တကယ်ပဲ
အကောင့် အဟက်ခ်ခံရတာ ဖြစ်နိုင်တယ်
စုယန်ယန်၏
ရုတ်တရတ် ထွက်ပေါ် လာမှုကြောင့် သူမ အလွန်အမင်း တုန်လှုပ် ချောက်ချားခြင်း မရှိပါက၊
ဝမ်ကျင့်ဖျင်ရဲ့ နူးညံ့သိမ်မွေ့သော ကိုယ်ရည် ကိုယ်သွေးအရ ဤကဲ့သို့ ‘ဒေါသတကြီး’ အပြုအမူများကို
ပြုလုပ်မိလိမ့်မည် မဟုတ်ပေ။
ပြီးပြည့်စုံသော
ဆက်ဆံရေးနှင့် သူမ၏ အသက် မွေးဝမ်းကြောင်း အလုပ်မှာ အကောင်းဆုံး နေ့ရက်တို့ကို ပိုင်ဆိုင်ထားသော
သူမ၏ အေးချမ်းသာယာသော မကြာသေးမီ နေ့ရက်များက သူမ၏ အပြုအမူတွေကိုလည်း ထောက်ပံ့ ပေးထားခဲ့သည်။
သူမသည် စင်ပေါ်သို့ တက်လှမ်းကာ ယခင် ဘဝတုန်းက သူမ ဖြစ်နိုင်မည်ဟု မမျှော်လင့်ထားခဲ့သော
ကြယ်ပွင့်တစ်လက် ဖြစ်လာတော့မည် ဖြစ်သောကြောင့် သူမ၏ ကျော်ကြားမှု လမ်းကြောင်းကို ခြိမ်းခြောက်နိုင်သည့်
မည်သူ့ကိုမှ သူမ သည်းမခံနိုင်တော့ပေ။
သို့ရာတွင်
အခုတော့ အရာအားလုံးဟာ နောက်ကျသွားခဲ့ပြီ။
ပင်ကိုစွမ်းရည်
ရှိုးပွဲသည် အနုပညာရှင် တစ်ဦးအဖြစ် ပွဲဦးထွက်ရန် အကောင်းဆုံး ဖြစ်သော်လည်း အဓိက အောင်မြင်စေသည့်
အချက်မှာ ပရိသတ်၏ နှစ်သက်မှုအပေါ် များစွာ မှီခိုနေရခြင်း ဖြစ်သည်။
ဝမ်ကျင့်ဖျင်၏
ရုပ်ရည် အသွင်အပြင်သည် သာမန်ထက် သာလွန် နေသော်လည်း သူမကို တစ်ချက် ကြည့်လိုက်ရုံဖြင့်
ဆွဲထင်သွားစေမည့် အသွင်အပြင်မျိုးတော့ မဟုတ်ပေ။ ထို့အပြင် သူမသည် ပရော်ဖက်ရှင်နယ် တစ်ယောက်
မဟုတ်သည့်အပြင် သူမ၏ စွမ်းရည်သည်လည်း အခြားသူများထက် နိမ့်ကျသည်။ အကယ်၍ ဟောက်ရှောက်ဖုန်းသည်
သူမအတွက် နောက်ခံပြုပြီး အချို့သော အရာများကို ဖြေရှင်းပေးခြင်း မရှိခဲ့ပါက၊ သူမသည်
ယခုအချိန်အထိ တာရှည်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ယခုအချိန်တွင်
သူမသည် ဤကဲ့သို့ ဖြစ်ရပ်များကို ဖန်တီး ထားသောကြောင့် အင်တာနက် အသုံးပြုသူများသည် သူမကို
အလွန်အမင်း စိတ်ပျက် သွားခဲ့ကြသည်။ သူမသည် သူမ၏ ပရိသတ်တွေက မပျော်ရွှင်စေရုံ သာမက သူမ၏
လုပ်ရပ်တို့က စုယန်ယန်အပေါ် မြှောက်လုံး ပင့်လုံးနှင့် အထင်မြင် ကောင်းများကို ဆက်တိုက်
