ချိုမြိန်တဲ့ ကိတ်သေးသေးလေး
သနားစရာ
အမွှေးပွလုံးလေးက ဒီဆွေးနွေးမှုဟာ ပြီးဆုံးသွားပြီလို့ ထင်ခဲ့ပေမယ့် သူ့သခင်က ရုတ်တရက်
ဒီအကြောင်းကို ပြန်ပြော လာပြန်သည်။ သူလေးက သူမကို ဝမ်းနည်း နာကျင်စွာ အော်ဟစ် ပြလိုက်ပြီး
ဒီလူမဆန်တဲ့ အဆိုပြုချက်ကို ပြတ်ပြတ်သားသား ပယ်ချလိုက်ပါသည်။
စုယန်ယန်သည်
သူမခွေးလေး၏ စိတ်ခံစားချက်အရ ညည်းညူသည့်ဟန် ဟောင်သံကြောင့် ဟက်ဟက်ပက်ပက် ရယ်မော လိုက်မိသည်။
ခဏအကြာမှာတော့ သူမက သနားကရုဏာ သက်စွာ ပြောခဲ့သည်။
“အိုး...
မာမီတို့က သားလေးကို အခု သင်းကွပ် လိုက်မယ်ဆိုရင် နောင်အနာဂတ်မှာ ဟွားဟွားက သားရဲ့
ကလေးလေးတွေကို ကိုယ်ဝန်ဆောင် ပေးချင်တယ် ဆိုရင်တောင် သားလေးမှာ ဒီအခွင့်အရေး ရှိမှာမဟုတ်ဘူး။
ဒါ့ကြောင့် ဒါကို မေ့လိုက်ကြ ရအောင်နော်”
“ဝုဖ်...”
သွမ်းသွမ်း၏ နောက်ဆုံး ဟောင်သံဟာ သနားစရာ ကောင်းလှသည်။ သူလေးရဲ့ ဝမ်းနည်း ပူဆွေးနေတဲ့
မျက်လုံးတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ဒီခွေးလေးက အနိုင်ကျင့် ခံနေရတယ် ဆိုသည့်
အသွင်အပြင်လေးကို ဖြစ်ပေါ်စေသည်။
“ကောင်းပြီ၊
ကောင်းပြီ။ မာမီ မင်းရဲ့ ယောက္ခမလောင်းကို သူမရဲ့ လက်ရှိ အခြေအနေ ဘယ်လိုဆိုတာ အရင်မေးကြည့်
လိုက်ဦးမယ်။ ပြီးမှ နောက်နှစ်ရက် အတွင်း သားလေးရဲ့ အိပ်မက် နတ်သမီးလေးကို တွေ့ဖို့
ခေါ်သွားပေးမယ်။ ရိုးရိုးသားသား ပြောရရင် မင်း ဒီရက်ပိုင်းမှာ ပြဿနာ မရှာရဘူး၊ ဟုတ်ပြီလား။
မဟုတ်ရင် ငါ မင်းကို အဲဒီကို ခေါ်သွားပေးမှာ မဟုတ်ဘူး၊ မင်း ရှင်းရှင်းလင်းလင်း နားလည်ရဲ့လား”
သွမ်းသွမ်းသည်
နောက်တစ်ကြိမ် ထပ်ဟောင်လိုက်ပြီး နာခံစွာဖြင့် စားပွဲခုံအောက်မှာ အိပ်နေလိုက်သည်။ သူလေး၏
အသွင်အပြင်က သူမကို ရှင်းလင်းစွာ ပြောပြနေသည်မှာ ‘သား လိမ်လိမ်မာမာ နေပါတယ်၊ မာမီ ကတိတည်ရမယ်နော်’
စုယန်ယန်သည်
ဒီလူရွှင်တော်လေးနှင့် ပတ်သက်၍ ဘာမှမတတ်နိုင်ပဲ ဟောင်ချန်ဟွမ်းကိုသာ မှာကြားခဲ့သည်။
“ကျွန်မတို့ရဲ့ အမွှေးပွလုံးလေးကို ဂရုစိုက် ပေးလိုက်ပါဦး၊
