးချယ်ထားခဲ့သည်။ အရွေး မခံရသော ကြည့်ရှုသူများသည် သူတို့ရဲ့ ကံမကောင်း အကြောင်းမလှကြောင်းကို ငိုကြွေး မြည်တမ်းရန် အချိန်နှင့် တစ်ပြေးညီ မှတ်ချက်ကဏ္ဍသို့ ချက်ချင်း သွားရောက်ခဲ့ကြသည်။

 

ကံထူးရှင်များ အတွက်မူ ချဉ်စူးနေသာ သူတို့ရဲ့ မျက်လုံးစိမ်းများဖြင့် ကြည့်ရှုခံရသည့် အပြင် တင်ဆက်သူ၏ လက်ရာကို အချိန်တိုင်း စားသုံးနိုင်သည့် တင်ဆက်သူ၏ မိသားစုဝင်များကို ပို၍မနာလို ဖြစ်ကြသည်။

 

စုယန်ယန်က အားလုံးကို ထုပ်ပိုးပြီး မော့ကြည့် လိုက်သော အခါတွင် ချဉ်စူးသော မှတ်ချက်များကို သူမ မြင်တွေ့လိုက်ရသည်။ သူမက ဒါတွေကို တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။

 

“နောက်ဆုံးအနေနဲ့၊ နောက်တိုက်ရိုက် ထုတ်လွှင့်မှုအတွက် လူနာတစ်‌ယောက်ကို ကြည့်ရှုသူများထဲမှ နောက်ထပ် ကံထူးရှင်အဖြစ် ရွေးချယ်ပါ့တယ်။ ‌ရွေးချယ်ခံရတဲ့ ကြည့်ရှုသူက ကျွန်မကို သိပ်မကြာခင်က ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံကို ပေးပို့ဖို့ လိုအပ်ပြီး သူတို့အတွက် သင့်တော်မယ့် ဆေးဖက်ဝင် ဟင်းလျာကို ရွေးချယ်ပြီး လာမည့် တိုက်ရိုက် ထုတ်လွှင့်မှုမှာ လက်ဆောင်အဖြစ် ပေးအပ်ပါ့မယ်”

 

အဲဒီမတိုင်ခင်မှာ စုယန်ယန်သည် စူးစမ်းလေ့လာမှု ဖန်ရှင်ဟာ လက်တွေ့ဘဝ အခြေအနေမှာသာ ကန့်သတ်ထားခြင်း မရှိရုံသာမက အွန်လိုင်းပေါ်ကနေ ကြည့်ရှုပြီး အကဲဖြတ်နိုင်တယ်လို့ စနစ်က ဆိုထားခဲ့ပြီး ဖြစ်သည်။

 

တစ်နည်း ဆိုရသော် တစ်ဖက်လူမှာ သိပ်မကြာသေးခင်က ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံကို ပေးပို့လိုက်ရုံဖြင့် စုယန်ယန်သည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို ဓာတ်ပုံမှ တစ်ဆင့် စူးစမ်းလေ့လာ အကဲဖြတ်နိုင်မည် ဖြစ်သည်။ ထို့နောက် သူမသည် သူတို့အတွက် သင့်တော်မယ့် တရုတ်ဆေးဖက်ဝင် ဟင်းလျာများကို ပြင်ဆင်ပေးနိုင်မည် ဖြစ်သည်။

 

စုယန်ယန် ဤသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကံစမ်းမဲ မပေါက်ခဲ့သော ကြည့်ရှုသူတွေက ထပ်မံ အုံကြွလာခဲ့သည်။

 

[အိုး... ဘုရားရေ၊ သီးသန့် တရုတ်ဆေးဖက်ဝင် ဟင်းလျာဆိုပါလား။ ဘယ်လူကများ ကောင်းကင်ဘုံရဲ့ ချစ်သားလေး ဖြစ်နိုင်မလဲ။ စနစ်က ငါနဲ့ရင်းနှီးနေပြီလို့ ထင်မြင်ယူဆ နိုင်ပါသလား။ ကျေးဇူးပြုပြီး ငါ့ကို အနိုင်ပေးလိုက်ပါ။]

 

