စုယန်ယန်သည်
အိမ်အပေါ်ထပ်သို့ ပြန်မတက်မီ သူမ၏ မိသားစုနှင့်အတူ ညစာ စားခဲ့သည်။ သူမ အိမ်ပေါ်ပြန်ရောက်ပြီး
အခန်းထဲသို့ ရောက်ရောက်ချင်းမှာပင် ဟောက်ချန်ဟွမ်းထံမှ ဗီဒီယို ဖုန်းခေါ်ဆိုမှုကို
လက်ခံရရှိခဲ့သဖြင့် သူမ မျက်လုံးလေးတွေ တောက်ပသွားခဲ့၏။
“ရှင်
စားပြီးပြီလား။ ကျွန်မ ပြင်ဆင်ပေးလိုက်တဲ့ ဟင်းလျာတွေကို ရှင် သဘောကျရဲ့လား။ ရှင် အရမ်း
သဘောကျ နှစ်ခြိုက်တဲ့ ဟင်းလျာတွေရော ရှိလား။ ရှိရင် နောက်တစ်ခါကျ ကျွန်မ ရှင့်အတွက်
ချက်ပေးနိုင်ပါတယ်”
ဟောက်ချန်ဟွမ်းသည်
စုယန်ယန်၏ တောက်ပသော မျက်လုံးများကို စိုက်ကြည့်ကာ သူ့နှုတ်ခမ်း ထောင့်စွန်းများက မသိစိတ်အရ
ကွေးညွှတ်သွားကာ ပြုံးလိုက်မိသည်။
“မင်း ချက်ပေးတဲ့ ဟင်းလျာတွေ အားလုံး အရသာရှိတယ်။
ကိုယ် ဟင်းလျာတိုင်းကို ကြိုက်တယ်”
“ရှင်
သိပ်မရွေးတတ်ဘူး ထင်တယ်။ မနက်ဖြန် ရှင့်အတွက် တခြား တစ်ခုခု လုပ်ပေးမယ်။ အာ... မဟုတ်သေးဘူး၊
မနက်ဖြန်ကျ ကျွန်မတို့ တွေ့ကြမှာပဲ။ ကျွန်မ ရှင့်အတွက် အဆာပြေ မုန့်အချို့ လုပ်ခဲ့မယ်။
ရှင် ချိုတဲ့ အစားအသောက်တွေကို ကြိုက်လား”
“ချိုတဲ့
အစားအသောက်လား” ဟောက်ချန်ဟွမ်းသည် လန့်ဖျပ်ပြီး ခေါင်းညိတ် လိုက်သည်။
“အင်း၊
ကိုယ် ကြိုက်ပါတယ်”
“ဒါဆိုရင်
ကျွန်မ ကြက်ဥ ဌာပနာမုန့်နဲ့ ကိတ်သေးသေးလေးတွေ ရှင့်အတွက် လုပ်လာခဲ့မယ်။ အဲ့တာတွေနဲ့
တွဲဖက်စားဖို့ လတ်ဆတ်တဲ့ ပဲနို့ပူပူလေးကိုပါ ပြင်ဆင်လာခဲ့မယ်။ ပဲနို့ပူပူလေးကို သောက်ပေးတာက
အမြဲတမ်း အေးစက်နေတဲ့ ရှင့်ရဲ့အခြေအနေကို နွေးထွေး လာစေလိမ့်မယ်”
“ကောင်းပါပြီ”
ဟောက်ချန်ဟွမ်းသည် သူမကို မျှော်တလင့်လင့် မျက်လုံးလေးများဖြင့် ကြည့်နေခဲ့ပြီးနောက်
အသံတိုးတိုးလေးဖြင့် မေးမြန်းလိုက်သည်။
“မင်း
ဒီနေ့ ရှောက်ဖုန်းအတွက် ရေနွေးကြမ်း ပြင်ဆင် ပေးလိုက်တာလား”
“ရှင်
အဲ့တာကို တွေ့ပြီး မနာလို ဖြစ်နေတာလား”
စုယန်ယန်သည်
ဟောက်ချန်ဟွမ်းမှာ ကဏ္ဍတိုင်း၌ အရမ်းတော်တယ် ဆိုတာ သိပြီး သူ မနာလို ဖြစ်လွယ်တယ် ဆိုတာကိုပါ
သိသောကြောင့် အမြန် ရှင်းပြလိုက်သည်။
“ဒီလို အေးခဲနေတဲ့ ရာသီဥတုမှာ သူက ရှင့်အတွက် ထမင်းဗူး
