မင်း အကျင့်ပုတ်ကောင်
သနားစရာကောင်းသော
တစ်ကိုယ်ရည် ခွေးသုံးကောင်သည် သူတို့၏ သခင်လေးက ညဘက်တွင် အရသာရှိသော ဟင်းလျာများကို
သူတို့ရှေ့တွင် မြိန်ရေယှက်ရေ စားနေတာကို ကြည့်ရှုခဲ့ရသည်။ သူတို့သည် သွားရည် မယိုပဲ
မနေနိုင်ဖြစ်ကာ ၎င်းတို့စုံတွဲထံမှ ဒီလိုမျိုး ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးကို လက်ခံခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့်
စုယန်ယန်သည် ကုရှောက်ယန်ကို သူ မပြန်ခင်မှာ ပူဒီနာ ရေနွေးကြမ်း တစ်ဗူးကို ထည့်ပေးခဲ့သည်။
ဒါက သူတို့၏ သခင်လေးကြောင့် ဒဏ်ရာရရှိခဲ့သော တစ်စုံတစ်ယောက်၏ နှလုံးသားကို သက်သာရာ
ရစေခဲ့သည်။
သို့သော်
သူက ထိုရေနွေးကြမ်းဗူးကို ထုတ်လိုက်သည်နှင့် ထိုမွှေးရနံ့က သူ့ဘေးနားရှိ လူနှစ်ယောက်၏
အာရုံကို ချက်ချင်း ဖမ်းစားလိုက်လေသည်။
“မင်းလက်ထဲမှာ ကိုင်ထားတာက ဘာလဲ”
ယုကျစ်ယန်သည် ကုရှောက်ယန်၏ လက်ထဲ အပူခံဗူးထဲမှ မွှေးပျံ့နေသော
ရနံ့ကို တစ်ချက် လှမ်းကြည့်ပြီး မေးလိုက်သည်။
ကုရှောက်ယန်က သူတို့ထံမှ ဒါကို မဖုံးကွယ်ထားပဲ ဗူးထဲမှ
ခွက်သေးသေးလေး တစ်ခွက် လောင်းချပြီး သောက်လိုက်သည်။
ပူဒီနာ၏
အေးမြမှုနှင့် လက်ဖက်ရည်၏ ချိုမြိန်မှုတို့ဟာ သူ့ကို လန်းဆန်း သွားစေသည်။ စုယန်ယန်
ပြောသလိုပဲ၊ လွန်ခဲ့တဲ့ နှစ်ရက်ခန့်က အနည်းငယ် မသက်မသာ ဖြစ်နေသည့် သူ့နှာခေါင်းဟာ ပေါ့ပါးသွားပုံ
ပေါ်သည်။
“ဒါက ပူဒီနာ ရေနွေးကြမ်းပဲ။ စုမိန်းကလေးက ငါ့ရဲ့
ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ နှာခေါင်း အမြှေးပါး ရောင်ရမ်းတာကို သက်သာစေတယ်လို့ ငါ့ကို
ပြောလိုက်တယ်”
ကုရှောက်ယန်က
ဒီလိုပြောပြီးသည်နှင့် ယုကျစ်ယန်နှင့် ကျိုးယန်ပိုင်တို့ နှစ်ယောက်သားဟာ အံ့အားသသင့်
တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မရဲတရဲ မေးလိုက်ကြသည်။
“စုမိန်းကလေးက
မင်းမှာ ဓာတ်မတည့်မှုကြောင့် နှာခေါင်း မအီမသာ ဖြစ်တာကို ဘယ်လို သိတာလဲ”
“သခင်လေးက
သူမကို ပြောထားတာ ဖြစ်မှာပေါ့။ ဒါမှမဟုတ် သခင်မလေးက ငါ့ကို ဒီလက္ခဏာကို သတိပြုမိလို့
ဖြစ်နိုင်တာပဲလေ။ ဘာပဲဖြစ်ဖြစ် သူမက ဒီအကြောင်းကို သတိပြုမိပြီး ငါ့အတွက် အထူးတလည်
ပြင်ဆင် ပေးထားတာပဲလေ”
အရည်အချင်း
ပြည့်မီသော ‘စုမိန်းကလေးကို သက်ဝင်ယုံကြည်သူ’ တစ်ယောက် အနေဖြင့် ယုကျစ်ယန်သည် ကုရှောက်ယန်၏
လက်ထဲမှ ပုလင်းကို ငြူစူသော မျက်လုံးစိမ်းများဖြင့် ကြည့်ရှုလိုက်သည်။
“ငါတို့ရဲ့ အနာဂတ် သခင်မလေးက အရမ်းအံ့သြဖွယ် ကောင်းတယ်။
သူမက တကယ့်ကို နွေးထွေးတဲ့ နတ်သမီးလေးပဲ။ သခင်လေးကြောင့် သခင်မလေးက ငါတို့လို လက်အောက်ငယ်သားတွေကို
စိတ်ထဲထည့်ပြီး ငါတို့အတွက် ဆေးဖက်ဝင် ဟင်းလျာတွေကိုတောင် ပြုလုပ်ပေးတယ်”
“စုမိန်းကလေးရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းက
ဆေးဖက်ဝင် ဟင်းလျာတွေက အခုအချိန်မှာ ဘယ်လောက် အဖိုးမဖြတ်နိုင်လဲ ဆိုတာကို မင်းတို့