[ကောင်းကင်ဘုံမှ မြတ်ဗုဒ္ဓအား ငါ ဆုတောင်းပါတယ်။ ဒီယုံကြည်သူက ယခုအကြိမ်မှာ ကံစမ်းမဲပေါက်ဖို့ အတွက် တစ်သက်လုံး သက်သတ်လွတ် သမားအဖြစ် နေထိုင်ရန် ဆန္ဒရှိပါတယ်။ ငါ့ကို ကြည့်ရှု စောင့်‌ရှောက်ပေးဖို့ ဥရောပဘုရင်ကိုလည်း ဆု‌တောင်းပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို အနိုင်ရရှိအောင် စွမ်း‌ဆောင်ပေးပါ။!!!]

 

[အပေါ်ထပ်ကလူရေ ဘာဖြစ်နေတာလဲ။ ပထမဆုံး မြတ်ဗုဒ္ဓထံ ဆုတောင်းပြီး နောက်အခိုက်အတန့်မှာ ဥရောပဘုရင်တွေကို ပင့်ဆောင် လိုက်ပြန်တယ်။ သူတို့အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှာ နင် မကြောက်ဘူးလား။ ငါနဲ့မတူဘူး၊ ငါ အရမ်း လက်တွေ့ဆန်တယ်၊ ငါက နာမည်ကျော် ချန်ပီယံ ဒယ်ဒီကို ကိုးကွယ်ပြီး နာမည်ကျော် ချန်ပီယံ ဒယ်ဒီထံ ငါ့ကို ကောင်းချီးပေးပါစေလို့ ဆု‌တောင်းတယ်။]

 

[…]

 

အချိန်နှင့် တစ်ပြေးညီ မှတ်ချက် ကဏ္ဍတွင် မရေမတွက်နိုင်သော လူများသည် ကံထူးရှင်ဖြစ်ရန်အတွက် ဆုတောင်း နေခဲ့ကြသည်။ သူတို့ကိုကြည့်ရတာ အဆင့်ကြီး စာမေးပွဲ မဖြေဆိုမီ ကြိုတင်ပြင်ဆင် ထားခြင်းမရှိသည့် ကျောင်းသားများနှင့် တူလေသည်။

 

စုယန်ယန်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ ကံထူးရှင် တစ်ယောက်ကို အလျင်အမြန် ရွေးချယ်လိုက်သည်။

 

သူမသည် ကံထူးရှင်ရဲ့ အိုင်ဒီနာမည်ကို တစ်ချက် ကြည့်လိုက်ပြီး သူမရဲ့မျက်နှာ အမူအရာဟာ တစ်ခဏတာမျှ နစ်မြှုပ်သွားခဲ့သည်။ သူမသည် မျက်တောင်ကို နှစ်ကြိမ်မျှ ခတ်လိုက်မိပြီး သူမ အမြင်မှားတာ ဟုတ် မဟုတ် သေချာစေရန် အချိန်အတော်ကြာ စိုက်ကြည့်ခဲ့သည်။

 

“အဟမ်း၊ (ငါ့ခင်ပွန်းက ထိပ်ပြောင်နေတယ်) အိုင်ဒီအမည်နဲ့ ကြည့်ရှုသူရေ ကံထူးရှင် ဖြစ်သွားလို့ ဂုဏ်ယူပါတယ်ရှင့်။ တိုက်ရိုက် ထုတ်လွှင့်မှု ပြီးရင် ရှင့်ရဲ့ဓာတ်ပုံကို သီးသန့်မက်ဆေ့ချ် ဘောက်ကနေ ကျေးဇူးပြုပြီး ကျွန်မထံသို့ ပေးပို့ထားပေးပါ။ လာမယ့် တိုက်ရိုက် ထုတ်လွှင့်မှုကျရင် ကျွန်မ ရှင့်အတွက် သီးသန့် တရုတ်ဆေးဖက်ဝင် ဟင်းလျာတစ်ပွဲ လက်‌ဆောင် ပေးအပ်ပါ့မယ်။ ဒီနေ့ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ဒီမှာပဲ ရပ်နားလိုက်ပါမယ်။ နောက်တစ်ကြိမ်ကျမှ ပြန်တွေ့ကြရအောင်”

