သူတို့က
ဒါကိုရည်ရွယ်ခဲ့တာ ဖြစ်သည်
“သုတေသနအဖွဲ့အစည်း...”
“ဘယ်သုတေသနအဖွဲ့အစည်းလဲ”
ဖမ်းကျားကျစ်သည်
အနည်းငယ် စိတ်ရှုပ်ထွေး သွားသည်။ သုတေသန အဖွဲ့အစည်းက ဒီကိစ္စနဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်
ဆက်နွှယ် နေခဲ့တာလဲ။
“ကျွန်တော့်
ညီမလေး ပြောတာကတော့ သုတေသန အဖွဲ့အစည်းက တင်ဆက်သူ အတွက် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့တယ်တဲ့”
ယဲ့ချီလျန့်ရဲ့
မျက်လုံးတွေက မှေးမှိန်သွားပြီး သုတေသန အဖွဲ့အစည်းရဲ့ အများသူငှာ အကောင့်ကို နှိပ်ကာ
ရှာကြည့်လိုက်သည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် သူသည် စာမျက်နှာ၏ ထိပ်ဆုံးမှာပင် ထုတ်ပြန်ချက်
တစ်စောင်ကို ချက်ချင်း မြင်လိုက်ရသည်။
ဒီထုတ်ပြန်ချက်က
တကယ့်ကို တရားဝင် ထုတ်ပြန်ထားပုံ ပေါ်သည်။ အချုပ်အားဖြင့် ဆိုရသော်၊ သူတို့၏ မိသားစုများအတွက်
မျိုးသုဉ်း ပျောက်ကွယ် သွားခဲ့ပြီဖြစ်သော အပင်မျိုးစေ့များကို အခမဲ့ ထောက်ပံ့ ပေးအပ်ခဲ့သော
အမည်မသိ လူတစ်ဦးကို အထူး ကျေးဇူးတင် ရှိပါသည်။ သုတေသန အဖွဲ့အစည်းသည် မကြာသေးခင်က ဒီအပင်မျိုးစေ့များကို
အသုံးပြုပြီး ရှေးခေတ် ကမ္ဘာမှ မျိုးသုဉ်း ပျောက်ကွယ် သွားခဲ့ပြီဖြစ်သော တရုတ်ဆေးဖက်ဝင်
အပင်များကို စိုက်ပျိုးနိုင်ခဲ့သည်။ ဒီတရုတ်ဆေးဖက်ဝင် အပင်များကို စားသုံးခြင်းသည်
ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရ ဓာတ်များကို ရရှိစေရုံ သာမက ရောဂါဝေဒနာများကို ကုသနိုင်စွမ်း
ရှိသည်။ ဒီကိစ္စဟာ ကြီးမားသော ရှာဖွေတွေ့ရှိမှု တစ်ရပ်ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ
အောင်ပွဲခံဖို့ ထိုက်တန်ပါသည်။
သုတေသန
အဖွဲ့အစည်းသည် အနာဂတ်တွင် တရုတ်ဆေးဖက်ဝင် အပင်များ နှင့်အတူ အာဟာရဆိုင်ရာ ဖြေရှင်းချက်များကို
အဖြေရှာဖို့ စတင် လုပ်ဆောင်သွားမည် ဖြစ်ပြီး တရုတ်ဆေးဖက်ဝင် အပင်များကို စျေးကွက်တွင်
ဖြန့်ဖြူး ရောင်းချနိုင်မည့် သီးသန့်ချန်နယ် တစ်ခုကိုလည်း စတင် ဖွင့်လှစ်ပေးမည် ဖြစ်သည်။
တရုတ်ဆေးဖက်ဝင်
အပင်များနှင့် မရင်းနှီးသူ (သို့မဟုတ်) တရုတ်ဆေးဖက်ဝင် အပင်များအား မည်ကဲ့သို့ စားသုံးရမှန်း
မသိသူများသည် XX အမည်ရှိ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းသို့ သွားရောက် ကြည့်ရှုနိုင်ပြီး