မသိကြဘူးလား။ သူမ မကြာသေးခင်က ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေမှာ ရှေးဟောင်း ကမ္ဘာမြေမှ
တရုတ်ဆေးဖက်ဝင် အပင်တွေ ပါဝင်ခဲ့ပြီး သူတို့ကို ပိုက်ဆံနဲ့တောင် ဝယ်လို့ မရနိုင်ဘူး”
ယုကျစ်ယန်၏
မျက်လုံး သေးသေးလေးတွေက ပြင်းပြသည့် စိတ်ဆန္ဒကြောင့် တလက်လက် တောက်ပနေခဲ့ပြီး ကုရှောက်ယန်က
ထိုအကြည့်တွေကို လျစ်လျူရှုဖို့ ခက်ခဲလှသည်။
ခဏလောက်
တုံ့ဆိုင်းသွားပြီးနောက် သူက ခွက်သေးသေးလေးထဲသို့ လောင်းထည့် လိုက်ပြီး ယုကျစ်ယန်ကို
ပေးလိုက်သည်။
“မင်းလည်း
စမ်းသောက်ကြည့်လေ”
ယုကျစ်ယန်၏
မျက်လုံးတွေဟာ တောက်ပလာပြီး ရေနွေး ပန်းကန်လုံးလေးကို ယူကာ ရေနွေးကြမ်း တစ်ဝက်ခန့်ကို
သောက်သုံးလိုက်သည်။ ထို့နောက် သူဟာ စိတ်ကျေနပ်စွာဖြင့် သက်ပြင်း ချလိုက်သည်။
“အရသာ
ရှိလိုက်တာ”
ကျိုးယန်ပိုင်က မူလက ဒီရေနွေးကြမ်းကို သိပ်စိတ်မဝင်စားပေမယ့်
သူ့သူငယ်ချင်း နှစ်ယောက်၏ တုံ့ပြန်မှုကိုမြင်ပြီး စိတ်ဝင်တစား မေးမြန်းလိုက်သည်။
“ငါ့အတွက်ကရော...”
သူ
နှုတ်ဆိတ်နေသင့်သည်။ ကုရှောက်ယန်က ချက်ချင်းပင် ရေနွေးကြမ်းဗူးကို ကောက်ယူကာ နောက်သို့
ခြေနှစ်လှမ်း ဆုတ်လိုက်ကာ သူ့လက်များကို ရွံရှာစွာဖြင့် ဝှေ့ယမ်းကာ ပြောလိုက်သည်။
“သွား...သွား...
မင်းက အရှက်မရှိ တောင်းရဲသေးတယ်ပေါ့လေ။ ဒီနေ့ တစ်နေကုန် ငါတို့အားလုံး အလုပ်များ နေကြတာကြောင့်
ညစာကိုတောင် အာဟာရ ပျော်ရည်ပဲ သောက်ခဲ့ရတယ်။ မင်းကတော့ နာမည်ကြီး စားသောက်ဆိုင်ကနေ
အစားအသောက်တွေကို မှာယူပြီး တစ်ယောက်တည်း စားနေခဲ့တာလေ”
ယုကျစ်ယန်လည်း
ဝင်ရောက် ထောက်ခံသည်။
“ဟုတ်တယ်၊
မင်းက သစ္စာဖောက်ပဲ”
“လူယုတ်မာ”
ကျိုးယန်ပိုင်, “...” သူ့ရဲ့ လတ်တလော ကြိုးစား အားထုတ်မှုတွေ
အတွက် သူ့ကိုယ်သူ ဆုချတဲ့အနေနဲ့ ဟင်းပွဲကောင်းကောင်း တစ်ခွက်ကို မှာယူခဲ့သည်။ ဒီနှစ်ယောက်က
ဘာဖြစ်လို့ ဒီလောက် ရက်ရက်စက်စက် လုပ်ရတာလဲ။
“မင်းတို့
ငါ့ကို မတိုက်ရင် သခင်လေးကို ပြောပြလိုက်မယ်။ မင်းတို့ စဉ်းစားကြည့်ကြလေ၊ သခင်လေးက
မင်းအတွက် အထူးတလည် ရေနွေးကြမ်း တစ်ဗူး လုပ်ပေးလိုက်တာကို သခင်လေးသာ သိရှိသွားခဲ့ရင်
ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ”
ကုရှောက်ယန်၏
မျက်နှာအမူအရာဟာ အနည်းငယ် တင်းမာသွားသည်။
“သခင်လေးက အဲ့လောက် မတွန့်တိုတတ်ဘူး”
“သခင်လေးက
တခြားနေရာတွေမှာ ရက်ရော တတ်ပေမယ့် စုမိန်းကလေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကျ... မင်း သိပါတယ်”
“မင်း
အကျင့်ပုတ်ကောင်”
သူတို့ မသိခဲ့တာက ‘အရမ်း တွန့်တိုတတ်သူ’ လို့ သူတို့
တံဆိပ်ကပ်ထားတဲ့ သခင်လေးဟာ ညစာ စားပြီးပြီးချင်း သူ့အခန်းထဲကို မပြန်သေးပဲ ဒုတိယထပ်
လှေကား လက်ရန်းနားမှာ ထိုင်ပြီး အပေါ်စီးကနေ အောက်သို့ ငေးကြည့်နေခြင်း ဖြစ်လေသည်။
သူ့မျက်လုံးထဲတွင်
စိတ်ခံစားချက်တွေက လှိုင်းထန် နေခဲ့ပြီးနောက် ငြိမ်သက် သွားခဲ့သည်။ ဘယ်သူမှ သတိမထားမိခင်မှာပင်
ဘီးတပ်ကုလားထိုင်ကို တွန်းပြီး သူ့အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
***