လာယူပေးတာကို ကျွန်မ မြင်ရတော့ ကျွန်မ သူ့ကို တတ်နိုင်သလောက်လေး ကူညီပေးသင့်တယ်လို့
ကျွန်မ ထင်တယ်။ အဲ့တာအပြင် သူက ရှင့်ရဲ့ လက်အောက်ငယ်သားလည်း ဖြစ်တာကြောင့် ကျွန်မ သူ့အတွက်
ရေနွေးကြမ်း ပြင်ဆင် ပေးလိုက်တယ်။ တခြား တစ်ယောက်သာဆိုရင် ကျွန်မ ဂရုစိုက်မှာ မဟုတ်ဘူး”
ဟောက်ချန်ဟွမ်းသည်
သူမ၏ ဆိုလိုရင်းကို သိနားလည်လိုက်သည်။ ကုရှောက်ယန်ကလည်း သူ့သခင်လေးကြောင့် ဒီရေနွေးကြမ်းကို
ပြင်ဆင်ပေးတယ် ဆိုတာကို သိနားလည်ခဲ့ပေသည်။ နောက်ဆုံး၌ ဒါဟာ ဟောက်ချန်ဟွမ်းကို သူမ ဘယ်လောက်တောင်
ဂရုစိုက်ပေးလဲ ဆိုသည့် အချက်ပင်။
ထို့ကြောင့်
ဟောက်ချန်ဟွမ်းသည် သူတို့ရဲ့ စကားများ ရန်ဖြစ်နေသံကို ကြားလိုက်သော အခါတွင် စိတ်မကောင်း
မဖြစ်တော့ပေ။ အဲဒီအစား... သူ ပိုပြီး ဂရုစိုက်သည့် အကြောင်းအရာက...
“သူတို့က
မင်းကို နတ်သမီးလေးလို့ ပြောကြတယ်”
စုယန်ယန်သည်
အလန့်တကြား ဖြစ်သွားပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။
“ကျွန်မ
မဟုတ်ပါဘူး”
“မင်း
ဟုတ်ပါတယ်”
“အကယ်၍
ကျွန်မက နတ်သမီးလေး ဆိုရင်တောင် ကျွန်မက ရှင့်ရဲ့ နတ်သမီးလေးပါပဲ”
ရှင်
ရှိနေသရွေ့ ကျွန်မက နတ်သမီးလေး ဖြစ်နေမှာပဲ။ အကယ်၍ ရှင် မရှိတော့တဲ့ အခါကျရင် နတ်သမီး
အဖြစ်ကနေ နတ်ဆိုးအဖြစ်သို့ ပြောင်းလဲ သွားလိမ့်မယ်။
အရင်ဘဝက
သူမ သေဆုံးပြီးနောက် သူ ပြုမူခဲ့သည့်အတိုင်း သူ၏ သနားညှာတာမှုတို့မှာ သူမ သေဆုံးသွားခြင်း
နှင့်အတူ ပျက်သုဉ်း သွားခဲ့သည်။ သူဟာ သူမအတွက် လက်စားချေရန် ကမ္ဘာကြီးရဲ့ ရန်သူ အဖြစ်ခံခဲ့တယ်...။
စုယန်ယန်သည်
ဟောက်ချန်ဟွမ်းက လူတိုင်းရှေ့တွင် မကြောက်မရွံ့ နေနိုင်မှန်းကို သိသော်လည်း သူမရှေ့တွင်တော့
သူဟာ အမြဲတမ်း သူ့ကိုယ်သူ အနည်းငယ် ယုံကြည်စိတ်ချမှု နည်းပါးကာ သူမအား နာကျင်စေပြီး
သူမနှင့် မထိုက်တန်တော့မည်ကို စိုးရိမ်နေမိသည်။
စုယန်ယန်သည်
သူမအတွက် ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ သူ့ထက် ပိုသာလွန်ပြီး ထိုက်တန်တဲ့သူ မရှိဘူးဆိုတာကို
သူ့ကို ပြောပြချင်မိသည်။
ဒါပေမယ့်