ဆွဲဆောင် ပေးနိုင်ခဲ့ပြီး ငါးနှင့်အတူ ငါးစာကိုပါ ဆုံးရှုံးခဲ့ရသည်။
ဝမ်ကျင့်ဖျင်သည်
တစ်ချိန်တည်းတွင် ဒေါသတကြီး ကြောက်လန့် နေခဲ့သော်လည်း ဟောက်ရှောက်ဖုန်းကို ဖုန်းဖြင့်
ဆက်သွယ်၍ မရသောကြောင့် သူ့ဘက်မှာ ပြဿနာတချို့ ကြုံတွေ့နေပုံ ရသည်။ သူမက ဒါကို လွှင့်ပစ်ထားသော
စစ်တုရင် အပိုင်းအစ တစ်ခုလို့ မှတ်ယူ ထားတာကြောင့် သူ့ကို ကိုယ်ရေးကိုယ်တာအရ ရှာဖွေခြင်း
မပြုပဲ မောင်းထုတ်ခဲ့သည်။
သူမသည်
ဟောက်ရှောက်ဖုန်း အပေါ် အနည်းငယ် မနာကျည်းပဲ မနေနိုင်ခဲ့ပါ။
“ငါ
အခု ဘာလုပ်နိုင်လဲ။ နျဉ်ချီလွေ့၊ ဟုတ်တယ်၊ ငါ့မှာ နျဉ်ချီလွေ့ ရှိသေးတယ်၊ သူ ငါ့ကို
ကူညီပေးလိမ့်မယ်၊ သူ ကူညီပေးရမယ်”
ထိတ်လန့်တကြားဖြင့် ဝမ်ကျင့်ဖျင်သည် သူမတွင် ကျန်ရှိနေဆဲဖြစ်သော
‘အပိုသူရဲကောင်းလေး”ကို ပြင်းပြင်းထန် သတိရနေခဲ့ပြီး သူက သူမ၏ နောက်ဆုံး တလက်လက် တောက်ပနေသည့်
ကောက်ရိုး တစ်မျှင်ကဲ့သို့ မျှော်လင့်ချက်ကို ဆုပ်ကိုင် ထားမိသည်။ ဝမ်ကျင့်ဖျင်သည်
တုန်ရီနေသော လက်များဖြင့် နျဉ်ချီလွေ့၏ ဖုန်းနံပါတ်ကို ခေါ်ဆိုရန် နံပါတ်တွေအား နှိပ်လိုက်သည်။
စုယန်ယန်သည်
သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ပိတ်လိုက် ပြီးနောက် လက်ရှိကို အာရုံစိုက် နေသောကြောင့်
အွန်လိုင်းပေါ်တွင် ဖြစ်ပေါ်နေသော ရုန်းရင်းဆန်ခတ် ဖြစ်မှုများကို မသိခဲ့ဘူး။
ဒါကလည်း
သူမ၏ မျက်နှာကို အွန်လိုင်းပေါ်တွင် မပြဖို့ ရွေးချယ်ရတဲ့ အဓိက အကြောင်းရင်း တစ်ခုလည်း
ဖြစ်သည်။ တိုက်ရိုက် ထုတ်လွှင့်မှုနဲ့ လက်တွေ့ ဘဝကို ပိုင်ခြားထားတာက အွန်လိုင်းပေါ်တွင်
ဖြစ်ပျက်နေသော အကြောင်းအရာ အားလုံးဟာ သူမနှင့် သူမ၏ မိသားစုကို လက်တွေ့ဘဝမှာ မထိခိုက်စေချင်လို့ပါပဲ။
နျဉ်ချီလွေ့အတွက်
ညစာနှင့် ကံထူးရှင်များ အတွက် ဟင်းလျာတို့ကို ပေးပို့ပြီးနောက် စုယန်ယန်သည် သူမ၏ နောက်ဆုံး ကံထူးရှင်ထံမှ ဓာတ်ပုံတစ်ပုံကို
လက်ခံရရှိခဲ့သည်။
သူ့ခေါင်းထိပ်ဟာ
‘ဥ’ တစ်လုံးလို ချောမွေ့ တောက်ပြောင်နေသော အသက် နှစ်ဆယ်ကျော်လောက် ရှိပုံရသော လူငယ်လေး
ဖြစ်သည်။
“ဖူး...”
