ကိုယ့်ရဲ့ ရုပ်ဖျက်ထားမှုကို ဆုပ်ကိုင်ထားမယ်
စုယန်ယန်
ပြန်မတုံ့ပြန် နိုင်ခင်မှာပင် အခြားသူမှ အလွန်အကျူး ချီးကျူးမြှောက်ပင့် ထားသည့် မက်ဆေ့ချ်
အရှည်ကြီးကို သူမထံသို့ ပို့ပေးလိုက်ပြန်သည်။
တောင်တန်းပေါ်က
ပိုးစာပင်ပင်: [ယန်ယန်၊ နင် ဒီနေ့ အရမ်းမိုက်တယ်။ နင် ကီးဘုတ်ဖိုက်တာ အလုံးအရင်းကို
အေးအေး ဆေးဆေးလေးနဲ့ ပါးဖြတ် ရိုက်လိုက်တာ၊ ဘယ်လောက်တောင် ကြည့်ကောင်း လိုက်သလဲ။ ယန်ယန်၊
ဒီနေ့ နင် ချက်ပြုတ်တဲ့ နင့်ရဲ့စွပ်ပြုတ်နဲ့ ဟင်းလျာတွေက ထူးထူးခြားခြား အရသာ ထူးကဲလွန်းတယ်။
အထူးသဖြင့် ငါးဟင်းလျာက အရမ်း မွှေးကြိုင်ပြီး လတ်ဆတ်တယ်။ အဲ့ငါးဟင်းလျာက အရမ်းမွှေးတော့
အရသာကလည်း မယုံနိုင်လောက်အောင် အရသာရှိမှာပဲ…]
အဲဒီနောက်မှာတော့
ထိုပုဂ္ဂိုလ်ဟာ ငါးဟင်းလျာ၏ အရသာကို အလေးပေး ဖော်ညွှန်းဖို့ စာလုံးရေ သုံးရာပါ စာစီစာကုံး
ရေးသားခဲ့သလို စုယန်ယန်က ဒီငါးဟင်းအား ပေါ့ပေါ့ပါးပါးလေး ပေးလိုက်သလိုမျိုး မစဉ်းစားပဲ
ဒီငါးဟင်းလျာ၏ တန်ဖိုးကို အမှတ်ရစေခဲ့သည်။
ကံမကောင်းစွာဖြင့်
စုယန်ယန်ကို ဒီအကြောင်းအား သာသာပြန်စေခြင်းတွင် ကျရှုံးသွားခဲ့သည်။ ကနဦး ထိတ်လန့် တုန်လှုပ်
သွားပြီးနောက် စုယန်ယန်သည် သူမမျက်ဝန်းများကို မှေးကျဉ်းလိုက်ကာ လျော်ညီစွာ မေးမြန်းလိုက်သည်။
ယန်:
[နင် ငါ့ရဲ့ စွပ်ပြုတ်ကို မြည်းစမ်းခဲ့လား။ ဆုန်းရုန်မှိုနဲ့ ခိုဥ ပါဝင်တဲ့ ပင်လယ်သခွား
စွပ်ပြုတ်ကိုလား။]
ဒီမေးခွန်းကြောင့်
ဟောက်ချန်ဟွမ်း ထိတ်လန့် သွားသည်။ စုယန်ယန်က ဒီနေ့ ခိုသားနှင့် ပတ်သက်သည့် စွပ်ပြုတ်နှစ်ခုကို
ချက်ပြုတ်ခဲ့ပြီး ဖူးလင် မှိုခိုသား စွပ်ပြုတ်နှင့် ဆုန်းရုန်မှိုခိုဥ ပါဝင်တဲ့ ပင်လယ်သခွား
စွပ်ပြုတ်တို့ပင် ဖြစ်သည်။
ဒီနေ့
သူမ ချက်ပြုတ်ခဲ့သည့် ဟင်းလျာလေးမျိုးတွင် သုံးမျိုးက ကျောက်ကပ် ရောဂါဝေဒနာရှင်များအတွက်
ဖြစ်ပြီး နောက်တစ်မျိုးကတော့ အချိန်မတန်မီ သားဥ အကြွေစောသည့် အမျိုးသမီးများ အတွက်
ဖြစ်တယ်လို့ အလေးပေး ပြောကြားခဲ့သည်။
စုယန်ယန်က
မည်သည့် ရောဂါကို ကုသပေးသည့် စွပ်ပြုတ်လဲလို့ အမေးမပြုသော်လည်း အခြားသော ဟင်းပွဲသုံးမျိုး
စလုံးမှာ ကျောက်ကပ်ဆိုင်ရာ ရောဂါဝေဒနာရှင် အတွက် အထောက်အကူ ဖြစ်စေသည့် ပါဝင်ပစ္စည်းတွေ
ပါရှိသောကြောင့် စွပ်ပြုတ်တို့၏ အဓိက လုပ်ဆောင်ချက်တွေက သိသာထင်ရှားသည်။
ရုတ်တရက်
အချိန်မတန်ခင် သားဥ အကြွေစောခြင်းကို ကုသပေးသည့် စွပ်ပြုတ်ကို သောက်သုံး လိုက်ရသည်ဟု
ထင်မြင်ခံရသော ဟောက်ချန်ဟွမ်း “...”