သင်တို့၏ မေးခွန်းများကို ကျွမ်းကျင်သူများက ကူညီဖြေရှင်း ပေးနိုင်လိမ့်မည် ဖြစ်သည်။
ထုတ်ပြန်
ကြေညာချက် အောက်တွင် လတ်ဆတ်သော တရုတ်ဆေးဖက်ဝင် အပင်များ၏ အရောင်စုံ ရုပ်ပုံများနှင့်
သူတို့၏ အတွင်းပိုင်း အစိတ်အပိုင်းများကိုပါ အသေးစိတ် ထုတ်ပြန် ထားခဲ့သည်။ ထို့အပြင်
သူတို့၏ ရှုပ်ထွေးသော ဆေးဝါးဗေဒဆိုင်ရာ အချက်အလက်များနှင့် ဆက်စပ် အချက်အလက် အချို့ကိုလည်း
ပူးတွဲပါရှိခဲ့သည်။
ဤထုတ်ပြန်ချက်တွင်
အပင်မျိုးစေ့များကို သုတေသန အဖွဲ့အစည်းအား အခမဲ့ ပို့ဆောင်ပေးသူကို အမည်မသိ လူပုဂ္ဂိုလ်တစ်ဦးဟု
ဖော်ပြထားခဲ့သော်လည်း အဆုံးတွင် စုယန်ယန်၏ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းကို လင့်ခ်
ပေးထားခဲ့ပြီး ဒီတင်ဆက်သူက တိုက်ရိုက် ထုတ်လွှင့်မှု အခန်းရှိ ကျွမ်းကျင်သူ တစ်ဦးဟု
တံဆိပ်ကပ်ခဲ့သည်။
တိုက်ဆိုင်စွာပင်၊
ယနေ့ တိုက်ရိုက် ထုတ်လွှင့်မှုတွင် စုယန်ယန်က ယဲ့ချီလျန့်၏ အမေးအား “ကျွန်မရဲ့ ထုတ်ပြန်မှုကို
စောင့်ဆိုင်းပေးပါ” ဟု အဓိပ္ပါယ်ရှိစွာ ပြောကြားခဲ့သည်။
တစ်နဲ့
တစ်ပေါင်းရင် နှစ် ရသလိုပဲ၊ ဒီထုတ်ပြန်ချက်သည် မည်သူ့ကို ရည်ညွှန်းနေကြောင်း ခန့်မှန်းရန်
မခက်ခဲပေ။
ယဲ့ချီလျန့်သည်
ဤထုတ်ပြန်ချက်ကို အကြိမ်ကြိမ် အခါခါ ဖတ်ရှုခဲ့ပြီး သူ့မျက်နှာက ယခင်ကထက် ပိုမိုလေးနက်
လာခဲ့သည်။
ဘေးဖက်မှ
ဖမ်းကျားကျစ်သည် သူ့မျက်နှာပေါ်တွင် ထိတ်လန့် တုန်လှုပ်နေသော အမူအရာတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
တစ်ခဏ အကြာမှာပင် သူက သတ္တိတွေကို စုစည်းပြီး မေးလိုက်သည်။
“ဆရာ၊
ကျွန်တော်တို့ တင်ဆက်သူကို သီးသန့် မက်ဆေ့ချ် တစ်စောင်ပို့ဖို့ လိုသေးလား”
“အခု
မလိုအပ်တော့ဘူး”
ယဲ့ချီလျန့်သည်
ရုတ်တရက် မတ်တပ် ထရပ်ပြီး အပြင်သို့ ထွက်သွားခဲ့သည်။
ဖမ်းကျားကျစ်သည်
စိတ်ပျက် အံ့အားသင့်သလို ခံစားလိုက်ရသည်။
“ဆရာ၊
ဆရာ ဘယ်သွားမလို့လဲ”
“သုတေသနအဖွဲ့အစည်း”
သုတေသန
အဖွဲ့အစည်း၏ ဒါရိုက်တာမှာ သူ့ကျောင်းသားဟောင်း ဖြစ်သည်။ သုတေသနဌာနသည် မျိုးသုဉ်း ပျောက်ကွယ်သွားသော
အပင်မျိုးစေ့များကို ရရှိခြင်း ရှိမရှိ သို့မဟုတ် စိုက်ပျိုးထားခြင်း ရှိ မရှိကို သူက
မည်သူမဆိုထက် ကောင်းစွာ သိရှိနိုင်မည် ဖြစ်သည်။
ဒီအရေးကြီးသည်