ဟုတ်ပြီလား။ မနက်ဖြန် တွေ့မယ်”
“မနက်ဖြန်
တွေ့မယ်”
နောက်တစ်နေ့
စုယန်ယန်သည် ဟောက်ချန်ဟွမ်း အတွက် သူမ ပြုလုပ်ပေးရန် စီစဉ်ထားသည့် အဆာပြေမုန့်များကို
ပြင်ဆင်နေခဲ့သည်။
ကြက်ဥ
ဌာပနာမုန့်ထဲသို့ ဖြည့်စွက်ရသည့် လုပ်ငန်းစဉ်ကို လုပ်ရတာ မရှုပ်ထွေးပါဘူး။ အချိုးအစား
အလိုက် ရောစပ်ထားရင် လုပ်ရတာ အဆင်ပြေ လွယ်ကူသည်။ တကယ့် စိန်ခေါ်မှုကတော့ အလွန်ရှုပ်ထွေးပြီး
အချိန်ကုန်သော ကြက်ဥဌာပနာမုန့် အပေါ်ယံအကာကို ပြုလုပ်ရခြင်း ဖြစ်သည်။
အန်တီလီသည်
ဘာမှ လုပ်စရာ မရှိသည့် အခါမျိုးတွင် မီးဖိုချောင်သို့ အပြေးအလွှား လာရောက်လေ့ ရှိသည့်
သခင်မလေးကို ကျင့်သား ရလာခဲ့သည်။ ထို့အပြင် သူမသည် အရင်က တစ်ခါမှ မမြင်ခဲ့ဖူးသော အစားအစာများကို
အမြဲပြုလုပ်လေ့ ရှိသော်လည်း ထိုအစားအစာများ၏ ရနံ့သည် ထူးထူးခြားခြား မွှေးကြိုင်လှသည်။
ပထမတော့
အန်တီလီသည် သူ့သခင်မလေးရဲ့ အချက်အပြုတ် လက်ရာကြောင့် သူမ အလုပ်ပြုတ် သွားမှာကို နည်းနည်းတော့
စိုးရိမ်ပူပန်မိသည်။
နောက်တော့
မိသားစုထဲက အိမ်ကြီးရှင်သခင် အချို့သည် စုယန်ယန် မချက်ပြုတ်သည့် အခါ သူမရဲ့ ဟင်းချက်
လက်ရာများကို စားသုံးရသည့် အခါမှာ ဘာမှ မပြောတာကို မြင်လိုက်ရသော အခါတွင် သူမ တဖြည်းဖြည်း
စိတ်သက်သာရာ ရလာခဲ့သည်။
စုယန်ယန်
မီးဖိုချောင်ထဲတွင် တစ်ခုခုကို ပတ်ရှာ နေသကဲ့သို့ လှည့်ပတ် ရှာနေတာကို တွေ့လိုက် ရသောအခါ၌
မနေနိုင်တော့ပဲ ရှေ့တိုးလာကာ မေးလိုက်သည်။
“သခင်မလေး၊ တစ်ခုခုကို ရှာနေတာလား”
“ကျွန်မတို့အိမ်မှာ
ကြိတ်စက်ရှိလား”
“အိမ်မှာ
တစ်ခုရှိတယ်၊ ဒါပေမယ့် မကြာခဏ အသုံးပြုလေ့ မရှိလို့ ထောင့်တစ်နေရာမှာ သိမ်းထားတယ်။
ကျွန်မ ရှာပေးပါ့မယ်”
အိမ်မှာ
ချက်ပြုတ် စားသောက်တဲ့ အစားအစာတွေက အဓိကအားဖြင့် အကြော်အလှော်တွေသာ များသာမို့ ဒီကြိတ်စက်က
အမှန်တကယ် အသုံးမဝင်လှပါ။ ရံဖန်ရံခါ ဖျော်ရည်ညှစ်သည့် အခါတွင်သာ အသုံးပြုလေ့ ရှိသည့်အတွက်
