သူမ အလိမ်ခံရတာလား ဒါမှမဟုတ် မင်း အလိမ်ခံရတာလား
နျဉ်ချီလွေ့သည်
ကြက်သေ သေသွားကာ အချိန်အတော် ကြာသည့်အထိ နှုတ်ဆိတ် သွားပြီးနောက် သူက ပြောလိုက်သည်။
“ဖြစ်နိုင်တာ…
ဖြစ်နိုင်တာက သူတို့ အရင်တကည်းက တစ်ယောက်ကို တစ်ယောက် သိနေကြပေမယ့် အခု ဒီနှစ်မှ ပြန်ဆုံတွေ့တာ
မဖြစ်နိုင်ဘူးလား”
နျဉ်စစ်ယွမ်က
ပြက်ရယ်ပြုသည်။
“ကောင်းပြီ၊
အဲ့တာက မင်းပြောတဲ့ အတိုင်းပဲ ထားလိုက်ပါဦး။ စုမိန်းကလေးက သူမကို ကျောင်းမှာ အနိုင်ကျင့်တယ်လို့
သူမ ပြောသေးတယ်မလား။ ကျောင်းလို အများပြည်သူပိုင် နေရာမျိုးမှာ စုမိန်းကလေးက သူမကို
လာရှာတယ်ဆိုရင် တစ်ယောက်ယောက်ကတော့ ဒါကို မြင်မှာပဲလေ။ ဒီအကြောင်းကို မင်း စုံစမ်းကြည့်ခဲ့ပြီးပြီလား”
“ကျွန်တော်…”
နျဉ်ချီလွေ့သည့်
ဆို့နင့်သွားကာ ရှက်ရွံ့သွားပုံရသည်။
နျဉ်စစ်ယွမ်သည်
သက်ပြင်း တစ်ချက်ချကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“စုမိန်းကလေးက
ဟောက်ရှောက်ဖုန်း အပေါ် ခံစားချက်ရှိပြီး စုအိမ်တော်က စေ့စပ်ပွဲ ဖျက်သိမ်းပေးဖို့ ဆန္ဒမရှိဘူးလို့
မင်း ပြောခဲ့တယ်နော်။ ဟောက်ရှောက်ဖုန်းရဲ့ မိဘတွေက ဝမ်မိန်းကလေးရဲ့ မိသားစုနောက်ခံကို
သဘောမကျလို့ ဟောက်ရှောက်ဖုန်းကို စုမိန်းကလေးနဲ့ လက်ထပ်ပေးဖို့ စီစဉ်ခဲ့ကြတယ်။ ဒါ့ကြောင့်
ဒီလိုညစ်ပတ်တဲ့ လှည့်ကွက်တွေကို သုံးပြီး လူရှေ့သူရှေ့မှာ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့
လုပ်ခဲ့ကြတယ်”
“ငါ့ရဲ့
စုံစမ်းစစ်ဆေးမှု အရ ဟောက်ရှောက်ဖုန်းရဲ့ မိဘတွေက ဒီလို အရာမျိုးတွေကို တကယ်ပဲ ပြုလုပ်နိုင်ဖွယ်
ရှိပေမယ့် စုအိမ်တော်က ဒီလိုအပြုအမူမျိုးကို လုံးဝ မလုပ်နိုင်ဘူး”
“သူတို့က
ဒီလိုအပြုအမူမျိုးကို မလုပ်နိုင်ဘူးလား၊ ဘာဖြစ်လို့လဲ”
“ဘာလို့လဲဆိုတော့
ဟောက်အိမ်တော်က အရင်စပြီး စုအိမ်တော်ကို စေ့စပ်ကြောင်းလမ်းဖို့ တောင်းဆိုခဲ့ကြတာ။ စုမိန်းကလေးရဲ့
အမေနဲ့ မစ်ဟောက်တို့က သူငယ်ချင်းဟောင်းသာ မဖြစ်ခဲ့ရင် စုအိမ်တော်က ဟောက်အိမ်တော်နဲ့
စေ့စပ်ကြောင်းလမ်းဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဟောက်ရှောက်ဖုန်းရဲ့ နှလုံးသားက အခြား