သူမသည် ဤပုံကို မမြင်ခင်က၊ သူမသည် ဒီပရိသတ်၏ အသုံးပြုသူ အိုင်ဒီနာမည်က အမိုက်စား ဖြစ်နိုင်တယ်လို့
တွေးထင်ခဲ့သည်။
သူမ
ဒီဓာတ်ပုံကို မြင်လိုက်ရပြီးနောက် အိုင်ဒီနာမည်မှ ‘ထိပ်ပြောင်နေတယ်’ ဆိုသည့် စာသားမှာ
အမှန်တကယ် ထိပ်ပြောင်နေခြင်းကို ရည်ညွှန်းကြောင်း သိလိုက်ရသည်။
စုယန်ယန်သည်
ထိုဓာတ်ပုံကို စေ့စေ့ကြည့်ရင်း ဒီပုဂ္ဂိုလ်သည် သူ၏ပြောင်နေသော ခေါင်းမှလွဲ၍ တခြားပြဿနာ
ကြီးကြီးမားမား မရှိဟု အတည်ပြုနိုင်ခဲ့သည်။
စုယန်ယန်သည်
သူမ၏ နောက်ထပ် တိုက်ရိုက် ထုတ်လွှင့်မှုတွင် သူ့အတွက် ဆံပင်ပေါက်စေရန် တရုတ်ဆေးဖက်ဝင်
ဟင်းလျာဖြင့် ကုသပေးနိုင်ရန် ကြိုးစားမည် ဖြစ်ကြောင်း တစ်ဖက်လူအား မက်ဆေ့ချ် တစ်စောင်
ပေးပို့ခဲ့သည်။ စကားမစပ်၊ သူ့အတွက် သီးသန့်စီစဉ်ထားသော ဟင်းလျာကို စားသုံးပြီးနောက်
အကျိုးအာနိသင်ကို ဖော်ပြပေးနိုင်မလား ဆိုသည့် သူ၏ အမြင်ကိုလည်း မေးမြန်း တောင်းခံခဲ့သည်။
ကံထူးရှင်သည်
စုယန်ယန်၏ မက်ဆေ့ချ်ကို လက်ခံ ရရှိပြီးနောက် စိတ်လှုပ်ရှားစွာ ပြန်လည် ဖြေကြားခဲ့ပြီး
ဆံပင်ပေါက်ဆေး တရုတ်ဆေးဖက်ဝင် ဟင်းလျာက အမှန်တကယ် အလုပ် ဖြစ်မလား ဆိုတာကို ထပ်ကာထပ်ကာ
အတည်ပြု မေးမြန်းခဲ့သည်။
စုယန်ယန်၏
သီးသန့် ဖြေဆိုချက်ကို လက်ခံရရှိပြီး နောက်တွင် သူသည် အလွန်တရာ စိတ်ပျက်သွားခြင်း မရှိသည့်အပြင်
စိတ်ကောင်း နှလုံးကောင်း ရှိစွာဖြင့် ပြောခဲ့သည်။
“အဆင်ပြေပါတယ်၊
ဒါက လူမှုအဖွဲ့အစည်းကို ထိခိုက်စေတဲ့ ရှက်စရာရောဂါ မဟုတ်ပါဘူး။ မင်း လုပ်ချင်တာ လိုချင်တာကို
ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်၊ တင်ဆက်သူရေ။ မင်းရဲ့ ဆေးဖက်ဝင် ဟင်းလျာကို စားသုံးပြီးနောက်
ငါ့အခြေအနေ တိုးတက်မှု ရှိလာခဲ့ရင် ငါ မင်းကို သေချာပေါက် ကြော်ငြာပေးပါ့မယ်”
ဒီကံထူးရှင်သည်
စိတ်နှလုံးသား ပြည့်ဝသူ ဖြစ်သည်။ ထိပ်ပြောင်ခြင်းကို အနည်းငယ် ရှက်ရွံ့မိပေမယ့် တင်ဆက်သူ
ရည်ညွှန်းထားခဲ့သော - အမျိုးသား အတ္တမာနကို ထိပါးစေသည့် အရာများကဲ့သို့ - ဆိုးရွားသော
အခြေအနေတွေ မဟုတ်သောကြောင့် အရမ်းကြီး ဖုံးကွယ်ထားဖို့ မလိုအပ်ပေ။
စုယန်ယန်သည်
သက်ပြင်း တစ်ချက်ချကာ နောက်တစ်ခါ ထုတ်လွှင့်မည့် တိုက်ရိုက် ထုတ်လွှင့်မှုအတွက် အကြောင်းအရာကို
ချက်ချင်း အတည်ပြုပေးခဲ့သည်။
စုယန်ယန်သည်
သူမနှင့် ဟောက်ချန်ဟွမ်း၏ ညစာပြင်ဆင်မှုကို ဆက်လက် လုပ်ဆောင်နေချိန်တွင် တစ်စုံတစ်ဦးထံမှ
သီးသန့် မက်ဆေ့ချ် တစ်စောင်ကို လက်ခံရရှိခဲ့သည်။
[ဒီနေ့ရဲ့
တိုက်ရိုက် ထုတ်လွှင့်မှုက တရားဝင် အဆုံးသတ် သွားပါပြီ၊ ယန်ယန်က အမြဲတမ်း အလွန့်အလွန်
အံ့အားသင့်ဖွယ်လေးပါပဲ၊ နင့်ကိုချစ်တယ် xoxo~]
စုယန်ယန်
“...” သူမ ထင်ထားသလို၊ အကောင့် အဟက်ခ်ခံလိုက်ရတာ၊ ဟုတ်တယ်မလား။
***