 

စုယန်ယန်သည် သူမ၏ စကားဆုံးဆုံးချင်းမှာပင် အာမေဋိတ်သံများ ပြည့်နှက်နေသော ဖန်သားပြင်ကို လျစ်လျူရှုကာ တိုက်ရိုက် ထုတ်လွှင့်မှုကို ချက်ချင်း ပိတ်လိုက်သည်။

 

 

ယဲ့ချီလျန့်သည် တိုက်ရိုက် ထုတ်လွှင့်မှုကို ပထမဆုံးအကြိမ် ကြည့်ရှုဖူးတာဖြစ်ပြီး သူ၏ တုံ့ပြန်ချက်မှာ နှေးကွေးလှသည်။ စုယန်ယန်က တိုက်ရိုက် ထုတ်လွှင့်မှုကို ပိတ်လိုက်သောအခါ သူ၏ မိန်းမော တွေဝေနေရာမှ လန့်နိုးလာကာ ထိတ်လန့်တကြား မေးမြန်းခဲ့သည်။

 

 “ဘာဖြစ်လို့ သူမ ထွက်သွားတာလဲ။ ငါ အခု ဘာလုပ်ရမှာလဲ။ ‘နောက်တစ်ကြိမ်မှ ပြန်တွေ့ကြရအောင်’ ဆိုတာက ဘယ်အချိန်ကို ရည်ညွှန်းပြောဆို လိုက်တာလဲ။ အဲ့တာက မနက်ဖြန်လား ဒါမှမဟုတ် သန်ဘက်ခါလား။ မဟုတ်ဘူး၊ အဲ့လောက်ကြာအောင် ငါ မစောင့်နိုင်ဘူး...”

 

ဖမ်ကျားကျစ်သည် သူ့ဆရာက အရူးအမူး ဖြစ်နေတာကို နားလည်တော့ အလျင်အမြန် ပြောလိုက်သည်။

 

 “ပါမောက္ခ၊ ကျွန်တော်တို့ သူမကို ပီအမ် လုပ်လို့ရတယ်”

 

“ပီအမျက ဘာလဲ”

 

“ပီအမ်ဆိုတာက…”

 

ဖမ်ကျားကျစ်သည် သူ့ဆရာဖြစ်သူအား တိုက်ရိုက် ထုတ်လွှင့်မှု အကြောင်း သင်ခန်းစာ ပို့ချတော့မယ့် အချိန်မှာပဲ သူ့မက်ဆေ့ချ်အက်ပ်တွင် မက်ဆေ့ချ်တစ်စောင် ရုတ်တရက် ရောက်ရှိလာခဲ့သည်။

 

[အစ်ကိုရေ၊ သုတေသန အဖွဲ့အစည်းက ထုတ်ပြန်တဲ့ ကြော်ငြာချက်ကို နင်တွေ့ပြီးပြီလား။ အိုး... ဘုရားရေ၊ ငါ့အကြိုက်ဆုံး တင်ဆက်သူက ဘယ်လို နတ်ဘုရားမျိုးပါလိမ့်။ သူမက သုတေသန အဖွဲ့အစည်းနဲ့တောင် အဆက်အသွယ် ရှိတယ်။ တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုမှာ အသုံးပြုတဲ့ ပါဝင် ပစ္စည်းတွေက အရမ်း အံ့သြဖို့ကောင်းတာပဲ။ သုတေသန အဖွဲ့အစည်းကတောင် သူမအတွက် ရပ်တည်ပြီး ပြောပေးခဲ့တယ်။ ဟားဟား...ဟားဟား... ငါ ရယ်ရလွန်းလို့ သေတော့မယ်။ ငါတို့ရဲ့ တင်ဆက်သူကို ကြွေထည်ပစ္စည်းလို သဘောထားပြီး လာရောက် တိုက်ခိုက်တဲ့ လိမ်ညာတတ်ပြီး အရှက်မရှိတဲ့ ဟိုအမျိုးသမီး တင်ဆက်သူကတော့ အခုအချိန်ဆို ရူးလောက်အောင် အရမ်းဒေါသ ထွက်နေလိမ့်မယ်။]

***