ထောင့်တစ်နေရာမှာ သိမ်းဆည်းထားလို့ ရှာမတွေ့တာ အံ့သြစရာ မရှိပါပေ။
“ဒီနေ့
သခင်မလေးက ဖျော်ရည် လုပ်မလို့လား” အန်တီလီက ကြိတ်စက်ကို ထုတ်ယူရင်း စပ်စု မေးမြန်းသည်။
“မဟုတ်ဘူး၊
ကြက်ဥဌာပနာမုန့်နဲ့ ကိတ်နည်းနည်းလောက် လုပ်ချင်လို့လေ”
“ကြက်ဥဌာပနာမုန့်နဲ့
ကိတ်လား”
ဒါက သူမ တစ်ခါမှ မကြားဖူးသော နောက်ထပ် အစားအစာတစ်ခု
ဖြစ်လေသည်။
အန်တီလီ၏
အံ့အားသင့်နေမှုကို မြင်လိုက်ရသောကြောင့် စုယန်ယန်က အပြုံးလေးဖြင့် ပြောလိုက်သည်။
“ခဏနေ ကျွန်မ လုပ်ပြီးတဲ့ အခါကျရင် အားလုံးကို စမ်းမြည်းခိုင်းမယ်နော်”
“ကောင်းပါပြီ၊
ဒါဆို အန်တီ အရင် သွားလိုက်မယ်နော်။ သခင်မလေး တစ်ခုခု ခိုင်းစရာရှိရင် ကျွန်မကို လှမ်းခေါ်လိုက်ပါ”
စားဖိုမှုးအများစုသည်
သူတို့ ချက်ပြုတ်နေတုန်း တခြားသူတွေ ကြည့်ရှုနေတာကို မကြိုက်တာကို သိသောကြောင့် အန်တီလီသည်
လိမ္မာပါးနပ်စွာ ရှောင်ထွက်သွားခဲ့သည်။
“ဟုတ်”
စုယန်ယန်သည်
ဂျုံမှုန့်ကို ရှာတွေ့ဖို့ တစ်နာရီလောက် အချိန်ယူခဲ့ရပြီး နောက်ဆုံးမှာတော့ ကြက်ဥဌာပနာမုန့်
အကာ ဒါဇင်ပေါင်း များစွာကို ပြုလုပ်ခဲ့ပြီးနောက် မုန့်ဖုတ်မီးဖိုတွင် ဆယ်မိနစ်ကြာ ဖုတ်ခဲ့သည်။
ကြက်ဥဌာပနာမုန့်
အကာတွေကို မုန့်ဖုတ်စက်တွင် မုန့်ဖုတ်ထားချိန်တွင် စုယန်ယန်သည် ကိတ်သေးသေးလေးတွေကို
စတင်ပြုလုပ်ခဲ့သည်။
ကိတ်မုန့်တို့၏
အခြေခံက လုပ်ရ လွယ်ကူ သော်လည်း ကိတ်မုန့် ပြုလုပ်ပြီးနောက် စုယန်ယန်သည် သူမကိုယ်တိုင်
ဟောက်ချန်ဟွမ်း၏ ချစ်စရာ ရုပ်ပုံလေးကို ကိတ်ပေါ်တွင် ပုံဆွဲနိုင်ရန် ကြိုးစားသည့် အဆင့်၌
အနည်းငယ် ခက်ခဲကြောင်းကို တွေ့ရှိခဲ့ရပြီး အချောသတ် ပစ္စည်းတွေကလည်း လုံလောက်မှု မရှိပေမယ့်
နောက်ဆုံး ထွက်လာသည့် ရလဒ်မှာ သိပ်မဆိုးလှပေ။
နောက်ဆုံး၌
စုယန်ယန်သည် တခြားရွေးချယ်စရာ တစ်ခုကို ရှာဖွေ့ရတော့သည်။ စုယန်ယန်သည် အသည်းပုံ များစွာနှင့်
နှင်းဆီပန်းတွေကို အနားသတ်ဆွဲခဲ့ပြီး နောက်ဆုံးမှာတော့ ဒီပန်းလေးများ၏ ဘေးနားတွင်
ခွေးလေးတစ်ကောင်ကို ထပ်ထည့်လိုက်သည်။
***