ဒီလိုမျိုး ပြောဖို့ကို သိပ်သဘောမကျပါချေ။ သူမသည် သူ့ကို ဤကဲ့သို့ ပြောပြပြီး သက်သောင့်သက်သာ
ရှိစေတာထက် သူမ၏ အပြုအမူတွေကြောင့် သက်သောင့်သက်သာ ရှိစေလာဖို့ကို ပိုနှစ်သက်ပါသည်။
ဟောက်ချန်ဟွမ်းသည်
သူမ၏ ရည်ရွယ်ချက်ကို မြင်ပုံရပြီး သူ့အမူအရာက တဖြည်းဖြည်း ပျော့ပျောင်းလာခဲ့သည်။
“အရင်က
မင်းအဘိုးက ကိုယ့်ကို တွေ့ချင်နေတယ်လို့ မင်း ပြောထားခဲ့တယ်။ ကိုယ် ဒီရက်ပိုင်း အားလပ်နေတယ်”
“ကောင်းပြီလေ။
ကျွန်မ မနက်ဖြန်ကျရင် အဘိုးကိုမေးပြီး ကျွန်မတို့ မိသားစုတွေ တွေ့ရအောင် အချိန်တစ်ခု
သတ်မှတ်လိုက်မယ်”
ဟောက်ချန်ဟွမ်းသည်
သူ့ကို သူမ၏ မိသားစုတစ်ခုအဖြစ် ရည်ညွှန်း ပြောဆိုတာ ကြားလိုက်သောကြောင့် သူ့နှလုံးသားလေး
နွေးထွေးသွားကာ “ကောင်းပြီ” လို့ ချက်ချင်း သဘောတူ လိုက်သည်။
ဟောက်ချန်ဟွမ်း၏
အနား ရှိနေသည့် သွမ်းသွမ်းသည် စုယန်ယန်၏ စကားသံကို ကြားလိုက်ပုံရသည်။ သူလေးဟာ အပြေးလာပြီး
စုယန်ယန်ကို ဟောင်လိုက်သည်။
“သွမ်းသွမ်းလား။
သူလေး ဘာဖြစ်နေတာလဲ”
“သွမ်းသွမ်းက
သူ့ရဲ့ သတို့သမီးလောင်းကို မတွေ့ရတာ ကြာပြီဆိုတော့ ကိုယ်တို့ကို ညည်းညူ ပြောဆိုနေတဲ့ပုံပဲ”
သွမ်းသွမ်းသည်
ဤစကားကို ကြားလိုက်ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ဆိုသလို ဤစကားကို ထောက်ခံသည့်ဟန်
ဟောင်လိုက်ပြန်သည်။
စုယန်ယန်သည်
အခုလတ်တလော ဖျော်ဖြေရေး ကုမ္ပဏီရဲ့ ကိစ္စရပ်များကို တာဝန်ယူရသည့် အပြင် သူမ၏ တိုက်ရိုက်
ထုတ်လွှင့်မှုကို တင်ဆက်ရပြီးတော့ သူမ မိသားစုဝင်များ၏ ကျန်းမာရေး ပြဿနာများကို ပြန်လည်
ကောင်းမွန်လာစေရန် စီစဉ်ဆောင်ရွက် နေခဲ့ရသောကြောင့် သူမသည် လင်းရှောင်ချီးကို ဤကိစ္စနဲ့
ပတ်သက်ပြီး မေးမြန်းရန် လုံးဝ မေ့လျော့သွားခဲ့သည်။
“ကျွန်မ
အခုတစ်လော လုံးဝ မအားတာနဲ့ မေ့နေတယ်။ သွမ်းသွမ်းရေ... သားရဲ့ အထူးအချိန် ကာလမှာ ရှိနေတုန်းပဲလား။
ဒါပေမယ့် အဲဒီနေ့တုန်းက ဟွားဟွားကို ကြည့်ရတာ မင်းကို သိပ်သဘောမကျတဲ့ ပုံပဲ။ သူမက မင်းနဲ့အတူတူ
ခွေးပေါက်စလေးတွေ မဖန်တီးချင်မှာကို မာမီ စိုးရိမ်တယ်။ မင်းကို သင်းကွပ်ပေးဖို့ အတွက်
မင်းရဲ့ခွေးဒယ်ဒီကို ခေါ်သွားရင်ရော ဘယ်လိုလဲ”
***