တစ်ယောက်စီမှာ ဆိုတာကိုသာ သူတို့သိရင် ဒီစေ့စပ်ပွဲကို သူတို့ လက်ခံမှာ မဟုတ်ဘူး”
နျဉ်ချီလွေ့ ကြက်သေ သေသွားပြီး သူ့နှလုံးသားဟာ တုန်ယင်သွားသည်။
သူက တီးတိုးဆိုသည်။
“ဒါဆို၊
သူက ဝမ်ကျင့်ဖျင်က လိမ်ခဲ့တာလား”
ဒါကိုမြင်ပြီး
နျဉ်စစ်ယွမ်သည် သူ၏ တုံးတုံးအအ ညီငယ်ကို စိတ်ကုန် သွားသည်။ သူ ကုမ္ပဏီကို အုပ်ချုပ်
လည်ပတ်ခဲ့သော နှစ်တစ်လျှောက်လုံးမှာ လူအမျိုးမျိုးနှင့် တွေ့ကြုံခဲ့ရပြီး လူ့သဘောကို
ပိုသိလာခဲ့သည်။
နျဉ်ချီလွေ့
ပြောနေသည့် ဝမ်မိန်းကလေး၏ ပြုမူပုံတို့ကို နျဉ်စစ်ယွမ် ဖြတ်မြင်ခဲ့ပြီးသား ဖြစ်သည်။
သူ
စုံစမ်းသိရှိခဲ့ရသော အကြောင်းအရာများတွင် အချို့သော အသေးစိတ် အချက်အလက်များမှာ အနည်းငယ်
ကွဲပြားမှု ရှိကာ လွန်ခဲ့သော လအနည်းငယ် အတွင်းက အဖြစ်အပျက်များသည် များစွာ ရှုပ်ထွေးစေခဲ့သည်။
အကယ်၍
တစ်ယောက်ယောက်က ဝမ်မိန်းကလေးဟာ အမှောင်ထုထဲမှ သန့်စင်သော နှင်းပွင့်လေးလို ဟုဆိုလျှင်ပင်
သူက ဒါကို ယုံကြည်မှာ မဟုတ်ဘူး။
သူ၏မိုက်မဲသော
ညီငယ်လေးဟာ လှည့်စားခံရပြီး သူ့ကို လိမ်လည်ခဲ့သူကိုပင် ကူညီပေးရန် ဆန္ဒရှိနေခဲ့သည်။
သူ့ရဲ့ မိုက်မဲမှု အတွက် ကုရာ နတ္ထိ ဆေးမရှိပင်။
“သူမ
အလိမ်ခံရတာလား ဒါမှမဟုတ် မင်း အလိမ်ခံရတာလား၊ အဲ့တာကို မင်းကိုယ်တိုင်ပဲ သေချာစဉ်းစားကြည့်ပေါ့”
ထိုစကားကိုသာ
ချန်ထားခဲ့ကာ နျဉ်စစ်ယွမ်သည် နောက်သို့ပင် ပြန်လှည့်မကြည့်ပဲ ထွက်သွားခဲ့သည်။ အကယ်၍
သူသာ ဒီနေရာတွင် ဆက်နေပါက နျဉ်ချီလွေ့၏ ရောဂါဝေဒနာကိုပင် မေ့လျော့ကာ ဒေါသထွက်ပြီး သူ့ကို
ရိုက်နှက်မိပေလိမ့်မည်။
နျဉ်စစ်ယွမ်
ထွက်သွားပြီးနောက် နျဉ်ချီလွေ့သည် လေးလေးနက်နက် တွေးတောမိသွားသည်။
သူ့အစ်ကိုဖြစ်သူက
သူ့ကို လိမ်မှာ မဟုတ်ဘူး ဆိုတာ သူ လုံးဝ အကြွင်းမဲ့ ယုံကြည်သည်။ ဝမ်ကျင့်ဖျင်က တစ်ခုခု
မှားနေတာ ဖြစ်နိုင်တယ်။
သို့ရာတွင်
သူ့ခေါင်းထဲတွင် ဝမ်ကျင့်ဖျင် ပြောသမျှ ယုံကြည်နေစေမယ့် အသံတစ်ခုဟာ အမြဲရှိနေခဲ့သည်။
ဒီကိစ္စမှာ တစ်ယောက်ယောက်က လိမ်ညာနေတယ် ဆိုရင်တောင် သူမ မဖြစ်နိုင်ဘူးလို့ ခံစားနေရသည်။