ထိုအချိန်၌
သူ့ဦးနှောက် ပတ်လမ်း၌ ပြဿနာ အနည်းငယ် တက်သွားခဲ့သည့် - ဟောက်ချန်ဟွမ်းက - ဒါကို သဘောမပေါက်ခဲ့ဘူး၊
ကျောက်ကပ်ရောဂါ ဝေဒနာသည် အမျိုးသားများ သာမက အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်သည်ကို
မတွေးမိခဲ့ပေ။
“ကျောက်ကပ်” ဟူသော စကားလုံးကို မြင်လိုက်သည်နှင့် အမျိုးသားများတွင်သာ
ထိုရောဂါ ဖြစ်နိုင်ချေ ပိုများသောကြောင့် သူ့အတွေးတို့က ဒါကိုပဲ သဘာဝကျကျ တွေးလိုက်မိသည်။
ထို့အပြင် သူ၏လက်ရှိ ရုပ်ဖျက်ထားမှုသည် မိန်းကလေး တစ်ယောက် ဖြစ်သည်။
အရှက်ကွဲသလို
ခံစားရကာ စိတ်မသက်မသာ ဖြစ်သွားသော ဟောက်ချန်ဟွမ်းသည် အားတင်းပြီး “အင်း”လို့ ပြန်ဖြေလိုက်သည်။
သူ၏ ရုပ်ဖျက်ထားမှုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် ထားရမည်။
စုယန်ယန်သည်
သူ့အဖြေကို မြင်သောအခါ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။
ယန်:
[ဒီလိုဆိုရင် စွပ်ပြုတ်ရဲ့ အရသာက ဘယ်လို အရသာရှိလဲ ဆိုတာကို ပြောပြပေးလို့ ရမလား၊ ကျေးဇူးပြုပြီး၊
ဒီစွပ်ပြုတ်ရဲ့ အရသာက ထူးထူးခြားခြား အရသာ ကောင်းမွန်တယ်လို့ ပြောရုံနဲ့တင် မလုံလောက်ဘူးနော်။]
ဟောက်ချန်ဟွမ်း,
“…”
တစ်စုံတစ်ယောက်သည်
ကိုယ့်သေတွင်း ကိုယ်တူးတယ် ဆိုသည့် စကား၏ အဓိပ္ပါယ်ကို တစ်ဖန် တွေ့ကြုံခံစားခဲ့ရပြီး
အစားအသောက် သုံးသပ်ချက်အတွက် နောက်ထပ် စာလုံးရေ သုံးရာပါ စာစီစာကုံး တစ်ပုဒ်ကို အသုံးပြုခဲ့သည်။
စုယန်ယန်သည်
မျက်ရည် ထွက်လုမတတ် ကျယ်လောင်စွာ အော်ဟစ် ရယ်မော လိုက်မိသော်လည်း သူမ ရယ်မောပြီး နောက်တွင်
တစ်စုံတစ်ယောက်ရဲ့ စာရေးသားသည့် ပုံစံကို ရုတ်ခြည်း ပြောင်းလဲ သွားခြင်းအပေါ် သူမ ပိုမို
သိချင်လာမိသည်။
ယန်:
[နင်က ဒီအကောင့်ရဲ့ပိုင်ရှင် ဟုတ်ရဲ့လား။]
တောင်တန်းပေါ်ကပိုးစာပင်:
[နင် ဘာလို့ မေးတာလဲ။]
ယန်:
[နင် အရင်က စကားပြောတာ ဒီလိုပုံစံမျိုး မဟုတ်လို့လေ (အပြုံးမျက်နှာ အီမိုဂျီ) (အပြုံးမျက်နှာ
အီမိုဂျီ)]
ဟောက်ချန်ဟွမ်း၏
နှလုံးသားသည် အနည်းငယ် တုန်ယင်သွားသည်။
တောင်တန်းပေါ်က
ပိုးစာပင်: [နင် အခုလက်ရှိ ငါ့ကိုကြိုက်လား ဒါမှမဟုတ် အရင်က ငါ့ကိုကြိုက်လား။]