ဖြစ်ရပ်များသည် မည်သည့်နေရာမှ ပေါ်ပေါက်လာသည်ကို ပြောဆိုခြင်းသည် ချဲ့ကားပြောဆိုခြင်း
မဟုတ်ပေ။ ယဲ့ချီလျန့်သည် အတွင်းလူကို တွေ့ပြီး ဘာဖြစ်နေတာလဲ ဆိုတာကို အတိအကျ မေးမြန်းသင့်သည်ဟု
ခံစားနေရသည်။
ယဲ့ချီလျန့်
တစ်ယောက် သုတေသန အဖွဲ့အစည်းသို့ အလျင်စလို ပြေးသွားသည့် အချိန်မှာပင် အဆိုပါကိစ္စရပ်ကို
သိရှိသွားခဲ့ကြသည် ယုကျစ်ယန်နှင့် အခြားသူတွေက ရုတ်တရတ် ပေါ်ထွက် လာခဲ့သည့် ထင်ရှား
ကျော်ကြားသော သုတေသန အဖွဲ့အစည်းကြောင့် စိတ်ရှုပ်သွားကြသည်။
ယဲ့ချီလျန့်သည်
ဒီကိစ္စရဲ့ အတွင်းသတင်းများကို သိရှိရန် သုတေသန အဖွဲ့အစည်းသို့ အလျင်အမြန် ပြေးသွားခဲ့သည်။
“ဘုရားရေ၊
သခင်မလေးက အရမ်း မိုက်တာပဲ၊ သူမအတွက် ပွင့်ပွင့်လင်းလင်း ကြော်ငြာပေးဖို့ သုတေသန အဖွဲ့အစည်းကိုတောင်
ရရှိထားတယ်။ အဲ့တာ တခြားဌာန မဟုတ်ပဲ သုတေသန အဖွဲ့အစည်းပဲ။ အဲ့တာ သုတေသနအဖွဲ့အစည်းပဲ။
ဟုတ်ပြီလား”
ကျိုးယန်ပိုင်သည်
ခရစ်စမတ် စောစော ရောက်ရှိ လာသကဲ့သို့ စိတ်လှုပ်ရှား နေသော ယုကျစ်ယန်၏ ခုန်ဆွခုန်ဆွ
ဖြစ်နေသည့် အသွင်ကို ကြည့်နေခဲ့သည်။ သူက အပြုံးလေးဖြင့် ပြောလိုက်သည်။
“ဒါက
မျှော်လင့်ထားတဲ့အတိုင်းပဲ ငါထင်တယ်”
“မျှော်လင့်ထားတဲ့အတိုင်းလား”
“မင်း
သခင်မလေးရဲ့ မိခင်ဘက် မိသားစုရဲ့ အထောက်အထားကို မေ့သွားတာလား”
ယုကျစ်ယန်
ကြက်သေ သေသွားသည်။
“မင်း
ဆိုလိုတာက...”
ကျိုးယန်ပိုင်သည်
လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက စုယန်ယန်၏
မိသားစုနောက်ခံကို စစ်ဆေး ကြည့်ရှုခဲ့ကြသည်။
စုယန်ယန်၏
အဘိုးသည် သုတေသန အဖွဲ့အစည်း၏ သိပ္ပံနှင့် နည်းပညာ ဌာန၏ အဓိက ကျောရိုးဖြစ်ပြီး သူမ၏
အဘွားမှာ ဗီဝဗေဒဌာန၏ အကြီးအကဲ ဖြစ်သည်။ သုတေသန အဖွဲ့အစည်းရှိ လူအများစုသည် သူမတို့
မိသားစု၏ ဆွေမျိုးနီးစပ်များ ဖြစ်ကြသည်။
ဤအချက်ကြောင့်
ဟောက်ချီဟန်သည် ဟောက်ရှောက်ဖုန်းကို စုယန်ယန်နှင့် ထိမ်းမြား လက်ထပ်ပေးနိုင်ရန် တတ်နိုင်သမျှ
အရာအားလုံးကို လုပ်ဖို့ ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့်
သူသည် အသုံးမကျသော သားတစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့မိသည်။
အဆုံး၌
စုယန်ယန်သည် သူတို့ရဲ့ သခင်လေးနှင့် အတူရှိရန် ရည်ရွယ်ထားခဲ့ပြီး ဖြစ်သောကြောင့် သူ့နေရာကို
မည်သူတစ်ဦးတစ်ယောက်မျှ မယူသွားနိုင်ကြပေ။
***