တိုက်ဆိုင်စွာပင်
နျဉ်ချီလွေ့သည် ဝမ်ကျင့်ဖျင်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
“အစ်ကိုချီလွေ့၊
အခုနောက်ပိုင်း ဘယ်လိုနေလဲ။ ကျွန်မတို့ အဆက်အသွယ် မရှိတာ ရက်အတော်ကြာပြီ။ အစ်ကို အလုပ်များနေလား”
နျဉ်ချီလွေ့သည်
ရင်းနှီးကျွမ်းဝင်ပြီး နူးညံ့သိမ်မွေ့သော သူမ၏ အသံကို ရှုပ်ထွေးနေသော ခံစားချက်များနှင့်
နားထောင်နေခဲ့သည်။ သူက အသံတိုတိုးဖြင့် စကားဆိုသည်။
“ငါ
သိပ်မကြာသေးခင်… နေမကောင်းဖြစ်နေလို့ပါ”
“ရှင်
နာမကျန်း ဖြစ်နေတယ် ဟုတ်လား၊ အဲ့တာ ပြင်းထန်လား”
“ကံကောင်းထောက်မစွာပဲ၊
ငါ အခု ဆေးကုသမှု ခံယူပြီးရင် သက်သာသွားလိမ့်မယ်လို့ ပြောတယ်”
“အဲ့တာ
ကောင်းတယ်၊ တော်သေးတာပေါ့”
“အင်း…
ဟုတ်တယ်”
နျဉ်ချီလွေ့က
သူမကို တိုတိုတုတ်တုတ် တုံ့ပြန်လိုက်သဖြင့် သူတို့၏ စကားဝိုင်းဟာ အစပြတ်သွားခဲ့သည်။
ဝမ်ကျင့်ဖျင်သည်
မျက်မှောင်ကြုတ်သွားပြီး မကျေမနပ် ခံစားလိုက်ရသည်။
နျဉ်ချီလွေ့သည်
သူမတို့နှစ်ဦး စကားစမြည် ပြောချိန်တိုင်း အမြဲတမ်း စိတ်အား ထက်သန် နေခဲ့သည်။ သူက စကားဝိုင်းကို
အမြဲတမ်း အစပြုလေ့ရှိပြီး သူ၏ အချိန်ဇယားများနှင့် အလုပ်မှာ ကြုံတွေ့ရသော ဖြစ်ပျက်ခဲ့သော
အကြောင်းအရာ အချို့အား သူမအား ပြောပြတတ်သည်။ သူက သူမအပေါ် ဘယ်တုန်းကမှ မအေးစက်ခဲ့ပေ။
ဝမ်ကျင့်ဖျင်သည်
အစတုန်းက နျဉ်ချီလွေ့၏ စိတ်မသက်မသာ ဖြစ်သည့် အကြောင်းအရာတွေကို နားထောင်ပေးပြီး သူ့
စိတ်ပင်ပန်းမှုကို ဖြေလျှော့ပေးရန် စီစဉ်ခဲ့ပြီး သူမ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍
မေးမြန်းစေဖို့ လမ်းညွှန်ရန် စီစဉ်ထားခဲ့သည်။ သူမသည် ဒီနည်းလမ်းဖြင့် အွန်လိုင်းမှ
အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောနိုင်ပြီးတော့ သူမအား စေတနာ ဝန်ထမ်းလုပ်ပြီး
ကူညီခွင့်ကို သူ့အား ပေးအပ်ဖို့ တွက်ချက်ထားခဲ့သည်။
အခု
စကားအနည်းငယ် ပြောပြီးနောက် ကိုးရိုးကားရားနိုင်စွာ တိတ်ဆိတ် သွားသဖြင့် သူမ ဘယ်လိုလုပ်ပြီး
ဆက်လက် သရုပ်ဆောင်လို့ ရနိုင်ပါတော့မလဲ။
***