ယန်:
[ငါ ဘယ်ဟာကို ပိုကြိုက်လဲ ဆိုတာကို မပြောပြနိုင်ဘူး၊ နင် ဘာတွေ တွေ့ကြုံခဲ့ရတာလဲ ဆိုတဲ့
အကြောင်းကိုပဲ အခု ငါ သိချင်နေတယ်။ (မျက်ရည် ထွက်ကျလုမတတ် အရယ်မျက်နှာ အီမိုဂျီအီမိုဂျီ)]
ဟောက်ချန်ဟွမ်းသည်
အမှန်အတိုင်း ပြန်မဖြေမီ တစ်ခဏမျှ တိတ်ဆိတ်နေခဲ့သည်။
တောင်တန်းပေါ်ကပိုးစာပင်:
[ပရိသတ် တစ်ယောက် အနေဖြင့် ငါက အလွန်အကျူး မြှောက်ပင့်တဲ့ စကားတွေကို မသိဘူးဆိုရင်
ငါက အရည်အချင်း မပြည့်မီတဲ့ ပရိသတ်ပဲလို့ တစ်စုံတေစ်ယာက်က ငါ့ကို ပြောတယ်။]
စုယန်ယန်သည်
ဟက်ဟက်ပက်ပက် ထပ်ရယ်မိရင်း ရုတ်တရက် ဒီစကားကို ပြောသည့် ပုဂ္ဂိုလ် အကြောင်းကို သိချင်လာမိသည်။
တကယ့်ကို ပါရမီရှင် တစ်ယောက်ပဲ။
ကုရှောက်ယန်ဟာ
သူ့အလုပ်တွေကို ပြီးမြောက် သွားခဲ့ပြီဖြစ်၍ အိမ်တော်ဟောင်းသို့ အပြေးအလွှား ပြန်လာချိန်တွင်
သူ့နှာခေါင်းမှာ ရုတ်တရက် ယားယံလာပြီး အကြိမ်ပေါင်း များစွာ ကျယ်ကျယ်လောင်လောင် နှာချေလိုက်မိသည်။
“ဘာတွေ
ဖြစ်နေတာလဲဟ၊ ဘယ်သူတွေကများ ငါ့နောက်ကျောမှာ ငါ့အတင်းကို ပြောနေကြတာလဲ”
ယန်:
[ဒါ့ကြောင့် နင်နင် အလွန်အကျူး မြှောက်ပင့်စကားတွေကို ဘယ်လို ပြောဆိုရတာလဲ ဆိုတာ လေ့လာကြည့်ခဲ့တာလား။]
တောင်တန်းပေါ်ကပိုးစာပင်:
[ဟုတ်တယ်!]
ယန်:
[အခုနကနက နင် ပြောတဲ့ စကားတွေ အကုန်လုံး နင့်အတွေးတွေပဲလား။]
တောင်တန်းပေါ်ကပိုးစာပင်:
[… သူ ပြောခဲ့တဲ့ မြှောက်ပင့် စကားတွေက များသော အားဖြင့် တခြားသူတွေရဲ့ မြှောက်ပင့်
စကားတွေကနေ ကူးယူ အသုံးပြုထားတာ ဖြစ်တယ်။]
စုယန်ယန်၏
မျက်လုံးတို့က ကျဉ်းမြောင်းသွားပြီး သူမ မျက်ဝန်းထဲတွင် အလင်းတစ်ခု လျှို့ဝှက်စွာ ဖြတ်ပြေးသွားသည်။
ယန်:
[အိုး… ငါသိပြီ။ နင်က ငါ့အတွက် နင့်ရဲ့ချစ်ခြင်းကို အခြားသူတစ်ဦးရဲ့ မြှောက်ပင့် စကားတွေကို
အသုံးပြုပြီး ဖော်ပြလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ငါ နည်းနည်းတော့ ဝမ်းနည်းမိတယ်။]
ထို့နောက်
စုယန်ယန်သည် သူမ ဘယ်လောက်တောင် စိတ်မကောင်း ဖြစ်နေလဲ ဆိုတာကို ဖော်ပြရန်အတွက် ထိုစာသား၏
နောက်တွင် အော်ဟစ် ငိုကြွေးနေသည့် အီမိုဂျီ အတန်းလိုက်ကို ထည့်သွင်းခဲ့သည်။
***